Mommy life By Dr Shoon
Heathy Mom&Happy Baby
From a Doctor,With a mommy heart
ကိုယ်ဝန်ဆောင်, မိခင်နှင့်ကလေးကျန်းမာရေးဗဟုသုတများ
05/09/2026
မေမေ ဖြစ်လာတော့ ကလေးပစ္စည်းဆိုင်တွေပဲ အရောက်များတော့သလို
ပွဲဆိုလဲ ကလေးပွဲပဲ သွားဖြစ်တော့တယ်။
သာကေတ Fortune Plaza မှာ လုပ်တဲ့ Yangon Baby Kid fair ဒီနေ့ သွားဖြစ်ခဲ့တာလေး .....
ပိတ်ရက်ဆိုတော့ လူအရမ်းများတော့ တိုးတိုးကြိတ်ကြိတ်ပါပဲ ☺️
PGD Distribution / မာဆုရ / Edison MaMa မှာကတော့ အလည်သွားရင်း ပုံရိုက်ရင်းခဏဝင်နားခဲ့တယ်။
အဲတနေရာပဲ ထိုင်ခဲ့ရတယ်။
တောက်လျှောက် ကလေးချီလိုက်၊ ပွဲထဲပတ်လိုက်၊ လိုချင်တာ ဝယ်လိုက်ငေးလိုက်နဲ့ ဖတ်ဖတ်မောနေတာပါပဲ
☺️☺️☺️
05/09/2026
ဒီနေ့ သားတို့ကျောင်းက Itsy bitsy spider သီချင်းလေးဆိုရင်း spider Activity လေး လုပ်ရတယ်။
TV, Phone မပြဘဲ ကလေးနဲ့ကစားရင်းသင်ပေးချင်တဲ့ မေမေတွေအတွက်ပါ မျှ ဝေပေးလိုက်ပါတယ်။
ကိုယ်ဆွဲတတ်သလို spider ပုံလေးဆွဲလို့ရသလို အရုပ်လေးဝယ်ပေးလဲ ရပါတယ်။
Spider web အတွက်ကတော့ အပ်ချည်မျှင်နဲ့ တုတ်ချောင်းလေးမှာ လုပ်ပါတယ်
The itsy bitsy spider climbed up the waterspout.
Down came the rain and washed the spider out.
Out came the sun and dried up all the rain,
And the itsy bitsy spider climbed up the spout again.
#မေမေတို့အတွက်
#ကလေးဖွံဖြိုးမှု
❤️
ကြက်ဥလိပ်ဆိုတာလဲ အဆာပြေဖြစ်ဖြစ်၊ ထမင်းနဲ့ဖြစ်ဖြစ် ကျွေးလို့ အကောင်းဆုံးအရာပါပဲ ....
အသီးအရွက် ကြက်ဥလိပ်၊
Cheese ကြက်ဥလိပ်၊
ရေညှိကြက်ဥလိပ်၊
Salmon ကြက်ဥလိပ်
စသည်ဖြင့် အရသာ မျိုးစုံပြောင်းလုပ်နိုင်သော လွယ်ကူမြန်ဆန်သော ကြက်ဥလိပ်ပါ 😁😁😁
#ကျန်းမာရေးဗဟုသုတ
#မေမေတို့အတွက်
#ဖြည့်စွက်စာ
04/09/2026
ယောက်ကျားလေးဖြစ်ပြီး
ဟင်းကလဲ ချက်ချင် သေးတယ်။
ချက်ပြုတ်တာတွေနဲ့လဲ ကစားချင်တာပဲ.
သစ်သား Kitchen set ၊ ငရုတ်ဆုံလေးတွေ ဝယ်လို့ရမယ့်နေရာလေးတွေ့ရင်ပြောကြပါအုံးနော်
04/09/2026
ကလေးစားရိတ် တလ ကို ဘယ်လောက်ကုန်လဲ မေးရင် ဘယ်လိုဖြေရမှန်းတောင်မသိဘူး 😁😁😁
သွားပွတ်တံတောင် 20500 တဲ့ ။
ပုံမှန်ဆို 6 လတခါလဲရင်ရပေမယ့်
သေချာမတိုက်တတ်သေးတော့ ကိုက်တော့ ဖွလန်တွေ ဖြစ်လို့ 3လ တခါလောက်လဲရပြန်ရော .....
🤣🤣🤣
03/09/2026
ယနေ့ခေတ်ကလေးအများစုက တိုက်ခန်းမှာနေရတယ်၊ မြေကြီး၊သဲတွေနဲ့ ထိတွေ့ကစားခွင့်နည်းကြပါတယ်။
#သဲနှင့်ဆော့ကစားခြင်းရဲ့အကျိုးလေးတွေပြောပြပေးလိုက်ပါတယ် မေမေတို့ရေ
ကလေးတွေကို သဲနဲ့ ဆော့ကစားခွင့်ပေးတာဟာ ပျော်စရာကောင်းရုံတင် မဟုတ်ဘဲ သူတို့ရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အလွန်ကောင်းမွန်တဲ့ သင်ယူမှုတစ်ခု ဖြစ်ပါတယ်။
၁) သဲကို ဆုပ်ကိုင်တာ၊ ပုံစံခွက်ထဲ ထည့်တာနဲ့ ခွက်မှောက်တာတွေက လက်ချောင်းလေးတွေနဲ့ လက်ကောက်ဝတ် (Fine motor skills) ကို သန်မာစေပြီး နောင်တစ်ချိန် စာရေး၊ စာဖတ်တဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ အခြေခံကို တည်ဆောက်ပေးပါတယ်။
၂) သဲကျင်း တူးတာ၊ သဲပုံးသယ်တာနဲ့ သဲရဲတိုက်ဆောက်တာတွေက ခန္ဓာကိုယ်ကြွက်သားကြီးများ (Gross motor skills) ကို သန်မာစေပြီး ဟန်ချက်ထိန်းနိုင်စွမ်းကို တိုးတက်စေပါတယ်။
၃)သဲရဲတိုက်၊ မုန့်ပုံစံ၊ တောင်ပုံစံ စသဖြင့် မိမိစိတ်ကြိုက် ဖန်တီးပုံဖော်နိုင်စွမ်း (Creativity & Imagination) တိုးတက်လာပါတယ်။
၄) သဲရဲ့ အထိအတွေ့ (ကြမ်းတာ၊ နုတာ၊ အေးတာ၊ ပူတာ) ဟာ ကလေးတွေရဲ့ အာရုံကြော စနစ်ကို လှုံ့ဆော်ပေးပြီး အထိအတွေ့ကို သင်ယူရာရောက်ပါတယ်
၅) သဘာဝ မြေကြီး၊ သဲတို့နဲ့ ထိတွေ့ဆော့ကစားခြင်းက ကလေးတွေရဲ့ ခန္ဓာကိုယ် ခုခံအားစနစ် (Immune System) ကို သဘာဝအတိုင်း သန်မာစေပြီး ဓာတ်မပါ့ အာလာဂျီ (Allergies) ဖြစ်နိုင်ခြေကို နည်းပါးစေပါတယ်။
# #သတိပြုရန်မှာဆော့ကစားမည့်သဲသည်သန့်ရှင်းမှုရှိရန် (တိရစ္ဆာန် မစင်များ သို့မဟုတ် ဖန်ကွဲစများ မရှိစေရန်) ၊ မျက်လုံး၊ပါးစပ်ထဲ မဝင်အောင် ဘေးက လူကြီးက လိုက်ပါစောင့်ကြည့် ပေးဖို့လိုပါတယ် ။ ဆော့ကစားပြီးပါက လက်ကို စနစ်တကျ ဆေးကြောပေးဖို့လဲ မမေ့ပါနဲ့နော် ။
#ကျန်းမာရေးဗဟုသုတ #ကလေးဖွံဖြိုးမှု #သဲဖြင့်ဆာ့ကစားခြင်း
နေ့လည်နေ့ခင်းက သွေးလွန်တုတ်ကွေးဖြစ်စေတဲ့ခြင်ကျား ကိုက်ခံရတာပိုများတယ် ......
နေ့လည်ခင်းလဲ ခြင်ကိုက်မခံရအောင်
ဂရုစိုက်ပါနော် .....
ခြင်မကိုက်ရအောင်
ကလေး အသက်အရွယ်အလိုက်
Sticker လေးတွေ
ဖြန်းဆေးလေးတွေ
လိမ်းဆေးလေးတွေ မျိုးစုံရှိတာမို့
ရွေးဝယ်လို့ရပါတယ်။
ကိုယ်တိုင်လဲ မျိုးစုံသုံးဖူးပါတယ်။
လူကြီးတွေဖြန်းတဲ့ ခြင်ဆေးဗူးတွေ၊ ခြင် ဆေးခွေတွေကိုတော့ နုနယ်သေးတဲ့ ကလေးလေးတွေမှာ မသုံးစေချင်ပါဘူး။
တခုသတိထားရမှာက
ခြင်မကိုက်၊ ခြင်ပြေးအများစုက G6PD ကလေးလေးတွေ မတည့်တာ များပါတယ် ...... G6pd ကလေးလေးတွေ အတွက်ဆိုရင်တော့ သေချာလေးသတိထားမေးဝယ်ပါနော် ...
နောက်ရက်မှ သုံးဖူးတာလေးတွေ အကုန် ပြန် ပြောပြပေးအုံးမယ်။
#မေမေတို့အတွက်
#ကျန်းမာရေးဗဟုသုတ
#ခြင်အန္တာရာယ်
ကလေးရှိတဲ့ အိမ်မှာဆောင်ထားသင့်တဲ့
အသုံးများပီး ကလေးတွေအတွက် အခြေခံ လိုအပ်တဲ့ သောက်ဆေးလေးတွေ .....
လိမ်းဆေးလေးတွေအကြောင်းလဲ နောက်ရက် ဆက်တင်ပေးပါ့မယ်။
ခုဆေးလေးတွေကတော့ တစ်နှစ်ကျော် အရွယ် လောက် ကလေးလေးတွေအတွက်ပါ ......
#ကျန်းမာရေးဗဟုသုတ #မေမေတို့အတွက် #ကလေးဖွံဖြိုးမှု
ဒုတိယပိုင်းလေးပါ .....
မေမေတစ်ယောက်ရဲ့ ကိုယ်ဝန်ဆောင်ကာလ က အရေးကြီးသလို
မီးဖွားပြီးချိန် မှန်ကန်တဲ့ သားဆက်ခြားခြင်းကလဲ အရေးကြီးပါတယ် ....
ကလေး အရမ်းနီးကပ်လွန်းခြင်းက မိခင်၊ ကလေးအပါအဝင် အိမ်သားအားလုံး
ပင်ပမ်းကြရပါတယ် (အရမ်းပြည့်စုံချမ်းသာနေတဲ့ သူတွေ တော့ မပါဘူးပေါ့)
ဒါကြောင့် ၄၅ရက် ပြည့်ခါနီးရင် တားဆက်ခြားဖို့ နီးစပ်ရာ ဆေးရုံဆေးခန်းမှာတိုင်ပင်ပြသပါ လို့ အကြံပေးချင်ပါတယ်
#မေမေတို့အတွက်
#ကျန်းမာရေးဗဟုသုတ
#ကိုယ်ဝန်ဆောင်မိခင်များအတွက်