Healthy Prince

Healthy Prince

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Healthy Prince, Beauty, cosmetic & personal care, Yangon.

27/02/2023

ကရဝေးရွက်

-ကရဝေးရွက်ကို bay leaf သို့မဟုတ် laurel leaf လို့ခေါ်ကြပါတယ်။
-ကရဝေးရွက်အပင်ဟာ အမြဲစိမ်းပင်တစ်မျိုးဖြစ်ပြီး သူရဲ့မူရင်းဒေသကတော့ မြေထဲပင်လယ်ဒေသ ဖြစ်ပါတယ်။
-သူ့ရဲ့အရွက်ကို ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးအနေနဲ့ ရှေးကတည်းကပင် သုံးစွဲလာကြတဲ့အပြင် ယခုထိတိုင် သုံးစွဲလျက်ရှိကြပါတယ်။
-ကရဝေးရွက် ဟင်းပွဲများထဲ ထည့်ချက်သည့်အခါ အနံ့အရသာများ ပိုမိုကောင်းမွန်စေတာကြောင့် ယခုအခါတွင် အမှုန့်အနေနဲ့သော်လည်းကောင်း၊ ဆီထုတ်၍သော်လည်းကောင်း အမျိုးမျိုးသုံးစွဲလျက်ရှိကြပါတယ်။
-သူ့အရွက်တွင် ဆေးဖက်ဝင်ဒြပ်ပေါင်းများဖြစ်သော polyphenols သက်စောင့်ဓာတ်များပါဝင်တာကြောင့် ကျန်းမာရေးအတွက် သင့်လျော်သော ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပါတယ်။

ကရဝေးရွက်ကို အသုံးပြုခြင်းဖြင့်

-သွေးထဲမှ သကြားဓာတ်များကို ထိန်းညှိပေးတာကြောင့် ဆီးချိုရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။
-သွေးထဲမှ မကောင်းသော အဆီဓာတ်များကို လျော့ချပေးနိုင်သောကြောင့် နှလုံးရောဂါများမှ ကာကွယ်ပေးပါတယ်။
-အအေးမိတုပ်ကွေးများကို သက်သာစေပါတယ်။
-အရောင်ကျစေသော အာနိသင်များပါဝင်နေတာကြောင့် အနာကျက်မြန်စေပါတယ်။
-သက်စောင့်ဓာတ်များကြောင့် ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်များကို ဖယ်ရှာပေးပြီး ကင်ဆာရောဂါများမဖြစ်အောင် ကာကွယ်ပေးပါတယ်။

သတိပြုရန်-အရွက်ကို ဟင်းပွဲများထဲ ထည့်ချက်ပြီးနောက် အရွက်ကို ဖယ်ရှားသင့်ပါတယ်။ အရွက်ကို အစာအိမ်က ခြေဖျက်ရန်ခက်ခဲတာကြောင့်ဖြစ်ပါတယ်။

Photos from Healthy Prince's post 13/02/2023

💁🏻‍♀️ဝမ်းချုပ်တက်သူများ ဝမ်းသွားရခက်လို့ စိတ်ညစ်နေသူများ အတွက်💁🏻‍♀️

100%အော်ဂဲနစ်ဖြင့် စိုက်ပျိုးထားသော ဆေးဖက်ဝင်အပင်များဖြင့် ထုတ်လုပ်ထားတဲ့ ‘Vegeplex’ (ရွက်စုံအားဖြည့်ဆေး) ကို သတိရလိုက်ပါ💡💡

FAME Pharmaceuticals မှ ထုတ်လုပ်ထားတဲ့ ရွက်စုံအားဖြည့်ဆေးမှာ ပါဝင်တဲ့ အရွက်တစ်ခုချင်းစီ၏ အာနိသင်များကို ပုံတစ်ပုံချင်းစီအောက်တွင် လေ့လာ ဖတ်ရှုနိုင်ပါတယ်။

စျေးနှုန်း ~ တစ်ဘူး (အလုံး ၆၀) - ၅,၀၀၀ ကျပ်

⭐️အိမ်အရောက်ဝန်ဆောင်မှုစနစ်ဖြင့် online မှလဲ မှာယူနိုင်ပါသည် ⭐️

မြန်မာပြည်အတွင်း မြို့အနှံအပြား / ရန်ကုန်မြို့တွင်း အိမ်အရောက် Delivery Service ( Sat & Sun)

ဆေးများမှာယူလိုပါ 09 780055107 or chat box

ဆေးအကြောင်း မေးချင်ရင် Telegram 👇👇👇...

https://t.me/joinchat/hJiiC7BsqFYzMTA1

မှာဆက်သွယ်စုံစမ်းမေးမြန်းနိူင်ပါတယ်ရှင်…

06/02/2023

အလှတရားတွေ Maximum ဖြစ်စေမယ့်
Ladymax Series

💙ဝက်ခြံလိမ်း Gel ☁️အသားကြည် Cream
🌸အသားတင်း Cream 💚အသားလှ Cream
💛ရင်သားလှ Cream

အရေပြား ပြဿနာတွေနှင့် အလှအပအတွက်
အမျိုးအစားစုံရှိလို့ လိုတာကို ရွေးချယ်လိုက်တော့နော်။

ဝက်ခြံ၊ အဆီဖု၊ အဆီပြန်တာနဲ့ ချွေးပေါက်ကျယ်တာတွေအတွက်

💙 𝑳𝒂𝒅𝒚𝒎𝒂𝒙 𝑨𝒏𝒕𝒊-𝑨𝒄𝒏𝒆 𝑮𝒆𝒍 💙 (ဝက်ခြံလိမ်းဂျယ်)

ခရမ်းချယ်ရီပွင့်၊ မာလကာပွင့်၊ ဖန်ခါးသီး၊ ရှားစောင်းလက်ပတ်၊ မုန်လာဥနီ တို့ရဲ့ အဆီအနှစ်ကနေ ထုတ်လုပ်ထားပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ထိထိရောက်ရောက် နှိမ်နင်းပေးနိုင်ပါတယ်။ အဆီပြန်၊ ချွေးပေါက်ကျယ်တာတွေကိုလည်း သက်သာစေပြီး သဘာဝအတိုင်းချောမွတ်လှပ ဝက်ခြံကင်းစေပါတယ်။
========================

တင်းတိတ်၊ မှည့်ခြောက်၊ အမဲစက် နှင့် ဝက်ခြံအမာရွတ်ဟောင်းတွေအတွက်
☁️ 𝑳𝒂𝒅𝒚𝒎𝒂𝒙 𝑫𝒆𝒑𝒊𝒈𝒎𝒆𝒏𝒕𝒂𝒕𝒊𝒐𝒏 𝑪𝒓𝒆𝒂𝒎 ☁️ (အသားကြည်ခရမ်)

ရှားစောင်းလက်ပတ်၊ ထောပတ်သီး၊ နာနတ်သီး၊ နွယ်ချို အဆီအနှစ်တို့ကနေ ထုတ်လုပ်ထားပြီး တင်းတိတ်၊ မှည့်ခြောက်၊ ဝက်ခြံအမာရွတ်ဟောင်းများကို သိသိသာသာလျော့နည်းစေပြီး အသားအရေကို သဘာဝအတိုင်း ကြည်လင်ဝင်းပစေပါတယ်။
==========================

အရေးအကြောင်းကင်းကင်းနဲ့ တင်းရင်းလှပစေဖို့အတွက်

🌸 𝑳𝒂𝒅𝒚𝒎𝒂𝒙 𝑨𝒏𝒕𝒊-𝒘𝒓𝒊𝒏𝒌𝒍𝒆 𝑪𝒓𝒆𝒂𝒎 🌸 (အသားတင်းခရမ်)

အသားအရေတင်းရင်းစေရန်အတွက် အစွမ်းထက်ဆုံး ပေါက်ဥအဆီအနှစ်မှ ထုတ်လုပ်ထားလို့ အရေပြားက Collagen နဲ့ Elastin Tissue တွေကို တီုးပွားစေပါတယ်။ ဒါကြောင့် အရေးအကြောင်းတွေကို သက်သာစေပြီး အိုမင်းရင့်ရော်မှုကို ဟန့်တားပေးနိုင်ပါတယ်။
=========================

သဘာဝအတိုင်း စိုပြေဝင်းမွတ်နေတဲ့ အသားအရေအတွက်

💚 𝑳𝒂𝒅𝒚𝒎𝒂𝒙 𝑨𝒏𝒕𝒊𝒐𝒙𝒊𝒅𝒂𝒏𝒕 𝑪𝒓𝒆𝒂𝒎 💚 (အသားလှခရမ်)

CoQ10, Vitamin E, ကမ္ဘာဦးပင် နှင့် ဗြုံးမွှေးပင် အဆီအနှစ်တို့က နေ ထုတ်လုပ်ထားပြီး အသားအရေ ပျက်စီးတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
အရေပြားကို သွေးလှည့်ပတ်မှုကောင်းစေပြီး ရေဓါတ်နဲ့ အာဟာရဓါတ်တွေကို ဖြည့်ပေးတာကြောင့် စိုပြည်ဝင်းမွတ်စေပါတယ်။
နေလောင်ထားတဲ့အသားအရေ နှင့် Sensitive Skin အတွက်လည်း သင့်တော်ပါတယ်။
========================

ရင်သားပြည့်ဖြိုးအလှတိုးစေဖို့အတွက်ကတော့

💛 𝑳𝒂𝒅𝒚𝒎𝒂𝒙 𝑩𝒓𝒆𝒂𝒔𝒕 𝑩𝒆𝒂𝒖𝒕𝒚 𝑪𝒓𝒆𝒂𝒎💛 (ရင်သားလှခရမ်)

ကိုယ်ခန္ဓာဖွံ့ဖြိုးမှုအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ ပေါက်ဥအဆီအနှစ်ကနေ ထုတ်လုပ်ထားတာကြောင့် ရင်သားဖွံ့ဖြိုးလှပဖို့ လိုအပ်တဲ့ Fatty Tissue တွေနှင့် Ligament တွေကို တိုးပွားစပါတယ်။ ရင်သားပျော့၊ ရင်သားတွဲတဲ့သူတွေ တင်းရင်းကြံ့ခိုင်စေဖို့နဲ့ ရင်သားသေးတဲ့သူတွေ ဖွံ့ဖြိုးကြီးထွားဖို့ လိမ်းပေးနိုင်ပါတယ်။
========================

စျေးနှုန်း ~ 40 g တစ်ဗူး - ၉,၀၀၀ ကျပ်

⭐️အိမ်အရောက်ဝန်ဆောင်မှုစနစ်ဖြင့် online မှလဲ မှာယူနိုင်ပါသည် ⭐️

မြန်မာပြည်အတွင်း မြို့အနှံအပြား / ရန်ကုန်မြို့တွင်း အိမ်အရောက် Delivery Service ( Sat & Sun)

ဆေးများမှာယူလိုပါ 09780055107 or page chat box မှာ မှာယူနိုင်ပါတယ်ရှင်

Photos from Diet By KT's post 05/02/2023

Stevia 😘

27/01/2023

ခံတွင်းအနံ့ဆိုးခြင်းသည် ရောဂါတစ်ခုဟု မသတ်မှတ်ထားသော်လည်း လူမှုရေးအရ လူမှုဆက်ဆံရေးကို များစွာ အနှောင့်အယှက်ပေးသော အခြေအနေဆိုးတစ်ခု ဖြစ်သည်။ ခံတွင်းအနံ့ဆိုးခြင်းကို Bad breath သို့မဟုတ် Malodour သို့မဟုတ် Halitosis ဟုလည်း ခေါ်ပါသည်။

ခံတွင်းအနံ့ဆိုးရခြင်း၏ အဓိကတရားခံမှာ ခံတွင်းရှိ မကောင်းသော ဘက်တီးရီးယားပိုးများ၏ ဇီဝဖြစ်စဉ်မှ ထွက်ရှိလာသော အညစ်အကြေးများ ဖြစ်သည်။ ထို့အပြင် အခြား အနံ့ဆိုးများ ထွက်စေသည့် ဓာတ်ပစ္စည်းများကြောင့်လည်း ခံတွင်းအနံ့ကို ပိုမိုဆိုးဝါးစေပါသည်။

အဓိကမှာ လေမဲ့အခြေအနေတွင် ပေါက်ပွားသည့် ဂရမ်နက်ဂတစ် ဘက်တီးရီးယားများ (𝗔𝗻𝗮𝗲𝗿𝗼𝗯𝗶𝗰 𝗚𝗿𝗮𝗺 𝗻𝗲𝗴𝗮𝘁𝗶𝘃𝗲 𝗯𝗮𝗰𝘁𝗲𝗿𝗶𝗮) ဖြစ်ပြီး လျှာ၏ မျက်နှာပြင်၌လည်းကောင်း၊ သွားနှင့် သွားဖုံးကြားရှိ ချိုင့်လေးများ (Periodontal pockets) ၌လည်းကောင်း ခိုအောင်းနေလေ့ရှိသည်။ ညအိပ်သောအခါ ပါးစပ်ကို တောက်လျှောက် ပိတ်ထားရသောကြောင့် ခံတွင်း၌ လေမဲ့ အခြေအနေတစ်ရပ် ဖန်တီးပေးထားသလိုဖြစ်၍ တစ်ညလုံး အဆိုပါ ဘက်တီးရီးယားများ ဆက်တိုက်တိုးပွားလာကာ မနက်မိုးလင်းချိန်တွင် ခံတွင်းအနံ့ အဆိုးဆုံးဖြစ်သည်။ ညဘက် သွားတိုက်ပြီး မအိပ်ပါက ပိုမိုဆိုးဝါးပါသည်။

ထို့ကြောင့် ခံတွင်းအနံ့ဆိုးသူများကို ကုသရာတွင် ပဋိဇီဝဆေးများ (Antibiotics) ပေးလိုက်ပါက အဆိုပါ ဘက်တီးရီးယားများ သေဆုံးကုန်သဖြင့် အနံ့လည်း သက်သာသွားနိုင်ပါသည်။ ထို့နောက် အဆိုပါ ဘက်တီးရီးယားများ ပြန်လည်ပွားများ မလာနိုင်စေရန် ခံတွင်းသန့်ရှင်းရေး (𝗢𝗿𝗮𝗹 𝗵𝘆𝗴𝗶𝗲𝗻𝗲) ကို ပြုလုပ်ပေးရန် အထူးလိုအပ်ပါသည်။ ထိုသို့ မပြုလုပ်ပါက ထိုဘက်တီးရီးယားဆိုးများ ပြန်လည်ပွားများလာကာ မူလအတိုင်းပင် ခံတွင်းအနံ့ ပြန်ဆိုးလာပါလိမ့်မည်။ ထိုအခါ ပဋိဇီဝဆေးများ ပြန်သောက်လိုက်၊ သက်သာလိုက်ဖြင့် လုံးလည်လိုက်နေရာမှ ကြာလျှင် အဆိုပါ ပဋိဇီဝဆေးများ မတိုးတော့သည့်အပြင် ယင်းတို့၏ ဘေးထွက်ဆိုးကျိုးများ ခံစားရလာနိုင်ပါသည်။

ယင်းသို့ မဖြစ်စေရန် ခံတွင်းသန့်ရှင်းရေးနှင့်အတူ ပရိုဘိုင်အိုတစ် (𝗣𝗿𝗼𝗯𝗶𝗼𝘁𝗶𝗰𝘀) ငုံဆေးပြားများ ပေး၍ ကုသပါက လွန်စွာ ထိရောက်မှုရှိကြောင်း တွေ့ရပါသည်။ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် တစ်နေ့ ၂ ကြိမ် သွားမှန်မှန်တိုက်ခြင်း (မနက်တစ်ကြိမ်၊ ညတစ်ကြိမ်)၊ အစာစားပြီးတိုင်း ပလုပ်ကျင်းခြင်းတို့ကို မဖြစ်မနေ လုပ်ဆောင်ပေးရန် လိုပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "ဘဝလက်တွဲဖော်အစစ် ပရိုဘိုင်အိုတစ်" စာအုပ်၊ အခန်း (၁၁) သွားနှင့်ခံတွင်း ကျန်းမာရေးနှင့် ပရိုဘိုင်အိုတစ်မှ ထုတ်နုတ်ဖော်ပြသည်။

25/01/2023

ကျွန်တော်တို့ မြန်မာအမျိုးသားများသည် ပန်းသေပန်းညှိုးရောဂါ ဖြစ်ပွားနေလျှင်တောင်မှ အရှက်အကြောက်ကြီးသူများဖြစ်သည့် အားလျော်စွာ မည်သူ့မှမပြောရဲ၊ ဆေးခန်းမပြရဲ ဖြစ်တတ်ကြသည်။ ဤကျန်းမာရေးပြဿနာသည် အဖြစ်များသော ရောဂါတစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ အသက် ၄၀ မှ ၇၀ အတွင်းရှိ အမျိုးသားအားလုံး၏ ၅၀% အထိ ဖြစ်ပွားလျက်ရှိပါသည်။ ထိုအခါ လက်လှမ်းမီရာ ဆေးမြီးတိုများဖြင့် မိမိဘာသာကုသလိုက်ကြရာက အခြေအနေပိုဆိုးသည်အထိ ဖြစ်သွားတတ်သည်။ ထို့ကြောင့် ကုသရလွယ်ကူသည်ကို ခက်ခဲအောင် ပြုလုပ်သလိုဖြစ်နေသည်။

ပန်းသေပန်းညှိုးရောဂါမှာ ကြိုတင်ကာကွယ်၍ရနိုင်သော ရောဂါတစ်ခုလည်းဖြစ်သည်။ ဤရောဂါသည် တခြားရောဂါများ (ဥပမာ- ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ) ၏ နောက်ဆက်တွဲ ပြဿနာတစ်ရပ်ဖြစ်သလို အဆိုပါရောဂါများကိုကုသည့် ဆေးဝါးများကြောင့် ဖြစ်တတ်သည်ကိုလည်း သိရှိသူ နည်းနေပါသေးသည်။

ပန်းသေပန်းညှိုးရောဂါဆိုသည်မှာ အမျိုးသားတစ်ယောက်သည် အမျိုးသမီးတစ်ယောက်နှင့် အတူနေရန် (လိင်ဆက်ဆံရန်) အတွက် အမျိုးသားအင်္ဂါမှာ လုံလောက်သော မာကျောမှု၊ ထောင်မတ်မှုမရှိခြင်းကို ဆိုလိုခြင်းဖြစ်သည်။ တချို့တွင် အစပိုင်းကတည်းက မာကျောမှုမရှိဘဲ ဖြစ်တတ်သလို တချို့မှာ အစပိုင်းတွင်သာ မာကျောသော်လည်း နောက်ပိုင်းတွင် မာကျောမှု မရှိတော့ဘဲ တစ်ခဏအတွင်း ပြန်ကျသွားပါသည်။ ထိုကဲ့သို့ဖြစ်ခြင်းကို ပန်းသေပန်းညှိုးရောဂါဟု သတ်မှတ်ပါသည်။

ပန်းသေပန်းညှိုးရောဂါကို ယခင်က Impotence ဟုခေါ်ပြီး ယခု ဆေးပညာအခေါ်အဝေါ်အရ Erectile dysfunction (ED) ဟုခေါ်သည်။ Erect ဆိုသည်မှာ အဆောက်အအုံများဆောက်လျှင် တိုင်များကို ထောင်မတ်ခြင်းကိုဆိုလိုပြီး Function မှာ လုပ်ငန်းလုပ်ဆောင်ခြင်းဖြစ်သည်။ Dysfunction သည် အလုပ်ကောင်းကောင်း မလုပ်နိုင်ခြင်း၊ ချို့ယွင်းခြင်းကို ဆိုလိုပြီး ထောင်မတ်ခြင်းနှင့်ပတ်သက်သော ချို့ယွင်းမှုဟူ၍ အဓိပ္ပာယ်ရပါသည်။ ဆိုလိုသည်မှာ စိတ်ကျေနပ်လောက်သော လိင်ဆက်ဆံမှု (Intercouse) မရနိုင်သောအခြေအနေအားလုံးကို ပန်းသေပန်းညှိုးရောဂါဟူ၍ သတ်မှတ်ပြီး ထိုရောဂါမှာ သာမန် Impotence ဆိုသော စကားလုံးထက် ပို၍လေးနက်ကျယ်ပြန့်သည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "ပန်းသေပန်းညှိုးရောဂါ" စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

👉https://t.me/drkhinmaunglwin
👉https://t.me/drkhinmaunglwingroup

Photos from Healthy Prince's post 20/01/2023

2023 Update FAME Products Catalogue & Price 🙏

20/01/2023

သဘာဝ ဗီတာမင်စီက ဘာတွေအားသာချက်ရှိလဲ🤔

☑သဘာဝကရတာဖြစ်လို့ ခန္ဓာကိုယ်က စုပ်ယူမှုပိုကောင်းတယ်။ ဒါကြောင့် ဗီတာမင်စီရဲ့ အကျိုးအာနိသင်တွေ ပိုရတယ်။
☑သဘာဝကရတဲ့ ဗီတာမင်စီကြောင့် အစာအိမ်ထိခိုက်တာနှင့် ကျောက်ကပ်မှာကျောက်တည်စေတာမျိုးတွေလည်း မရှိဘူး။

သဘာဝ ဗီတာမင် စီ (Vitamin C) ကို ဘယ်ကရမလဲ❓

FAME မှာ အော်ဂဲနစ် ဆီးဖြူသီးက ထုတ်လုပ်ထားတဲ့
💛Nature-C (သဘာဝ စီ)💛 ရှိပါတယ်။

ဘာအတွက် သောက်သုံးလို့ရလဲဆိုရင်👇👇👇

☑️ကိုယ်ခံအားကောင်းဖို့
☑️အသားအရေ ပျက်စီးတာတွေ ကာကွယ်ပြီး ကြည်လင်လှပတင်းရင်းဖို့
☑️အလှအပအတွက် သောက်နေတဲ့ Supplement တွေရဲ့ အာနိသင်ပိုကောင်းဖို့
☑️အနာကျက်မြန်ဖို့
☑️သွေးကြောတွေ ခိုင်ခံ့ကျန်းမာဖို့
☑️သွားနှင့် သွားဖုံးတွေ ကျန်းမာဖို့
☑️သွေးအားနည်းတဲ့သူတွေမှာ သံဓါတ်စုပ်ယူမှုကောင်းဖို့
☑️ရောဂါအခြေအနေတစ်ခုခုကြောင့် လိုအပ်နေတဲ့ ဗီတာမင်စီတွေ ဖြည့်စွက်ဖို့ သောက်သုံးပေးနိုင်ပါတယ်။

ကလေး၊ လူကြီး မရွေး နေ့စဉ်ပုံမှန်သောက်သုံး နိုင်ပါတယ်ရှင် 👍

စျေးနှုန်း ~ တစ်ဘူး (အလုံး ၆၀) - ၆,၀၀၀ ကျပ်

⭐️အိမ်အရောက်ဝန်ဆောင်မှုစနစ်ဖြင့် online မှလဲ မှာယူနိုင်ပါသည် ⭐️

မြန်မာပြည်အတွင်း မြို့အနှံအပြား / ရန်ကုန်မြို့တွင်း အိမ်အရောက် Delivery Service ( Sat & Sun)

ဆေးများမှာယူလိုပါ 09421163012 or chat box

ဆေးအကြောင်း မေးချင်ရင် Telegram 👇👇👇...

https://t.me/joinchat/hJiiC7BsqFYzMTA1

မှာဆက်သွယ်စုံစမ်းမေးမြန်းနိူင်ပါတယ်ရှင်…

10/12/2022

ယနေ့ခေတ်ကာလတွင် ဖြည့်စွက်ဆေးဝါးများအကြား အထူးရေပန်းစားလာသော ဆေးဝါးများ၌ အိုမီဂါ ဖက်တီးအက်ဆစ် ဆေးဝါးများလည်း ပါဝင်လျက်ရှိပါသည်။ ယခင်က ငါးကြီးဆီ အနေနှင့်သာ ရောင်းချလေ့ရှိသော်လည်း ယခုအခါတွင် အိုမီဂါ-၃ (Omega-3) သို့မဟုတ် အိုမီဂါ-၃-၆-၉ (Omega-3-6-9) ဟူ၍ ပိုမိုသန့်စင်အောင် ပြုလုပ်ရောင်းချလျက် ရှိပါသည်။ ယင်းကို နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အဆစ်အမျက်များ ရောင်သောရောဂါ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများတွင်လည်း တဖြည်းဖြည်း အသုံးပြုမှု များလာလျက်ရှိရာ ယင်းတို့အကြောင်းကို ဖော်ပြအပ်ပါသည်။

အိုမီဂါဖက်တီးအက်ဆစ် ဆိုသည်မှာ
---------------------------------
အိုမီဂါ (Omega) ဟူသော စကားလုံးမှာ ဂရိဘာသာစကားဖြစ်ပြီး ဂရိအက္ခရာစာလုံး ၂၄ ခုရှိသည့်အနက် နောက်ဆုံးစာလုံးဖြစ်သည်။ သင်္ကေတအားဖြင့် အက္ခရာအကြီးကို (Ω) ဟုရေး၍ အသေးကို (ω) ဟုရေးသားပါသည်။ အင်္ဂလိပ်အက္ခရာတွင် 'Z'နှင့် သဘောတရားတူ၍ မြန်မာဝေါဟာရတွင် 'အ' နှင့် တူညီပါသည်။

အိုမီဂါ ဖက်တီးအက်ဆစ် ဆိုသည်မှာ ဖက်တီးအက်ဆစ် မော်လီကျူးတစ်ခုကို အနောက်ဘက် အစွန်း မီသိုင်းအုပ်စု (Terminal methyl group) မှ စတင်ရေတွက်စဉ် ကာဗွန်အက်တမ် အချင်းချင်းသာ ချိတ်ဆက်နေသော လက်တံနှစ်ထပ်အတွဲ စတင်ရှိနေသည့် မော်လီကျူးများဖြစ်သည်။ ဥပမာ နံပါတ် ၃ ကာဗွန်တွင် ကာဗွန်အချင်းချင်းသာ ချိတ်ဆက်ရသည့်အတွဲ စတင်ရှိပါက အိုမီဂါ-၃ (Omega-3) ဟူ၍ လည်းကောင်း၊ နံပါတ်-၆ ကာဗွန်တွင် ကာဗွန်အချင်းချင်းသာ ချိတ်ဆက်ရသည့် အတွဲရှိပါက အိုမီဂါ-၆ (Omega-6) ဟူ၍ လည်းကောင်း ခေါ်ဝေါ်သုံးစွဲပါသည်။ ကာဗွန်နံပါတ်၏ ရှေ့ မည်သည့်နေရာတွင် ရှိသည်ကို အနုတ်လက္ခဏာ (-) ဖြင့် ရေးသားရပါသည်။ အသံထွက်ဖတ်သည့်အခါ ထိုအနုတ်လက္ခဏာကို ထည့်မဖတ်ရပါ။

အိုမီဂါ ဖက်တီးအက်ဆစ်အားလုံးမှာ မပြည့်ဝဆီများ ဖြစ်ကြသည်။ အိုမီဂါ-၉ မှာ မိုနိုမပြည့်ဝဆီဖြစ်ပြီး ကျန် အိုမီဂါ-၃၊ အိုမီဂါ-၆ နှင့် အိုမီဂါ-၇ တို့မှာ ပေါ်လီမပြည့်ဝဆီများ ဖြစ်သည်။ အဆိုပါ အိုမီဂါ ဖက်တီးအက်ဆစ်များ အားလုံးသည် လူတို့၏ ကျန်းမာရေးအတွက် သူ့တာဝန်နှင့်သူ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "စားသုံးဆီနှင့် ကျန်းမာရေး" စာအုပ်၊ အခန်း (၃) အိုမီဂါ ဖက်တီးအက်ဆစ်များအကြောင်းမှ ထုတ်နုတ်ဖော်ပြသည်။

09/11/2022

ဆေးလိပ်သောက်သူတွေမှာ ဆေးလိပ်ဖြတ်ပြီးတဲ့ အချိန်ကစပြီး ၇၂ နာရီကျော်တာနဲ့ ရရှိတဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။ အဲ့ဒီထဲက ကျန်းမာရေးနဲ့ ပတ်သက်လို့ ပြောရရင်

1⃣ နှလုံးနဲ့သွေးကြောတွေ ကျန်းမာရေးကတော့ သိသိသာသာ တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ နှလုံးခုန်တာတွေ မြန်နေရာကနေ၊ ပုံမှန်မဖြစ်တာကနေ ပုံမှန်ပြန်ဖြစ်လာပါမယ်။ သွေးကြောလေးတွေ ကျဉ်းနေတာတွေ တဖြည်းဖြည်း ပြန်ကျယ်လာလို့ သွေးလှည့်ပတ်မှုတွေ ပိုကောင်းလာပါမယ်။ ခြေဖျားလက်ဖျားတွေ သွေးပိုလျှောက်လာလို့ အရင်ကလို မဲညစ်မနေဘဲ နီလာပါမယ်။ သွေးတိုးရှိတဲ့သူတွေ သွေးပေါင်ချိန်ကျလာပါမယ်။

2⃣ အဆုတ်ရဲ့ အလုပ်လုပ်တာတွေ ပိုကောင်းလာပါမယ်။ အသက်ရှူရတာ ပိုချောင်လာမယ်၊ ချောင်းဆိုးတာတွေလည်း သက်သာသွားပါမယ်။ အဆုတ်ထဲကို မကြာခဏပိုးဝင်ပြီး လေပြွန်ရောင်တာတွေ၊ နမိုးနီးယားဖြစ်တာတွေ လျော့လာပါမယ်။ ပိုပြီးအမောခံနိုင်လာပါမယ်။

3⃣ ဦးနှောက်ထဲမှာ အောက်ဆီဂျင်ပိုရလာလို့ မူးဝေတာတွေ၊ ခေါင်းမကြည်မလင် ဖြစ်နေတာတွေ ကောင်းလာပါမယ်။ မှတ်ဉာဏ်တွေ ပိုပြီးတိုးတက်ကောင်းမွန်လာပါမယ်။ သတိမေ့တာတွေ လျော့လာပါမယ်။

4⃣ အမောခံပြီး သက်လုံပိုကောင်းပါမယ်။ အားကစားလုပ်ရင်၊ လမ်းလျှောက်ရင် ခါတိုင်းထက် ပိုကောင်းလာပါမယ်။ သွေးထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ လျော့နည်းလာလို့ ဟေမိုဂလိုဗင်ဟာ အောက်ဆီဂျင်ကို ပိုသယ်လာနိုင်လို့ နေလို့ပိုကောင်းလာပါမယ်။

5⃣ အနံ့အသက်တွေ ပိုကောင်းပါမယ်။ ခန္ဓာကိုယ်ကနေ ရှူထုတ်လိုက်တဲ့လေထဲမှာ မကောင်းတဲ့ ဆေးလိပ်နံ့တွေ ကင်းစင်သလို၊ ချွေးထဲမှာလဲ ဆေးလိပ်ရဲ့မကောင်းတဲ့အနံ့တွေ ကင်းစင်လာလို့ ခန္ဓာကိုယ်မှာ ဆေးလိပ်နံ့တွေ တဖြည်းဖြည်း လျော့နည်းလာပါမယ်။ မိမိနဲ့ ထိတွေ့ဆက်ဆံတဲ့ မိတ်ဆွေတွေရဲ့ ပိုမိုနှစ်သက်လက်ခံမှုကို ရရှိစေမှာ ဖြစ်ပါတယ်။

6⃣ ဆေးလိပ်သောက်ရင်ဖြစ်တဲ့ သွားတွေဝါနေတာ၊ အရေပြားတွေ မွဲခြောက်ခြောက်ဖြစ်တာ၊ ပါးရေတွန့်တာ မြန်တာတွေ၊ ဆံပင်တွေကြွပ်ဆတ်တာ၊ လက်သည်းခြေသည်းတွေ မလှတာတွေကနေ တဖြည်းဖြည်း ပြန်ကောင်းလာပြီး ပိုမိုချောမောလှပစေမှာ ဖြစ်ပါတယ်။ အသားအရေတွေလည်း ပိုမိုစိုပြေလာပြီး ကြည့်လို့ပိုကောင်းစေပါတယ်။

7⃣ ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပွားခြင်းကနေ ကာကွယ်ရာရောက်ပါတယ်။ ဆေးလိပ်ကြောင့်ဖြစ်တဲ့ ကျန်တဲ့ရောဂါဆိုးတွေဖြစ်တဲ့ လေဖြတ်တာ၊ ခြေလက်ထုံကျင်ပြီး သွေးမလျှောက်ဖြစ်တာ၊ ဟော်မုန်းတွေ ပုံမှန်မဖြစ်တာ၊ ပန်းသေပန်းညှိုးရောဂါတွေကို ကာကွယ်ရာရောက်ပါတယ်။

8⃣ ခန္ဓာကိုယ်ခုခံအားစနစ်ကို ဆေးလိပ်သောက်စဉ်ကထက် ပိုမိုတိုးတက်ကောင်းမွန်လာလို့ မကြာခဏဖျားနာတာ၊ တရှောင်ရှောင်ဖြစ်တာတွေ ကောင်းလာပါမယ်။ အော်တိုအင်မြူးရောဂါတွေ ဖြစ်ဖို့ အလားအလာလည်း နည်းသွားပါတယ်။ ဖရီးရယ်ဒီကယ်တွေ လျော့နည်းလာလို့ ခုခံအားစနစ်ကို ဖျက်ဆီးခြင်းကနေ ကာကွယ်ရာရောက်ပါတယ်။

9⃣ နောက်ဆုံးအနေနဲ့ ဆေးလိပ်သောက်စဉ်ကထက်ပိုပြီး အသက်ရှည် နုပျို ကျန်းမာလာလို့ သက်တမ်း ပိုပြီးနေရမှာ ဖြစ်ပါတယ်။ သက်တမ်းစေ့နေရဖို့ အထောက်အကူပြုပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

Photos from Healthy Prince's post 31/10/2022

ရှီးပဒီးကို ရိုးရာတိုင်းရင်းဆေး၌ အသုံးပြုပုံ
=======================
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကပင် ရှီးပဒီး/ ပိုးဆေးနွယ်ရှင်ကို တရုတ်ရိုးရာ တိုင်းရင်းဆေးပညာ၌ အသုံးပြုခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။ အစောဆုံး စာပေအထောက်အထားအနေနှင့် ၁၇၅၇ ခုနှစ် ချင်မင်းဆက် (Qing Dynasty) လက်ထက်တွင် စတင်ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ထိုအချိန်ကာလက ရေးသားထုတ်ဝေခဲ့သော ဘင်ဆောင်ကုမ်းရှင်း တရုတ်ဆေးကျမ်းစာအုပ်
[Ben-Cao-Cong-Xin (New Compilation of Materia Medica)] စာအုပ်တွင် ရှီးပဒီးသည် ရောဂါအများစုကို ပျောက်ကင်းစေနိုင်သည့် အလွန်ရှားပါးပြီး တန်ဖိုးကြီးမြင့်သော သဘာဝဆေးစွမ်းကောင်းတစ်လက် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ယင်း၏ ရှားပါးခြင်း၊ တန်ဖိုးကြီးမြင့်ခြင်းနှင့် အစွမ်းအာနိသင် ထက်မြက်ခြင်းတို့ကြောင့် တရုတ်ဧကရာဇ်ကိုသာ ကုသပေးရန်အတွက် သီးခြားထားရှိခဲ့ကြောင်းကို ရေးသားဖော်ပြထားပါသည်။

ယင်းသို့ကုသရာတွင် ကျောက်ကပ်ရောဂါအမျိုးမျိုး၊ အဆုတ်ရောဂါအမျိုးမျိုး၊ နှလုံးအားနည်းခြင်း၊ အသည်းရောဂါနှင့် အဆီများသောရောဂါများအတွက် အဓိကအသုံးပြုခဲ့ကြသည်။ ထူးခြားမှုအနေနှင့် လိင်စိတ်တက်ကြွစေရန် လှုံ့ဆော်ရာတွင်လည်းကောင်း၊ သားသမီးမရသူများ သန္ဓေအောင်စေရန်လည်းကောင်း အသုံးပြုရာ၌ ထိရောက်မှုရှိကြောင်း မှတ်တမ်းများအရ သိရပါသည်။ ရှေးခေတ်ကပင်ရှိခဲ့သည့် အလုံးအကျိတ် ကင်ဆာအမျိုးမျိုးကိုပါ သက်သာပျောက်ကင်းစေကြောင်းလည်း သိရပါသည်။

ယခုအခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံတကာတွင် တိုင်းရင်းဆေး သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ရှီးပဒီးကိုလည်း လေ့လာမှုများစွာ ပြုလုပ်ခဲ့ကြသည်။ ယင်းသို့ပြုလုပ်ရာတွင် လူအများစု၌ စမ်းသပ်လေ့လာတွေ့ရှိချက်များအရ အထက်ဖော်ပြပါ အာနိသင်များ စစ်မှန်ကြောင်းကို သက်သေပြနိုင်ခဲ့သည့်အပြင် တိရစ္ဆာန်များ၌ စမ်းသပ်တွေ့ရှိချက်များမှတစ်ဆင့် ရှီးပဒီး၏ စွမ်းဆောင်ရည်များကို ပိုမိုသိရှိနားလည်လာခဲ့ကြသည်။

ရှီးပဒီးကို ဖြည့်စွက်အာဟာရအဖြစ်အသုံးပြုပုံ
=========================
ရှီးပဒီးသည် ရောဂါအများစုကို သက်သာပျောက်ကင်းစေရန် ကုသရာတွင် အသုံးပြုနိုင်သည့်အပြင် ကျန်းမာရေးပုံမှန်ကောင်းမွန်စေရန်အတွက် ဖြည့်စွက်အာဟာရအဖြစ်လည်း သုံးစွဲနိုင်ပါသည်။ ထိုကဲ့သို့သုံးစွဲခြင်းဖြင့် ကိုယ်ခံအားစနစ် ကောင်းမွန်စေခြင်း၊ မောပန်းမှုကို ပြေပျောက်စေခြင်းနှင့် သက်လုံကောင်းစေခြင်းစသည့် ကောင်းကျိုးများစွာ ရရှိစေပါသည်။

ရှီးပဒီးကို ဖြည့်စွက်အာဟာရအဖြစ် အသုံးပြုရာတွင် ရေနွေးကြမ်းသောက်သကဲ့သို့ ရေနွေးပူပူထဲ၌ စိမ်၍သောက်ခြင်းဖြင့် ထူးခြားသော ဆေးဖက်ဝင်အာနိသင်များကို ရရှိစေပါသည်။ ရှီးပဒီး လက်ဖက်ရည်ကြမ်းကို တရုတ်ပြည်၊ တိဘက်နှင့် ဘူတန်နိုင်ငံတို့တွင် အထူးဧည့်သည်များကို ကြိုဆိုသည့်အနေနှင့် အသုံးပြုလေ့ရှိသည်။

ရှီးပဒီးသည် လူစား၍ရသော မှိုတစ်မျိုးဖြစ်သောကြောင့် ဒေသခံများက ဟင်းလျာအဖြစ်လည်း (Culinary uses) ချက်ပြုတ်စားသောက်လေ့ရှိသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် ကြက်သား၊ ဘဲသား၊ ဝက်သား၊ ပုစွန်တို့နှင့် ချက်ပြုတ်ပါက လွန်စွာအရသာရှိကြောင်း သိရပါသည်။ ထူးကဲသောအရသာရှိသည့်အပြင် ကျန်းမာရေးကို အထောက်အကူပြုသည်ဟု ယုံကြည်ကြသဖြင့် ဈေးကြီးပေးပြီး ဝယ်ယူစားသုံးလေ့ရှိပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "ဆေးဖက်ဝင် ပိုးဆေးနွယ်ရှင်" စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

28/10/2022

ဆင်တုံးမနွယ်ကို အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် အဆစ်အမျက် ရောင်ရမ်းမှုများအတွက် ရှေးဦးကတည်းကပင် အသုံးပြုခဲ့ကြပါသည်။ ခေတ်သစ် ဆေးဝါးသုတေသနများ ထွန်းကားလာသည့်အခါတွင်လည်း ဆင်တုံးမနွယ်၏ အရောင်ကျစေသောအာနိသင်ကို သုတေသနများ ပြုလုပ်အတည်ပြုနိုင်ခဲ့ပြီး ဖြစ်ပါသည်။

🔹သွေးလေးဖက်နာရောဂါတွင် ဆင်တုံးမနွယ်၏ ရောင်ရမ်းခြင်းကို ကျဆင်းစေသော အာနိသင်နှင့် အရိုးထိခိုက်ခြင်းကို ကာကွယ်ပေးသည့် အာနိသင်ကို လေ့လာသော သုတေသန (𝙏𝙞𝙣𝙤𝙨𝙥𝙤𝙧𝙖 𝙘𝙤𝙧𝙙𝙞𝙛𝙤𝙡𝙞𝙖 𝗶𝗻𝗵𝗶𝗯𝗶𝘁𝘀 𝗮𝘂𝘁𝗼𝗶𝗺𝗺𝘂𝗻𝗲 𝗮𝗿𝘁𝗵𝗿𝗶𝘁𝗶𝘀 𝗯𝘆 𝗿𝗲𝗴𝘂𝗹𝗮𝘁𝗶𝗻𝗴 𝗸𝗲𝘆 𝗶𝗺𝗺𝘂𝗻𝗲 𝗺𝗲𝗱𝗶𝗮𝘁𝗼𝗿𝘀 𝗼𝗳 𝗶𝗻𝗳𝗹𝗮𝗺𝗺𝗮𝘁𝗶𝗼𝗻 𝗮𝗻𝗱 𝗯𝗼𝗻𝗲 𝗱𝗮𝗺𝗮𝗴𝗲)

ဆင်တုံးမနွယ်၏ သွေးလေးဖက်နာရောဂါအပေါ် အကျိုးပြုနိုင်သော အာနိသင်ကို သိရှိရန်အတွက် ဤသုတေသနကို ၂၀၁၅ ခုနှစ်က အမေရိကန်နိုင်ငံရှိ မေရီလန်းတက္ကသိုလ်ဆေးကျောင်းနှင့် အိန္ဒိယနိုင်ငံမှ သုတေသီများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။
ဆင်တုံးမနွယ် အဆီအနှစ် (Methanolic extract) 1g/kg ပမာဏကို သွေးလေးဖက်နာရောဂါဖြစ်အောင် ပြုလုပ်ထားသော ကြွက်များအား တိုက်ကျွေးစမ်းသပ်ခဲ့ကြခြင်း ဖြစ်သည်။ ဆင်တုံးမနွယ်အဆီအနှစ်သည် အရိုးအဆစ်များ ရောင်ရမ်းမှုကို ကျဆင်းစေသည်သာမက အရိုးနှင့် အဆစ်အတွင်းရှိ အရိုးနုပျက်စီးခြင်းများကိုပါ ဟန့်တားနိုင်ကြောင်း တွေ့ရသည်။ သွေးအတွင်း ရောင်ရမ်းမှုကို ဖြစ်ပေါ်စေသော ဓာတ်ပစ္စည်းများဖြစ်သည့် အင်တာလူကင်-၁ ဘီတာ၊ အင်တာလူကင်-၆ နှင့် အင်တာလူကင်-၁၇ အပြင် တီအင်အက်ဖ်-အာဖာ တို့ကိုပါ ကျဆင်းစေပါသည်။ ထို့ကြောင့် သုတေသီများက ဆင်တုံးမနွယ်ကို အခြားဆေးများနှင့်တွဲဖက်၍ သွေးလေးဖက်နာရောဂါတွင် အသုံးပြုလျှင် အကျိုးရှိနိုင်ကြောင်း မှတ်ချက်ပြုခဲ့ကြပါသည်။
ဤသုတေသနကို အပြည်ပြည်ဆိုင်ရာ ခုခံအားရောဂါဗေဒနှင့် ဆေးဝါးဗေဒဂျာနယ် (International Journal of Immunopathology and Pharmacology) တွင် ဖော်ပြခံခဲ့ရပါသည်။ (Sannegowda, Venkatesha, and Moudgil, 2015. https://doi.org/10.1177/0394632015608248)

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "ဆင်တုံးမနွယ်" စာအုပ်၊ အခန်း (၆) နိုင်ငံတကာ သုတေသနစာတမ်းများမှ ထုတ်နုတ်ဖော်ပြသည်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon

Opening Hours

Monday 10:00 - 18:00
Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00