La Pyae Moe Thrift Shop
📍လူတိုင်းလူတိုင်း အဆင့်အတန်းမရွေးအဝတ်အစားပေါပေါများများ ဝတ်နိုင်ရမည်📍
ရေဘေးပြည်သူများအဝတ်အထည်များလိုအပ်ပါကညီမရောင်းနေတဲ့ဘေထုပ်ထည်လေးတွေလှူပေးပါမယ်နော် ကလေးဝတ်တော့မရောင်းလို့မပါပါဘူးရှင်မိန်းကလေးယောင်္ကျားလေး အင်္ကျီဘောင်းဘီဖလန်ကွက်ရှပ်အင်္ကျီလှူပေးပါ့မယ်နော်လိုအပ်ရင်ဒီဖုန်းလေးကိုဆက်သွယ်ပေးလို့ရပါတယ်ရှင်
📞 095154211
05/06/2024
ဒီအကောင့်လေးကနေရောင်းစရာရှိတာလေးတွေရောင်းပေးမှာမို့join ပေးကြပါအုံးနော်
14/05/2024
မှာလို့ရပါပီနော်
ယူတို့ရဲ့အချစ်တော် မနန်းစုရဲ့ product လေးတွေဆိုင်မှာရပီနော်
08/05/2024
🎁ဒါလေး လက်ဆောင်ယူပါနော်🎁
🪷သူကဂျိုင်းလိမ်းတာကိုမှဖယောင်းနဲ့လုပ်ထားတဲ့အတွက် ဂျိုင်းသားကိုဖြူစေပါတယ်နော် အနံကလည်းသင်းသင်းလေး အင်္ကျီမှာအရောင်စွန်းမှာလဲပူစရာမလိုသောမင်မင်ကိုယ်တိုင်လက်ရှိသုံးနေတာနော် 🪷
📊Pageလေးကိုတော့like👍&share🙌& following 🤍လေးလုပ်ပေးရမယ်နော်
✌️လာမယ့် sunday မှာမဲဖေါက်ပေးမယ်နော် အရေအတွက်ရှိသလောက်✌️
⏱️အချိန်ကတော့ မီးပေါ်မူတည်ပီးပြန်ပြောပေးမယ်နော်💡
05/05/2024
စိတ်ရင်းကတော့ အကောင်းပဲ စကားပြောမတတ်ဘူးဆိုတာ ကြားဖူးတယ် မဟုတ်လား ။ စိတ်ရင်းချည်း ကောင်းနေလို့ မရပဲ စကားပြော တတ်ဖို့လည်း သိပ်အရေးကြီးပါတယ် ။
သူတစ်ပါး စိတ်ထိခိုက်အောင် မပြောရဘူး ၊ ညာညာတာတာပြောသင့်တဲ့စကားကို တည့်ဒိုးကြီး မပြောရဘူး ၊ စကားချင်း အတူတူကို ဘယ်လိုလေးပြောရင်ဖြင့် ပိုအဆင်ပြေနိုင်မလဲ စတာတွေကို သေချာသိဖို့လိုမယ် ။ ဒါဟာ သင်ယူစရာမလိုပဲ လေ့လာတတ်မြောက်ရမဲ့ လူမှုဆက်ဆံရေးပညာ ၊ ပေါင်းတတ် သင်းတတ် လူဝင်ဆန့်တဲ့ ပညာတစ်ခုပဲ ။
လူတစ်ယောက်ကို တွေ့လိုက်တာနဲ့ " ဝလာလိုက်တာ ၊ အသားမဲသွားတယ် .. " ဘာညာနဲ့ စပြောတာကို နှုတ်ဆက်စကားလို ဖောဖောသီသီ သုံးနေကြသူတွေ ရှိတယ် ။ ဒါဟာ သူတို့ရင်ထဲက နစ်နာစေတော့ဆိုတဲ့ စိတ်နဲ့ မဟုတ်ဘူး ဒါပေမဲ့ အလွယ်တကူ ပြောချလိုက်မိတယ် ။
တစ်ဖက်လူကလည်း ဒီစကားမျိုး မကြားချင်ဘူး ၊ သူအမုန်းဆုံးစကားဖြစ်နေတဲ့အခါ ကိုယ်ဘာမဟုတ်ပဲ လောကွတ်ပြုလိုက်တဲ့ စကားဟာ တစ်ဖက်လူအတွက် စိတ်အနှောင့်ယှက် ဖြစ်စေတော့တာပဲ ။ အခြားနှုတ်ဆက်
စရာတွေ စကားကြီးအများကြီး ရှိပါရက်နဲ့ ဒါမျိုးပြောမှ ဖြစ်မှာလား ။
တချို့ကလည်း ဒါကို အရွဲ့တိုက်ဦးမယ် ။ မဲလို့ မဲတယ် ပြောတာ ၊ ပုလို့ ပုတယ် ၊ ဝနေလို့ ဝတယ်ပြောတာ ဘာနာစရာရှိလဲ ဆိုတာမျိုးပေါ့ ။ လူတွေဟာ သူတို့ ခန္ဓာကိုယ် အချိုးစား၊ ပုံစံကို သိတယ် ၊ မြင်တယ် ၊ ကိုယ်ပြောစရာ
မလိုဘူး ။ သူများအားနည်းချက်တွေ ၊ ခန္ဓာကိုယ် ပုံစံတွေကို အလွယ်တကူပြောမထွက်ရဘူး ၊ မှန်တိုင်းလဲ မပြောရဘူး ဒါဟာ လူ့ယဉ်ကျေးမှုလို့ခေါ်တယ် ။
စကားပြောတဲ့အခါ စကားလုံးရွေးချယ်တတ်ဖို့ လိုအပ်တယ် ။ ဒီအင်္ကျီက"ငါ့နဲ့လိုက်ရဲ့လား" လို့ မေးတဲ့ သူငယ်ချင်းကို . " မလိုက်ဘူး ၊ နင်က ဗိုက်ပူကြီးနဲ့ ဝနေတာ ၊ အဲ့ Size ကြီးက နင်နဲ့အရမ်းရုပ်ဆိုးတယ် " လို့ ပြန်ပြောမဲ့အစား " ဒီ့ထက်ကြီးတာလေး ယူပါ့လား ၊ အဲ့တာဆို ပိုအဆင်ပြေမယ်ထင်တယ် ၊ ဒါကကျသိပ် အဆင်မပြေသလိုပဲ " လို့ပြောရင် ပိုမကောင်းဘူးလား ။
ဒူးရင်းသီး ကြိုက်တဲ့ သူငယ်ချင်းက ကိုယ့်ကို စားဦးမလားလို့ မေးတဲ့အခါ မကြိုက်တာကို မကြိုက်ဘူးငြင်းလို့ရတယ် ။ " နင့်ဟာကြီးက နံလိုက်တာ bla bla ." ဆိုပြီး အဆိုးတွေပြောပြီး ငြင်းမဲ့အစား " သူများတွေတော့
ကြိုက်ကြတယ် ငါကျ မစားတတ်ဘူး " လို့ ပြန်ငြင်းရင် ပိုမကောင်းဘူးလား ။
ကိုယ်မကြိုက်ပေမဲ့ သူများကြိုက်တယ် ၊ ကိုယ်မစားပေမဲ့ သူများ စားတယ်လေ ကိုယ်မကြိုက်တိုင်း ဆိုးဆိုးရွားရွား မပြောရဘူး ။ မကြိုက်တာကို မကြိုက်ဘူး ငြင်းတာချင်းအတူတူ လေးလေးစားစား ငြင်းဆိုတာဟာ လူ့အဆင့်တန်းပဲ ။
ကိုယ့်သားသမီးက အမှားလုပ်လို့ ၊ စာမရလို့ ပြောချင်တဲ့အခါ " နင်အသုံးကျတာ ဘာရှိလဲ၊ ဘာသုံးစားရလဲ ၊ ဘယ်နေရာမှ အဖြစ်မရှိဘူး" လို့ပြောမဲ့အစား .. " ထပ်ကြိုးစားရမယ် လုပ်နိုင်တာကို ယုံကြည်တယ် ။ အများကြီး ယုံထားတာမို့ သား/သမီး ဘက်ကလည်း ပိုကြိုးစား
ရမယ် .. " လို့ မပြောသင့်ဘူးလား ။ ဒါဆို ကလေးဘက်ကလည်း စိတ်ဒဏ်ရာကင်းတာပေါ့ ။
နေ့စဉ်ဘဝမှာ စကားတွေဟာ အမြဲပြောနေရမှာပဲ ။ စကားပြောဟာ သိပ်အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီစကားတွေကို တစ်ပါးသူ မထိခိုက်အောင် ၊ အမှားမပါအောင် ဂရုစိုက်ရမယ် ။ ဒါဟာ အရည်ချင်း တစ်ခုပဲ ။ ကိုယ့်အတွက်လဲ အကျိုးမရှိဘူး ၊ တစ်ပါးသူကိုလည်း ထိခိုက်မိစေတယ်ဆိုရင်တော့ ပါးစပ်ကိုသာ နာနာပိတ်
ထားလိုက်ပါ ။
စကားလုံးတွေဟာ ကျွန်တော်တို့ဘဝရဲ့ သတိမမူမိတဲ့ impact တွေပါတဲ့ ။ ကိုယ်ပြောလိုက်တဲ့စကားလုံးတွေဟာ ကိုယ့်ဘဝရဲ့ ကြီးမားသော ပြောင်းလဲမှုတွေ အပေါ် များစွာ သက်ရောက်မှု ဖြစ်စေပါတယ် ။
ဒါ့ကြောင့် စကားတွေကို သတိထားပါ ။
Credit #..Thar Htwe -
02/05/2024
ရာသီစာလေးတွေ ရောင်းပေမယ်နော်
6000
10000
15000
အစားစားဘဲနော် ဒီနေ့မှာဒီနေ့ရောက်မယ်နော်
9နာရီမှာပြန်တတ်လာခဲ့မယ်နော်
28/04/2024
ည7နာရီမှာ 500ကျပ်တန် liveလေးစပါမယ်နော်
27/04/2024
မနက်ဖန် 500liveလေးလုပ်ပေးအုံးမယ်နော် အားရင်ဝင်လာခဲ့ပေးပါအုံးနော်သဲလေးတို့🥰အချိန်ကတော့ထုံစံအတိုင်းပြန်ပြောပေးမယ်နော်
24/04/2024
Sunday က 500liveမှာဝယ်ထားတဲ့သူတော်ကောင်းအပေါင်းတို့ရှင် ယနေ့၂နာရီမတိုင်ခင်ငွေလွှဲပေးကြပါရှင် မလွှဲတဲ့သူတွေအကုန်cancel ပါမယ်ရှင်နောက်လည်းဝင်မဝယ်ခြင်းဖြင့်ကူညီပေးကြပါနော်ငွေလေးထောင်ဂဏာန်းလောက်နဲ့တိုင်တွေပတ်နေကြလို့ပါနော်
21/04/2024
ဘာယူယူ ၅၀၀liveလေးကို နေ့လည် ၂နာရီမှာရောင်းပေးမယ်နော်