Hsu's collection

Hsu's collection

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hsu's collection, Health/Beauty, Yangon.

21/04/2022

ကျောက်ချဉ်ကို Deodorant အဖြစ်အသုံးပြုဖို့ စိတ်ချရရဲ့လား?

-ကျောက်ချဉ်ကို ဟိုးရှေးတုန်းကတည်းက ချွေးနံ့ထိန်းဆေး အဖြစ် ဘေးကင်းစွာ အသုံးပြုနိုင်သည့် သမိုင်းကြောင်းရှိတာကြောင့် စိတ်ချလက်ချအသုံးပြုလို့ရပါတယ်ရှင့်။

ကျောက်ချဉ်က ဘာကြောင့်ချွေးနံ့ထိန်းပေးတာလည်း?

-အနံ့ထွက်စေသော ဘက်တီးရီးယားများ ပွားများခြင်းမှ ကာကွယ်ပေးတာကြောင့် ချွေးနံ့ထွက်ခြင်းမှ တားဆီးပေးပါတယ်နော်။

ဒါဆို ချွေးပေါက်တွေကိုရော ပိတ်သွားစေလား?

-ချွေးဂလင်းများကို မပိတ်ဆို့စေဘဲ ချွေးအနံ့ကိုသာထိန်းပေးပြီး သဘာဝအတိုင်း ချွေးထွက်စေတာကြောင့် ချွေးထွက်များသူက ပုံမှန်တိုင်း ချွေးထွက်များနေမှာဖြစ်ပြီး ချွေးထွက်နည်းသူလေးတွေကလည်း ပုံမှန်တိုင်းဘဲ ချွေးထွက်နည်းနေမှာပါရှင်။

ကျောက်ချဉ်က sensitive skin တွေရော အသုံးပြုလို့ရလား?

-Wax လုပ်ပြီးတဲ့ နူးညံ့နေတဲ့အရေပြားအပြင် bikini area နဲ့ မျက်နှာကဲ့သို့ ထိခိုက်လွယ်တဲ့ နေရာတွေမှာတောင် အသုံးပြုလို့ရတာကြောင့် sensitive skin တွေလည်း စိတ်ချလက်ချအသုံးပြုလို့ရပါတယ်ရှင်၊နောက်ပြီး အနံ့မရှိတာကြောင့် ရေမွှေးနဲ့ ဓါတ်မတည့်တဲ့သူတွေအတွက်လည်း ကောင်းပါတယ်နော်။ဒါပေမယ့် ကျောက်ချဉ်နဲ့ မတည့်တဲ့သူတွေ အတွက်ကတော့ အသားရည်ပေါက်ပြဲတာ allergies ထတာတွေနဲ့ အသားရည် စပ်လာတာတွေ(shave လုပ်ပြီး အနာဖြစ်သွားတဲ့အပေါ်မှာ သုံးမိလို့ စပ်တာမျိုးကအနာပေါ်မို့ပါ မတည့်တာမဟုတ်ပါဘူးနော်)ဖြစ်တတ်တာကြောင့် အဲ့လို လက္ခဏာလေးတွေပြလာပြီဆိုရင်တော့ ဆက်ပြီး အသုံးမပြုဖို့ သတိလေးပေးပါရစေရှင်။

ကျောက်ချဉ်က ဂျိုင်းဖြူစေလား??

-ကျောက်ချဉ်က ဆဲလ်သေတွေကို ကျုံ့စေပြီး အရေပြားထဲက အဆီပိုတွေကို ဖယ်ရှားပေးတာကြောင့် အသားအရေကို ဖြူဝင်းလာစေပါတယ်။ဒါကြောင့် ဂျိုင်းသားဖွေးချင်တဲ့ သူတွေက ကျောက်ချဉ်မှုန့်ကို Rose Water or Toner နဲ့ ဖျော်ပြီး ဂျိုင်း Mask အဖြစ် အသုံးပြုကြပါတယ်။တစ်ချက်သတိပြုရမှာက Aluminum ပါဝင်တဲ့ Deodorant တွေ အကြာကြီး သုံးထားပြီး ချွေးပေါက်တွေ ပိတ်လွန်းနေတဲ့ အသားရည်တွေအနေနဲ့ကတော့ ကျောက်ချဉ်အခြေခံထားတဲ့ Natural Deodorant တွေ ပြောင်းလဲအသုံးပြုတဲ့အခါမှာ အာနိသင်ပြဖို့ 2-4ပတ် အထိ ကြာမြင့်တတ်ပါတယ်နော်။

ဒါဆို ကျောက်ချဉ်ကို Main Ingredients အဖြစ် အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ Kees Deodorant Spray လေးက အဆင်ပြေဆုံးပါဘဲရှင်ကျောက်ချဉ်အကြောင်းလေးအပြင် သဲလေးတို့ အမြဲမေးတဲ့ ဂျိုင်းသား ဖြူဖွေးစေတဲ့ အကြောင်းလေးကိုလည်း ထပ်ပြီး တင်ပေးပါအုံးမယ်နော် 😍😍

19/04/2022

နေ့ရက်တိုင်းကို ယုံကြည်ချက်အပြည့်နဲ့ ကျော်ဖြတ်နိုင်ဖို့ Kees Natural ရဲ့ Deodorant Spray

ပိတ်ရက်ရှည်ကြီး ပြီးသွားပြီ၊ အိမ်မှာလည်း အေးအေးဆေးဆေး အနားယူလို့ဝသွားပြီဆိုတော့ ပုံမှန်နေ့တွေကို ပြန်ရောက်သွားပြီပေါ့။

အလုပ်လည်း ပြန်သွားရတော့မယ်၊ သွားစရာ လာစရာတစ်ခုခု ရှိနေခဲ့ရင်လည်း ပိတ်ရက်ဆိုပြီး အချိန်ဆွဲလို့မရတော့ဘူး။ လူကြားထဲတိုးရတော့မှာပေါ့လေ။ 😓

လူတွေကြားထဲသွားလာရတဲ့အခါ ချွေးနံ့ဆိုးတွေမရှိဘဲ Confidence အပြည့်နဲ့သွားလာနိုင်အောင် Kees Natural ရဲ့ Deodorant Spray လေးက ကူညီပေးပါ့မယ်နော်။

Nature, Ocean, Peach
50 ml - 2,600ks
Barbie
50 ml - 2,900ks

Waxing ကတော့ Kee ရဲ့ သဲလေးတွေ ပိတ်ရက်တွေမှာ လုပ်ထားလောက်တယ်ဆိုတော့ လိုသေးမှာမဟုတ်ဘူး။ ဘာလို့ဆို Kees Wax ကအမွေးထွက်နှုန်းကို နှေးစေတော့ နှစ်ပတ်လောက်တော့ အေးဆေးထားလို့ရတယ်လေ။

Normal Days တွေမှာလည်း အနံ့ဆိုးထွက်တဲ့သောကတွေ ကင်းစေဖို့ Kees Spray လေးရှိနေပေးပါ့မယ်ရှင်။ 🙆

Photos from Hsu's collection's post 20/03/2022

Kee's Natural sugar wax လက်လီ လက်ကား ဝယ်ယူနိုင်ပါပြီ...။

သဘာဝအတိုင်း ရာနုန်းပြည့် ပြုလုပ်ထားတဲ့ organic firm type wax လေးဖြစ်ပါတယ်

Waxing ဆိုတာ
ခန္ဓာကိုယ် တဝိုက်က Hair လေးတွေကို သကြားနဲ့ ပျားရည်ရဲ့ ကပ်အားကိုအသုံးပြုပြီး ဖယ်ရှားတာ ဖြစ်ပါတယ်...။

ကောင်းကျိုးတွေကတော့
waxingလုပ်ပြီးရင် အနုလေးတွေပဲ ပြန်ထွက်လာမယ်
လုပ်ပါများရင် ထွက်နှုန်း နည်းပါးလာမယ်
ချိုင်းသားလေးတွေ သိသိသာသာ ဖြူလာစေပါတယ်နော်
ဘက်တီးရီးယား ကြောင့် ဖြစ်တတ်တဲ့ အနံ့ထွက်တာကို ပျောက်စေပါတယ်
သဘာဝ စစ်စစ်ဖြစ်လို့ ယုံကြည်စွာသုံးစွဲနိုင်ပါတယ်နော်။

ဗူးသေး ဗူးကြီးဆိုပြီး ၂ မျိုး ရှိပါတယ်...။
100 g အသေး - 3,900 kyats
250 g အကြီး -6,300 kyats
Keeကထုတ်တဲ့ ချိုင်းဖြူ sprayလေးလဲ ရှိပါတယ်ရှင့်

အနံ့လေးလဲ သင်းစေတယ်
ချိုင်းသားကို ဖြူစေတယ်

အနံ့လေးကလဲ ရှယ်မိုက်သောနော်

2600 ks

barbie 2900 ks

05/03/2022

ပူ ပူ ပူ လို့ ရေရွတ်ရမယ့် နွေရာသီ ရောက်ပြီလေ

ပူလွန်းတဲ့ နွေမှာ ထူထူထဲထဲတွေ ဝဲပြီး လက်ပြတ်လေးတွေ, ဘောင်းဘီတိုလေးတွေနဲ့ ဖလန်းထဖို့ ကြံတိုင်း မွှေးမွှေးတွေကြောင့် နောက်တွန့််စရာ မလိုတော့ဘူးနော်

ချိုင်းမွှေး လက်မွှေး ခြေသလုံးမွှေး ကြိုက်တဲ့ နေရာ အမွှေးမှန်သမျှ ရှင်းလင်းဖို့ Kees Natural Wax ကို သုံးလို့ရတယ်

Bikini နဲ့ လန်းချင်တဲ့အခါမှာလည်း ယုံကြည်မှုအပြည့်နဲ့ လန်းနိုင်ဖို့ ကိုယ်တိုင် ကိုယ်ကျ Kees Natural Wax သုံးပြီး Bikini Wax ကို အမြန်ဆုံး အရှင်းဆုံး လုပ်နိုင်တယ်နော်

ထူးခြားချက်က Waxing တစ်ခါ လုပ်ပြီးရင် ၂ ပတ်လောက်က အမွှေးပြန်မထွက်တာမို့ နေ့တိုင်း လက်ပြတ်တွေနဲ့ လန်းလို့ ရပြီ

Kees Natural Wax နဲ့ ဆို ဂျုတ်နဲ့ ရိတ်ချလိုက်သလိုမျိုး ဒီနေ့ ရိတ် မနက်ဖြန် ချက်ချင်း ပြန်ထွက်တာမျိုး မရှိဘူး။ ရိတ်လို့ ပြန်ထွက်တဲ့ အမွှေးလို ကြမ်းတမ်းတာတွေ မထွက်ဘူး

ဒါကြောင့် မရိတ်ရဘဲ Kees Natural Wax သာ သုံး၊ ၂ ပတ် တိတိ အမွှေးကင်းစင်မယ်၊ ပြန်ထွက်ရင်လည်း အမွှေးနုလေးတွေပဲ ထွက်မယ်😍😍

ဒါကြောင့် လုံးဝ မရိတ်တော့ဘဲ Kees Wax လေးကိုပဲ သုံး တစ်ခါသုံးဖူးရုံနဲ့ ကြွေသွားဖို့ အာမခံတယ်

ပြီးတော့ Wax ကြောင့် ပြောင်ရှင်းနေတဲ့ ချိုင်းကို Kee's Natural Spray မှာ ရွှတ်ရွှတ်ဆိုပြီး ဖျန်းလိုက်😍

နေဘယ်လောက် ပူပူ ချိုင်းချွေးဘယ်လောက် ထွက်ထွက် ချွေးနံ့ကို ရှယ်ပလန်နဲ့ ထိန်းပေးတယ်

ရွေးစရာလည်း လေးမျိုးတောင် ရှိတယ်။

ပြင်သစ် အကောင်းစား ရေမွှေးနံ့ဆို Barbie, အမျိုးသားတွေ ကြိုက်တဲ့ အနံ့လေးဆို Ocean, ပန်းနံ့သင်းသင်းဆို Peach နဲ့ အနံ့မပါပေမယ့် ချွေးနံ့ကို ရှယ်ထိန်းပေးမယ် Nature

နွေရာသီမှာ ဖလန်းမပြတ်ဖို့ဆို Kee's Natural ရှိမှကို ဖြစ်မှာ 😍😍

ဈေးပြောပါဆို

Kee's Natural Wax

ဘူးသေး (၁၀၀ ဂရမ်) - ၃၉၀၀ ကျပ်
ဘူးကြီး (၂၅၀ ဂရမ်) - ၆၃၀၀ ကျပ်

Kee's Natural Deodorant Spray

Ocean, Peach, Natural - 2600 (50 ml)
Barbie - 2900 (50 ml)

တန်တယ်မလား 😍😍

နွေရာသီမှာ လက်ပြတ်လေးနဲ့ ဖလန်းမယ်၊ Bikini နဲ့ လန်းမယ်ဆို Kees Natural Wax ကိုသာ သတိရလိုက်ကွာ

23/02/2022

Waxing(sugaring) မှာ pro တစ်ယောက်ဖြစ်လာဖို့ ဒီအချက်တွေကို စိတ်ရှည်ရှည်နဲ့ ဖတ်ကြည့်လိုက်နော်

-waxing ဆိုတာ ဖယောင်းနဲ့ သကြား နှစ်မျိုးရှိပါတယ်။
ဖယောင်းမှာမှ soft and hard
သကြားမှာမှ soft,firm and hard စသဖြင့်တွေထပ်ခွဲရပေမဲ့ ရှုပ်မှာဆိုးလို့ မင်မင်က အတိုချုံးပြောမယ်နော်
ဖယောင်းဆိုတာ youtube တွေ tiktok တွေမှာခြောက်သွားရင်ခွာရတဲ့အမျိုးအစားပါ။video တွေမှာလိုပဲ နီမြန်းသွားပြီး နာတတ်ပါတယ်။သူက အရေပြားကိုပါကပ်လို့ပါ။ ဖယောင်းဆိုတော့ ပူလဲပူပါတယ်။

Kee's Natural အပါအဝင် မြန်မာနိုင်ငံမှ local wax အများစု သည် သကြား အမျိုးအစားဖြစ်ကြပါတယ်။
ကြာကြာထားလျှင် အရေပြားပေါ် မခြောက်သွားပဲ အရည်ပျော်သွားမှာဖြစ်ပါတယ်ရှင့်

သကြားကတော့ hard type sugar wax ဖြစ်မှပဲ ဖယောင်းလိုပူပါတယ်။အရေပြားကိုမကပ်ပဲ အမွှေးကိုပဲကပ်တာကြောင့် အမြစ်သန်လွန်းမှသာ နာတယ်လို့ဆိုလို့ရမှာပါ။
(((အမြစ်သန်ရင်တော့ အမြစ်ကအသားကြားကတိုးထွက်လာတာဆိုတော့ ခံစားမှုတစ်ခုတော့ရလိုက်မှာပါ။ ဒါပေမဲ့ ရရှိလာတဲ့ result ကမိုက်တာမို့ ကြောက်မနေနဲ့နော် တန်တယ်ဆိုတဲ့ခံစားချက်ရလိမ့်မယ်))) အမြစ်သန်နှုန်းကလဲ အခေါက်ရေအလိုက်လျော့လာတာအသိသာပါ။ waxing တစ်မျိုးပဲဆက်တိုက်လုပ်မှသိသာမှာနော်။ကြားထဲရိတ်တာတွေ ဆေးနဲ့ချွတ်တာတွေလုပ်ရင်တော့ မင်မင်ကတော့ နိုးပါလို့ပြောမှာနော်😒

waxing ကိုရပ်လိုက်ရင် ပြန်သန်မှာလားမေးတာလဲ မင်မင်တို့ကြုံဘူးပါတယ်။
အဲ့လို ဆိုရင်တော့ ပြန်ရိတ်မှာပါလား ဘယ်နည်းလမ်းသုံးမှာလဲပေါ်မူတည်ပါတယ်။ ဆက်သုံးတဲ့နည်းလမ်းက အမွှေးသန်စေတဲ့နည်းလမ်းဖြစ်နေရင်တော့ အမွှေးပြန်သန်လာပါလိမ့်မယ်။

-------------------------------------------------

-------------------------------------------------

waxing(sugaring) ရဲ့အဓိကအသက်က
အပူပေးတဲ့အပိုင်းပါပဲ
အမွှေးပါခြင်းမပါခြင်းတွေက အပူပေးတဲ့ပေါ်မူတည်ပါတယ်။
အပူပေးတာကမလုံလောက်သေးရင် အသားပေါ်လိမ်းမရဘူး လုံးလုံးကြီးနဲ့ အသားပေါ်မှာ လိမ့်နေမှာပါ။
အပူအရမ်းပေးမိရင် ပျော်လွန်းပြီးတော့ အရမ်းပူသွားမယ် အအေးပြန်ခံတော့ ပြန်ခဲသွားတာတွေဖြစ်တတ်ပါတယ်။

အပူပေးရတဲ့ wax နဲ့ အပူမပေးရတဲ့ wax ဆိုရင်
အပူပေးရတဲ့ wax က ကပ်အားပိုကောင်းပါတဲ့အပြင်
အပူပေးရတာကြောင့် နွေးနွေးလေးနဲ့ နာတယ်ဆိုတဲ့ feeling ကိုပါလျော့ချနိုင်ပါတယ်။

မှန်ကန်တဲ့အပူပေးနည်းက...
အပူပေးရင် ၅ မိနစ်ကနေ ၇ မိနစ်လောက် ပွက်ပွက်ဆူပြီးသား ရေနွေးပူထဲကို အဖုံးလည်ရစ်ထိ အဖုံးပိတ်ပြီး စိမ်ထားလိုက်ပါမယ်။
ပုလင်းအလည်ကမပျော်ပဲ ပုလင်းနံရံကစပျော်မှာပါ တစ်ဘူးလုံး မမွှေပစ်ပဲ အရည်ပျော်တဲ့အပိုင်းကိုတုတ်လေးနဲ့ ခပ်ပြီး တုတ်ပေါ်က ယူထားတဲ့wax လေးကို လက်လေးနဲ့ပူမပူစမ်းကြည့်ပါ။
ပူနေရင် တုတ်လေးကို ၅ စက္ကန့်လောက် လေမှုတ် အအေးခံပီး လိမ်းလို့ရပါပြီ။
ပူတယ်ဆိုပြီး ဘူးထဲတင် ပြန်အအေးခံတာမျိုးလုပ်နဲ့နော် သဲလေးတို့ အဲ့လိုသာဆို ပူလိုက်အေးလိုက်နဲ့ သံသရာတွေလည်နေပါလိမ့်မယ်။
နိုင်ငံခြားက waxing လုပ်ပြတဲ့ video တွေထဲကလိုပဲ ခပ်ပြီးရင် တုတ်ပေါ်ကwaxလေးကို လေလေးမှုတ်ပြီး
လိမ်းရတာမျိုးပါရှင့်။.....
***ရေမဝင်ဖို့အထူးဂရုပြုပါနော်***

နောက်တစ်ချက်ကတော့
ဖယောင်းwax ကတော့ ရာသီဥတုပေါ်လိုက်ပြောင်းလဲခြင်းမရှိပေမဲ့
sugar wax ကတော့ရှိပါတယ်။
ရာသီဥတုအေးရင် အရမ်းအေးခဲနေတတ်ပြီး ရာသီဥတုပူလွန်းရင် ပျော်နေတတ်ပါတယ်။
အေးလို့အရမ်းခဲနေရင် အပူပေးတဲ့နေရာမှာ ကြာတာမျိုးတွေ ပုံမှန်အချိန်လောက်ပဲ အပူပေးပေမဲ့ ပျော်သင့်သလောက်မပျော်တာမျိုးတွေဖြစ်တတ်ပါတယ်။
အဲ့လိုတွေဖြစ်သွားရင်စိတ်မညစ်ပါနဲ့ ဆောင်းရာသီဆိုရင်တော့ နေ့လည်ခင်းမှာwaxing လုပ်တာအကောင်းဆုံးပါ။နွေရာသီကျ အရည်ပျော်တာမြန်လွန်းလို့ ပုံမှန်ထပ်အပူပေးချိန်လျော့ပြီး အပူပေးရပါတယ်ရှင်
မာယာများသော sugar wax လေးပါနော်

-------------------------------------------------

Waxing (sugaring) ရဲ့အကျိုးကျေးဇူးများ.....
အားလုံးလဲသိပြီးသားဖြစ်တဲ့အတိုင်း
အမွှေးပေါက်နှုန်းနည်းလာမယ်
အမွှေးတွေပါးလာမယ်
အသားပတ်တာတွေပါကွာသွားတာကြောင့် မိမိရဲ့နဂိုအောက်ခံအသားလေးပြန်ရလာမယ်
(ပြောရရင် ဂျီးပြောင်တယ်ပေါ့😼)
၂ ပတ်ခန့်နေမှ ပြန်ပေါက်တာကြောင့် အလုပ်ရှုပ်သက်သာတယ်
ဂျိုင်းနံ့ပျောက်တယ်

Waxing မလုပ်ခင်ဘာတွေပြင်ဆင်ရမလဲ???

ပေါင်ဒါရှိရပါမယ်။ Kee's Natural မှာကပေါင်ဒါပါပြီးသားမို့ အထူးတလည် ပေါင်ဒါမဝယ်ထားရင်လဲဖြစ်ပါတယ်😌
waxing လုပ်မယ်ဆိုရင် အရေပြားက ခြောက်သွေ့နေရပါမယ်။ဆီတွေချွေးတွေရေတွေမရှိပါဘူး။ရှိနေရင် wax ကအသားပေါ်ကိုမကပ်ပဲ တုတ်လေးပေါ်ကနေမဆင်းပဲဖြစ်နေတတ်ပါတယ်😂
ဆိုတော့ ခြောက်သွေ့အောင်ရေဆေးပြီးအဝတ်နဲ့သုတ်ပြီးရင် ဂျိုင်းလိုမျိုး ချွေးခဏလေးနဲ့ထွက်တဲ့နေရာဆိုရင် ပေါင်ဒါဆောင်ထားရပါမယ်။

ကယ်...အပူကလဲပေးပြီးလို့အသင့်ရှိနေပြီ။ဂျိုင်းကလဲပေါင်ဒါလိမ်းလိုက်ပီဆိုရင်တော့ စတင်waxing လုပ်လို့ရပါပြီရှင်

waxing လုပ်ပြီးသွားပြီဆိုရင်တော့
ဂျိုင်းကိုလုပ်ထားရင် ဂျိုင်းကြပ်တဲ့ အင်္ကျီတွေမဝတ်ရဘူးနော် waxing လုပ်ထားရင် အသားလေးကအရမ်းနုဖက်အုအက်သွားတာကြောင့် ၂၄ နာရီ ဥထားရပါမယ်ရှင့်🙄
waxing လုပ်ထားတဲ့ဘယ်နေရာမဆို ၂၄ နာရီ ဘာမှလိမ်းနဲ့နော်😌
ဂျိုင်းလိမ်းဆီအပါအဝင် ဘာဆိုဘာမှဘာမှ လိမ်းရဘူးနော်။aloe vera gel လိမ်းချင်သပဆိုလဲလိမ်းဗျာ ၂၄ နာရီပြည့်မှလိမ်းပါဆိုပြောထားတာကိုနော်
ပြီးAllergy ထမှ မင်မင်ရေဘာလုပ်ရမလဲ မလာနဲ့နော်
၂၄ နာရီအတွင်း ရေမကူးရဘူးနော် ရေထဲကပိုးမွှားတွေဝင်သွားနိုင်လို့ပါ။
ခြေထောက်နဲ့လက်လုပ်တဲ့သူဆို လက်ရှည် ဘောင်းဘီရှည် အင်္ကျီအသန့်လေးသာ ဝတ်ထားသင့်တယ်။ ဘာမှတောင်မလိမ်းရပါဘူးဆို ဖုန်မှုန့်တွေထိသွားရင်တော့ allergy အင်ပြင်တွေထလာမှာဆိုးလို့နော်😒
sensitive သမားတွေဆိုထတတ်တယ်။
allergy ကတော့စိတ်မပူပါနဲ့ ဖြစ်သွားရင်လဲ ၂၄ နာရီပြည့်ရင် ပျောက်သွားတယ် ဘာမှလိမ်းစရာသောက်စရာတောင် မလိုပါဘူး။
ပီးရင်တော့ scrub ၃ ရက်တိတိမတိုက်ရပါဘူးနော်

-------------------------------------------------

ဒီအချက်တွေအကုန်လုံးကို ချုံ့ပြီး Kee's Natural Sugar Wax ဘူးတိုင်းမှာ အသုံးပြုပုံအညွှန်းစာရွက်လေးတွေပါပါတယ်ရှင့်
အော် ဘယ်အချိန်မှာ waxing ပြန်လုပ်ရမလဲဆိုရင် လက်နဲ့ဆွဲလို့ရတဲ့ အမွှေးအရှည်ဖြစ်တာနဲ့ရပြီရှင်း😚

expire date ကတော့ အဖုံးဖွင့်ပြီး ၆ လပါရှင်
မှိုတက်သွားတာမျိုးမဟုတ်ပါဘူး ကပ်အားလျော့နည်းသွားတာပါ။ဒါကြောင့်သဲလေးတို့ ဂျိုင်းပဲသုံးမယ်ဆို ဘူးသေး 3900 တန်လေးပဲဝယ်ဖို့မင်မင်တို့က အကြံပြုပါတယ်ရှင့်။ဘူးသေးနဲ့တင်ကို expire မဖြစ်မချင်းသုံးပဲ😎
တိုတိုလေးတွေဝတ်ဖို့ ခြေထောက်လေးကိုလုပ်မယ့် အလှကြိုက်သဲလေးတို့ကမှ 6300 တန်ဘူးကြီးဝယ်ပစ်😙

bikini area လုပ်ချင်သူတွေ ယခု post ရဲ့ comment မှာ လုပ်ပုံအဆင့်ဆင့် ပုံလေးပြန်မန့်ပေးထားတယ်။
Bikini ဆိုရင်လေ wax လိမ်းထားတဲ့နေရာရဲ့ ဘေးပတ်ပတ်လည် အသားကိုသာတင်းတင်းဖိခွာချလိုက် အမလေး ရှယ်ပဲ😎
တစ်ခြားသိချင်တာလေးတွေလဲ မေးထားနော်။
သဲတို့သိချင်တာတွေကို CEO မကီး ကိုမေးပြီး မင်မင်ကစာစီပြီးရေးပေးမယ်နော်😝 ချစ်တယ်

23/02/2022

ကိုယ်နံ့၊ ချွေးနံ့တွေ ထွက်လို့ လူကြားထဲကို သွားဖို့တောင် မဝံ့မရဲနဲ့ စိတ်ညစ်နေပြီလား ..😓😓

Kees Natural ရဲ့ Deodorant Spray ကို သုံးကြည့်လိုက်ပါ

ဘယ်လောက်ပြင်းတဲ့ ချွေးနံ့၊ ကိုယ်နံ့၊ ခြေဆီနံ့တွေ ဖြစ်ပါစေ ဘေးထွက်ဆိုးကျိုးလည်း လုံးဝ မရှိဘဲ တစ်မုဟုတ်ချင်း ပျောက်သွားဖို့ အာမခံပါတယ်

Kees Natural ရဲ့ Deodorant Spray လေးက ရွေးချယ်စရာ လေးမျိုးတောင် ရှိပြီး .

အပြာရောင် Ocean လေးက အမျိုးသားတွေ အများကြီး ကြိုက်နှစ်သက်ကြပြီး ချိုအီတဲ့ အနံ့သင်းသင်းလေးနဲ့ ဆွဲဆောင်မှု ရှိစေပါတယ်

လိမ္မော်ရောင် Peach လေးက .. ပန်းနံ့လို သင်းသင်းလေးပါ။ Peach လေးမှာ တစ်ခု သတိပြုရမှာက သူ့အနံ့ကလေးက ပြင်ပ အပူချိန်ပေါ်လိုက်ပြီး အနံ့ပြောင်းတတ်တာ ပျယ်တတ်တာ ရှိပါတယ်

Peach လေးက အပူချိန်ပေါ်လိုက်ပြီး အနံ့ပြောင်းတတ်တာမို့ စိတ်ညစ်ညူးစရာလေးတွေ ရှိခဲ့ရင် တောင်းပန်ပါတယ်ရှင့်🙏🙏

အခုချိန်မှာတော့ Peach လေးကိုလည်း သေချာစိစစ်ပြီး ဖြန်ချီထားလို့ အနံ့ပြောင်းတာမျိုး မရှိတော့ပါဘူးနော် 😍😍

အစိမ်းရောင် Nature လေးက လူတိုင်းနဲ့ အလိုက်ဖက်ဆုံးလို့ ပြောရမှာပါ။ သူ့မှာ သီးသန့် အနံ့လုံးဝ မပါဘဲနဲ့ ချွေးနံ့ ၊ ကိုယ်နံ့ ခြေဆီနံ့ကို ထိန်းပေးသွားမှာပါ။

လူကြီးသူမတွေနဲ့ သင့်တော်သလို ကိုယ့်ရဲ့ တခြား ရေမွှေးနံ့တွေနဲ့ ရောယှက်သွားမှာမျိုး စိတ်ပူစရာ လုံးဝ မလို။ အနံ့ Sensitive ဖြစ်ရင်လည်း Nature သာ ရွေး

ပန်းရောင် Barbie လေးက အကောင်းစား ပြင်သစ် ရေမွှေးနံ့နဲ့ တစ်နေကုန်ခံမယ့် Luxury အနံ့အမိုက်စားလေးပါနော်။

Barbie လေးကတော့ အနံ့အစွဲဆုံး Deodorant Spray ဖြစ်ပြီး မနက်က ဖြန်းထားရင် ညဘက် ပြန်လို့ အင်္ကျီချွတ်လိုက်ရင်တောင် အင်္ကျီမှာ အနံ့စွဲကျန်စေပါတယ်။

Kees Natural Deodorant Spray တွေရဲ့ ထူးခြားချက်ကို ပြောပါဆိုရင် ဘူးသေးသုံးဖူးသူတိုင်းက ဘူးကြီးကို မဖြစ်မနေ ဝယ်သုံးကြတာပါပဲရှင့် 😍😍

အနံ့နဲ့ ပတ်သက်ပြီး ယုံကြည်မှုတွေ ရဲ့ဝံ့မှုတွေ ဖန်တီးပေးမယ့် Kees Natural Deodorant Spray ရဲ့ ဈေးနှုန်းလေးတွေက

Ocean, Peach, Natural - 2600 (50 ml)
Barbie - 2900 (50 ml)

အားလုံးပဲ Kees Natural Deodorant Spray လေးနဲ့အတူ နေ့ရက်တိုင်းကို ရဲရဲဝံ့ဝံ့ကျော်ဖြတ်နိုင်ပါပြီ

22/02/2022

Kee's Natural က Deodorant Spray လေးတွေ အများကြီးရောက်တယ်နော်
ဒါလေးက ဂျိုင်းအနံ့ဆိုးထွက်တဲ့သူတွေအပြင်
ခြေထောက်အနံ့အတွက်ရော Body Spray လိုရော ကျား / မ မရွေး သုံးနိုင်လို့ အရမ်းအဆင်ပြေတာနော်
Local Made လေးမို့ ဈေးနှုန်းလေးကလဲ သင့် Quality ကလဲ ပြောစရာမလိုဘူးဆိုတော့ သုံးကြည့်ပါ. စိတ်ကျေနပ်စေဖို့ အာမခံပါတယ် .

Barbie
ပြင်သစ်ရေမွှေးနဲ့ ပြုလုပ်ထားလို့ အနံ့ကတော့ လုံးဝကို အမိုက်စားပဲ ဖျန်းထားရင် ဘေးက ဖြတ်သွားတဲ့ လူကပါ ဟာ မွှေးလိုက်တာဖြစ်သွားစေမယ်ကွာ

Nature
Nature လေးကတော့ အနံ့ Allergic ရှိတဲ့ သူတို့အတွက် အနံ့ မပါတဲ့ Deodorant Spray လေးပါ

Peach
နုနုရွရွလေးနဲ့ အနံ့သင်းသင်းလေးကို သဘောကျတဲ့သူတွေကတော့ ဒါလေးရွေးနော်

Ocean
အနံ့ပြင်းပြင်းနဲ့ ဆွဲဆောင်မှု ရှိချင်ရင်တော့ Ocean လေးက အသင့်တော်ဆုံးပဲ

Barbie 50ml - 2900
Nature 50ml - 2600
Peach 50ml -2600
Ocean 50ml-2600

22/02/2022

Kees Natural က အပူပေးရတဲ့ Wax ပဲ ထုတ်ဖြစ်ရတဲ့ အကြောင်းလေး......

Customer တချို့က Soft Wax မရှိဘူးလား ၊ မထုတ်ဘူးလားလို့ မေးကြလို့လည်း အားလုံးသိအောင် ရှင်းပြပေးချင်လို့ပါရှင့်

အပူမပေးရတဲ့ Soft Wax တွေနဲ့ အပူပေးရတဲ့ Wax တွေက ဘာတွေ ကွာခြားလဲ ?

တကယ်တော့ အပူမပေးရတဲ့ Soft Wax တွေရဲ့ အားသာချက်ကို ပြောပါဆိုရင်တော့ .. အပူမပေးရတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ Soft Wax တွေဟာ အပူပေးရတဲ့ Wax တွေနဲ့ ယှဉ်တဲ့အခါမှာ အားနည်းချက်တွေရှိနေပါတယ်

အပူပေးပြီး သုံးရတဲ့ Wax နဲ့ ယှဉ်ပြီးသုံးတဲ့အခါမှာ Soft Wax တွေက ကပ်အား သိပ်မကောင်းတာမို့ ခွာတဲ့အခါ နာကျင်မှု ပိုပြီးခံစားရနိုင်ပါတယ်😢😢

Soft Wax သုံးတဲ့အခါ လက်မွှေးလို ခြေသလုံးမွှေးလို အမွှေးထွက်နည်းတဲ့ နေရာတွေမှာ အဆင်ပြေပေမယ့် အမွှေးထွက်သန်တဲ့ လူတွေအတွက် အမွှေးတွေ ပြောင်စင်အောင် မပါသွားတာမျိုး ဖြစ်နိုင်ပါတယ်

အထူးသဖြင့် Bikini Area နဲ့ ချိုင်းမွှေးသန်တဲ့ လူတွေအတွက် Soft Wax က ရွေးချယ်မှု အမှားပါပဲ (အမွှေးကြမ်းလေးတွေ ပါလာမှာ မဟုတ်ဘဲ ကြားနေရာတွေဆို Wax တွေ လိပ်သွား ငြိသွား အမွှေးမပါလာပဲ နာသွားတာတွေ ဖြစ်တတ်ပါသေးတယ်)
__________________________________________
__________________________________________
Sugar Wax တစ်မျိုးတည်းတင် အပူပေးမှကောင်းတာလားဆိုရင်တော့
အဖြေက......မဟုတ်ပါဘူး....

အပူပေးမှကောင်းတာက ဖယောင်း Wax လဲတူတူပါပဲ....

ပြီးတော့ ဈေးကွက်ထဲမှာရှိတဲ့ အသင့်သုံး ကပ်ခွာ ဖယောင်း Wax တွေအကြောင်းပါ။

အသင့်သုံး ကပ်ခွာ ဖယောင်း Wax တွေ လဲရှိပါတယ်။ဒါပေမဲ့ လူတွေက အပူပေးရတဲ့ ဖယောင်း ကိုပဲ ဈေးကြီးပေးပြီး spa တွေမှာလုပ်ကြပါတယ်။ အပူမပေးရတဲ့wax strips ကိုသုံးတာက အပူပေးထားတဲ့ Wax ထက် ခွာတဲ့အခါ အများကြီး ပိုနာပါရုံသာမက အမွှေးလဲပါမလာတာတွေ ဖြစ်တတ်ပါတယ်။😫😫

ဒါကြောင့် Spa တွေမှာ ဖယောင်း Wax နဲ့ Waxing လုပ်ပေးတဲ့အခါမှာ ဖယောင်းစေ့တွေကို ကြိုပြီးပဲ အသုံးပြုပေးကြတာပါ။

လွယ်ကူတဲ့ အသင့်သုံး ကပ်ခွာ Wax Strip တွေထက် အပူပေး Wax က ပိုကောင်းတာမို့
Sugar နဲ့ ဖြစ်စေ ဖယောင်းနဲ့ ဖြစ်စေ
Waxing လုပ်ပြီဆိုရင်တော့မပျင်းမရိနဲ့ အပူပေးရတာကိုသာ သုံးဖို့အကြံပြုပါတယ်ရှင့်.....🙆
__________________________________________
__________________________________________

ဒါကြောင့် Kees Natural အနေနဲ့ Soft Wax ကို ဘာလို့ မထုတ်တာလဲဆိုရင် Customer တွေ Waxing လုပ်တဲ့အခါမှာ Result ကောင်းကောင်း မရနိုင်တာကြောင့် မထုတ်တာပါ

Kees Natural က အကောင်းဆုံးတွေကိုပဲ Customer တွေကို သုံးစေချင်တာမို့ Product အကောင်းကိုပဲ အကောင်းဆုံး Quality နဲ့ပဲ ထုတ်ပေးထားတာ ဖြစ်ပါတယ်

အခုဆို Kees Natural Wax နဲ့ Wax လုပ်မယ်ဆိုရင် Dryer လေးနဲ့ Wax လေးကို မှုတ်, အပူပေး သုံးလို့ ရသလို ရေနွေးပူပူလေးထဲမှာ ခဏစိမ်လိုက်ရုံနဲ့လည်း တန်းသုံးလို့ရပါပြီနော်😍😍

အရင် Quality ထက် အပူပေးရလွယ်အောင် ဖန်တီးထုတ်လုပ်ထားပြီမို့ ပြုတ်ပြီး သုံးစရာမလိုတော့ဘဲ အမြန်ဆုံး သုံးနိုင်ပါပြီရှင် ..

အားလုံးလဲ အပူပေးရတာကိုရွေးရမလား ???မပေးရတဲ့လွယ်ကူတာပဲ ရွေးရတော့မလား???
သိချင်ကြမယ်ထင်လို့ မင်မင်တို့ကရှင်းပြပေးလိုက်ပါပြီရှင့်...နောက်တစ်ခေါက်မှာနောက်ထပ်အကြောင်းအရာနဲ့ပြန်စုံကြမယ်နော်🙋🙋🙋

Love လေးတွေ ပေးချင်လို့ပါရှင့်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon