HOPE Candle

HOPE Candle

Share

HEAL your soul with "HOPE Candles"

26/08/2026

🌸 ပန်းတစ်စည်းထက် ပိုတဲ့ အဓိပ္ပာယ်… နှလုံးသားကို ထိမိစေမယ့် လက်ဆောင်လေး 🤍

တချို့လက်ဆောင်တွေက တန်ဖိုးကြောင့် မမှတ်မိကြပါဘူး... ပေးတဲ့ စေတနာ ကြောင့်ပဲ အမြဲအမှတ်ရနေတတ်ကြပါတယ်။ 💝

HOPE Candles ရဲ့ Wax Flower Bouquet Vase လေးက ပန်းအလှကို ဖယောင်းနဲ့ လက်လုပ်ဖန်တီးထားတဲ့ အထူးလက်ရာလေးဖြစ်ပြီး...

🌷 ကိုယ့်ကိုယ်ကို ချစ်ကြောင်း ပြောချင်တဲ့အချိန်
🌷 ချစ်ရသူ၊ မိသားစုနဲ့ သူငယ်ချင်းတွေကို အမှတ်တရပေးချင်တဲ့အချိန်
🌷 မွေးနေ့၊ နှစ်ပတ်လည်၊ အထူးနေ့ရက်တွေမှာ အဓိပ္ပာယ်ရှိတဲ့ လက်ဆောင်ပေးချင်တဲ့အချိန်
🌷 ဘုရားပန်းကပ်လှူပြီး ကုသိုလ်ယူချင်တဲ့အချိန်…

အတွက် အလွန်သင့်တော်တဲ့ လက်ဆောင်လေးပါ။ 🙏

✨ Wax Flower Bouquet Vase ကို ရွေးချယ်သင့်တဲ့ အကြောင်းရင်း

🌸 ကြာရှည်လှပပြီး ပန်းမညှိုးသွားဘူး။
🩷 ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို ဖော်ပြပေးနိုင်တယ်။
🎁 ဘယ်အခမ်းအနားအတွက်မဆို အဓိပ္ပာယ်ရှိတဲ့ လက်ဆောင်ဖြစ်တယ်။
🕊️ အိမ်၊ အလုပ်ခန်းနဲ့ ဘုရားခန်းကို နွေးထွေးအေးချမ်းတဲ့ ခံစားချက် ပေးစွမ်းတယ်။
🌿 ထိန်းသိမ်းရလွယ်ကူပြီး ရေမလောင်းရ၊ ပန်းမလဲရဘဲ အမြဲလှပနေတယ်။
🕯️ မီးထွန်းအသုံးပြုနိုင်တဲ့ Soy Wax Flower Candle ဖြစ်လို့ အလှအပနဲ့ အသုံးဝင်မှုကို တစ်ပြိုင်တည်းရရှိနိုင်ပါတယ်။

လက်ဆောင်ဆိုတာ... "ဘယ်လောက်တန်လဲ" ထက် "ဘယ်လောက်​နွေး​ထွေးလဲ" ဆိုတာက ပိုအရေးကြီးပါတယ်။ 🤍

HOPE Candles ရဲ့ Wax Flower Bouquet Vase လေးနဲ့ သင့်ရဲ့ မေတ္တာ၊ ကျေးဇူးတရားနဲ့ ဆုမွန်ကောင်းတွေကို လှပစွာ ဖော်ပြလိုက်ပါ။ ✨

💙 HOPE Candles – Heal Your Soul.

25/08/2026

🎁 ကိုယ့်ကိုယ်ကို လက်ဆောင်ပေးဖို့ မမေ့ပါနဲ့... 🤍

နေ့တိုင်း အလုပ်၊ တာဝန်၊ မိသားစုနဲ့ ပတ်ဝန်းကျင်က လူတွေအတွက် အချိန်ပေးရင်း... တစ်ခါတလေ ကိုယ့်စိတ်ကို ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။

တကယ်တော့ Self-Gift ဆိုတာ ဇိမ်ခံတာ မဟုတ်ပါဘူး။ "ငါလည်း အနားယူဖို့ ထိုက်တန်တယ်" လို့ ကိုယ့်ကိုယ်ကို ပြောပေးတဲ့ နည်းလမ်းလေးတစ်ခုပါ။ 💙

အိမ်ပြန်ရောက်တဲ့အချိန်... မီးလေးတစ်တိုင်ထွန်းပြီး မွှေးရနံ့လေးကို ရှူရှိုက်လိုက်တဲ့ မိနစ်အနည်းငယ်ကတောင် စိတ်ကို အများကြီး ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

✨ HOPE Candles နဲ့ သင့်ရဲ့ Self-care Moment ကို ဒီနေ့ကစပြီး ဖန်တီးလိုက်ပါ။

🌸 သင့်စိတ်အခြေအနေအလိုက် ရွေးချယ်နိုင်တဲ့ ရနံ့များ

💗 CALM MIND

🌿 စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို လျော့ပါးစေတယ်။

🕯️ အလုပ်ပြီးချိန်မှာ စိတ်ကို အေးချမ်းစေတယ်။

💙 Mindfulness & Self-care အချိန်လေးတွေ ဖန်တီးပေးတယ်။

😴 အိပ်ရာဝင်မတိုင်ခင် အနားယူပြီး အိပ်ပျော်လွယ်စေတယ်။

💜 MOONLIT WHISPER

🌙 စိတ်တင်းကျပ်မှုတွေကို ဖြေလျော့ပေးတယ်။

✨ Overthinking လျော့နည်းစေပြီး စိတ်ကို ငြိမ်သက်စေတယ်။

😌 နက်ရှိုင်းတဲ့ အနားယူမှုကို ပေးစွမ်းပြီး ညအိပ်စက်မှုကို ကူညီပေးတယ်။

🤍 တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေလျော့စေတယ်။

🌿 BOTANICAL ESCAPE

🍃 သဘာဝရနံ့နဲ့ စိတ်ကို လန်းဆန်းစေတယ်။

💚 Mental Fatigue ကို လျော့ပါးစေတယ်။

🌼 Mood ကို မြှင့်တင်ပေးပြီး အာရုံစူးစိုက်မှု ကောင်းစေတယ်။

🌱 အိမ်နဲ့ အလုပ်ခွင်ကို သဘာဝအေးချမ်းမှုနဲ့ ပြည့်စေတယ်။

🌊 OCEAN THERAPY

🌊 ပင်လယ်လေညင်းလို လန်းဆန်းအေးမြတဲ့ ခံစားချက်ကို ပေးစွမ်းတယ်။

💙 စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုကို ပြေလျော့စေတယ်။

🌬️ အသက်ရှူမှုကို သက်တောင့်သက်သာ ဖြစ်စေပြီး စိတ်ကို ပြန်လည်လန်းဆန်းစေတယ်။

✨ တစ်နေ့တာရဲ့ အရှုပ်အထွေးတွေကို ခဏတာ မေ့ထားနိုင်စေတယ်။

🎁 တခြားသူတွေကို လက်ဆောင်ပေးတာ အရမ်းကောင်းပါတယ်... ဒါပေမယ့် ကိုယ့်ကိုယ်ကို လက်ဆောင်ပေးတာကလည်း မဖြစ်မနေ လိုအပ်တဲ့ Self-love တစ်ခုပါ။

ဒီနေ့... ကိုယ့်စိတ်ကို အနားပေးပါ။ ကိုယ့်ကိုယ်ကို လက်ဆောင်ပေးပါ။ 🤍✨

HOPE Candles – Heal Your Soul. 💙
#

24/08/2026

ညဘက် အိပ်မပျော်လို့ အတွေးများနေတဲ့အချိန်တွေမှာ စိတ်ကို ချက်ချင်း ငြိမ်းအေးသွားစေမယ့် အဖော်မွန်လေးတစ်ခု ရှိရင် သိပ်ကောင်းမှာပဲနော်...
ဒါကြောင့်မို့လို့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးပြီး ညဘက်မှာ နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ သီးသန့် ဖန်တီးထားတဲ့ "CALM MIND" Custom Scented Candle လေးနဲ့ မိတ်ဆက်ပေးပါရစေ။
CALM MIND ဖယောင်းတိုင်လေးရဲ့ အထူးခြားဆုံး အချက်များ:
* Cosmetic Grade Premium Scents: Premium Cosmetic Grade အရည်အသွေးမြင့် ရနံ့ဆီများကို သုံးစွဲထားတာကြောင့် ရှူရှိုက်မိတဲ့အခါ စိတ်ကို ကြည်လင်လန်းဆန်းစေပြီး ကျန်းမာရေးအတွက် ၁၀၀% ဘေးကင်း စိတ်ချရပါတယ်။
* Handcrafted Moon Shape Design: ဖယောင်းတိုင်ပေါ်မှာ လက်ရာမြောက်စွာ အသေးစိတ် ပုံဖော်ထားတဲ့ လမင်းပုံစံ (Moon shape) လေးက ညဉ့်ယံရဲ့ အေးချမ်းမှုကို ဖော်ဆောင်ပေးပြီး အခန်းထဲမှာ အလှဆင်ထားရင်လည်း ငြိမ်းချမ်းတဲ့ ခံစားချက်ကို ပေးစွမ်းမှာပါ။
* စိတ်ကို ငြိမ်သက်စေသည့် ရနံ့ဖော်စပ်မှု: Lavender ရဲ့ စိတ်ကို ပြေလျော့စေတဲ့ ဂုဏ်သတ္တိနဲ့အတူ သဘာဝ ရနံ့သင်းသင်းလေးတွေ ပေါင်းစပ်ထားလို့ စိတ်ဖိစီးမှုတွေကို ခဏအတွင်း ပြေပျောက်စေပါတယ်။
* စိတ်ကြိုက် ဖန်တီးနိုင်မှု (Customized): မိမိနှစ်သက်တဲ့ ရနံ့အတိုင်းအတာ၊ ဘူးဒီဇိုင်းနဲ့ သာယာအေးချမ်းစေမယ့် စာသားလေးတွေကိုပါ သီးသန့် စိတ်ကြိုက် မှာယူနိုင်ပါတယ်။

အသုံးပြုပုံ အကြံပြုချက်:
အိပ်ခါနီး ၁ နာရီအလိုမှာ CALM MIND ဖယောင်းတိုင်လေးကို ထွန်းထားပြီး မီးရောင်မှိန်မှိန်လေးအောက်မှာ သီချင်းအေးအေးလေး နားထောင်ပါ။ သင်းပျံ့တဲ့ ရနံ့လေးက အခန်းတစ်ခုလုံးကို ပျံ့နှံ့သွားပြီး သင့်စိတ်ကို ငြိမ်သက်သွားစေမှာပါ။
ညဘက်တွေမှာ အိပ်မပျော်ဘဲ ဒုက္ခရောက်နေရင်ပဲဖြစ်ဖြစ်၊ ကိုယ့်အတွက် သို့မဟုတ် ချစ်ရတဲ့သူတွေအတွက် အဓိပ္ပာယ်ရှိတဲ့ Handcrafted လက်ဆောင်လေး ပေးချင်ရင်ပဲဖြစ်ဖြစ် CALM MIND လေးက အကောင်းဆုံး ရွေးချယ်မှုပါပဲ။
စိတ်ဝင်စားလို့ သီးသန့် Custom မှာယူချင်တယ်ဆိုရင် Message Box ကနေ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်နော်။

23/08/2026

🌿 စိတ်အပန်းဖြေခြင်းဟာ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုပါ။

ဒီတစ်ခေါက်တော့ Activo: Professional Outsourcing Firm ကကျင်းပခဲ့တဲ့ HR as Human အစီအစဉ်အတွက် CALM MIND Scented Candle အလုံး 70 ကို ယုံကြည်စွာ မှာယူအားပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။ 🤍

HR တွေဟာ နေ့စဉ် လူတွေရဲ့ စိတ်ခံစားချက်၊ အခက်အခဲတွေနဲ့ လုပ်ငန်းတာဝန်များစွာကို ဂရုစိုက်ပေးနေသူတွေပါ။ ဒါကြောင့် တစ်ခါတလေ ကိုယ့်စိတ်ကိုလည်း အနားပေးဖို့ လိုအပ်ပါတယ်။

CALM MIND ရနံ့မွှေးဖယောင်းတိုင်ကတော့... ✨ စိတ်ဖိစီးမှုကို လျော့ပါးစေဖို့
✨ အလုပ်ပြီးချိန်မှာ စိတ်အေးချမ်းစေဖို့
✨ Mindfulness နဲ့ Relaxation အချိန်လေးတွေကို ဖန်တီးပေးဖို့
✨ ကိုယ့်ကိုယ်ကို ဂရုစိုက်တဲ့ Self-care Routine တစ်ခုအဖြစ် အထောက်အကူပြုဖို့ ရည်ရွယ်ဖန်တီးထားပါတယ်။

လက်ဆောင်တစ်ခုက တန်ဖိုးကြီးဖို့ထက် လက်ခံရရှိသူရဲ့ စိတ်ကို နွေးထွေးစေဖို့ ပိုအရေးကြီးပါတယ်။ 💛

HOPE Candles ကို ရွေးချယ်ပေးတဲ့ Activo အဖွဲ့အား ကျေးဇူးအထူးတင်ရှိပြီး၊ ဒီရနံ့လေးတွေက HR တစ်ယောက်ချင်းစီရဲ့ နေ့ရက်တွေကို ပိုမိုအေးချမ်းစေမယ်လို့ မျှော်လင့်ပါတယ်။

HOPE Candles – Heal Your Soul. ✨

19/08/2026

Guess what I've been busy creating! 🤔💛
ဒီရက်ပိုင်း ဘာတွေ အလုပ်ရှုပ်နေလဲ ခန့်မှန်းကြည့်ပါဦး...
အားလုံးအတွက် သေသေချာချာ အချိန်ပေးပြီး ဖန်တီးထားတဲ့ ပန်းပွင့်ဖယောင်းတိုင် အသစ်လှလှလေးတွေပါ။ ဒီ ပုံလေးထဲကအတိုင်းပဲပေါ့! တစ်ပွင့်ချင်းစီကို မေတ္တာတွေအပြည့်နဲ့ သေချာလေး ပုံဖော်ပေးထားပါတယ်နော်။ 🌼✨
ဒီပန်းလေးတွေက ဘာအတွက်ဖြစ်မယ်ထင်လဲ comment မှာရေးပေးသွားပါဦး

18/08/2026

🕯️ ဖယောင်းတိုင်လေး ထွန်းတဲ့အခါ... အနံ့မွှေးရုံတင်မဟုတ်ဘဲ လုံခြုံမှုလည်း အရေးကြီးပါတယ်။ 💛

HOPE Candles ကို အေးချမ်းစွာ ခံစားနိုင်ဖို့ အောက်ပါအချက်လေးတွေကို အမြဲလိုက်နာပေးပါနော်။

✨ Candle Safety Tips
✔️ အပူခံနိုင်တဲ့ မျက်နှာပြင် (Heat-resistant surface) ပေါ်မှာသာ တင်ပြီး ထွန်းပါ။
✔️ လိုက်ကာ၊ စက္ကူ၊ အဝတ်အထည်နဲ့ မီးလောင်လွယ်တဲ့ ပစ္စည်းတွေနဲ့ ဝေးဝေးထားပါ။
✔️ မထွန်းခင်တိုင်း Wick ကို (၅–၇ မီလီမီတာခန့်) တိုအောင် ဖြတ်ပေးပါ။
✔️ ဖယောင်းတိုင်ကို ထွန်းထားပြီး အခန်းကနေ ထွက်သွားမယ်ဆိုရင် မီးကို အရင်ငြှိမ်းပေးပါ။
✔️ ကလေးငယ်များနဲ့ အိမ်မွေးတိရစ္ဆာန်များ လက်လှမ်းမမီနိုင်တဲ့ နေရာမှာသာ အသုံးပြုပါ။

ဖယောင်းတိုင်တစ်တိုင်က သင့်အိမ်ကို နွေးထွေးမှု၊ အနားယူမှုနဲ့ စိတ်အေးချမ်းမှု ပေးနိုင်ပါတယ်။ ဒါပေမယ့် လုံခြုံစွာ အသုံးပြုမှသာ အဲ့ဒီအချိန်လေးတွေက ပိုပြီး ပြည့်စုံလာမှာပါ။ 🕯️🤍

HOPE Candles – Heal Your Soul ✨

14/08/2026

ဒီနေ့အတွက် အော်ဒါလေးကို ပြင်ဆင်ပေးနေရင်းနဲ့ ကျမတို့ရင်ထဲမှာ အရမ်းကို နွေးထွေးကြည်နူးနေမိပါတယ်ရှင့်။ ✨🕯️
ဒီတစ်ခေါက်မှာ အော်ဒါလာမှာတဲ့ Customer လေးက သူမရဲ့ မွေးရပ်မြေနိုင်ငံကို ပြန်တော့မှာဖြစ်လို့၊ အမိမြေကို သယ်သွားဖို့နဲ့ ခွဲခွာရတော့မယ့် ချစ်ရတဲ့သူငယ်ချင်းတွေအတွက် လက်ဆောင်ပေးဖို့ ကျမတို့ဆီက 'HOPE' Scented Candles လေးတွေကို အထူးတလည် ရွေးချယ်မှာယူသွားခဲ့တာပါ။
လက်ရာတိုင်းကို စိတ်နှလုံးနဲ့ အချစ်တွေအပြည့်ထည့်ပြီး (Hand Poured) ဖန်တီးထားတဲ့ ဒီဖယောင်းတိုင်လေးတွေဟာ သူမရဲ့ ခရီးလမ်းတစ်လျှောက်နဲ့ ချစ်ခင်ရသူတွေဆီကို မေတ္တာလက်ဆောင်အဖြစ် ရောက်ရှိတော့မှာပါ 💕

သူမ ဘယ်လိုလေးတွေ ရွေးသွားလဲဆိုတာ ဝေမျှပေးလိုက်ပါတယ်နော် —
* Fresh Morning: သူမကိုယ်တိုင် နိုင်ငံရပ်ခြားက မနက်ခင်းသစ်တွေဆီမှာ (Crisp • Clean • Energizing) ရနံလန်းလန်းလေးနဲ့ အားအပြည့်နဲ့ စတင်နိုင်ဖို့အတွက် ယူသွားပါတယ်။
* Ocean Lemon Mist: သူငယ်ချင်းတစ်ယောက်အတွက် လန်းဆန်းတက်ကြွစေမယ့် (Fresh • Zesty • Uplifting) ရနံမွှေးမွှေးလေးနဲ့ အမှတ်တရလက်ဆောင်ပေးဖို့ ပြသ်ဆင်​ပေးထားပါတယ်။
* Ocean Therapy: အလုပ်တွေ၊ ပင်ပန်းမှုတွေကြားထဲမှာ အမြဲရှိနေပေးတဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းအတွက် (Calm • Fresh • Oceanic) ရနံနဲ့ တည်ငြိမ်အေးဆေးမှုကို လက်ဆောင်ပေးချင်လို့တဲ့ရှင်။
* Hope Signature: အထူးခြားဆုံး သူငယ်ချင်းတွေနဲ့ နောက်ဆုံးအနေနဲ့ ဆုံဖြစ်ချိန်မှာ လက်ဆောင်ပေးဖို့ (Elegant • Sophisticated • Timeless) ဆိုတဲ့ ဂုဏ်သိက္ခာရှိပြီး သိမ်မွေ့တဲ့ ရနံလေးကို ရွေးချယ်ခဲ့ပါတယ်။
* Botanical Escape: နိုင်ငံခြားမှာ တစ်ယောက်တည်း နေရတဲ့အခါ ကိုယ်တိုင်အတွက် (Herbal • Fresh • Relaxing) ရနံလေးနဲ့ အိမ်ပြန်ရောက်သွားသလို စိတ်အပန်းဖြေဖို့ သေချာသိမ်းသွားပါတယ်။
* Magic is in you (Lavender Scent): သူမရဲ့ အနီးကပ်ဆုံး Best Friend လေးအတွက်ကျတော့ Lavender ရနံပါဝင်တဲ့ (Floral • Soothing • Dreamy) မှော်ဆန်တဲ့ အိပ်မက်ဆန်ဆန် ခံစားမှုလေးကို ပေးစွမ်းမယ့် ဒီဖယောင်းတိုင်လေးကို ရွေးပေးခဲ့တာပါ ✨
အဝေးကိုသွားမယ့် ခရီးသည်လေးအတွက်ရော၊ ချစ်ရတဲ့သူငယ်ချင်းတွေအတွက်ပါ ဒီဖယောင်းတိုင်လေးတွေက မေတ္တာမွှေးရနံလေးတွေနဲ့ အတူတူ လိုက်ပါသွားပေးလိမ့်မယ်လို့ ကျမတို့ယုံကြည်ပါတယ်။
သင့်ရဲ့ အထူးခြားဆုံး အမှတ်တရတွေ၊ လက်ဆောင်ပေးချင်တဲ့ ဆန္ဒတွေအတွက် ကျမတို့ဆီကို အမြဲယုံကြည်စိတ်ချစွာ အပ်နှံပေးလို့ ကျေးဇူးတင်ပါတယ်ရှင် ❤️🌿

13/08/2026

🌙 CALM MIND 🕯️
တစ်နေ့တာရဲ့ အပင်ပန်းဆုံးအချိန်မှာ... သင့်စိတ်ကို အနားပေးလိုက်ပါ။

တစ်နေ့လုံး အလုပ်တွေ၊ Deadline တွေ၊ စိတ်ဖိစီးမှုတွေနဲ့ ဖြတ်သန်းပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ...
လိုအပ်တာက နောက်ထပ်အလုပ်တစ်ခု မဟုတ်ပါဘူး။
လိုအပ်တာက စိတ်ကို အေးချမ်းစေမယ့် အချိန်လေးတစ်ခုပါ။ 🤍

HOPE Candles – CALM MIND Soy Wax Candle က မီးထွန်းလိုက်တဲ့ အချိန်ကစပြီး နူးညံ့တဲ့ရနံ့နဲ့ သင့်အခန်းကို အေးချမ်းတဲ့နေရာလေးအဖြစ် ပြောင်းလဲပေးပါတယ်။

✨ CALM MIND က ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးများ

🌿 Stress ကို လျော့ပါးစေတယ်
တင်းကျပ်နေတဲ့ စိတ်နဲ့ ကိုယ်ကို ဖြည်းဖြည်းချင်း Relax ဖြစ်လာစေပါတယ်။

😌 စိတ်ငြိမ်သက်စေတယ်
Meditation, Reading, Yoga ဒါမှမဟုတ် ကိုယ့်အတွက် အချိန်ပေးချင်တဲ့အချိန်တွေမှာ အကောင်းဆုံး Companion ဖြစ်ပါတယ်။

💤 အိပ်ရေးဝအောင် ကူညီပေးနိုင်တယ်
အေးချမ်းတဲ့ရနံ့က အိပ်ရာဝင်ခါနီး စိတ်ကို တည်ငြိမ်စေပြီး အနားယူရလွယ်ကူစေပါတယ်။

🤍 Mood ကို ပိုမိုကောင်းမွန်စေတယ်
အခန်းတစ်ခန်းလုံးရဲ့ Feeling ကို ပြောင်းလဲပေးပြီး နွေးထွေးတဲ့ အိမ်လေးတစ်လုံးလို ခံစားရစေပါတယ်။

🌱 100% Soy Wax ဖြင့် ပြုလုပ်ထားသည်
• သန့်ရှင်းစွာ လောင်ကျွမ်းနိုင်ခြင်း
• Paraffin Wax မသုံးထားခြင်း
• Cotton Wick အသုံးပြုထားခြင်း
• Handmade with Love & Care

🕯️ ဘာကြောင့် CALM MIND ကို အိမ်မှာ ရှိထားသင့်သလဲ?

အချို့ရက်တွေမှာ "အားလုံးအဆင်ပြေတယ်" လို့ ပြောနေပေမယ့် စိတ်ကတော့ အနားယူချင်နေတတ်ပါတယ်။

အဲဒီအချိန်မှာ CALM MIND Candle တစ်လုံးက
✨ အခန်းကို နွေးထွေးစေတယ်။
✨ စိတ်ကို ငြိမ်သက်စေတယ်။
✨ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ အချိန်လေးတစ်ခု ဖန်တီးပေးတယ်။

တစ်ခါတစ်ရံ... အေးချမ်းမှုဆိုတာ ရှာဖွေရတာမဟုတ်ဘဲ၊ ကိုယ်တိုင်ဖန်တီးပေးရတာပါ။ 🤍

HOPE Candles
Heal Your Soul 🪽

📩 Messenger မှာ Order တင်နိုင်ပါတယ်။
🎁 ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ ချစ်ရသူကို လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် CALM MIND က နေ့တိုင်းအသုံးဝင်တဲ့ လက်ဆောင်လေးတစ်ခု ဖြစ်လာမှာပါ။

12/08/2026

🌿 HOPE Candles – Handmade Scented Wax Bars ✨

တစ်ခါတလေ… စိတ်ပင်ပန်းတဲ့နေ့တစ်နေ့ရဲ့ အဆုံးမှာ လိုအပ်တာက အနားယူဖို့ နေရာတစ်ခုတည်း မဟုတ်ပါဘူး။
စိတ်ကို သက်တောင့်သက်သာဖြစ်စေမယ့် ရနံ့လေးတစ်ခု လည်း လိုအပ်ပါတယ်။ 🤍

HOPE Candles ရဲ့ Handmade Scented Wax Bars လေးတွေက Closet၊ Bedroom၊ Bathroom၊ Office Desk အတွင်းမှာ ချိတ်ဆွဲထားရုံနဲ့ နူးညံ့သန့်ရှင်းတဲ့ရနံ့ကို အချိန်ကြာကြာ ခံစားနိုင်ပါတယ်။

✨ Available Scents

🤍 Linen Whisper
သန့်ရှင်းစွာလျှော်ဖွတ်ထားတဲ့ အဝတ်အစားအသစ်လို Fresh & Clean ရနံ့။
Closet ကို သန့်ရှင်းသပ်ရပ်သလို ခံစားရစေတယ်။
စိတ်ကို ပေါ့ပါးလန်းဆန်းစေတယ်။
နေ့စဉ်ဘဝကို Fresh Start ပေးနိုင်တယ်။

🚪 Closet Serenity
အဝတ်ဗီရိုနဲ့ အခန်းလေးကို နူးညံ့သက်တောင့်သက်သာ ဖြစ်စေမယ့် ရနံ့။
မနှစ်မြို့ဖွယ်အနံ့များကို လျော့ချပေးတယ်။
Closet ဖွင့်တိုင်း Spa ထဲ​ရောက်သွားသလို ခံစားချက်ရစေတယ်။
အေးချမ်းတဲ့ Mood ကို ဖန်တီးပေးတယ်။

🌹 Velvet Rose Calm
နူးညံ့သော Rose Floral ရနံ့နဲ့ Romantic & Elegant Feeling ကို ပေးစွမ်းတယ်။
Stress လျော့ကျစေတယ်။
စိတ်ကို ငြိမ်သက်နူးညံ့စေတယ်။
အခန်းကို Luxury ဆန်တဲ့ Atmosphere ဖြစ်စေတယ်။

🍃 Pure Air Reset
သဘာဝဆန်ပြီး သန့်ရှင်းလန်းဆန်းတဲ့ ရနံ့။
လေထုကို Fresh ဖြစ်သလို ခံစားရစေတယ်။
စိတ်ပင်ပန်းမှုကို လျော့ပါးစေတယ်။
အလုပ်လုပ်တဲ့နေရာ နဲ့ အိပ်ခန်းအတွက် အထူးသင့်တော်တယ်။

💙 HOPE Wax Bars ကို ဘယ်နေရာတွေမှာ အသုံးပြုနိုင်လဲ? ✨ Closet ✨ Bedroom ✨ Bathroom ✨ Office ✨ Gift Box ထဲမှာ အထူးလက်ဆောင်အဖြစ်

🎁 Handmade with Love & Care
ရနံ့ကောင်းတစ်ခုက နေရာကိုပဲ ပြောင်းလဲတာမဟုတ်ပါဘူး… သင့်ရဲ့ခံစားချက်ကိုလည်း ပြောင်းလဲပေးနိုင်ပါတယ်။

HOPE Candles
Heal Your Soul 🤍

📩 Order မှာယူလိုပါက Page Messenger မှာ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

Photos from HOPE Candle's post 05/08/2026

✨ HOPE Candles လေးတွေနဲ့ ဖန်တီးထားတဲ့ သင့်ရဲ့ အထူးခြားဆုံး အချိန်လေးများ 🕯️🌿

ဖယောင်းတိုင်မီးရောင်ဖျော့ဖျော့လေးနဲ့ သင်းပျံ့တဲ့ ရနံ့လေးတွေက လူတစ်ယောက်ရဲ့ တစ်နေ့တာ ပင်ပန်းမှုတွေကို ဘယ်လောက်အထိ ကုသပေးနိုင်လဲဆိုတာ သင်ရော သိပြီးပြီလားင့်?
HOPE Candles ရဲ့ လက်ရာ ဖယောင်းတိုင်လေးတစ်ခုချင်းစီကို...
* ညနေခင်း အနားယူချိန် တိတ်ဆိတ်ငြိမ်သက်မှုတွေကို ဖန်တီးချင်တဲ့အခါ၊
* စာအုပ်ဖတ်ရင်း (သို့) တရားထိုင်ရင်း ကိုယ့်ရဲ့ Me Time ကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းချင်တဲ့အခါ၊
* ချစ်ရတဲ့သူတွေကို မေတ္တာလက်ဆောင်အနေနဲ့ လက်ဆောင်ပေးပြီး အမှတ်တရတွေ ဖန်တီးချင်တဲ့အခါ...
အမြဲတမ်း အဖော်ပြုပေးနိုင်ဖို့အတွက် စိတ်ရှည်လက်ရှည်နဲ့ သေချာ ဖန်တီးပေးထားပါတယ်။ 🤍
တိုက်ရိုက် Review လေးတွေ မရှိသေးရင်တောင်မှ HOPE Candles ရဲ့ ဖယောင်းတိုင်မီးရောင်နွေးနွေးလေးနဲ့ သင်းပျံ့တဲ့ ရနံ့လေးတွေက သင့်အိမ်လေးထဲမှာ၊ သင့်ရဲ့ စားပွဲတင်လေးပေါ်မှာ ဘယ်လောက်တောင် အလှတရားတွေ ဖြည့်ဆည်းပေးနေမလဲဆိုတာ ယုံကြည်ပါတယ်။ ✨
သင့်ရဲ့ ကိုယ်ပိုင် Healing Space လေးကို HOPE Candles နဲ့ အတူ အလှပဆုံး ပုံဖော်လိုက်ပါရှင်။ 🌿🕯️

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon

Opening Hours

Monday 09:00 - 18:30
Tuesday 09:00 - 18:30
Wednesday 09:00 - 18:30
Thursday 09:00 - 18:30
Friday 09:00 - 18:30
Saturday 09:00 - 12:00