DC Medical Service

DC Medical Service

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DC Medical Service, Yangon.

07/05/2026

🏥 လူကြီးမိဘများအတွက် စိတ်အေးချမ်းသာစွာဖြင့် ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနိုင်ဖို့ DC MEDICAL SERVICE ရှိပါတယ်
လူကြီးမိဘတွေအတွက် ဆေးဝါးကုသစောင့်ရှောက်မှု လိုအပ်လာတဲ့အခါ၊ နိုင်ငံတကာအဆင့်မီ ဆေးရုံကြီးတွေမှာ အကောင်းဆုံး ကုသမှုပေးချင်တာ သားသမီးတိုင်းရဲ့ ဆန္ဒပါပဲ။
ဒါပေမယ့်...
❌ ခရီးသွားရတာ လူကြီးတွေ ပင်ပန်းမလား?
❌ ဆေးရုံမှာ ဘာသာစကား အခက်အခဲရှိမလား?
❌ ဟိုတယ်နဲ့ သွားရေးလာရေး အဆင်ပြေပါ့မလား?
ဒီလို စိုးရိမ်ပူပန်မှုတွေအားလုံးကို DC MEDICAL SERVICE ရဲ့ Hospital Support Team က တာဝန်ယူ ဖြေရှင်းပေးနေပါပြီ။ လူကြီးမိဘများအတွက် ဘာမှ စိတ်ပူစရာမလိုဘဲ သက်တောင့်သက်သာနဲ့ VIP ဆေးစစ်/ဆေးကုသမှု ခံယူနိုင်မယ့် ခရီးစဉ်ကို ဖန်တီးပေးပါတယ်။
✨ DC MEDICAL SERVICE က ဘာတွေ စီစဉ်ပေးသလဲ?
• ✈️ အစစအရာရာ ချောမွေ့စေမယ့် ခရီးစဉ်: လေယာဉ်လက်မှတ်၊ ဆေးရုံအနီးဆုံးနဲ့ သွားလာရအဆင်ပြေမယ့် ဟိုတယ် Booking ကအစ အားလုံးကို ချိတ်ဆက်စီစဉ်ပေးပါတယ်။
• 🚘 သက်တောင့်သက်သာ သွားလာရေး: လေဆိပ် (သို့) ဟိုတယ်မှ ဆေးရုံသို့ အခမဲ့ Pick-up ပို့ဆောင်ပေးမှာမို့ လူကြီးတွေ လုံးဝ ပင်ပန်းမှုမရှိစေရပါဘူး။
• 🗣️ ဘာသာစကား အခက်အခဲမရှိစေရ: ဆရာဝန်နဲ့ ပြသချိန်မှာ ကျွမ်းကျင်တဲ့ မြန်မာစကားပြန်တွေက အနီးကပ် ကူညီပေးမှာဖြစ်လို့ ရောဂါဝေဒနာတွေကို မိခင်ဘာသာစကားနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်နိုင်ပါတယ်။
🏥 ကုသနိုင်သည့် ရောဂါဝေဒနာများ
ဘန်ကောက်မြို့ရှိ နိုင်ငံတကာ ထိပ်တန်းအဆင့်မြင့် ဆေးရုံကြီးများတွင် အထူးကုဆရာဝန်ကြီးများနှင့် တရားဝင်ချိတ်ဆက်ထားပြီး အောက်ပါဝန်ဆောင်မှုများကို ရယူနိုင်ပါသည်-
• အထွေထွေ ကျန်းမာရေးစစ်ဆေးခြင်း (Medical Check-ups)
• အရိုး၊ အကြောနှင့် ခါးဆစ်ရိုး (Ortho & Spine)
• နှလုံးရောဂါ (Heart)
• အသည်းနှင့် သည်းခြေ (Liver)
• အစာအိမ်နှင့် အူလမ်းကြောင်း (GI Tract)
• အမျိုးသမီး ကျန်းမာရေးနှင့် ရင်သားဆိုင်ရာ (Women's Health)
💰 ဝန်ဆောင်ခ ထပ်ပေးရမှာလား?
လုံးဝ (လုံးဝ) ပေးစရာမလိုပါ။ ကျွန်ုပ်တို့ DC MEDICAL SERVICE ၏ ချိတ်ဆက်စီစဉ်ပေးမှုအတွက် အေဂျင်စီ ဝန်ဆောင်ခ (Free of Charge) ဖြစ်ပါတယ်။ လူနာရှင်များအနေဖြင့် ဆေးရုံကျသင့်ငွေများကို ဆေးရုံ Counter များတွင်သာ တိုက်ရိုက်ပေးသွင်းရမည်ဖြစ်လို့ ကုန်ကျစရိတ်အတွက် ၁၀၀ ရာခိုင်နှုန်း ပွင့်လင်းမြင်သာမှု ရှိပါတယ်။
(မှတ်ချက် - ဟိုတယ်နှင့် လေယာဉ်စရိတ်များ မပါဝင်ပါ)
📍 မှတ်ချက် - ဘန်ကောက်မြို့
လူကြီးမိဘများရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး ဆရာဝန်ကြီးများနဲ့ ပြသပြီး စိတ်ချမ်းသာစွာ ကုသမှုခံယူနိုင်ဖို့ ယနေ့ပဲ DC MEDICAL SERVICE ထံ ဆက်သွယ် တိုင်ပင်ဆွေးနွေးလိုက်ပါ...
💬 အသေးစိတ်သိရှိလိုပါက Message Box မှတစ်ဆင့် အခုပဲ စုံစမ်းမေးမြန်းနိုင်ပါပြီ။
#ထိုင်းဆေးရုံ #ဘန်ကောက်ဆေးရုံ #နိုင်ငံခြားဆေးရုံ #ကျန်းမာရေးစောင့်ရှောက်မှု #ပြည်ပဆေးရုံ #ကျန်းမာရေး

30/04/2026

ကဆုန်လပြည့် ဗုဒ္ဓနေ့

ကမ္ဘာသူ/သားအားလုံး

စိတ်အေးချမ်းသာ၍

ကျန်းမာကြပါစေ။

DC MEDICAL SERVICE

မှဆုမွန်ကောင်းတောင်း🙏ပါသည်

17/04/2026

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှသည် ၁၃၈၇ ခုနှစ်သို့ ကူးပြောင်းသော မြန်မာနှစ်သစ်ကူးအခါသမယတွင် လူသားအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြပါစေကြောင်း DC MEDICAL SERVICE မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
နှစ်သစ်ကူးမင်္ဂလာ ဆုတောင်းလွှာ
"မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော မြန်မာနှစ်သစ်ကူးနေ့ ဖြစ်ပါစေ"
သပြေပန်းတွေ ဝေဝေဆာဆာနဲ့ ရွှေဖလားထဲက မြန်မာ့ရိုးရာ အတာပရိတ်အိုး ကိုယ်စီဆောင်လို့၊ ဘေးဘယာဝေးကွာပြီး ကောင်းကျိုးမင်္ဂလာတွေ အိမ်တိုင်းစေ့ ရောက်ရှိပါစေ။
• ကျန်းမာခြင်း: ရောဂါဘယကင်းဝေး၍ သက်ရှည်ကျန်းမာရှိစေဖို့။
• ချမ်းသာခြင်း: စီးပွားဥစ္စာ ဒီရေအလား တိုးတက်ပွားများစေဖို့။
• အေးချမ်းခြင်း: မိသားစုတိုင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံစေဖို့။
သင်နှင့်သင်၏ မိသားစုဝင်များအားလုံး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ အင်အားသစ်များဖြင့် လိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။

14/04/2026

Targeted Therapy: ကင်ဆာဆဲလ်များကို ပစ်မှတ်ထားတိုက်ဖျက်ခြင်း 🎯🔬
🎯 ခန္ဓာကိုယ်တစ်ခုလုံးကို ဒုက္ခပေးမယ့်အစား ရောဂါကိုပဲ တိုက်ရိုက်ပစ်မှတ်ထားနိုင်ရင်ရော
📖 အရင်က ကင်ဆာကုသမှုတွေဟာ ကင်ဆာဆဲလ်ရော ကျန်းမာတဲ့ဆဲလ်တွေကိုပါ ထိခိုက်စေတဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေ များပြားခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ Targeted Therapy လို့ခေါ်တဲ့ "ပစ်မှတ်ထားကုသခြင်း" နည်းပညာက ကင်ဆာကုသမှုလောကကို အသစ်တစ်ဖန် ပြောင်းလဲပေးလိုက်ပြီ ဖြစ်ပါတယ်။ 🛡️✨

Targeted Therapy က ဘယ်လိုအလုပ်လုပ်သလဲ? 🧪🤔
Targeted Therapy ကို "တိကျတဲ့ စနိုက်ပါ" တစ်လက်နဲ့ တင်စားနိုင်ပါတယ်။ 🎯 သာမန်ဆေးသွင်းကုသမှု (Chemotherapy) က ဆဲလ်အားလုံးကို ခြုံငုံတိုက်ခိုက်တာကြောင့် ဆံပင်ကျွတ်တာ၊ အော့အန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ Targeted Therapy ကတော့ ကင်ဆာဆဲလ်မှာရှိတဲ့ သီးသန့် "ပစ်မှတ် (Target)" တွေကိုပဲ ရှာဖွေပြီး -

✅ ကင်ဆာကျိတ်ဆီကို သွေးကြောတွေကနေတစ်ဆင့် အာဟာရမရောက်အောင် တားဆီးပေးပါတယ်။ 🩸🚫
✅ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ကင်ဆာဆဲလ်တွေကို မှတ်မိပြီး ဖျက်ဆီးပစ်နိုင်အောင် ကူညီပေးပါတယ်။ 🛡️💪

ဘာကြောင့် ဒီကုသမှုက ပိုကောင်းသလဲ? 🌟
၁။ ဘေးထွက်ဆိုးကျိုး နည်းပါးခြင်း: ကျန်းမာတဲ့ဆဲလ်တွေကို မထိခိုက်စေတဲ့အတွက် ဆံပင်ကျွတ်တာမျိုး နည်းပါးပြီး ကုသမှုခံယူနေစဉ်မှာ ပုံမှန်ဘဝအတိုင်း ရှင်သန်နိုင်စွမ်း ပိုရှိစေပါတယ်။ 💆‍♂️✨
၂။ တစ်ဦးချင်းစီအတွက် သီးသန့်ကုသမှု: လူကြီးမင်းတို့ရဲ့ ကင်ဆာဆဲလ်ဖွဲ့စည်းပုံနဲ့ အကိုက်ညီဆုံး ဆေးဝါးကို ရွေးချယ်ပေးတာ ဖြစ်ပါတယ်။
၃။ ပိုမိုထိရောက်ခြင်း: ကင်ဆာရဲ့ "အားနည်းချက်" ကို တိုက်ရိုက်တိုက်ခိုက်တာကြောင့် အထူးသဖြင့် အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာနဲ့ အသည်းကင်ဆာတွေမှာ ပိုမိုထိရောက်တာကို တွေ့ရပါတယ်။ 🔍🎯

ဆေးရုံကြီးမှာဆိုရင် လူကြီးမင်းတို့ရဲ့ ကင်ဆာဆဲလ်မှာ "ပစ်မှတ်" ရှိ၊ မရှိကို အဆင့်မြင့် မျိုးဗီဇစစ်ဆေးမှုတွေနဲ့ ရှာဖွေဖော်ထုတ်ပြီး အထိရောက်ဆုံး ကုသမှုအစီအစဉ်ကို ရေးဆွဲပေးနေပါတယ်။ 🏥🤝

🚀 ခေတ်မီကုသမှုနည်းပညာတွေနဲ့ ကင်ဆာကို အသိဉာဏ်ရှိရှိ တိုက်ဖျက်လိုက်ပါ။ အသေးစိတ် တိုင်ပင်ဆွေးနွေးလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်လိုက်ပါ။ ❤️🏥
❤️International hospital, where Health meet Heart ❤️
For more Information....
📲page Messenger
☎️ viber 09768994890
🏥Address Bangkok.
#ကင်ဆာကုသမှု #ပစ်မှတ်ထားကုသခြင်း #ခေတ်မီဆေးပညာ ✨🎯🩺

14/04/2026
Photos from DC Medical Service's post 04/04/2026

ဆေးစစ်ဖို့အတွက်စဉ်းစားရခက်နေလား ရွေးချယ်စရာအများကြီးမို့
ကိုယ်နဲ့ကိုက်ညီတဲ့ package ကို
စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်

ပြည်ပကိုအကြောင်းအမျိုးမျိုးနဲ့ရောက်နေတဲ့ ညီအကိုမောင်နှမများခင်ဗျာ ခရီးဝေးလွန်းလို့အိမ်မပြန်နိုင်တာကတမျိုး ခွင့်ရက်နည်းတာကတဖုံ မိဘမောင်ဘွားမိသားစုကို အလည်လိုက်ပို့ပြီးမိဘနဲ့အချစ်ဆုံးသူတွေကိုအကောင်းဆုံးလက်ဆောင်ဆေးစစ်ပေးချင်တာပဲဖြစ်ဖြစ်

2026 အတွင်းမှာ ကောင်းသောတွေ့ဆုံခြင်းအဖြစ် ဆုံဆည်း
နိုင်မယ့်အပြင် မိသားစုကို ဆေးစစ်ပေးပြီး
ကိုယ်ကျန်းမာ စိတ်ချမ်းသာအောင်ထားချင်တယ်ဆိုရင်🫶

🛫ပြည်ပရောက်နေတဲ့မိတ်ဆွေတွေ အားလုံးအတွက် ခေတ်မှီတိုး
တက်တဲ့ Bangkok မြို့ရဲ့ ဆေးရုံကြီးမှာ 🌃

♻️Medical Check - Up Promotion Program ရှိတာမို့ ဘန်ကောက်မြို့ရဲ့ အလှတရားနဲ့အတူ ဆုံစည်းခြင်းကလည်း လှပနေစေမှာပါနော်💗

ပြည်ပနိုင်ငံသို့ အခက်အခဲမရှိ
ထွက်နိုင်ဖို့အတွက် "DC Medical Service" မှ-

🔹Thai immigration ဖြတ်ဖို့အတွက်
စာရွက်စာတမ်း
အပြည့်အစုံ

🔹လုံခြုံမှုအပြည့်ရှိတဲ့ Hotel Appointment

🔹Air Ticket

🔹Hospital Appointment နဲ့

💢ငွေလဲတာကအစ အသေးစိတ် ကူညီ
ဆောင်ရွက်ပေးတာမို့ Promotion လေးလည်းယူရင်း အဆင်ပြေပြေ ဆေးစစ်နိုင်ပါပြီရှင့်✌️

🔄လေဆိပ် မှ ဟော်တယ်သို့(မိမိယူမည့်
ပက်ကေ့ချ်ပေါ်မူတည်ပြီး
အခမဲ့လား/သက်သာသောနူန်းထားဖြင့်ကြိုပို့)

🔄ဟော်တယ် မှ ဆေးရုံသို့

💙အသွားအပြန် အကြိုအပို့ လုပ်ပေးမှာမို့ Bangkok မြို့ရောက်
ရင်လည်း ရာနှုန်း‌ပြည့်အစစအရာရာ အဆင်ပြေပြီပေါ့🍀

👀နိုင်ငံအသီးသီးမှာ ကြိုးစားနေရတဲ့ သူတွေအတွက် မြန်မာနိုင်ငံတွင်းလည်း ပြန်လာဖို့ဗီဇာအ
ခက်အခဲရှိသူများ

👫မိဘ ဆွေမျိုးသား
ချင်းတွေကိုလည်း ကျန်းမာရေးအတွက် စိတ်ချရချင်တယ်ဆိုရင်

❗ဘန်ကောက်မြို့ရဲ့ Professional Doctors တွေနဲ့အတူ Medical Check - Up လုပ်ရင်း🕵️‍♀️

🙏ဘုရားဖူးအလည်အပတ်နဲ့ လိုအပ်တဲ့ပစ္စည်းတွေအတွက် စိတ်‌ပြေ
လက်ပျောက် Shopping သွားနိုင်တာမို့ 🛍️

🕛ကောင်းသောနေ့ရက်တွေကို ထာဝရပိုင်
ဆိုင်ချင်တယ်ဆိုရင်
အခုပဲ
"DC Medical Service" ကို ဆက်သွယ်လိုက်ပါနော်📲

☎️Ph No & Viber - 09768994890
FB -Page/CB
DC Medical Service

04/04/2026

🧠 ဦးနှောက်အတွက် အချိန်က အသက်ပါ။ လေဖြတ်ခြင်းရဲ့ လက္ခဏာတွေကို အချိန်မီ သိရှိနိုင်ဖို့ ဘာတွေလိုအပ်သလဲ? ⏳🆘
လေဖြတ်သွားတဲ့အခါမှာ စက္ကန့်တိုင်းက တန်ဖိုးရှိပါတယ်။ တစ်စက္ကန့်အတွင်းမှာ ဦးနှောက်ဆဲလ်သန်းပေါင်းများစွာ သေဆုံးနိုင်တာကြောင့် F.A.S.T. လို့ခေါ်တဲ့ လက္ခဏာတွေကို လူကြီးမင်းတို့ ကြိုတင်သိရှိထားဖို့ လိုအပ်ပါတယ်။ 🛡️✨

F (Face) - မျက်နှာ: 🥴 မျက်နှာတစ်ခြမ်း ရွဲကျသွားတာ ဒါမှမဟုတ် ထုံကျင်နေတာမျိုး ?
A (Arm) - လက်မောင်း: 💪 လက်မောင်းတစ်ဖက်က အားမရှိသလိုဖြစ်တာ ဒါမှမဟုတ် မမြှောက်နိုင်တာမျိုး ?
S (Speech) - စကားပြောခြင်း: 🗣️ စကားပြောရင် ဗလုံးဗထွေးဖြစ်တာ၊ ပြောရခက်ခဲတာမျိုး ဖြစ်နေပါသလား?
T (Time) - အချိန်: 📞 အထက်ပါလက္ခဏာတစ်ခုခုရှိရင် အချိန်မဆွဲဘဲ ဆေးရုံကို အမြန်ဆုံး လာရောက်ဖို့ လိုအပ်ပါတယ်။
လေဖြတ်ခြင်းဟာ ရုတ်တရက်ဖြစ်ပွားတတ်ပေမဲ့ ရှေ့ပြေးလက္ခဏာတွေနဲ့ အသံတိတ်အန္တရာယ်တွေကိုတော့ ကြိုတင်စစ်ဆေးနိုင်ပါတယ်။ 🔍🧠

အန္တရာယ်မဖြစ်ခင် ကြိုတင်ကာကွယ်ပါ။ လူကြီးမင်းတို့ရဲ့ ဦးနှောက်ကျန်းမာရေးအတွက် ယနေ့ပဲ တိုင်ပင်ဆွေးနွေးလိုက်ပါ။ ❤️🚀

❤️International hospital, where Health meet Heart ❤️
For more Information....
📲page Messenger
📞viber 09768994890

🏥
#လေဖြတ်ခြင်း #ဦးနှောက်နှင့်အာရုံကြော #ဘန်ကောက်ဆေးကု #ကျန်းမာရေးစစ်ဆေးခြင်း 🧠✨🏥🇲🇲

26/02/2026

ကင်ဆာရောဂါဟာ
lifestyleကြောင့်90%ဖြစ်ပြီး
မျိူးဗီဇကြောင့်10%
⚡⚡⚡
ဒီနေ့ ကင်ဆာဆိုင်ရာ ဟောပြောဆွေးနွေးပွဲတစ်ခုမှာ ကင်ဆာအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာမီနူဝယ်လီယာက အရေးကြီးတဲ့အချက်တစ်ခုကို ပြောကြားခဲ့ပါတယ်။ ကင်ဆာဖြစ်ပွားရခြင်းရဲ့ ၉၀% က ကျွန်တော်တို့ရဲ့ မှားယွင်းနေတဲ့ နေထိုင်မှုပုံစံ (Lifestyle) ကြောင့်ဖြစ်ပြီး ၁၀% သာ မျိုးရိုးဗီဇကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲပြီး ကင်ဆာကို ကာကွယ်ဖို့ အရေးကြီးပါတယ်။

ကင်ဆာ (၈) မျိုးကို ကာကွယ်ပေးနိုင်သော အစားအစာများ
ကင်ဆာဖြစ်စေမယ့် အရာတွေကို ကာကွယ်ပေးနိုင်တဲ့ အစားအစာ (၈) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအစားအစာ (၈) မျိုးကို စားသုံးရင် ဒီကင်ဆာတွေ ပျောက်ကင်းတယ်လို့ မဆိုလိုပါဘူး။ ကင်ဆာဖြစ်စေမယ့် အရာတွေကို ကာကွယ်ပေးနိုင်တယ်ဆိုတာကို မျှဝေအသိပေးခြင်း ဖြစ်ပါတယ်။
ထိုင်ဝမ်မြန်မာစာရေးဆရာမ Jin Li Chao ရေးသားထားတဲ့ "ကင်ဆာမနှစ်သက်သောအစားအစာများ" ကို မိတ်ဆွေတို့အတွက်၊ လူသားအားလုံးအတွက် ပြန်လည်မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။
၁။ အစာအိမ်ကင်ဆာကို ကာကွယ်ပေးနိုင်တာက ကြက်သွန်ဖြူ ဖြစ်ပါတယ်။
၂။ ရင်သားကင်ဆာဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တာက ပင်လယ်ရေမှော် ဖြစ်ပါတယ်။
၃။ အသည်းကင်ဆာကို ကာကွယ်ပေးနိုင်တာက မှို ဖြစ်ပါတယ်။
၄။ ပန်ကရိယကင်ဆာကို ကာကွယ်ပေးနိုင်တာက ပန်းဂေါ်ဖီစိမ်း ဖြစ်ပါတယ်။
၅။ အူကင်ဆာတို့ကို ကာကွယ်ပေးနိုင်တာက ရေမျှစ် (သို့) ရေပြောင်းဖူး ဖြစ်ပါတယ်။
၆။ အရေပြားကင်ဆာကို ကာကွယ်ပေးနိုင်တာက ကညွတ်ဖူး ဖြစ်ပါတယ်။
၇။ သားအိမ်ကင်ဆာကို ကာကွယ်ပေးနိုင်တာက ပဲပိစပ် ဖြစ်ပါတယ်။
၈။ အဆုတ်ကင်ဆာကို ကာကွယ်ပေးနိုင်တာက ဟင်းနုနယ်ရွက် ဖြစ်ပါတယ်။
လူသားအားလုံး ရောဂါဘယကင်းဝေးပြီး ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။


#ပြန်လည်မျှဝေပေးပါသည်

12/02/2026

❤️ သတိထားကာကွယ်ရမဲ့ နှလုံးသွေးကြောကျဉ်းရောဂါ

ပြောင်းလဲလာတဲ့ နေထိုင်စားသောက်မှုပုံစံတွေနဲ့ နေ့စဥ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုများကြောင့် နှလုံးနဲ့ သွေးကြောရောဂါ တွေဟာအသက်အရွယ်မရွေးဖြစ်ပွားလာတာကိုတွေ့ရှိနေရပါတယ်။ နောက်ဆက်တွဲအနေနဲ့ နှလုံးနဲ့အထွေထွေကျန်းမာရေးကိုပါ ဆိုးရွားစွာထိခိုက်လာနိုင်ပါတယ်။

⚠️ သတိပြုရမည့် လက္ခဏာများကတော့
၁။ ရင်ဘတ်ဘယ်ဘက်အပိုင်း ထဲက တင်းကျပ်စူးအောင့်လာတာမျိုး၊ အဲ့ဒီနာကျင်မှုက ဘယ်ဘက်လက်မောင်းကိုပျံ့နှံ့သွားတာမျိုး
၂။ အလွယ်တကူမောပန်း ပင်ပန်းတတ်လာခြင်း
၃။ အနည်းငယ်လှုပ်ရှားလိုက်ရုံနဲ့ မူးဝေပြီး တစ်ခါတစ်လေ သတိလစ်သွားတာမျိုး အထိပါဖြစ်လာတာမျိုးတွေရှိလာပြီဆိုရင်တော့ နှလုံးအထူးကုဆရာဝန်များနှင့် တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

ဆေးရုံမှာဆိုရင် နှလုံးကျန်းမာရေးအတွက် ပြီးပြည့်စုံသောဝန်ဆောင်မှုများဖြစ်သည့်
💖နှလုံးနှင့်သွေးကြောဆိုင်ရာ ကျန်းမာရေး စစ်ဆေးမှုများ
💖အထူးကုဆရာဝန်ကြီးများနှင့် ပြင်ပလူနာပြသခြင်း
💖CAG နည်းပညာဖြင့် နှလုံးသွေးကြောစမ်းသပ်စစ်ဆေးခြင်း နှင့်
💖Balloon Angioplasty (PCI)နှလုံးသွေးကြောချဲ့ကုသခြင်း
💖Pacemaker နှလုံးနှိုးဆွစက် တပ်ဆင်ခြင်း
💖CABG နှလုံးသွေးကြောကို အစားထိုးကုသခြင်း
💖နှလုံးအဆို့ရှင် ခွဲစိတ်ကုသခြင်း
💖နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများ ခွဲစိတ်ကုသခြင်း မျာကို သက်ဆိုင်ရာရောဂါများကို ကျွမ်းကျင်နှလုံးအထူးကုဆရာဝန်ကြီးမျာနှင့် ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းများမှ ခေတ်မှီနည်းပညာများဖြင့် လူနာများကိုဝန်ဆောင်မှုပေးနပြီဖြစ်ပါတယ်။​

🏥ဆေးရုံဝန်ဆောင်မှုများနှင့် အခြားအချက်အလက်များအတွက် မည်သည့်အချိန်မဆို ဆက်သွယ်မေးမြန်းနိုင်ပါပြီ။

❤️where Health meet Heart ❤️
For more Information....
📲page Messenger
☎️viber09768994890
Bangkok.

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon