Dr War War Lwin
ဗဟုသုတများမျှဝေမယ်
16/02/2026
🍚 ထမင်းစားမှ ကလေး ထွားမှာလား❓
🍚 ကလေး ထမင်စားနည်းလို့ စိတ်မညစ်ပါနဲ့🍚
ဒီတခါမှာတော့ မေမေတွေ အမြဲ မေးလေ့ရှိတဲ့ မေးခွန်းလေး တခုကို ဆွေးနွေးကြရအောင်။ ထမင်းကျွေးမှ ကလေး ထွားမှာလား ပေါ့။ ဆရာမနဲ့ ဆေးခန်း လာပြတဲ့ ကလေးမေမေ တော်တော်များများက ကလေးထမင်းမစားမှာကို စိတ်ပူကြပါတယ်။
🍱 မွေးစ ကနေ အသက် 6 လ ထိ အတွင်းမှာ ကလေးဟာ မိခင်နို့ တခုတည်းနဲ့ လုံလောက်ပါတယ်။ 6 လ ကျော်မှပဲ မိခင်နို့ အပြင် ဖြည့်စွက်စာ ကို စကျွေးရပါတယ်။ ကလေးရဲ့ တိုးတက်မှု အပေါ်မူတည်ပြီး ဖြည့်စွက်စာကို လအနည်းငယ် စောပြီး ကျွေးကြတာလည်း ရှိပါတယ်။
🥘 🍲 🍱
ဖြည့်စွက်စာ ဆိုတာကတော့ ကလေးကို အရွယ်အလိုက် စားနိုင်မယ့် အစားအစာလေးတွေကို စတင်မိတ်ဆက်ပေးတာ၊ စကျွေးတာ ပါ။ Ready made တွေကိုမှ ဖြည့်စွက်စာလို့ ခေါ်တာ မဟုတ်ပါဘူး။
🍱 ဒီအချိန်မှာ မေမေ တွေ စိတ်ပူတတ်ကြတာကတော့ ကလေး ထမင်းစားတာ နည်းမှာ ကိုပါပဲ။ ထမင်းများများ စားတိုင်း ထွားတာ မဟုတ်ပါဘူး။ အစာအုပ်စု စုံလင်အောင် စားမှသာ ကလေးဟာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်၊ အရပ်အမောင်းနဲ့ အရိုးနဲ့ သွားပါ ကျန်းမာ ကြံ့ခိုင်မှာပါ။
🥙🥗🍅🥝🍒🍇🍒🥝🫐🍊🥖🍞🧅🧄အစာအုပ်စုလေးတွေကို လွယ်အောင် ခွဲပြပေးချင်ပါတယ်။ ထမင်း မစားချင်တဲ့ ကလေးကိုလည်း ထမင်းနဲ့ အစာအုပ်စု တူတဲ့ အစားအစာလေးတွေ လှည့်ကျွေးလို့ ရပါတယ်။
💪🏻 အင်အားဖြစ်စေသော အစားအစာ အုပ်စု (ကစီဓာတ်၊ အဆီဓာတ်)
ကစီဓာတ် - ထမင်း🍚 ၊ ဂျုံ 🥖 ခေါက်ဆွဲ၊ ကြာဇံ၊ ပေါင်မုန့်🍞 ၊ အာလူး 🥔 ၊ ကန်စွမ်းဥ 🍠 ၊ ပြောင်းဖူး 🌽၊ ဆန်နှင့် လုပ်ထားသော အစားအစာများ 🥨၊ ဂျုံနှင့် လုပ်ထားသော အစားအစာများ🥞🥯🧇🥐
အဆီဓာတ် - ဆီ၊ ထောပတ်သီး🥑 ၊ ငါးကြီးဆီ၊🐟 အစေ့အဆန်များ၊ မြေပဲ 🥜
💪🏻 ကိုယ်ခန္တာကြိီးထွားစေသော အစာအုပ်စု (အသားဓာတ်)
အသားအမျိူးမျိူး 🥓🥩🍖 ငါး အမျိုးမျိုး 🐠🐟 ကြက်ဥ. 🥚 ၊ ဘဲဥ၊ ပဲ အမျိုးမျိုး၊ နို့ နှင့် နို့ 🥛🧀 ထွက် ပစ္စည်း
💪🏻 ရောဂါကာကွယ်စေသော အစာအုပ်စု
ရောင်စုံဟင်းသီးဟင်းရွက်များ🥦🥬🥒
အသီးအနှံများ 🍓🍇🍎🍊🥭🍉🍒🥝🍈🍏
💪🏻 ဒါတွေက အဓိက ကျတဲ့ အစာအုပ်စုတွေပါ။ ကလေးက တကယ်လို့ ထမင်းမစားချင်ဘဲ ငြင်းဆန်နေတယ်ဆိုရင် ထမင်းနဲ့ အုပ်စုတူတဲ့ တခုခု ပြောင်းကျွေးကြည့်ပါ။ ကလေးကို အစာကျွေးတိုင်း အစာအုပ်စု ၃ ခု စုံအောင် ကျွေးပေးပါ။
🍱 အတွဲအစပ််များ 🍱
🥗 ထမင်း + အသား + အရွက်
🥗 ခေါက်ဆွဲ + ကြက်ဥ + အရွက်
🥗 ကြာဇံ + အသား + အရွက်
🥗 ပေါင်မုန့် + ကြက်ဥ + ငှက်ပျောသီး
🥗 အာလူးထောင်း + အသား + ပဲသီး
စသဖြင့် စိတ်ကူးရှိသလို တွဲစပ်နိုင်ပါတယ်။
🥛🥛 ၁ နှစ်အထက် ကလေးတွေကို နေ့စဉ် နွားနို့ စတိုက်ပေးပါ။ ၁ ရက် ၁၅၀-၂၀၀ စီစီ ၁ ခွက် တိုက်ပေးပါ။ 🥛🥛
အသီးအနှံ နဲ့ မုန့်ကို အဆာပြေ အချိန် မှာ ကျွေးပါ။ 🍒🍓🍇🍎🧇🍞🥪🍔
🥗 ဟင်းချက်နည်းလေးတွေ ပြောင်းပေးပါ။ အသားကို ကလေးစားနိုင်တဲ့ ပုံစံဖြစ်အောင် ကျိတ်ချေပေးပါ။ အမျှင်တန်းပြီး ဝါးရခက်တဲ့ အသားနဲ့ အရွက် တွေဆို ကလေးက မစားချင်ပါဘူး။
🥗 ကစီဓာတ် အုပ်စု 🥗 ထမင်းချည်းပဲ ကျွေးပြီး အသားအရွက် မစားရင် အားမရှိပါဘူး။
ဒါကြောင့် ထမင်း ချည်းပဲ ကျွေးမှ ထွားတာ မဟုတ်ပါ။ အစာအုပ်စု စုံလင်အောင် ကျွေးမှ ကျန်းမာတာပါ။
❕ ဒါကြောင့် ထမင်းစားနည်းလို့ စိတ်မညစ်ပါနဲ့။ အာဟာရအုပ်စု စုံအောင် ကျွေးဖို့ကိုပဲ အာရုံစိုက်ဖို့ တိုက်တွန်းပါရစေ မေမေတို့ရေ။
ကလေးများကျန်းမာကြပါစေ။🌿🌿🌿🌿
မေတ္တာဖြင့်
Dr War War lwin
Click here to claim your Sponsored Listing.
Category
Website
Address
Yangon