Better Life Property - Sharing

Better Life Property - Sharing

Share

ရီသောသူ အသက်ရှည်၏

01/01/2025

🎊2025 နှစ်သစ်အစ ဘဝတူတွေများရှိလား 😜

14/12/2024

🤩အထင် နှင့် အမြင်

12/12/2024

♻️တညင်းသီးလား၊ အဆိပ်သီးလား

ကောင်းကျိုးမပေး ဆိုးကျိုးသက်သက်ကိုသာ ပေးသော အသီး၊ လူတော်တော်များများ (အထူးသဖြင့်) အမျိုးသမီးထု များ ကြိုက်သောအသီးကို ပြပါဆိုလျှင် တညင်းသီးကို ပြရပေ လိမ့်မည်။ မိမိတို့ မြန်မာနိုင်ငံ၌ မိုးရာသီကျရောက်ပြီဆိုလျှင် တညင်း သီးများကို စတင်တွေ့ မြင်ရပေပြီ။ တညင်းသီးအနုကလေးများ ကို လက်ဖက်သုပ်ထဲ၌ အစိမ်းအတိုင်းထည့်ကာ မြိန်ရည်ရှက် ရေ စားသောက်တတ်ကြသည်။ အချို့ကလည်း ယမန်နှစ်က တည်းက ဝယ်ယူထားသော တညင်းသီးများအား တညင်းဝက် ဖောက်၍သော်လည်းကောင်း၊ ဆားရည်စိမ်၍သော်လည်းကောင်း ထမင်းစားသောအခါ တို့မြှုပ်စားသောက်တတ်ကြသည်။

အချို့က တညင်းဝက်များ လှိုင်လှိုင်ပေါပြီဆိုလျှင် ဆီဖြင့် ကြော်၍သော်လည်းကောင်း၊ မီးအုံး၍သော်လည်းကောင်း၊ မီးအုံ ဓားပြားရိုက်ပြီး အုန်းနို့ဆမ်း၍သော်လည်းကောင်း၊ အသား ဟင်းလျာထဲ ထည့်ချက်၍သော်လည်းကောင်း နှစ်ခြိုက်စွာ စား သုံးတတ်ကြသည်။ ဤ၌ တညင်းသီးကို နှစ်လိုမက်မောစွာ စားသောက်တတ်သူများရှိကြသကဲ့သို့ အနံ့မခံနိုင်သဖြင့် ရှောင် ကြဉ်ကြသူတွေလည်း တစ်ပုံတစ်ပင်ရှိပါသည်။

တညင်းသီး ကြိုက်သူများကို လေ့လာကြည့်လျှင် အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ပိုမို သာလွန်လိမ့်မည်ထင်ပါသည်။ သားဖွား ဆေးရုံ၌ သူနာပြုဆရာမများသည် ကိုယ်ဝန်ဆောင်များအား တညင်းသီးမစားရန် တားမြစ်လေ့ရှိကြသည်။ အကြောင်းမူ တညင်းသီးစားထားသူ စွန့်ထုတ်သည့် ဆီး (ဝါ) ကျင်ငယ်ရည် သည် လွန်စွာမှ အနံ့စူးရှသောကြောင့် ဖြစ်၏။

မိုးဦးကျကာလ၌ မြိုင်မြိုင်ပေါ်လာတတ်သော တညင်းသီး ကို အိမ်ရှင်မအများစုမှာ မက်မက်စက်စက် ရှိကြပါသည်။ ၎င်း တို့ ဈေးသွားပြီး ပြန်လာပြီဆိုလျှင် ၎င်းတို့၏ ဈေးခြင်းတောင်း အတွင်း၌ တညင်းသီးတို့စရာ ပါလာတတ်ကြစမြဲဖြစ်သည်။ တညင်းသီးရင့်အား ပြုတ်၍ဖြစ်စေ၊ မီးအုံး၍ဖြစ်စေ၊ ဆားရည် စိမ်၍ဖြစ်စေ၊ ဝက်နံရိုး၊ ဝက်သားတို့နှင့် ရောချက်၍ဖြစ်စေ စားသောက်ပါက စေးလျှင်စေးသလို လွန်စွာမှ စားကောင်းလှ ပါသည်။ တညင်းသီးကို မနှစ်သက်သူများက “အတော်လေးကို အနံ့ကလည်း ပြင်းလိုက်တာ” ဟု နှာခေါင်းရှုံကောင်း မည်မှန်သော်လည်း တညင်းသီးမှတညင်းသီး ဖြစ်နေသူများ အတွက်ကမူ “နတ်သုဒ္ဓါတမျှ" ဟု မှတ်ချက်ပြုမှာ သေချာပါသည်။

ဤ၌ ဆေးပညာကျွမ်းကျင်သူများက- “တညင်းသီးဆိုတာ အနံ့ပြင်းသလောက် အဆိပ် လည်း ပြင်းတဲ့အသီးဗျ။ လူရဲ့ ကျန်းမာရေးကို ဘယ်လိုမှ အထောက်အကူမပြုဘူး။’မျှစ်လည်း တညင်းသီးလိုပါပဲ" ဟု ဆိုကြသည်။ အမှန်တကယ်လည်း တညင်းသီးသည် ကျန်းမာရေးကို အထောက်အကူမပြုရုံမက ဘေးအန္တရာယ်ကို ပေးစွမ်းသည့် အဆိပ်သီးဖြစ်ချေ၏။

ကျွန်တော်နေထိုင်ခဲ့ဖူးသော ကျေးရွာ `ကလေးတစ်ရွာမှ ကျေးရွာသူကြီးတစ်ဦးဆိုလျှင် တညင်းသီး ကြိုက်ပုံမှာ လက်ဖျားခါလောက်ပါပေသည်။ ထမင်းစားသော အခါတွင်မှ တို့မြှုပ်စားသောက်သည်မဟုတ်။ အလုံး လေး၊ ငါးဆယ်လောက်ကို ရေနှင့်ပြုတ်ကာ ဆီ၊ ဆားတို့ဖြင့် တို့လျက် အသားလွတ် သားရည်စာသဖွယ် စားသောက်တတ်ပါသည်။ အခန့်မသင့်လေတော့ တစ်နေ့ ထိုသို့စားသောက်ပြီး ဆီး လုံးဝ သွား၍မရတော့။ တအီးအီး၊ တအင်းအင်း ညည်းတွားနေရလေ ရာ ဆေးရုံသို့ အချိန်မီပို့ဆောင်နိုင်၍သာ အသက်နှင့်ခန္ဓာ အိုး စားကွဲမသွားခဲ့ခြင်းဖြစ်၏။ ဆေးရုံသို့ အချိန်မီမရောက်ပါက ကျေးရွာသုသာန်မြေ၌ ယခုဆိုလျှင် အရိုးဆွေးနေလောက်ပေပြီ။

ဤ၌ တညင်းသီးကို `အဆိပ်သီးဟု ပြောဆိုရခြင်း မှာအကြောင်းမဲ့မဟုတ်ပါ ဆေးပညာရှင်တို့၏ အဆိုအရ လူကိုအကျိုးပြုသည့် ဗီတာမင်ဓာတ် လုံးဝမပါကြောင်း Djenkolic acid ခေါ် အဆိပ် (၀.၃) ရာခိုင်နှုန်းမှ (၁.၃) ရာခိုင်နှုန်းထိ ပါဝင်နေကြောင်း သိရှိရပါသည်။ တညင်းသီးကို ပြုတ်၍ဖြစ် စေ၊ ဖုတ်၍ဖြစ်စေ၊ ချက်၍ဖြစ်စေ၊ ဆားရည်စိမ်၍ဖြစ်စေ စား သောက်မိပါက တညင်းသီး၌ ပါဝင်သောအဆိပ်တို့သည် သွေး ထဲသို့ ပျော်ဝင်သွားကာ ထိုမှတစ်ဆင့် အသည်းသို့ ရောက်သွား ပေလိမ့်မည်။

အသည်းသည် အဆိပ်ဓာတ်ကို ပျက်ပြယ်အောင် ချေဖျက်နိုင်စွမ်းရှိသည်ဆိုပါသော်ငြား တညင်းသီးအဆိပ်ကိုမူ ခြွင်းချက်အဖြစ် ပျက်ပြယ်အောင် လုပ်နိုင်စွမ်းမရှိဟု မှတ်သား ရပေသည်။ တညင်းသီးအဆိပ်သည် အသည်းမှတစ်ဆင့် ကျောက်ကပ် သို့ ရောက်ရှိသွားသောအခါ တညင်းသီးအဆိပ် မော်လီကျူး များ၏ တည်ဆောက်ပုံအနေအထားကြောင့် ဆီးပြွန်ငယ်ကလေး များ ပိတ်ဆို့သွားကြသည်။ ထို့နောက် အပ်ချောင်းပုံမော်လီကျူး များ၏ ထိုးနှက်မှုကြောင့် သွေးကြောကလေးများ ပေါက်သွား တတ်ကြသည်။

ထိုအခါ ဆီးသွားခြင်း နည်းပါးလာပြီး ဆီးသွား သည့်အခါ သွေးစ၊ သွေးနများ ပါလာတတ်ကြသည်။ အဆိပ် အင်အား ပြင်းထန်လျှင် ပြင်းထန်သလို ဆီးလမ်းကြောင်းများ ပိတ်သွားပြီး ဆီးလုံးဝမထွက်တော့။ ဆီးသွားချင်ပါလျက်နှင့် လုံးဝသွား၍မရတော့။ ထိုအခြေအနေမျိုး၌ နားလည်တတ်ကျွမ်း သော ဆေးပညာရှင်များအား ပြသကာ ကုသမှုခံယူရမည်။

ဆေးရုံ၊ ဆေးခန်းသို့ အချိန်မီသွားရောက်ကာ ကို ကုသမှု ခံယူရပေမည်။ ပုထုဇဉ်လူသားမှန်သမျှ ရသတဏှာကို မက်မောကြသူ များ ဖြစ်ပါသည်။ သို့ဖြစ်၍ တညင်းသီးအရသာ ကြိုက်နှစ် သက်သည့်အပေါ် မကြိုက်နှစ်သက်ပါနှင့်ဟူ၍ တားဆီးပိတ်ပင် ဖို့ရာလည်း မဖြစ်စကောင်းပါပေ။ သည့်အတွက် တညင်းသီးကို မှ စွဲလမ်းတပ်မက်နေသူတို့အတွက် သက်သာရာ . သက်သာ ကြောင်းအဖြစ် အကြံပေးဆန္ဒပြုလိုပါသည်။

(၁) တညင်းသီးကို တတ်နိုင်လျှင် မီးအုံး၍သော်လည်း ကောင်း၊ မီးဖုတ်၍သော်လည်းကောင်း စားသုံးခြင်း ကို ရှောင်ရှားပါ။

(၂) တညင်းသီး၏ အဆိပ်ဓာတ်များသည် ခန္ဓာကိုယ် `အတွင်းသို့ ရောက်ရှိသွားနိုင်သည့်အတွက် ပြုတ် ၍ စားသောက်ပါ။ တညင်းသီးကို ပြုတ်သည့် အခါတွင်လည်း ရေများများနှင့် အနည်းဆုံး သုံး ကြိမ်မှ ငါးကြိမ်အထိ ပြုတ်ပေးသင့်ပါသည်။ တစ် ခါ ပြုတ်ပြီးလေတိုင်း ပြုတ်ပြီးသည့်အရည်ကို သွန် ပစ်ပါ။ ရေထပ်ထည့်ပြီး တစ်ခါထပ်ပြုတ်ပါ။

(၃) တညင်းသီးကို ဆားရည်ထဲ. " ကြာကြာစိမ်ပါ။ တညင်းသီး၏အဆိပ်သည် ရေ၌ ပျော်ဝင်မှုနည်း ပါးသော်လည်း ဆားရည်ထဲတွင်မူ ပျော်ဝင်နိုင်ပေသည်။

သို့ဖြစ်၍ တညင်းသီးကို စားသုံးသူနှင့် မစားသုံးသူမှာ သိသာလှပါတယ် တညင်းသီးစားသောသူသည် အာခံတွင်း ဟလိုက်သည့်အခါ လွန်စွာ နံလှ၏။ ဆီးသွားသည့် အခါတွင်လည်း ဆီးသည် လွန်စွာမှ နံဟောင်ဆိုးရွားလှ၏။ တညင်းသီးအဆိပ်သည် ဆီးထဲ၌ အနည်ထိုင်တတ်သည့်အတွက် များစွာ စားသောက်သူတို့အဖို့ ဆီးကျောက်တည်ခြင်းရောဂါ ဖြစ်ပွားတတ်ပေ၏။ တညင်းသီးနှင့် မတည့်သော အရာများမှာ ရှိန်းခို၊ ထန်း လျက်၊ နလင်ကျော်နှင့် မှိုတို့ ဖြစ်ကြ၏။ တွဲဖက်စားသောက် မိပါက အသက်ဘေးကို ထိခိုက်တတ်ပါသည်။

တညင်းသီးစားမိ၍ အနံ့အသက်များ ထွက်နေမှုအပေါ် ပျက်ပြယ်လိုပါက သကြားအား လက်ဖက်ဇွန်းတစ်ဇွန်းခန့် ဝါး စားပေးခြင်းဖြင့် အနံ့ဆိုးများ ပျောက်ကင်းသွားပါလိမ့်မည်။ မည်သို့ဆိုစေ အစားအသောက်များစွာရှိသည့်အနက် သုံးသူအပေါ် အာဟာရမဖြစ်ရုံမက အဆိပ်အတောက်ဖြစ်စေ သည့် တညင်းသီးအား ရှောင်ရှားနိုင်စွမ်းရှိက ရှောင်ရှားကြစေ လိုကြောင်း သတိပေးတိုက်တွန်းလိုက်ရပါတယ်။

Credit
#ဗဟုသုတ

07/12/2024
13/11/2024

😜သစ္စာရှိချက် 9+

13/10/2024

🔺Professional တူအချင်းချင်းမို့
သတိပေးတာ သားကြီး

13/10/2024

"ပေါများ"

စစ်တောင်းမြစ်ဘေး
အောင်သုခရွာဆိုတဲ့
ရေဘေးသင့် ရွာလေးက
ရွာသူ ရွာသားတွေကို
အသက်ဘေးက ဘေးလွတ်ရာ
မြစ်ကိုဖြတ် သူ့လှေလေး နဲ့
ကယ်တင်ခဲ့တဲ့ ကလေးသူရဲကောင်း
"မောင်ပေါများ"လေးအတွက်
တမလန်းသားနဲ့ ပန်းပုရုပ်ပုံလေး
ဂုဏ်ပြု ထုဆစ် ပုံဖော်ထားပါတယ်

မောင်သစ်ညို လယ်ဝေးမြို့

10/08/2024

သမီး အလိမ်မာလေးပါ 😊

09/08/2024

💵💴

29/07/2024

အဲ့ အပင်ကို သိရင် ဆရာကြီးပဲ 🧐

25/07/2024

နေရာလေးတော့ ပေးမှပေါ့ 😀

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

Yangon