BY HAILEY

BY HAILEY

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BY HAILEY, Yangon.

21/04/2026

အချစ်ဆိုတာ
ရွေးချယ်ခြင်းလား?
တည်ဆောက်ခြင်းလား?

အချစ်က
ရွေးချယ်မှုနဲ့ စတင်ပြီး တည်ဆောက်ခြင်းရှိမှ
ခိုင်မြဲမှာပါ။

ရွေးချယ်ရုံပဲ
ရွေးချယ်ပြီး
မတည်ဆောက်ဘူးဆိုရင်
အဲဒီအချစ်က ကြာရှည်မခံပါဘူး။
အလားတူပဲ၊
ကိုယ်မရွေးချယ်ချင်တဲ့သူတစ်ယောက်နဲ့
အတင်းတည်ဆောက်နေမယ်ဆိုရင်လည်း
အဲဒါက အချစ်ထက်
ဝတ္တရားတစ်ခုလို ဖြစ်နေပါလိမ့်မယ်။

ကိုယ့်ကို မရွေးချယ်ချင်တဲ့သူတစ်ယောက်နဲ့ အတင်းတည်ဆောက်ဖို့ ကြိုးစားတဲ့အခါ "အိမ်တစ်လုံးကို သဲပေါ်မှာ ဆောက်နေသလိုပါပဲ။
အခြေခံအုတ်မြစ် မခိုင်မာတဲ့အတွက်
အချိန်ကြာလာတာနဲ့အမျှ
အောက်ပါဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု
(Emotional Exhaustion)

မိမိကိုယ်ကိုယ် တန်ဖိုးထားမှု လျော့နည်းလာခြင်း (Loss of Self-Esteem)

နာကြည်းချက်တွေ စုပုံလာခြင်း (Resentment)
စတဲ့ စိတ်ဖိစီးမှုတွေကြုံရနိုင်ပါတယ်။
ကိုယ့်ကို မရွေးချယ်ထားတဲ့အတွက် သူ့စီမှာ ကိုယ်က
ဝန်ထုပ်ဝန်ပိုး ဖြစ်သွားတာပါ။

အချစ်ဆိုတာ တံခါးတစ်ခုလိုပါပဲ။ အတွင်းဘက်ကပဲ ဖွင့်လို့ရပါတယ်။

အပြင်ကနေ ဘယ်လောက်ပဲ အတင်းတွန်းတွန်း၊ အတွင်းကလူက တံခါးမဖွင့်ပေးရင် ကိုယ့်လက်နာတာပဲ အဖတ်တင်ပါလိမ့်မယ်။

အတင်းတည်ဆောက်လို့
အဆောက်အအုံတစ်ခု
ရလာနိုင်ကောင်း ရလာနိုင်ပေမယ့်၊
အဲဒီအထဲမှာ နေထိုင်ရတဲ့သူတွေကတော့
ပျော်ရွှင်မှာမဟုတ်ပါဘူး။

စစ်မှန်တဲ့ တည်ဆောက်ခြင်းဆိုတာ
"နှစ်ဦးသဘောတူ ရွေးချယ်မှု"
ရှိမှသာ ခိုင်မြဲပြီး နွေးထွေးတဲ့
အိမ်ကလေး ဖြစ်လာမှာပါ။
ကိုယ့်ရဲ့ စေတနာနဲ့ မေတ္တာတွေကို တန်ဖိုးထားတတ်တဲ့သူ၊ အတူတူ တည်ဆောက်ချင်တဲ့သူအတွက်ပဲ အားစိုက်ထုတ်ဖို့လိုပါတယ်။

ဒီတော့
အချစ်စစ်ဆိုတာ နှစ်ယောက်လုံးရဲ့
စိတ်ထဲကနေ လိုလိုလားလားနဲ့
"ဒီလူကိုပဲ ချစ်ပါမယ်" လို့
နေ့တိုင်း ရွေးချယ်ရင်း "ပိုကောင်းတဲ့ အနာဂတ်" ကို အတူတူ "တည်ဆောက်သွားတာကို" ဆိုလိုတာပါ။

ချစ်တဲ့
BY HAILEY 🍀
21-4-2026
Tue
14:28

07/03/2026
07/03/2026

Celebrating my 5th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

28/10/2025

My daily inspiration 🩷

28/10/2025

Haiက အပြောင်းအလဲ လုပ်ရဲတဲ့ သတ္တိရှိတယ်။
တသက်တာလုံး အဆက်မပြတ် လုပ်နိုင်တဲ့အရာမှန်သမျှအကုန်လုပ်တယ်။

စိတ်ဖိစီးမှုဆိုတာကို အတတ်နိုင်ဆုံးလျှော့ချပြီးနေတယ်။

တနေ့တာရဲ့ လုပ်ငန်းဆောင်တာ အားလုံးကို
စိတ်ကျေနပ်စရာတွေဖြစ်အောင် အသေးစိပ်လုပ်
တယ်။

အနားယူပြီး အပန်းဖြေလေ့ရှိတယ်။
အိပ်ရေးဝဝအိပ်ပြီး ကျန်းမာအောင်နေတယ်။

စိတ်ချမ်းသာရတာဟာကမ္ဘာပေါ်မှာအရသာအရှိဆုံးပဲ။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon