Highway Star Biker’s

Highway Star Biker’s

Share

Male

Photos from Highway Star Biker’s's post 09/06/2024

9.6.24 နေ့မှတော့ ကျွန်တော်တို့အဖွဲ့ တာမွေ Ocean ရှေ့ 5:15AM ပထမ လူစုပြီး.. 5:20AM စထွက်ပါတယ်..Inno City ​ရှေ့ 6:00AMရောက်ပါတယ်.အဲဒီကနေ့ ဆက်နင်းလာပြီး Terminal ရှေ့6:35AM ရောက်ပါတယ်.အဖွဲ့တွေ. ၁၁ယောက်နဲ့ ခရီးဆက်လာပြီး မွှေတော်ကပ်ကူလမ်းအဝင်
ကုဋေကြွယ်မှာ မနက်စာစားကြတယ်..အဲဒီကနေဆက်နင်းလာကြတယ်..ထောက်ကြန့် စစ်သချိုင်ရှေ့လည်းရောက် ဖိုက်တာကြီးလေးဇော်ဝင်း တစ်ယောက်တည်း..အစက မလိုက်ဘူးပြောထားတာ...အခုတွေ့တော လိုက်ခဲ့မယ်ဆိုပြီး ကျွန်တော်တို့နဲ့ ပါလာတာပေါ့.ညောင်နှစ်ပင်လမ်းက နေ ငါးဆူတောင်ရွှေတြိဂံလက်ဖက်ဆိုင်ထိုင် တီစွဲပေါ့.တီဆိုင်မှာ ကိုလင်းခိုင်နဲ့ဘူတာရုံလမ်း ကိုကျော်နိုင်အဖွဲ့စုံ.ဘုန်းကြီးကျောင်း9:05PM..ရောက်..ဘုန်းကြီးကျောင်း တောကြက်ဥနဲ့ နွားနိုးစစ်စစ် တိုက်တော့ စားကြသောက်ကြ ပြီးတော့ အားအင်တွေ ပြန်တက်လာကြပါပေါ့..ကလီထော်ဆည်ကို ဆက်နင်းကြပါတယ်...မရောက်ဘူးသေးတဲ့အစ်ကိုတွေလည်းပါတယ် ပျော်ပျော်ပါးပါးလေးပါပဲ..ကျောင်းကို 12:05pM ပြန်ရောက်. စက်ဘီးရေဆေးပေါ.ဘုန်းကြီးကျောင်းအပန်ဖြေ အနားယူကြပေါ..2:00PM မှ ဆရာတော်ဘုရားနဲ့ နုတ်ဆက်ပြီး ပြန်ရန်ကုန် ပြန်နင်းလာကြတယ်..အပြန်တော့ Omileပေါက်တဲ့ လမ်းအတိုင်းသွားနင်းလာကြတယ်.. Omileနားရောက် ဂတ်ရှိတာနဲ့ အိမ်ယာစီမံကိန်ထဲက လမ်းလည်းကောင်းပါတယ်..လုံခြုံရေး ဦးလေးပြောပြီး ဖြတ်လာကြတယ်.ဖြစ်ချင်တော့ ကျွန်တော်ဘီးလည်းပေါက်တယ်.ကျွန်တော်တို့အဖွဲ့နှင့်အတူ ဘီးကျဲ Bikers အဖွဲ့မှအစ်ကိုများနှင့် ကျွန်တော်တို့အဖွဲ့ရဲ့အလှူငွေ-285000-ကျပ်အလှူငွေရရှိပါတယ်ဗျာ.အဲဒီအလှူငွေအား ကျောင်းထိုင်ဆရာတော် ဦးစီးတည်ထောင်ထားသော ဘကတွဲဖက် မူလတန်းကျောင်းက ကလေူငယ်တွေအတွက် နိဗ္ဗာန်ကိုရည်မှန်း၍ လှူဒါန်းမှူး လေးပါ..စက်ဘီးစီးသူငယ်ချင်းနဲ့ ညီအစ်ကိုများ အားလုံးသာဓုခေါ်ဆိုနိုင်ရန်အတွက် တင်ပေးလိုက်ပါတယ်ခင်ဗျာ.

Photos from Highway Star Biker’s's post 22/05/2024

ဒီနေ့ ကျွန်တော်တို့ အဖွဲ့လေး မနက် 5:20AM သုဝဏ္ဏလမ်းဆုံကနေ စထွက်ပြီး
7:00AM ဆားတလင်းရောက် မနက်စာစားပါတယ်.အဲဒီကနေ ဒါးပိန်မြို့ရှောင်လမ်းကနေ သပြုတံတားပေါ်တက်ပါတယ်.တံတားတစ်ဖက်ရောက်ရော.ကျောက်ခဲကြမ်းလမ်း ၂ မိုင်လောက် လက်မောင်းတွေ ခါးတွေပါအောက်တယ်ဗျာ.လမ်းကြမ်းတွေ၂မိုင်လောက်နင်းပြီး.ကွန်ကရစ်လမ်းကိုရောက်ပါတယ်.လမ်းရဲ့ ဘေးတွေမှာ ထန်ပင်တွေနဲ့ ဓာတ်ဖမ်းဖို့ရာအရမ်းကောင်းပါတယ်ဗျာ.ဖလေးဘုရားကို 10:00AM ရောက်ပါတယ်. 10:30AM ဖလေးဘုရားမှပြန်ထွက်ပြီး ကျောက်တန်းပန်းပျိုလက် ဘုန်းကြီးကျောင်းကို11:30AMရောက်ပါတယ်.ရောက်ရောက်ချင်းပဲ ဘုန်းဘုန်းနဲ့ တွေ့ပါတယ် စက်ဘီးသမားတွေဆိုပြီးခေါ်ပါတယ် ဒီရောက်ဖူးလားဆိုပြီး တစ်ယောက်ချင်ဆီမေးပြီး နုတ်ဆက်ပါတယ်.နေ့လယ်စားကတော့ ဘုန်းဘုန်းက လာတဲ့ ဧည့်သည်ဆို အကုန်စားပြီးမှာ ပြန်ခိုင်းပါတယ်.အဲဒီမှာပဲ ကျွန်တော်အဖွဲ့လည်း စယဝါးတီ စွဲကြတယ်.အဲဒီနောက် တစ်ရေးတစ်မော် အပန်ဖြေကြသည့်ပေါ့.2:00PM မှာ ဘုန်းဘုန်းကြီးအား ကန်တော့ပြီး ဝတ္ထူငွေ ဆက်ကပ်ပါတယ်.ပြီးတော့ ဘုန်းဘုန်းက တရားတွေဟောပါတယ်.နောက်လည်းလာခဲ့ကြဖို့ဖိတ်ပါတယ် .2:45PMမှာ ပန်းပျိုးလက်မှ စထွက်ပြီး အိမ်ကိုတော့ 8:00PpM လောက်မှာ အကုန်ရောက်ကြပါတယ်.ဒီနေ့ကျွန်တော်အဖွဲ့ရဲ့အလှူမှတ်တမ်းလေးလည်းတင်ပါရစေနော်.သာဓုသာဓု သာဓုပါခင်ဗျာ.
147KM နင်းခဲ့ကြသည့်ပေါ့

Photos from Highway Star Biker’s's post 10/03/2024

ဒီနေ့တော့ ကျွန်တော်တို့လေးယောက် Welcome to Yangon သွားပြန်လေး နင်းဖြစ်ပါတယ်ခင်ဗျာ

Photos from Highway Star Biker’s's post 08/03/2024

ဒီနေ့ ကန်တော်ကြီးပတ်ကြသည့်ပေါ့

Photos from Highway Star Biker’s's post 03/03/2024

ဒီနေ့ ကျွန်တော်အဖွဲ့ မှော်ဘီမြို့ ကုလာကြီးကုန်းကျေးရွာ ကိုကျော်သီဟအောင်+မကြည်ဖြူ တို့အလှူရောက်ရှိ

02/03/2024

ကျွန်တော်တို့အဖွဲ့ မနက်ဖြန်အတွက် meeting လုပ်ခြင်း

01/03/2024

3-3-2024 sunday ကျွန်တော်တို့အဖွဲ့ ကိုကျော်သီဟအောင် +မကြည်ဖြူ တို့၏ မှော်ဘီမြို့
ကုလားကြီးကုန်းရွာရှိ နေအိမ်သို့ အလှူလေး သွားကြပါမယ် အသွား/အပြန် 100kmလောက်ရှိပါမယ်
စုရပ်ကတော့
ပထမစုရပ်-5:10AM တာမွေ Ocean
ဒုတိယစုရပ်-5:30AM Innocity(Coner Waizayantar and Parami Road)
လိုက်ပါစီးနင်းမည့်ညီအစ်များ ခင်ဗျာ ကိုယ်ရဲ့ဘီးနဲ့ ကိုက်ညီတဲ့ ကျွတ်တစ်လုံးတော့ဆောင်ခဲ့ကြပါ စနင်းမယ့်သူတွေ လိုက်ပါစီးနင်း၍ ရပါတယ်

Photos from Highway Star Biker’s's post 27/11/2023

27-11-2023(Mon) တန်းဆောင်တိုင်နေ့မှာ ဓမ္မိကာရာမ ပျိုးဥယျာဥ်ဘကကျောင်းသို့ ကထိန်အလှူသွားရောက်လှူဒါန်းဖြစ်ခဲ့တဲ့ပုံရိပ်များဖြစ်ပါတယ်
ဝိုင်းဝန်ကူညီဆောင်ရွက်သူနဲ့ ကထိန် မတည်သူ
-ကထိန်အတွက် မတည်လှူဒါန်းသူ ကိုအရှည်ကြီး
-ဒုတိယပစ္စည်း ကိုယ်တိုင်ကိုယ်ကျ ဝယ်ပြီးစုဆောင်ပေးတဲ့ ဦးချို
-တတိယ စားဆီများကို တန်းစီးထုတ်ပေးတယ် အပြင် ငါပိကြော်တွေ ကို ကိုယ်တိုင်ကိုယ်ကျဆောင်ရွက်ပေးတဲ့ ဦးချိုရဲ့ ဇနီး ကြီးလှ
-အတူတကွ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းရန်အတွက် စက်ဘီးစီးပြီးအင်အားဖြည့်ပေးတဲ့ အစ်ကိုနဲ့ ညီများကျေးဇူးပါ
-ကျန်တဲ့သူများအားလုံးကိုလည်း ဝိုင်းဝန်ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ...သာဓုသာဓု သာဓုပါခင်ဗျာ
ကျွန်တော်တို့ အလှူငွေ(1408300)ရရှိသောကြောင့် ဝမ်းသာပိတီဖြစ်ရပါတယ်ခင်ဗျာ
ကျွန်တော်တို့လှူဒါန်ထားတဲ့ပုံလေးများနဲ့ ဂုဏ်ပြုမှတ်တမ်းလေးတင်ပါစေခင်ဗျာ
-ကထိန်အလှူ တွင် ပါဝင်လှူဒါန်းပေးကြတဲ့ တစ်ယောက်ချင်းတိုင်ကိုယ်လည်း ကျွန်တော်တို့အဖွဲ့က ကျေးဇူးတင်ပါတယ်ဗျာ သာဓုသာဓုသာဓုပါဗျာ
ကျွန်တော်တို့ အဖွဲ့ မှ အလှူရှင်များရဲ့ ကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့ရသည့်အတွက် ပိတီဖြစ်ရပါတယ်ဗျာ
အလှူရှင်တစ်ယောက်ချင်းစီတိုင်ကို ကျွန်တော်တို့အဖွဲ့က ကျန်းမားပါစေ ချမ်းသာပါစေ လုပ်ငန်းတွေ ဒီထက်မကအောင်မြင်ပါစေ
မေတ္တာပို့သ ဆုမွန်ကောင်း တောင်းပေးပါတယ်
နောက် ပြီး အလှူရှင်တွေ ကြည်နူးပိတီဖြစ်စေရန်အတွက်လှူဒါန်းထားတဲ့ပုံရိပ်များတင်ပေလိုက်ပါတယ်
ယနေ့ ပြုလုပ်သော ကထိန်ကုသိုလ်ကောင်းမှူ အစုစုကို Bikers အပေါင်းနဲ့ အလှူရှင်များ ရကြပါစေ

25/11/2023

27-11-2023နေ့မှာ ပုဂံတောင်ဘုန်းကြီးကျောင်းကို ကထိန်အလှူ သွားခင်းပါမယ်ဗျာ လိုက်ပါစက်ဘီးစီးနင်းတဲ့သူများ လိုက်ပါနိုင်ပါတယ်နော်

19/11/2023

ကျွန်တော်တို့အဖွဲ့ 27-11-2023နေ့ ပုဂံတောင်ကျေးရွာရှိ ဘကကျောင်းတစ်ကျောင်းအား ကထိန် သွားရောက်ခင်းကြမယ်ဗျာ
ရှူခင်းသာယာနဲ့ လယ်ကွင်းပြင်ကိုဖြတ်ပြီးစက်ဘီးစီးရတဲ့ ဖီလင်က သိပ်ကောင်းပါတယ် မည်သူမဆို လိုက်နင်းလို့ရပါတယ်ဗျာ
စုရပ်
5:30AM ဗိုလ်ချုပ်ကြေးရုပ်
6:00AMသန်လျှင် တံတားထိပ်
6:30Am welcome to thanlinn
7:30AM တာဝလမ်းဆုံရှိ သန်ကြွယ်လက်ဖက်ရည်ဆိုင် မနက်စာစားပါမယ်
9:30AMလောက်ကို ပုဂံတောင် ဘုန်းကြီးကျောင်းရောက်ပါမယ်
အသွား-49KM
အပြန်-43KM
စုစုပေါင်း-92km ပဲရှိပါမယ်ဗျာ

Photos from Highway Star Biker’s's post 23/07/2023

Super sunday မှာ ကျွန်တော် အဖွဲ့ စက်ဘီးနင်းခဲ့တဲ့မှတ်တမ်းလေးပါ

Photos from Highway Star Biker’s's post 03/05/2023

ဒီနေ့မနက် Healthy Ride To Happy Life အဖွဲ့ နှင့်ကျွန်တော်တို့ Highway Star Biker’sအဖွဲ့တို့အတူပူးပေါင်းပြီး0 mile လမ်းကြောင်းလေးစီးနင်းဖြစ်ပါတယ်ခဗျားမနက် 4:30 AM ဗိုလ်ချုပ်ကြေးရုပ်ရှေ့ကနေစထွက်ပြီးINNO city ရှေ့မှာ 5:00AM မှာHealthy Ride To Happy Lifeအဖွဲ့ဖြင့်သွားရောက်ပူးပေါင်ပြီးအမှတ် ၃လမ်းကြောင်းအတိုင်သွားပြီးတော့ အပြန်ကတော့ပြည်လမ်းအတိုင် ပြန်လာဖြစ်ခဲ့ပါတယ်ဗျ 🚴🚴🚴

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

No. 66 31st Street. Pabedan
Yangon
95