Cozy Yoga - Center
Be happy & Healthy with Yoga
29/10/2023
သီတင်းကျွတ်လပြည့်နေ့ အခါသမယ မှာ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း Cozy Yoga မှ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။
YOGA လေ့ကျင့်တဲ့အခါမှာ အရေးကြီးတဲ့ လုပ်ငန်းစဉ်ထဲက တစ်ခုဖြစ်တဲ့ အကြောဖြေလျှော့ခြင်းအကြောင်း သိကောင်းစရာ
23/10/2023
🧘YOGA ကို အလေ့အကျင့်တစ်ခုအဖြစ်သေချာလေ့ကျင့်လိုသူများအတွက်....
💁YOGA လေ့ကျင့်ခြင်းဟာ နိုင်ငံတကာမှာ အလှအပ နဲ့ကျန်းမာရေးလိုက်စားတဲ့ လူတိုင်းရဲ့အလေ့အကျင့်ကောင်းတစ်ခုအဖြစ်မှတ်ယူလေ့ရှိကြပါတယ်။
🫴ဒါကြောင့် လှပပြီးကျန်းမာချင်တဲ့ သူအနေနနဲ့ YOGA လေ့ကျင့်တာကိုအလေ့အကျင့်တစ်ခုအဖြစ်ပျိုးထောင်ချင်တယ်ဆိုရင် ဒီအချက် တွေလုပ်လုပ်ကြည့်လိုက်ပါ
1.Start Slow💪
Beginner Friendly Class မျိုးဖြစ်တဲ့ ပေါ့ပါးပြီးလွယ်ကူတဲ့ အခြေခံ လေကျင့်ခန်းတွေများတဲ့ YOGA CLASS မျိုး အရင်တက်ပါ
2.Consistency👍
ပုံမှန် မပျက်မကွက် လေ့ကျင့်တာမျိုးလုပ်ပါ ဆင်ခြေ အကြောင်းမျိုးမျိုးပြပြီး မလေ့ကျင့်ဘဲ ပျက်ကွက်တာမျိုးကို ရှောင်ပါ။
3.Mindful Breathing🧘
အပေါ်ကနှစ်ချက်လုံးလိုက်နာနိုင် နေပြီဆိုရင် စိတ်ဖိစီးမှု လျော့ချ ပေးနိုင်တဲ့ Breathing Technique တွေပါ ထည့်သွင်းလေ့ကျင့်ပါ။
4. Explore Style 🤸
YOGA လေ့ကျင့်တာ တဖြည်ဖြည်း အလေ့ကျင့်တစ်ခုစဖြစ်လာပြီဆိုရင် YOGA အမျိုးအစား တွေကိုထပ်ပြီးလေ့လာပါ ဥပမာ (Hatha, Vinyasa,Ashtanga, etc).
5.Listen To Your Body 💁
နောက်ဆုံးအချက်ကတာ့ ကိုယ့် Body ရဲ့ limit ကို သေချာသိပါ၊ စိတ်ပါပြီး အလွန်အကျွံလုပ်မိတာမျိုးမဖြစ်ဖို့ကလဲ အရေးကြီးပါတယ်။
ဒီလိုအချက်တွေကိုလိုက်နာပြီး လေ့ကျင့်မယ်ဆိုရင် YOGA လေ့ကျင့်တဲ့ အလေ့အကျင့် ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ပြီး လှပပြီး ကျန်းမာ ပျော်ရွှင်တဲ့ Lifestyle တစ်ခုကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။
04/10/2023
💁ကျန်းမာလှပချင်သော အမျိုးသမီးတို့အတွက်
🫴အမျိုးသမီးတွေဆိုတာ ကျန်းမာမှ လှပနေမှာဖြစ်ပါတယ်။ကျန်းမာစေတဲ့အပြင် လှပ အောင်ပါ ပြုလုပ် ပေးနိုင်တာမျိုးကဘယ်လိုအရာဖြစ်မလဲ၊🌐အဲ့ဒီအရာဟာ နိုင်ငံတကာ က အနုပညာရှင်တွေရဲ့ အလှအပထိန်းသိမ်းနည်းတွေထဲက တစ်ခုဖြစ်တဲ့အရာလဲဖြစ်ပါတယ်။
👉အဲ့ဒါကဘာလဲဆိုရင်တော့ YOGA လေ့ကျင့်တာပဲဖြစ်ပါတယ်။YOGA ပုံမှန်လေ့ကျင့်ခြင်းအားဖြင့် ကိုယ်ခန္ဓာမှာရှိတဲ့အဆီပိုတွေကိုဖယ်ရှားပေးတယ်၊အိုမင်းရင့်ရောမှုကို ဖြစ်စေတဲ့ အကြောင်းရင်းထဲကတစ်ခုဖြစ်တဲ့ စိတ်ဖိစီးမှုတွကို လျှော့ကျစေတယ်၊အသားရည်ကိုကြည်လင်လှပစေပြီး ပေါ့ပါးလန်းဆန်း စေပါတယ်။ ဒါကြောင့် လဲ YOGA ဟာ ကမ္ဘာတစ်၀န်းမှာ ကျန်းမာရေး နဲ့ အလှပအတွက် ကျင့်သုံးနေကြတဲ့အ လေ့အထတစ်ခုဖြစ်နေတာပဲဖြစ်ပါတယ်။
💁ကျန်းမာပြီးလှပတဲ့လူနေမှုပုံစံတစ်ခုကိုတည် ဆောက်ချင်တယ်ဆိုရင်တော့ Cozy Yoga Centre ရဲ့ YOGA For Beginner Class ကို လှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
🚨(တစ်တန်းကို သင်တန်းသားဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံတာမို့ လူပြည့်လို့မတက်လိုက်ရတာမျိုးမဖြစ်အောင် အခုပဲ Messenger ကနေ စာရင်းပေးသွင်းအပ်နှံလိုက်ပါ)🚨
📌သင်တန်းလိပ်စာ -အမှတ်60၊စက်မှု5လမ်း၊မေတ္တာညွန့်ရပ်ကွက်၊တာမွေမြိုနယ်။
27/09/2023
💁အခုမှ YOGA စလေ့ကျင့်မယ့်သူတွေအတွက် မပါမဖြစ် Child's Pose အကြောင်း
🫴Child's Pose ကို "Balasana" လို့လဲခေါ်ကြလေ့ရှိပြီးအ ခြေခံ YOGA Pose တွေထဲက တစ်ခုဖြစ်ပါတယ်။ Child's Pose က ပြုလုပ်ရလွယ်ပေမယ့် သူ့ရဲ့ အရေးပါပုံက YOGA လေ့ကျင့်သူတိုင်းအသိပဲဖြစ်ပါတယ်။ ဘာလို့ အရေးပါလဲဆိုရင်တော့ ဒီPose ကို YOGA မှာ Transition Pose အဖြစ်အသုံးပြုကျ လေ့ရှိလို့ပဲဖြစ်ပါတယ်။
👉ဒီလို ပြုလုပ်ရလွယ်ပြီး အရေးပါတဲ့ Child's Pose ကတော့ မထင်မှတ်ထားလောက်အောင် အကျိုးကျေးဇူးတွေများလှပါတယ်။သူ့ရဲ့အကျိုးကျေးဇူးတွေကတော့
၁) လူကို relax ဖြစ်စေပါတယ်
၂)ကျောရိုး ၊တင်ပဆုံ နှင့် ပေါင်တို့ မှာရှိတဲ့ အကြောတွေကို ဖြေလျော့ စေပါတယ်
၃) Emotional Release ဖြစ်စေတဲ့ ခံစားချက်မျိုးကိုရ စေပါတယ်။
၄)အစာခြေစနစ်ကိုကောင်းမွန် စေပါတယ်
၅)ကောင်းမွန်စွာအိပ်စက်ခြင်းအတွက်အထောက်ပံ့ဖြစ်စေပါတယ်
💁ဒီလိုလုပ်ရလွယ်ပြီးအကျိုး ကျေးဇူးများတဲ့ YOGA Pose ကို ကိုယ်တိုင် လေ့ကျင့်လို့လဲရသလို၊ ဆရာမပြနည်းမကျ မဖြစ်ချင် ဘူးဆိုရင်လဲ Cozy Yoga Centre ရဲ့ YOGA For Beginner Class ကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
"Core Benefit of Yoga"
💁ကျန်းမာရေးအတွက်အလေ့ကျင့်ကောင်းတစ်ခုဖန်တီးနိုင်ဖို့ဆိုရင်.....
🧘YOGA လေ့ကျင့်ခြင်းက ကိုယ်ခန္ဓာအတွက် သာမကဘဲ စိတ်ပိုင်းဆိုင်ရာ အတွက်ပါ အထောက်အကူဖြစ် စေပါတယ်။ YOGA လေ့ကျင့်ခြင်းဖြင့် ခန္ဓာကိုယ်မှာရှိတဲ့အဆီပို တွေဖယ်ရှားပေးနိုင်ပြီး ကိုယ်ခန္ဓာသွယ်လျှလှပစေတဲ့အပြင် စိတ်ဖိစီးမှု တွေကိုပါ လျှော့ချပေးနိုင်ပါတယ်။ဒါကြောင့် ဒီလို စိတ်ရောကိုယ်ပါ အကျိုးရှိစေတဲ့ အလေ့ကျင့်ကောင်းတစ်ခုကို အမြဲပြုလုပ်ချင်တယ်ဆိုရင်တော့ Cozy Yoga ကိုလှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
👉Cozy Yoga ရဲ့ "YOGA For Beginner" Class လေးက စနေ၊တနင်္ဂနွေ ပိတ်ရက်ကိုပဲဖွင့် ပေးတာမို့ အလုပ်တစ်ဖက်နဲ့မအားတဲ့ သူတွေပါ Join ဖို့အဆင်ပြေစေမှာဖြစ်ပါတယ်။
👤လူဦးရေ အကန့်အသတ်ရှိတာမို့ လူပြည့်သွားလို့ မ join လိုက်ရဘူးဆိုတာမျိုးမဖြစ်ရလေ အောင် Messenger ကနေ အခုပဲစာရင်းပေးသွင်းအပ်နှံလိုက်ပါ။
Cozy Yoga - Center Be happy & Healthy with Yoga
01/08/2023
"ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့"
21/07/2023
💁Mountain pose ကို တာဒါဆာနာ လို့လည်း ခေါ်ကြလေ့ရှိပါတယ် အခြေခံကျတဲ့ ကိုယ်ဟန်နေထားဖြစ်ပြီး စိတ် နှင့် ခန္ခာကိုယ် အတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။
Mountain pose ကို လေ့ကျင့်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး ကတော့
🧍ကိုယ်နေဟန်ထား ဖြောင့်တန်းမှု
Mountain pose က ကျောရိုး ပခုံး နှင့် တင်ပါး ကိုယ်နေဟန်ထား ဖြောင့်တန်းဖို့ကိုလည်း ကူညီပေးပါတယ်။ကြွက်သားနှင့် အဆစ်တွေ တင်းမာမှုကို ပြေလျော့စေပြီး ခန္ခာကိုယ် ကိုယ်နေဟန်ထားနဲ့ပတ်သက်တဲ့ ခံစားချက်တွေကို သိလာစေပါတယ်။
🙆တည်ငြိမ်မှု နှင့် ဟန်ချက်ညီခြင်း
ဤယောက ကျင့်မှု ပုံစံက ခြေထောက်ကို မြေပြင်ပေါ်မှာ ငြင်သာစွာ ချထားခြင်း နှင့် ခြေထောက်ကြွက်သားများကို လှုပ်ရှားပေးခြင်းအားဖြင့် ခန္ခာကိုယ်ရဲ့ တည်ငြိမ်မှု နှင့် ဟန်ချက်ညီမှု ကို တိုးမြှင့်ပေးန်ိုင်ပြီး နေ့စဥ် လှုပ်ရှားမှုတွေနှင့် အခြားသော မတ်တပ်ရပ် ကိုယ်ဟန်တွေအတွက်လည်း အကျိုးကျေးဇူးများရှိပါတယ်။
💪ပင်မကျောရိုး အားကောင်းစေခြင်း
တာဒါဆာနာ ကျင့်စဥ်မှာ ပါဝင်တဲ့ ဗိုက်ကြွက်သားနဲ့ ကျောရိုးတစ်လျှောက် ကြွက်သား လေ့ကျင့်မှုတွေကြောင့် ပင်မကျောရိုး ကြံ့ခိုင်အားကောင်းဖို့ကိုလည်း ကူညီပေးပါတယ်။ပင်မကျောရိုး အားကောင်းခြင်းက ကျောရိုးတည့်မတ်ဖို့အတွက် ထောက်ပံ့ပေးပြီး ခန္ခာကိုယ် တစ်ခုလုံး သန်မာဖို့ နှင့် ထိန်းချုပ်နိုင်ရန် ပိုမိုကောင်းမွန်ဖို့ ထောက်ပံပေးပါတယ်။
🫁Breathing Awarness
Mountain pose လေ့ကျင့်စဥ်မှာ ရင်ဘတ်ကို ဖွင့်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းခြင်းက အဆုတ်ကို ချဲ့ဖို့အတွက် အထောက်အကူပြုပါတယ်။ကောင်းမွန်သော အောက်ဆီဂျင် ရှုသွင်းမှုနှင့် လည်ပတ်မှုကောင်းစေခြင်းကြောင့် စိတ် ခန္ခာ တည်ငြိမ်ပြီး သက်သောင့်သက်သာ ဖြစ်စေပါတယ်။
🧘Mindfulness and Focus
Mountain pose မှာ မလှုပ်မယှက် နဲ့ မတ်မတ်ရပ်နေခြင်းက အခြေခိုင်ပြီး တည်ငြိမ်မှုကို ခံစားရစေပါတယ်။ဒါ့အပြင် လက်ရှိပစ္စုပန်မှာ အာရုံစူးစိုက်မှုအားကောင်းခြင်း သတိရှိရှိနဲ့ ပိုမိုနေထိုင်နိုင်ခြင်းအပြင် စိတ်ကိုလည်း ပိုမိုကြည်လင်စေပါတယ်။
✅Energy Flow
တာဒါဆာနာ လေ့ကျင့်ခြင်းက ခန္ခာကိုယ်ထဲ energy စီးဆင်းမှု ဟန်ချက်ညီဖို့ကိုပါ ကူညီပေးပြီ စိတ်ခံစားချက်ကောင်းမွန်ပြီး တက်ကြွစေပါတယ်။ဒီလေ့ကျင့်ခြင်းက ဦးခေါင်းထိပ်ကနေ ခြေဖျားအထိ energy တွေ စီးဆင်းစေပြီး စိတ်ကို တက်ကြွစေတဲ့ ခံစားမှုကို ရစေပါတယ်။
Mountain pose က တခြားများစွာသော ယောကလေ့ကျင့်ပုံတွေအတွက်ပါ စတင်ရာ အဓိက အချက်ဖြစ်သည်။ဒီကိုယ်ဟန်ကို လေ့ကျင့်တတ်မြောက်သွားတဲ့အခါ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်လာပြီး ရုပ်ပိုင်းဆိုင်ရာလည်း ပိုမိုအဆင်ပြေလာပေးမည်။ဒီကိုယ်ဟန်ကို ပုံမှန်လေ့ကျင်ခြင်းအားဖြင့် ကိုယ်နေဟန်ထား ဟန်ချက်ညီမှု ပိုမိုတိုးတက်လာမှာဖြစ်ပြီး ယောဂဖျာပေါ်မှာ လေ့ကျင့်နေစဥ်သာမဟုတ်ပဲ ကျန်အချိန်တွေမှာလည်း အသိ သတိရှိနေမှာဖြစ်ပါတယ်။
19/07/2023
အာဇာနည်နေ့ ဒို့မမေ့
ယနေ့တွင်ကျရောက်သော ၇၆ နှစ်မြောက် အာဇာနည်နေ့အား ဂါရ၀ပြုအပ်ပါသည်။
Yoga လေ့ကျင့်ရတဲ့အကြောင်းရင်း၊အကျိုးကျေးဇူးတွေကိုလဲ ပြောကြားပေးပြီး စနစ်တကျလေ့ကျင့်ပေးတာကိုမှ တက်ချင်တယ်ဆိုရင်တော့ Cozy ကိုလှမ်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
01/07/2023
💁ပေါ့ပါးလန်းဆန်းပြီး သွယ်လျလှပချင်တဲ့သူတွေအတွက် Cozy Yoga ရဲ့ Beginner Yoga Class
👉အထိုင်များ တဲ့အပြင် အစားကလဲ ရှောင်ဖို့ မလွယ်ဘူးဖြစ်နေရင်တော့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတစ်ခုမဟုတ်တစ်ခုတော့လုပ်ဖို့လိုအပ်ပါတယ်။
🏃ဒီလိုကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း တစ်ခုခုလုပ်ဖို့ဆုံးဖြတ်ထားတယ်ဆိုရင် Cozy Yoga Centre မှာဖွင့်လှစ်ထားတဲ့ 🧘Yoga For Beginner Class လေးမှာလာရောက် လေ့ကျင့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Yoga ကို ကျန်းမာရေး အတွက် ရေရှည်လေ့ကျင့်နိုင်အောင် လုပ်ရလွယ်ပြီး အခြေခံကျတဲ့ Postures တွေက စပြီး သေချာ လေ့ကျင့် သင်ကြားပေးမှာဖြစ်လို့ ပေါ့ပါးလန်းဆန်းပြီး ခန္ဓာကိုယ် သွယ်လျ လှပဖို့ကို အထောက်အပံ့ဖြစ်စေမှာသေချာပါတယ်။
အတန်းချိန်တွေကတော့
📝Weekend Class
🗓️Sat and Sun
🕘8:00 am to 9:00 am
(တစ်တန်းကို သင်တန်းသားဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံတာမို့ လူပြည့်လို့မတက်လိုက်ရတာမျိုးမဖြစ်အောင် အခုပဲ Messenger ကနေ စာရင်းပေးသွင်းအပ်နှံလိုက်ပါ)
📌သင်တန်းလိပ်စာ -အမှတ်60၊စက်မှု5လမ်း၊မေတ္တာညွန့်ရပ်ကွက်၊တာမွေမြိုနယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Tuesday | 07:00 - 19:00 |
| Wednesday | 07:00 - 19:00 |
| Thursday | 07:00 - 19:00 |
| Friday | 07:00 - 19:00 |
| Saturday | 07:00 - 19:00 |
| Sunday | 07:00 - 19:00 |