RIN - Beauty Blog
Let's share beauty together!
08/02/2025
☀️Derma Factory- Sunscreen review
ဆောင်းတွင်းရော နွေရာသီပါ နှစ်မျိုးလုံးအတွက်
သုံးလို့ရတဲ့ moisture ကောင်းကောင်းပေးနိုင်တဲ့
derma factory ရဲ့ sunscreen လေး အကြောင်း
Review လေးရေးပေးလိုက်ပါတယ်။
Derma Factory Fresh Aqua Sun Cream
လေးက အသားအရေကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးရုံသာမက အရေပြားကိုပါ
ရေဓာတ်ဖြည့်ပေးပြီး စိုပြေမှုကို ပေးစွမ်းနိုင်တယ်။
▪️သူရဲ့ texture လေးက ပေါ့ပေါ့ပါးပါး နဲ့ စိုစိုကျဲကျဲလေးဖြစ်ပြီး chemical sunscreen ဖြစ်လို့
ခဏလေးနဲ့ အရေပြားထဲ စိမ့်ဝင်စေပြီး White cast လည်း မကျန်ပါဘူး။လိမ်းပြီးတာနဲ့
မျက်နှာလေးကို စိုစိုကြည်ကြည်လေးဖြစ်စေတယ်။
▪️Fragrance freeတော့ မဟုတ်ပဲ အနံ့လေးမဆိုသလောက်ပါပါတယ်။
▪️SPF 50+ နဲ့ PA++++ ပါဝင်တာကြောင့်
UVB နဲ့ UVA ရောင်ခြည်တွေကြောင့် အသားအရေပျက်စီးမှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် နေပူပြင်းတဲ့နေ့တွေမှာတောင် စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။ပြန်ပြီး reapply လုပ်ပေးဖို့တော့ လိုတာပေါ့နော်။
▪️oil free formula ကြောင့် အဆီပြန်တတ်သူတွေအတွက်ပါ အသုံးပြုလို့ရပါတယ်။အသားအရေကို ချောမွေ့စေပြီး အစိုဓာတ်ပါဖြည့်ပေးတာကြောင့် dry skin တွေ အတွက်ဆိုလည်း အဆင်ပြေတယ်။
▫️All skin type နဲ့သင့်တော်ပြီး
အထူးသဖြင့် dry , normal skin ,oilly skin သမားတွေပိုအဆင်ပြေတယ်။sensitive skin တွေ အနေနဲ့တော့ သေချာ test ကြည့်ပြီးသုံးနိုင်ပါတယ်။
Price အနေနဲ့လည်း affordable ဖြစ်တယ်။
Rin ကတော့ Derma Factory Myanmar page ကနေ PR gift လေးရထားတာပါရှင့်။
တကယ်သဘောကျလို့ ၂လလောက်သုံးကြည့်ပြီးမှ review လေးရေးဖြစ်သွားတာ။
ကိုယ့်ရဲ့မျက်နှာလေးကို နေလောင်ဒဏ်တွေကနေကာကွယ်ဖို့ နေ့စဉ် sunscreen သုံးပြီးဂရုစိုက်ပေးဖို့ မမေ့ပါနဲ့နော်။ 💖
21/12/2024
❄️နှုတ်ခမ်းတွေ ခြောက်နေကြပြီလား
Rin ကတော့ ဒီဆောင်းတွင်းမှာ အပြောင်းအလဲအနေနဲ့ DHC lip cream လေး ပြောင်းသုံးဖြစ်တယ်။
Vaseline ပဲအမြဲသုံးဖြစ်နေတာ ရိုးလာလို့ရော၊
Tiktok မှာလည်း viral ဖြစ်ပြီး အရမ်းညွှန်းကြလို့
DHC lip balm ကို ဝယ်သုံးဖြစ်သွားတယ်။
သူက ပုံမှန်တွေ့နေကြ lip balm တွေနဲ့ကွာသွားတာက sensitive ဖြစ်တတ်တဲ့ နှုတ်ခမ်းလေးတွေပါသုံးလို့ရအောင် ingredients တွေကအစ သေချာ botanical extracts တွေနဲ့ထုတ်ပေးထားတယ်။
Color , fragrance, paraban , ဓာတ်မတည့်မှုဖြစ်စေတဲ့ ingredients တွေမပါဝင်ဘူး။
Vitamin E ,olive oil , lanolin oil အဓိက ပါဝင်လို့
နှုတ်ခမ်းခြောက်တာ ၊ကွဲတာတွေကို တော်တော်လေး သက်သာစေပြီး တနေ့လုံး နှုတ်ခမ်းသားကို အစိုဓာတ်ပေးနိုင်တယ်။
နှုတ်ခမ်းနီတောင့်က bee wax အတောင့်ဖြစ်တာကြောင့် အနံ့မပါပေမယ့် ဖယောင်းနံ့လိုမျိုးတော့ နည်းနည်းရတယ်။
Rinကတော့ ညတိုင်းဆိုးပြီးအိပ်တယ်။သူကနှုတ်ခမ်းသား ညိုတာတွေပါ သက်သာတယ်။
နှုတ်ခမ်းနီ ဆိုးရင်လည်း နှုတ်ခမ်းမခြောက်အောင် primer အနေနဲ့ အောက်ခံဆိုးပေးလို့ရသလို အပေါ်ကနေလည်း gloss look ရအောင်ထပ်ဆိုးလည်း ရတယ်။
Lip balm ကောင်းကောင်းလေးပြောင်းသုံးကြည့်ချင်ရင် ဒါလေးကလည်း တော်တော်သုံးလို့ကောင်းတဲ့အထဲပါလို့ recommend ပေးလိုက်ပါတယ်။
08/12/2024
🌱ဆံပင်အဆီအရမ်းပြန်တတ်သူတွေအတွက်
ဒီရက်ပိုင်း ခေါင်းထိပ်က အရမ်းအဆီပြန်နေလို့
derma factory ရဲ့ deep clean fresh scalp scaler serum လေးသုံးကြည့်ဖြစ်တယ်။
သူက ဦးရေပြားအဆီပြန်တတ်တဲ့သူတွေအတွက်အဓိက ထုတ်ထားတာပါ။
အဆီပြန်တာကို control လုပ်ပေးပြီး ဦးရေပြားကိုပါအားဖြည့်ပေးတဲ့ serum မျိုးပါ။
အဆီပြန်တာ သိသိသာသာလျော့ကျသွားစေတယ်။
ခေါင်းလျော်ပြီးရင် ဆံပင်လေးက ပြားကပ်မနေတော့ပဲ အုံထူထူလေးဖြစ်နေစေတယ်။
ပုံမှန်ဆို နောက်ရက်ခေါင်းထိပ်ကအဆီစပြန်ပြီ။Serum လေးသုံးထားတော့ ခေါင်းလျော်ပြီး၃ရက်မြောက်လောက်အထိ အဆီသိပ်မပြန်တော့တာ သတိထားမိတယ်။
ဆံသားလေးတွေကို သူ့ weight လေးနဲ့သူ ထူထူအိအိလေးဖြစ်နေစေတယ်။
▪️ဒီ serum လေးမှာ green tea water
အဓိကပါဝင်လို့ဦးရေပြားပေါ်က
အဆီတွေ ၊ဖုန်တွေ ၊အညစ်အကြေးတွေကို
deep cleaning လုပ်ပေးပြီး အဆီပြန်တာကိုလျော့ချပေးတယ်။
ဒါ့အပြင် coconut oil လည်း ပါဝင်ပြီး ဆံသားတမျှင်ချင်းစီကို အားဖြည့်ပေးပြီး ဦးရေပြားကို ပါ သွေးလည်ပတ်မှုကောင်းစေတယ်။
▪️အသုံးပြုနည်းကတော့
ဆံပင်ကို ရေအရင်စိုအောင်စွတ်ပြီး
သူ့ရဲ့ဘူးထိပ်လေးက အချွန်လေးနဲ့ ဦးရေပြားဆံပင်ခွဲကြောင်းတစ်လျောက် ညစ်ချပေးရုံပဲ။
ပြီးရင် ၂-၃မိနစ်လောက်ထားပြီး
ရေဆေးချပြီးရင် ပုံမှန်လို shampoo, treatment တွေနဲ့ ခေါင်းဆက်လျော်ရုံပဲ။
ဦးရေပြားပေါ်တင်တင်ချင်း menthol ပါလို့ အေးအေးလေးဖြစ်သွားတာ ခံစားမိတယ်။
Rin ကတော့ ၂မိနစ်လောက်ထားပြီး ရေဆေးချပါတယ်။
သူက တစ်ပတ်ကို ၂ရက်လောက်သုံးပေးလို့ရတယ်။
Rin လိုမျိုး အဆီအရမ်းထွက်တတ်တဲ့ ဦးရေပြားပိုင်ရှင်တွေအတွက် တော်တော်လေး အဆီပြန်တာသက်သာစေတယ်။
သူ့ရဲ့ official page ဖြစ်တဲ့ Derma Factory Myanmar မှာလို့ရပါတယ်
24/11/2024
🔹Cutapro -Gentle Skin cleanser review🔺
Cutapro product လေးတွေခေတ်စားနေတော့
Rin လည်း သူ့ရဲ့ gentle cleanser လေး
ဝယ်သုံးဖြစ်ပါတယ်။
Rin ကတော့ မျက်နှာထက် bodyမှာ သုံးဖြစ်တာပါ။
ဒီရက်ပိုင်း allergy ခဏခဏဖြစ်ပြီး
ပုံမှန် shower gel တွေသုံးလို့မရဖြစ်နေလို့
cutapro နဲ့ပြောင်းသုံးကြည့်မှ အဆင်ပြေသွားလို့ တော်တော်သဘောကျနေတာ။
▪️Soap free formula ဖြစ်တာကြောင့်
အမြှုပ်မထွက်ပါဘူး။body ရော face ရော သုံးလို့ရတယ်။
သူက deep cleansing လုပ်ပေးတာမျိုးမဟုတ်တော့
ပုံမှန် cleanser တွေ/ shower gel တွေနဲ့ ယှဉ်ရင်တော့ သိပ်မပြောင်သလို အားမရသလိုမျိုးတော့ ဖြစ်စေတယ်ပေါ့။
ဒါပေမယ့် sensitive အရမ်းဖြစ်တဲ့ အရေပြားတွေ
အတွက်တော့တော်တော်လေး mild ဖြစ်လို့ စိတ်ချလက်ချသုံးလို့ရတယ်။
▪️မျက်နှာမှာသုံးရင်တော့ မနက်ပိုင်းတွေသုံးတာ
အဆင်ပြေဆုံးပါ။
Skin type အကုန်လုံးနဲ့အဆင်ပြေပါတယ်။
မတည့်တာမျိုးလည်း ရှိနိုင်တာမို့လို့ ဘယ် product မဆို patch test လုပ်ပြီးမှ စမ်းသုံးဖို့ အကြံပြုချင်ပါတယ်။
ဘူးအသေးရော အကြီးရော လာတာမို့လို့ ခုမှ စပြီးစမ်းသုံးမယ်ဆိုရင်တော့ အသေးက အရင်စ သုံးတာကောင်းတယ်။စျေးလည်း တော်တော်သက်သာတာမို့လို့ စမ်းသုံးကြည့်သင့်
တဲ့အထဲ ဒါလေးလည်း ပါပါတယ်။
16/10/2024
အရင်အပတ်က
JM solution set လေးရဲ့ winner လေးပါ💖
Give away လေးယူဖို့
Rin ရဲ့ page cb လေးမှာ လိပ်စာလေး လာပေး ပေးပါနော်
07/10/2024
JM solution Cica Set (📣Give away included)
JM solution brand ကိုတော့ တော်တော်များများသိပြီးကြမှာပါ။
ဒီနေ့မှာတော့ JM solution ရဲ့ Cica set လေးအကြောင်းကို review လေးရေးပေးလိုက်ပါတယ်။
တစ် set လုံးလည်း give away ပေးအုံးမှာနော်❤️
ဒီ set လေးမှာတော့ toner , emulsion, cleanser (3)မျိုးပါဝင်ပြီး အကုန်လုံး full size တွေပါ။
centella ( cica ) ဆိုတာ အရေပြားယောင်ယမ်းတာတွေကို healing နဲ့ calming လုပ်ပေးပြီး skin barrier ကိုပါ ကောင်းမွန်စေတာကြောင့် ဝက်ခြံသမားတွေနဲ့ sensitive skin တွေအတွက် အထူးကောင်းမွန်တဲ့ skincare ingredient လို့တောင်ပြောလို့ရတယ်။ဒီ တစ်set လုံးမှာတော့ Cica က အဓိကပါဝင်ပါတယ်။
🫧Natural Soothing Cica Cleanser လေးက မျက်နှာပေါ်က အညစ်အကြေးတွေကို သေချာ
သန့်စင်ပေးပြီး အရေပြားကို ခြောက်စေတာ ၊ကြမ်းစေတာမျိုး မဖြစ်စေဘူး။
Cica extracts ကြောင့် ယောင်ယမ်းတာတွေကိုပါသက်သာစေပါတယ်။
🫧Natural Soothing Cica Toner
သူရဲ့ texture လေးက ရေလို ကြည်ကြည်အေးအေးလေးကိုမှ နည်းနည်းစေးစေးလေးပါ။
မျက်နှာပေါ်တင်တင်ခြင်းကို fresh ဖြစ်တဲ့ feeling မျိုးကို ရစေတယ်။ပေါ့ပါးပြီး အရေပြားကို ချောမွေ့လာစေပြီး ရေဓာတ်ပါဖြည့်ပေးစေပါတယ်။
Alcohol မပါဝင်သောကြောင့် Sensitive အသားအရေများအတွက်ပါ သင့်တော်ပါတယ်။
🫧Natural Soothing Cica Emulsion
နောက်ဆုံးအဆင့်မှာတော့ Moisturizing ဖြစ်တဲ့ Emulsion လေးသုံးဖြစ်ပါတယ်။ Natural Soothing Cica Emulsion ဟာ Hydration ကို ကြာရှည် ထိန်းသိမ်းပေးနိုင်ပါတယ်။
Cica ကြောင့် အရေပြားကို ပြန်လည်သန့်ရှင်းစေပြီး Redness နှင့် Irritation တွေကိုပါ လျော့ပါးစေပါတယ်။
ဒီ Emulsion ကို သုံးထားရင် အသားအရေလေးကတစ်နေကုန် ရေဓာတ်ပြည့်ပြီး ချောမွေ့ပျော့ပြောင်းနေတာကို ခံစားရတယ်။
📣Give away အနေနဲ့ ဒီ တစ်setလုံးကို တယောက်ထဲကိုပေးသွားမှာပါ။
-ကြိက်နှစ်သက်ရာ ဂဏန်း (၂)လုံးကို comment ရေးသွားရုံပါပဲ။
နောက်အပတ်ကျ ကံထူးသူလေးကို ကြေညာပေးပါမယ်။
ဝယ်ယူချင်တယ်ဆိုရင်တော့ အောက်က mention ထားတဲ့ page လေးတွေမှာ မှာလို့ရပါတယ်။
KA K-Beauty Whole Sale
So Beauty Corner
Rachel K-Beauty Barr
02/10/2024
🫧ဒီနေ့ကတော့ Rin သုံးနေကျ cleansing water / remover လေးတွေ အကြောင်း ရေးပေးလိုက်ပါတယ်။
တယောက်နဲ့တယောက် skintype ချင်းမတူကြလို့ cleansing water /oil တွေသုံးတဲ့အခါမှာ
ကိုယ့်အသားအရည်က ဘာနဲ့မတည့်ဘူးဆိုတာ သိထားဖို့ အရေးကြီးပါတယ်။
နေ့တိုင်းသုံးရတာတွေဖြစ်လို့ မတည့်တာသုံးမိရင် အဖုတွေထွက်လာပြီး အရမ်းဆိုးရင် skin barrier ပျက်ဆီးစေတဲ့အထိဖြစ်တတ်ပါတယ်။
▪️JM solution ကတော့ အများဆုံးသုံးဖြစ်တယ်။
သူ့ကို ဘယ်အချိန်မှာ သုံးလဲဆို
double cleansing လုပ်တဲ့အချိန်တွေ ၊
တနေ့လုံး skincare လောက်ပဲလိမ်းဖြစ်တာမျိုး ၊ makeup ပါးပါးလေးပဲလိမ်းဖြစ်တဲ့နေ့တွေဆို JM solution ရဲ့ cleansing water လေးသုံးတယ်။
▪️Etude house eye makeup remover
ဒါလေးကလေ waterproof eyemakeup တွေ လုံးဝဖျက်ရခက်တာတွေကို ခဏလေးနဲ့ လုံးဝပြောင်စင်အောင် ဖျက်ပေးနိုင်တယ်။
Eyemakeup တွေ ၊ matte lipstick တွေဆိုးဖြစ်တဲ့အခါမျိုးတွေဆို ဒါလေးနဲ့ဖျက်တယ်။
သူက အဖုထတာ ၊ ချွေးပေါက်ပိတ်တာတွေလည်း မဖြစ်တော့ စိတ်ချလက်ချသုံးရုံပဲ။
မျက်တောင်မွေးကျွတ်တာတွေလည်း မဖြစ်ဘူး။
Cotton pad ထဲ နဲနဲထည့်ပြီး ဖျက်ရုံပါပဲ။
▪️Kose Speedyoil
ဒါလေးကတော့ makeup ထူထူ လိမ်းဖြစ်တာမျိုး ၊ full makeup လိမ်းဖြစ်တယ့်အခါတွေမှာ သုံးလေ့ရှိတယ်။တခါတလေ ဆားဝက်ခြံတွေများနေရင်လည်း ဒါလေးသုံးဖြစ်တယ်။
သူက oil ဖြစ်တာကြောင့် မျက်နှာပေါ်ကအညစ်အကြေးတွေ လုံးဝပြောင်နေအောင်ရှင်းပစ်နိုင်တယ်။
ဝက်ခြံတွေ ၊အဆီဖုတွေ ထွက်နေတဲ့အခါဆိုရင်တော့ မသုံးဖြစ်ဘူး။Rin အတွက်တော့ အဲ့လိုဖြစ်နေတဲ့အချိန် cleansing oil မျိုးသုံးတာက ပိုပြီး trigger ဖြစ်စေလို့။
Cleansing water / oil သုံးပြီးရင် မျက်နှာသစ်ဆေးနဲ့
မဖြစ်မနေ ပြန်သစ်ပေးဖို့လိုပါတယ်နော်❤️
အပေါ်က cleansing water /oil လေးတွေက
လူတိုင်းနီးပါးနဲ့ တည့်တတ်ကြပြီး စျေးလည်း အရမ်းမကြီးတာကြောင့် စမ်းသုံးကြည့်ချင်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။
24/09/2024
🧡Glow ချင်တဲ့သူလေးတွေအတွက် pretty skin ရဲ့ vitamin C set review လေးလာပါပြီ။
Pretty skin ကတော့ korea brand ဖြစ်ပြီး
ဒီ series တစ်ခုလုံးမှာ brightening ဖြစ်စေဖို့ vitamin C အဓိကပါဝင်ပါတယ်။
▪️Jeju Tangerine Vita C Toner -
Toner လေးကစပြောရရင် သူက jeju ကျွန်းရဲ့ tangerine extract အဓိကပါဝင်လို့ လိမ္မော်သီးနံ့မွှေးမွှေးသင်းသင်းလေးရတယ်။
vitamin C 10% ပါဝင်ပြီး niacinamide , panthenol စတဲ့ရေဓာတ်ကိုထိန်းပေးနိုင်တဲ့ ingredients တွေပါ ပေါင်းစပ်ထည့်သွင်းထားပေးတယ်။
Texture ကတော့ ရေလိုမျိုးအေးအေးကြဲကြဲလေးဖြစ်ပြီး ခဏလေးကို အရေပြားထဲစိမ့်ဝင်စေပြီး အစိုဓာတ်ပေးနိုင်တယ်။
Cotton pad လေးနဲ့ ရွှဲရွှဲလေးနှစ်ပြီး sheet maskလိုလည်း ကပ်သုံးရင် soothing ပါပေးပြီး healthy skin လေးချက်ချင်းရစေတယ်။
▪️Vita C ampoule - သူရဲ့ serum လေးမှာတော့ ရှယ်glow စေဖို့ vitamin C 20% အထိပါဝင်ပါတယ်။
main ingredients ကတော့ toner နဲ့အတူတူပါပဲ။
အဲ့တာကိုမှ vitamin 11မျိုးပါထပ်ထည့်ပေးထားသေးတယ်။
Ampoules လေးကပိုပြီး skinကို အစိုဓာတ် နဲ့ brightening ပေးစေနိုင်ဖို့ focus လုပ်ထားတာတွေ့ရတယ်။အမာရွတ်တွေ ၊ အမဲစက်တွေပါ မှေးမှိန်သွားစေတယ်။
Glow ချင်တဲ့သူတွေအတွက် serumတစ်မျိုးထဲပဲတောင်အဆင်ပြေတယ်။
▪️Vita C cream - သူရဲ့ moisturiser လေးကတော့ အစိုဓာတ်အဓိကပေးပါတယ်။toner ရော ampoule ရော ရှယ်glow စေပြီး
နောက်ဆုံးမှာ အစိုဓာတ်ကောင်းကောင်းပေးနိုင်တယ့် cream လေးနဲ့ပိတ်ပေးထားတယ်။
ဒီ cream လေးမှာတော့ vitamin B5 နဲ့ panthenol အဓိကပါဝင်ပါတယ်။moisture သေချာပေးနိုင်ဖို့နဲ့ calming ဖြစ်စေဖို့ကို main အနေနဲ့ထားထားတာ တွေ့ရတယ်။
Brightening အတွက်လည်း vitamin C ပါဝင်ပါသေးတယ်။
မျက်နှာပေါ်တင်တင်ချင်းမှာ လိမ္မော်နံ့မွှေးမွှေးလေးနဲ့ skin လေးကို နူးညံ့ပြီးစိုစိုလေးဖြစ်သွားစေတယ်။ absrob လုပ်တာလည်းမြန်ပြီး အဆီပြန်သလို ဖြစ်မနေစေဘူး။
Serum လေးနဲ့ ပါတွဲသုံးရင် ပိုပြီး စိုစိုပြောင်ပြောင်လေးဖြစ်စေတယ်။
-All skin type နဲ့အဆင်ပြေပြီး fragrance free တော့ မဟုတ်တဲ့အတွက် sensitive skinတွေကတော့ သတိထားသင့်ပါတယ်။
-မနက် / ည သုံးလို့ရပြီး မနက်ပိုင်းဆို sunscreen လေးပါ သေချာလေးလိမ်းပေးရပါမယ်။
pretty skin official page ဖြစ်တဲ့ PrettySkin Myanmar ကနေမှာလို့ရပါတယ်နော်🧡
09/09/2024
🔆 လက်တဝါးစာလောက် sun cushion ကြီးကိုအားရပါးရသုံးကြည့်ရအောင်…
Tenzero brand အကြောင်း အရင်ပြောရရင်
korea brand ကိုမှ quality ကောင်းကောင်းနဲ့ affordable ဖြစ်တဲ့ budget brand လို့ပြောရမယ်။
ဒီ Tenzero perfect UV sun cushion လေးက
Spf 50+ / PA ++++ ပါဝင်လို့ UV ray တွေကို
လုံးဝ block လုပ်ပေးနိုင်တယ်။
Sunscreen ကိုမှ Cushion type ဖြစ်လို့
ကောင်းတဲ့အချက်က makeup လိမ်းထားလည်း အပေါ်ကနေ အချိန်မရွေး touch up ပြန်လုပ်ပေးလို့ရတယ်။
ပုံမှန် sunscreen type မျိုးဆို Rin ဆို makeup တွေလိမ်းပြီးရင် touchup ပြန်မလုပ်ဖြစ်ဘူး။
ဒါလေးကျ makeup လည်းမပျက်ပိုပြီးတောင်
လှစေလို့ ပြန်ပြန် ပုတ်ပေးဖြစ်တယ်။
Aloe Vera ပါဝင်လို့ မျက်နှာပေါ်တင်တင်ချင်း အေးမြပြီး လန်းဆန်းစေတဲ့အထိအတွေ့လေးကို ခံစားရစေတယ်။
Dewy type ပေမယ့် အဆီပြန်သလိုစေးကပ်ကပ် ပြောင်ပြောင်ကြီးမဖြစ်စေဘူး။
လိမ်းပြီးတာနဲ့ အရေပြားထဲက ချက်ချင်း
စိမ့်ဝင်သွားစေတယ်။
Toneup မဆိုသလောက်လေးပါပြီး
အရမ်းကြီးဖြူပြာသွားစေတာမျိုး မဟုတ်ပဲ
လိမ်းပြီးရင် skinကို လင်းစေရုံလေးဖြစ်သွားစေလို့ အပေါ်က makeup လိမ်းပြီးရင်
glow up look လေးရစေတယ်။
Rin အကြိုက်ဆုံးအချက်ကတော့
မိုးလင်းထဲကတနေကုန်လိမ်းထားတာတောင် ညနေရောက်တဲ့ထိ အဆီပြန်တာမျိုး မဖြစ်စေဘူး။
Makeup မလိမ်းချင်ရင်လည်း သူတစ်မျိုးထဲနဲ့ powder လေးတွဲသုံးရုံနဲ့တင် အဆင်ပြေတယ်။
*cruelty free , Dematologically tested ဖြစ်လို့ all SkinType အသုံးပြုလို့ရပါတယ်။
ဒီ tenzero suncushion လေးကတော့ official page ဖြစ်တဲ့ Tenzero Myanmar Officialကနေမှာယူလို့ရပါတယ်။
အောက်မှာ link လေးပါတွဲပေးထားပါတယ်
https://www.facebook.com/tenzeromyanmar?mibextid=ZbWKwL
05/09/2024
📣ကိုယ် ဆံပင်က ဘယ်အမျိုးအစားထဲ ပါဝင်လည်း သိပြီးကြပြီလား
ဆံပင်လေးလှရင် လူလေးကပါ အလိုလိုကို ကြည့်ကောင်းနေတာမို့လို့
ကိုယ့်ဆံပင်က ဘယ်လို type ထဲပါဝင်လည်း
သိထားမှ ကိုက်ညီမယ့် hair care products တွေ ၊ဆံပင်ထိန်းသိမ်းရမယ့်နည်းလမ်းတွေ ၊
ဆောင်ရန်ရှောင်ရန်တွေကို သေချာလိုက်လုပ်ပြီး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
Rin ကတော့ ဒီ post လေးမှာ ကိုယ့်ဆံသားက ▪️ဘယ်ထဲမှာပါဝင်လဲ
▪️ဘယ်လိုထိန်းသိမ်းသင့်လဲ
▪️ဆံသားအလိုက် ဆောင်သင့် ရှောင်သင့်တာတွေကို အသေးစိတ်ရှင်းပြပေးသွားပါမယ်။
ပုံလေးတွေနဲ့ တူတူကြည့်ကြည့်ကြရအောင်…
28/08/2024
အရင်က ၆၀၀၀-၇၀၀၀လောက်နဲ့ ဝယ်နေကျ watsons lotion လေးတောင် စျေးက မပေါ့ပါးတော့ဘူး😭
25/08/2024
✨ပေါ့ပေါ့ပါးပါးနဲ့ သုံးလို့ကောင်းတယ့် moisturiser လေး တစ်ခု အကြောင်းပြောပြအုံးမယ်
Derma Factory ရဲ့ Aquaporin hydrating Cream လေးပါ။
▪️သူ့ရဲ့ texture လေးက soothing gel တွေနီးပါး watery ဖြစ်ပြီး ပါးပါးကျဲကျဲလေးဆိုတော့ moisture တော့ သိပ်မပေးနိုင်လောက်ဘူး ထင်ခဲ့မိတာ။
အထင်မှားသွားခဲ့တယ်ပေါ့။Rin လို dry skin သမားကိုတောင် သေချာလေး ရေဓာတ်ဖြည့်ပေးနိုင်တယ်။
▪️Main ingredient အနေနဲ့ Aquaporin ,hyaluronic acid,brich sap ပါဝင်ပါတယ်။ hydration ကိုအဓိကဖြည့်ပေးပြီး damage ဖြစ်နေရင်လည်း soothing နဲ့ repair လုပ်ပေးပြီး skin barrier ကို အားဖြည့်ပေးတယ်။ oil-free formula ပါလို့ ချွေးပေါက်ပိတ်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးသေးတယ်။
▪️သတိထားရမှာလေးကတော့ သူ့မှာ Cetearyl Alcohol, Behenyl Alcohol ပါဝင်ပါတယ်။
အသားခြောက်စေတာမျိုး ၊ ယားယံစေတာမျိုး မဖြစ်စေတဲ့ skincare formula တွေမှာ ပါလေ့ရှိတဲ့ alcohol အနွယ်ဝင်အမျိုးအစားမျိုးပါ။ဒါပေမယ့်လို့
skincare တွေမှာ alcohol ပါတာနဲ့ မတညိ့တဲ့သူတွေ ၊ sensitive skin တွေကတော့ သတိပြုသင့်ပါတယ်။
တစ်ဘူးကို 70ml ပါပြီး တခြား moisturiser တွေနဲ့ ယှဉ်ရင်စျေးတော်တော်လေး သက်သာပါတယ်။
ပေါ့ပါးပြီး heavy လည်း မဖြစ်လို့ လိမ်းလို့လည်း ကောင်းတယ်။ deep layers အထိကို ရေဓာတ်
ဖြည့်ပေးနိုင်ပြီး skin texture ကို နူးညံ့ချောမွေ့စေတယ်။
Normal , Dry skin တွေထဲက စျေးသက်သာတဲ့ moisturiser လေးရှာနေရင်တော့ ဒါလေးက အဆင်ပြေတယ်နော်။
Click here to claim your Sponsored Listing.
Contact the business
Website
Address
Yangon
11211