PURE GLOW body scrub

PURE GLOW body scrub

Share

✨"သဘာဝပစ္စည်းစစ်စစ်တွေနဲ့ပဲ ဖော်စပ်ထားတဲ့ Natural Milk & Rice Scrub လေးပါ။ သုံးရတာလည်း အရမ်းလွယ်ကူပြီး အသားအရေကို တောက်ပကြည်လင်စေမှာပါ ✨"

22/08/2026

"ပြောရုံနဲ့ မယုံမှာဆိုးလို့ ကိုယ်တိုင် စမ်းသုံးပြလိုက်ပြီနော် 😉✨"
တစ်ခါတိုက်ရုံနဲ့ အသားအရေ ကြက်ဥဘုတ်ခွံလို ချက်ချင်း အိစက်၊ ဝင်းပသွားတဲ့ PURE GLOW Body Scrub ရဲ့ Result လေးကို ကြည့်ကြည့်ပါဦး...
🌾 ဆန် : ဂျေးနက်တွေကို သဘာဝအတိုင်း ချွတ်ပေးတယ်။
🥛 နို့ : ချက်ချင်း ဝင်းပ၊ နူးညံ့စေတယ်။
☕ ကော်ဖီ : သွေးလည်ပတ်မှု ကောင်းစေပြီး အသားအရေ ညီစေတယ်။
🌿 နနွင်း : အမဲစက်နဲ့ အမာရွတ်တွေကို သက်သာစေတယ်။
🛒 Order မှာယူရန် :
ကိုယ်တိုင် သုံးကြည့်ပြီးမှ အာမခံတဲ့ PURE GLOW လေးကို မှာယူချင်ရင် Chatbox မှာ "GLOW" လို့ စာပို့လိုက်ပါနော် 🛍️✨

18/08/2026

📌 PURE GLOW ဆိုတာ ဘာလဲ? သိလိုသမျှ အမေး/အဖြေများ ✨🌾
Q: PURE GLOW ဆိုတာ ဘာလဲ?
PURE GLOW ဆိုတာ သဘာ၀ပစ္စည်းတွေကို
အခြေခံပြီးဓာတုပစ္စည်းတွေ မပါဝင်ဘဲ
သဘာဝ အသီးအနှံနဲ့ သဘာဝ
ထုတ်ကုန်စစ်စစ်တွေကိုမှ အချိုးကျ
ဖော်စပ်ထားတဲ့ ခန္ဓာကိုယ် အသားအရေ
(Body Skin) ပေါ်ရှိ ဆဲလ်သေတွေ၊ ဂျေးနဲ့
အညစ်အကြေးတွေကို ညင်သာစွာ ဖယ်ရှားပေးဖို့
ဖန်တီးထားတဲ့ Natural Body Scrub တစ်ခု ဖြစ်ပါတယ်။

Q: ဘာတွေနဲ့ ထုတ်ထားပြီး ဘာတွေကို အဓိကထား
ထည့်ထားတာလဲ?.
သဘာဝတရားကပေးတဲ့ အကျိုးကျေးဇူးစစ်စစ်ကို
ရရှိစေဖို့ အောက်ပါ ပါဝင်ပစ္စည်း (၄) မျိုးကို
အဓိကထားပြီး တိတိကျကျ အချိုးကျ
စပ်ပြီးထုတ်ထားပါတယ်ရှင် -
🌾ဆန်မှုန့် (Rice Flour): အသားအရေကို သဘာဝအတိုင်း ဝင်းပစေပြီး ဆဲလ်သေတွေကို ညင်သာစွာ
ဂျေးချွတ်ပေးသည်။
🥛နို့မှုန့် (Milk Powder): အသားအရေကို နူးညံ့အိစက်စေပြီး ရေဓာတ်ကို အပြည့်အဝ ဖြည့်ဆည်းပေးသည်။
☕ကော်ဖီ (Coffee Grounds): သွေးလှည့်ပတ်မှု
ကောင်းမွန်စေပြီး သဲကန္တာရလို ခြောက်သွေ့မှုနဲ့
အသားအရောင် မညီညာမှုကို သက်သာစေသည်။
🍬 သကြား (Sugar): အသားအရေပေါ်က ဂျီးနဲ့
ဆဲလ်သေတွေကို အသားမနာဘဲ ညင်သာစွာ
ဖယ်ရှားပေးတယ်။
🟡 နနွင်း (Turmeric): ဘက်တီးရီးယားနဲ့ အသားအရေ ယောင်ယမ်းတာကို သက်သာစေပြီး ကြည်လင်းဝါဝင်းစေတယ်။

Q: ဘာအတွက် ကောင်းတာလဲ (Benefits)။
✅ခန္ဓာကိုယ်ပေါ်ရှိ ဂျေးနက်များ၊ ဆဲလ်သေများနှင့်
အမဲစက်များကို သဘာဝအတိုင်း ဖယ်ရှားပေးခြင်း။
✅ဂျိုင်းပေါင် (သို့) ဒူးဆစ်၊ တံတောင်ဆစ်၊ နေရာများ
မည်းမှောင်နေခြင်းကို သက်သာစေပြီး
ညီညာသော အသားအရောင်ကို ရရှိစေခြင်း။
✅အသားအရေကို ကလေးအသားအရေလေးလို
အိစက်ညက်ညောစေပြီး ရေဓာတ်ပြည့်ဝ စိုပြည်စေခြင်း။
✅သဘာဝပါဝင်ပစ္စည်းများသာ ဖြစ်၍ အသားအရေကို ထိခိုက်ပျက်စီးမှု မရှိစေဘေးကင်းခြင်း။
✅ သုံးပြီးတာနဲ့ အသားအရေကို ချက်ချင်း တင်းရင်းဝင်းပ၊ ချောမွေ့ စိုပြေသွားစေတယ်။

Q: ဘယ်လိုလူတွေ သုံးသင့်သလဲ?
🙋‍♀️ နေလောင်ဒဏ်ကြောင့်အသားအရေ မဲနေလို့
ဖြူစင်ကြည်လင်ချင်သူများ
🙋‍♀️ Lotion လိမ်းတာ အာနိသင် မထိရောက်ဘဲ အသားပတ်/ဂျီးတက်နေသူများ
🙋‍♀️ Chemical ပါတဲ့ ပစ္စည်းတွေကို ရှောင်ပြီး
သဘာဝပစ္စည်းစစ်စစ်နဲ့မှ ဂရုစိုက်ချင်သူများ
🙋‍♀️ အိမ်မှာတင် Spa သွားရသလို ဇိမ်ရှိရှိ ပြုစုချင်သူများ (အမျိုးသား၊ အမျိုးသမီး မရွေး သုံးနိုင်ပါတယ်)။

Q: ဘယ်လိုလူတွေ မသုံးသင့်ဘူးလဲ? (သတိထားရန်)
⚠️ အသားအရေတွင် ဒဏ်ရာအနာတဆာ (သို့)
ပွန်းပဲ့ရာ ရှိနေသူများ:
(မသုံးခင် အနာကျက်အောင် စောင့်ပါရှင်)
⚠️ အလွန်အမင်း အသားနီရဲ ယောင်ယမ်းလွယ်သော ဓာတ်မအာရုံခံနိုင်သူများ (Severe Sensitive Skin): (အသုံးမပြုမီ သဘာဝပစ္စည်းများနှင့် ဓာတ်မတည့်ခြင်း
ရှိမရှိ အရင်စမ်းသပ်ပါရှင်)
⚠️ မျက်နှာပေါ်တွင် ကြီးမားသော ဝက်ခြံစိမ်း/
အနာများ ရှိသူများ: (Body Scrub ဖြစ်သည့်အတွက် ခန္ဓာကိုယ်အသားအရေအတွက် အဓိက ရည်ရွယ်ပါသည်)
⚠️အသားအရေတွင် ဒဏ်ရာအနာတရ၊ အပူလောင်ရာ သို့မဟုတ် မကြာသေးမီက ခွဲစိတ်ထားသော အမာရွတ်ကျန်ရှိသူများ။
⚠️ပါဝင်ပစ္စည်းတစ်ခုခု (ဥပမာ - နနွင်း သို့မဟုတ် နို့) နှင့် ပြင်းထန်စွာ အယ်လာဂျီ (Allergy) မတည့်သူများ။
💡 PURE GLOW နဲ့အတူ သဘာဝအတိုင်း လှပတဲ့ အသားအရေကို ပိုင်ဆိုင်လိုက်ပါရှင်။
"အသားအရေ လှပဖို့အတွက် ဓာတုပစ္စည်းတွေအများကြီး မလိုပါဘူး... PURE GLOW ရဲ့ သဘာဝအနှစ်စစ်စစ်လေးနဲ့ နေ့စဉ် စနစ်တကျ ချစ်ပေးပါ" 🤎✨
🛒 Order မှာယူရန် :
စိတ်ကြိုက် အသေးစိတ် မေးမြန်းလိုပါက သို့မဟုတ် မှာယူလိုပါက Inbox (Chatbox) သို့ အခုပဲ စာပို့စုံစမ်းနိုင်ပါပြီရှင်။ 🛍️

15/08/2026

1. Morning & Night Rituals
(မနက်နဲ့ ညစဉ် အလေ့အကျင့်) 🌙
အိပ်ချိန် မှန်ပါစေ : ည ၁၁ နာရီမတိုင်မီ အိပ်စက်ပြီး
မနက်ခင်းမှာ လန်းဆန်းစွာ နိုးထပါ။
ရေနွေးနွေး အရင်သောက်ပါ : မနက်နိုးတာနဲ့
ရေနွေးနွေးတစ်ဖန်ခွက် သောက်ပေးတာက
ခန္ဓာကိုယ်တွင်း စနစ်တွေကို လှုံ့ဆော်ပေးပါတယ်။
ညအိပ်ရာဝင် ခေါင်းအုံးစွပ် လဲပါ : အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို သန့်ရှင်းအောင် ထားခြင်းက
ဝက်ခြံနဲ့ အသားအရေ ပြဿနာတွေကို
ကာကွယ်ပေးပါတယ်။

2. Skin & Body Care
(အသားအရေနှင့် ခန္ဓာကိုယ် ဂရုစိုက်မှု) 🧴
Sunscreen မပျက်ပါစေနဲ့ : ရာသီဥတု မရွေး
Sunscreen လိမ်းပေးတာက အိုမင်းရင့်ရော်မှုကို အကောင်းဆုံး တားဆီးပေးပါတယ်။
Body Care ကိုပါ အလေးထားပါ : မျက်နှာတင်မကဘဲ ရေချိုးပြီးတိုင်း Body Lotion လိမ်းပေးပါ။
တစ်ပတ် ၂ ကြိမ် Exfoliate (ဂျေးချွတ်) ပေးပါ :
ဆဲလ်သေတွေကို ဖယ်ရှားပြီး အသားအရေ
ကြည်လင်လာစေဖို့ PURE GLOW Body Scrub ရဲ့
သဘာဝ ဆန်၊ နို့၊ ကော်ဖီ၊ နနွင်း ဖော်မြူလာလေးနဲ့
ပုံမှန် Spa ပေးပါ။ အသားအရေက အမြဲတမ်း
အိစက်၊ ဝင်းပနေပါလိမ့်မယ်။

3. Healthy Eating & Habits
(ကျန်းမာရေးနှင့် အစားအသောက်) 🥑
ရေပုံမှန် သောက်ပါ : တစ်နေ့ကို ရေ ၂ လီတာ
ပြည့်အောင် သောက်ပေးတာက သဘာဝအတိုင်း
Glow စေတဲ့ လျှို့ဝှက်ချက်ပါ။
သကြားနဲ့ Processed Foods လျှော့ပါ : Bubble Tea၊
မုန့်ချိုတွေ လျှော့ပြီး ဗီတာမင် C ကြွယ်ဝတဲ့
အသီးအနှံတွေနဲ့ ရောင်စုံ ဟင်းသီးဟင်းရွက်တွေကို
ပိုစားပေးပါ။
ဗိုက်အပြည့် မစားပါနဲ့ : ဗိုက်ကို ၈၀% လောက်ပဲ
ပြည့်အောင် စားပေးခြင်းက အစာချေစနစ်ကို
ကောင်းမွန်စေပါတယ်။

4. Self-Mindset & Posture
(စိတ်ဓာတ်နှင့် ခန္ဓာကိုယ် ဟန်ပန်) 🧠
Posture မှန်ပါစေ : လမ်းလျှောက်တာ၊
ထိုင်တာတွေမှာ ကုန်းကုန်းကွကွ မနေဘဲ
မတ်မတ်နဲ့ ယုံကြည်မှုရှိရှိ နေထိုင်ပါ။
Self-Love Affirmation : မနက်တိုင်း မိမိကိုယ်ကို
မှန်ထဲကြည့်ပြီး "ငါ့ကိုယ်ငါ ယုံကြည်တယ်၊
ငါလှပတယ်" လို့ စိတ်ဓာတ်ခွန်အား ပေးပါ။
ဖုန်းကြည့်ချိန် လျှော့ပါ : ညအိပ်ရာဝင်ခါနီး
ဖုန်းကြည့်တာထက် စာအုပ်တစ်အုပ် ဖတ်ပေးခြင်းက
စိတ်အေးချမ်းမှုကို ရရှိစေပါတယ်။
"အပြောင်းအလဲဆိုတာ နေ့စဉ် လုပ်ယူတဲ့ အလေ့အကျင့် သေးသေးလေးတွေကနေ စတင်တာပါပဲ" 🤎✨

🛒 Order မှာယူရန် : သဘာဝအတိုင်း ခန္ဓာကိုယ် အသားအရေကို ဂျေးချွတ် Glow စေဖို့ PURE GLOW Body Scrub ကို Chatbox (CB) မှာ အခုပဲ လာရောက်မှာယူနိုင်ပါပြီရှင်။ 🛍️

11/08/2026

"စျေးကြီးတဲ့ Clinic Treatment တွေထက်
ကိုယ့်ရဲ့ နေ့စဉ် အလေ့အကျင့်ကောင်းတွေက
သင့်ကို ပိုမိုလှပ သက်ရှည်စေပါတယ်" ✨🌿
1. Skincare ကို ရိုးရှင်းပြီး အဓိကကျတာပဲ
လုပ်ပါ
(Minimal Routine)မျိုးစုံ လိမ်းနေစရာ မလိုပါဘူး။ ကိုယ့်အသားအရေနဲ့ ကိုက်ညီမယ့်
Cleanser၊ Hydrating Moisturizer နဲ့
Sunscreen (SPF 30+) တည်းဆိုရင်ကို
လုံလောက်ပါပြီ။

2. မျက်နှာတင်မကဘဲ Body Care ကိုပါ
Habit တစ်ခုလို လုပ်ပါ 🧴
အမျိုးသမီး အများစုက မျက်နှာကိုပဲ ဂရုစိုက်ပြီး ခန္ဓာကိုယ် အသားအရေကို မေ့ထားတတ်ကြပါတယ်။ ရေချိုးပြီးတိုင်း Body Lotion လိမ်းတာ၊
တစ်ပတ် ၂ ကြိမ် သဘာဝ Scrub တိုက်တာကို
ပုံမှန် အလေ့အကျင့် လုပ်ပေးပါ။
(PURE GLOW ရဲ့ ဆန်မှုန့်၊ နို့မှုန့်၊ ကော်ဖီနဲ့ နနွင်း
ဖော်မြူလာက ခန္ဓာကိုယ် ဆဲလ်သေတွေကို
ညင်သာစွာ ဖယ်ရှားပေးလို့ အသားကို
ကြက်ဥပုစွန်ဆီလို အိစက်စေပါတယ်။)

3. "Natural & Clean Look" ကို မြတ်နိုးပါ 💅
မိတ်ကပ်အထူကြီးတွေ၊ လက်သည်းနဲ့ ဆံပင်
ဆန်းဆန်းပြားပြားတွေထက် သန့်ရှင်းသပ်ရပ်တဲ့
Clean Look က ပိုပြီး Elegant ဖြစ်စေပါတယ်။
ဆံပင်ဆိုရင်လည်း Dark Brown /
Soft Brown လို သဘာဝဆန်တဲ့ အရောင်တွေက
ပိုပြီး ပန်းရောင်သန်း နုပျိုစေပါတယ်။

4. အစားအသောက်က သင့်အသားအရေရဲ့ မှန်ပါ 🥗
အချိုရည်၊ ပြုပြင်ထားတဲ့ အစားအစာ
(Processed Foods) နဲ့ နို့ထွက်ပစ္စည်းအချို့က
ဝက်ခြံနဲ့ အရွယ်မတိုင်မီ အိုမင်းမှုကို ဖြစ်စေပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊
Green Tea သောက်ပေးပြီး ရေကို
တစ်နေ့ ၂ လီတာကနေ ၃ လီတာထိ
ပြည့်အောင် သောက်ပါ။

5. အိပ်စက်ခြင်းဟာ အခမဲ့ရတဲ့ အကောင်းဆုံး
Beauty Spa ပါ 😴
တစ်ညကို ၇ နာရီကနေ ၈ နာရီအထိ
အိပ်ရေးဝဝ အိပ်စက်တာဟာ
အရေပြား ဆဲလ်တွေကို ပြန်လည်
အသက်ဝင်စေပြီး Glow ဖြစ်စေတဲ့
အဓိက လျှို့ဝှက်ချက်ပါ။

6. ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့
သီးသန့် အချိန်ပေးပါ
(Self-Care Time) ☕
တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ်တော့
အိမ်မှာတင် ဖုန်းတွေ ပိတ်ပြီး
သဘာဝအနံ့သင်းသင်းလေးနဲ့
ခန္ဓာကိုယ်ကို Spa ပေးကာ စိတ်ဖိစီးမှုတွေကို
လျှော့ချပါ။

7. ဝင်ငွေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ လွတ်လပ်မှု (Financial Independence) ရှိအောင်
တည်ဆောက်ပါ 💼
ကိုယ့်ခြေထောက်ပေါ် ကောင်းကောင်း
ရပ်တည်နိုင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့
ယုံကြည်မှုဟာ ဘယ်တော့မှ မရိုးနိုင်တဲ့
အလှပဆုံး ဆွဲဆောင်မှုပါပဲ။
"အလှအပဆိုတာ ခဏတာ ပြင်ဆင်တာမဟုတ်ဘဲ
ကိုယ့်ကိုယ်ကိုယ် စနစ်တကျ ချစ်ပေးတဲ့
နေ့စဉ် အလေ့အကျင့်တစ်ခုပါပဲ" 🌾✨
🛒 Pure Glow Order မှာယူရန် : သဘာဝအတိုင်း ခန္ဓာကိုယ် အသားအရေကို ဂျေးချွတ် စကင်ကဲလ်လုပ်ဖို့ PURE GLOW Body Scrub ကို Chatbox (Cb) မှာ လာရောက်မှာယူနိုင်ပါပြီရှင်။ 🛍️🤎

Photos from PURE GLOW body scrub's post 08/08/2026

အပြင်ပန်း လှပဖို့ထက် အတွင်းပိုင်း ကျန်းမာဖို့က ပထမပါ... 🌿✨

အသားအရေ လှချင်လွန်းလို့ Skincare တွေ ဘာပဲလိမ်းလိမ်း စိတ်တိုင်းမကျ ဖြစ်နေရင် ခဏလောက် ရပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ရအောင်။

"ငါ ဒီရက်ပိုင်း အိပ်ရေးဝရဲ့လား?"
"ရေရော ပြည့်ပြည့်ဝဝ သောက်ဖြစ်ရဲ့လား?"

အသားအရေဆိုတာ အရေပြားရဲ့
အခြေအနေကိုတင် မကဘဲ
ငါတို့ ခန္ဓာကိုယ်ရဲ့ "ကျန်းမာရေးပြဒါးတိုင်" လည်း
ဖြစ်ပါတယ်။
အတွင်းပိုင်း ကျန်းမာရေး မကောင်းရင်၊
စိတ်ဖိစီးမှုတွေ များနေရင် အသားအရေက
အလိုလို မွဲခြောက်ပြီး အဖုအပိမ့်တွေ
ထွက်လာတတ်ပါတယ်။
ဒါကြောင့် အသားအရေမပြောင်းလဲလို့
စိတ်မညစ်ခင် အရင်ဆုံး ကျန်းမာအောင် နေထိုင်ပါ 💚
💧 တစ်နေ့ကို ရေ (၈) ခွက် ပြည့်အောင် သောက်ပေးပါ။
😴 ညဘက် အိပ်ချိန်ကို အပြည့်အဝ ပေးပါ။
🥗 အာဟာရပြည့်ဝတဲ့ အစားအစာတွေကို
ရွေးချယ်စားသုံးပါ။
ခန္ဓာကိုယ် အတွင်းပိုင်း ကျန်းမာအောင်
နေထိုင်ပြီးပြီဆိုမှ အပြင်ပန်း အသားအရေကို
ညင်သာစွာ ထိန်းသိမ်းပါ ✨
အသားအရေ ထိန်းသိမ်းတဲ့အခါမှာလည်း
ပြင်းထန်တဲ့ Chemical တွေအစား
သဘာဝအာဟာရဓာတ်တွေပါတဲ့
Skincare တွေကိုပဲ ရွေးချယ်သင့်ပါတယ်။
PURE GLOW သဘာဝ Scrub လေးကတော့ -
ကျန်းမာအောင် နေထိုင်နေတဲ့ သင့်အသားအရေအတွက် ဆဲလ်သေတွေကို ညင်သာစွာ ဖယ်ရှားပေးပြီး သဘာဝအတိုင်း ပိုမို ကြည်လင်လာအောင်
ကူညီပေးပါလိမ့်မယ်။
ဆန်မှုန့် နဲ့ နို့မှုန့် : အသားအရေကို နူးညံ့အိစက်စေပြီး ကြက်ဥပုစွန်ဆီလို စိုပြေစေတယ်။
ကော်ဖီမှုန့် နဲ့ နနွင်း : သွေးလည်ပတ်မှု ကောင်းမွန်စေပြီး သဘာဝအတိုင်း ဝင်းပတဲ့ Glow ကို ပေးစွမ်းတယ်။
တာရှည်ခံဆေး လုံးဝမပါတဲ့
အမှုန် (Powder) စစ်စစ်မို့လို့
ကိုယ်အဆင်ပြေရာ ရေ၊ နို့ သို့မဟုတ် ပျားရည်နဲ့ စိတ်ကြိုက်ဖျော်ပြီး တစ်ပတ် ၂ ကြိမ်
Self-care လုပ်ပေးရုံပါပဲ။
ကျန်းမာတဲ့ နေထိုင်မှုနဲ့အတူ သဘာဝအတိုင်း
လှပတဲ့ အသားအရေကို ပိုင်ဆိုင်လိုက်ရအောင်။ 🌾☕🥛
🛒 Order မှာယူရန် : PURE GLOW သဘာဝ Scrub လေးကို စမ်းသုံးကြည့်ချင်ရင်တော့ Chatbox (Cb) မှာ အခုပဲ Message ပေးပို့နိုင်ပါတယ်ရှင်။ 🛍️✨

06/08/2026

"အသားအရေကို ဘာလို့ ဒီလောက်တောင် တဖွဖွ ပြောပီး ထိန်းသိမ်းခိုင်းနေရတာလဲ?" 🤷‍♀️✨

"ငါ့အသားက ဒီအတိုင်းလည်း အဆင်ပြေတာပဲ" လို့ ထင်နေရင် ဒါလေးကို ခဏလောက် ဖတ်ကြည့်ပေးနော်!

ကျွန်မတို့ အသားအရေဟာ တစ်နေ့တစ်နေ့ နေလောင်ဒဏ်၊ ဖုန်မှုန့်၊ လေထုညစ်လှမ်းမှုနဲ့ Stress တွေကို စက္ကန့်မလပ် ဒိုင်းသဖွယ် ကာကွယ်ပေးနေရတာပါ။
အဲဒီလို ကာကွယ်ရင်း -
၁။ ဆဲလ်သေတွေ စုပုံလာတယ်
➡️ အသားအရေ မာတက်လာပြီး အမည်းစက်တွေ ဖြစ်လာမယ်။
၂။ အစိုဓာတ် လျော့နည်းလာတယ်
➡️ အသားခြောက်၊ အရေးအကြောင်းပေါ်ပြီး မြန်မြန် အိုမင်းရင့်ရော်လာမယ်။
၃။ မိတ်ကပ်/Lotion တွေ စုတ်ယူမှု နည်းသွားမယ်
➡️ ဘာလိမ်းလိမ်း ကောင်းကောင်း မစိမ့်ဝင်တော့ဘူး။
ဒါကြောင့် အသားအရေ ထိန်းသိမ်းတာဟာ "လှချင်ရုံ သက်သက်" မဟုတ်ဘဲ
အရေပြား ကျန်းမာရေးအတွက် "မဖြစ်မနေ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှု" တစ်ခုဖြစ်ပါတယ်။ ❤️
ကျန်းမာပြီး Glow တဲ့ အသားအရေလေး ရရှိဖို့အတွက် Daily Care အပြင် Pure Glow Body Scrub လေးနဲ့ တစ်ပတ် ၂ ကြိမ်မှ ၃ ကြိမ် ဆဲလ်သေ ဖယ်ရှားပေးဖို့ မမေ့ကြနဲ့နော် ✨
နို့၊ ဒိန်ချဉ်၊ ပျားရည် စတဲ့ မိမိ ကြိုက်နှစ်သက်ရာနဲ့ တွဲဖက်ပြီး သဘာဝအတိုင်း အလွယ်တကူ ထိန်းသိမ်းလိုက်ပါ 🌿
📩 အသေးစိတ် စုံစမ်း/မှာယူလိုပါက Chat Box ကို ကြွခဲ့ပါနော် 💌

03/08/2026

"ဓာတုဗေဒ အကြမ်းစားတွေ မပါဘဲ သဘာဝအတိုင်း အသားအရေလေးကို ယုယစောင့်ရှောက်လိုက်ပါ 🌿✨"
Good Day ပါ အသဲတို့ရေ... ☕️🌾
အသားအရေ ထိန်းသိမ်းတဲ့အခါ ဓာတုဗေဒပစ္စည်းတွေ အများကြီးပါတာထက် သဘာဝကပေးတဲ့ သန့်စင်မှုကို သုံးစွဲတာက ရေရှည်အတွက် အဘေးကင်းဆုံးနဲ့ အထိရောက်ဆုံးပါပဲနော်။
Pure Glow Body Scrub ထဲမှာ ဘာလို့ သဘာဝ ပါဝင်ပစ္စည်း ၃ မျိုးကို အဓိက သုံးထားတာလဲဆိုတော့ –
🌾 ၁။ သဘာဝ ဆန်မှုန့် (Rice Powder) :
ရှေးခေတ်ကတည်းက အမျိုးသမီးတွေ သုံးခဲ့ကြတဲ့ ဆန်မှုန့်နုနုလေးဟာ အသားမနာစေဘဲ ဂျေးနဲ့ ဆဲလ်သေတွေကို အသာအယာ ချွတ်ပေးသလို၊ ဗီတာမင် B ပါဝင်လို့ အသားအရေကို ပုံမှန် ကြည်လင်း ဝင်းပစေပါတယ်။
🥛 ၂။ သဘာဝ နို့ရည် (Fresh Milk Extract) :
Lactic Acid ပါဝင်လို့ ရေချိုးပြီးရင် အသားခြောက်သွေ့ မကျန်ခဲ့ဘဲ အစိုဓာတ် အပြည့်အဝ ထိန်းပေးကာ ကတ္တီပါလို အိနု ချောမွတ်စေပါတယ်။
☕️ ၃။ ကော်ဖီစေ့/ကော်ဖီမှုန့် (Coffee Grounds) :
Caffeine ဓာတ်က သွေးလည်ပတ်မှု ကောင်းစေလို့ အသားအရေကို တင်းရင်းစေပြီး အဆီပြင် (Cellulite) တွေကို လျှော့ချပေးပါတယ်။ ဒါတင်မကဘဲ ကော်ဖီနံ့သင်းသင်းလေးက ရေချိုးချိန်မှာ စိတ်ဖိစီးမှုတွေကို ပါ ပြေပျောက်စေတာပါ။
ဓာတုဗေဒ လုံးဝမပါဘဲ သဘာဝရဲ့ အထိအတွေ့စစ်စစ်နဲ့ သင့်အသားအရေလေးကို ဒီည ရေချိုးချိန်မှာ အနားပေးလိုက်ပါနော်! 🤍✨
Pure Glow - Natural Rice & Coffee Scrub

01/08/2026
01/08/2026

Happy National Girlfriend Day ပါ အသဲတို့ရေ... 🌸✨
August 1 ရက်နေ့လေးမှာ သူများဆီက
ဂရုစိုက်မှု မရရင်တောင်မှ မဝမ်းနည်းပါနဲ့နော်။
ကိုယ့်ကိုယ်ကို အပြည့်အဝ ချစ်ပေးဖို့၊
ယုယပေးဖို့က အရေးကြီးဆုံးပါပဲ။
ဒီနေ့လေးမှာတော့ –
☕️ ခန္ဓာကိုယ်နဲ့ စိတ်ကို အနားပေးလိုက်ပါ။
🛁 ရေချိုးချိန်လေးမှာ သဘာဝ ဆန်မှုန့်လေးနဲ့
စီမံထားတဲ့ Pure Glow လေးနဲ့ အသားအရေကို အသာအယာ ချွတ်ဆေးပေးရင်း
ကိုယ့်ကိုယ်ကို ယုယလိုက်ပါ။
ကိုယ့်ကိုယ်ကို တန်ဖိုးထား ဂရုစိုက်တတ်တဲ့ ကောင်မလေးတွေဟာ အလှဆုံးပါပဲရှင်... 🤍
💭 (ကိုယ့်ရဲ့ အချစ်ဆုံး Bestie လေးတွေကိုလည်း Mentions ခေါ်ပြီး ရိုးရိုးရှင်းရှင်း ဆုတောင်းပေးလိုက်ပါဦးနော်)

29/07/2026

မင်္ဂလာရှိသော ဝါဆိုလပြည့် (ဓမ္မစက်အခါတော်နေ့) လေးမှာ အသဲတို့အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်... 🌕🌸
လပြည့်နေ့လို အခါကြီးရက်မြတ်မှာ ဘုရားသွား၊ ကျောင်းတက်၊ ဒါနပြု ကုသိုလ်ယူရင်း စိတ်ကို ငြိမ်းအေးအောင် ထားကြသလိုပဲ... ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ အသားအရေလေးကိုလည်း သန့်ရှင်းကြည်လင်းနေအောင် ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့နော်။
🕯️ စိတ်ကို အေးချမ်းစေဖို့ :
တရားဘာဝနာပွားများပြီး စိတ်ထဲက အပူတွေကို လျှော့ချလိုက်ပါ။
🌿 ခန္ဓာကိုယ်ကို သန့်ရှင်းစေဖို့ :
ဘုရားကျောင်းကန်က ပြန်လာလို့ ရေချိုးချိန်မှာ သဘာဝ Pure Glow Body Scrub လေးနဲ့ တစ်ကိုယ်လုံးက ဂျေးနဲ့ ဆဲလ်သေတွေကို အသာအယာ ချွတ်ဆေးကြောပေးလိုက်ပါ။ ဆန်မှုန့်နဲ့ သဘာဝ ပါဝင်ပစ္စည်းတွေကြောင့် အသားလေး အိစက်ကြည်လင်းပြီး လန်းဆန်းသွားတာကို ခံစားရမှာပါ။
စိတ်ရော ရုပ်ပါ သန့်ရှင်းကြည်လင်းပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ လပြည့်နေ့လေး ဖြစ်ပါစေရှင်။ 🤍✨
Pure Glow - Premium Nature Scrub
#ဝါဆိုလပြည့်နေ့

Category

Website

Address

Yangon

Opening Hours

Monday 00:00 - 00:00
Tuesday 00:00 - 00:00
Wednesday 00:00 - 00:00
Thursday 00:00 - 00:00
Friday 00:00 - 00:00

Alerts

Be the first to know and let us send you an email when PURE GLOW body scrub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.