Beauty is You

Beauty is You

Share

This page is for those who love to know about honest makeup reviews, personal experiences & recommendations.♥️🌹🫶
Business Contact WhatsApp +669 580 50963

Photos from Beauty is You's post 07/05/2026

Haru Haru Wonder Black Rice Essence ကလေ. Dry to Mature Skin အထိသုံးလို့ရတယ်နော်.. ဒီတိုင်း skincare အဖြစ်သုံးရင်လဲ. Anti aging အတွက်. အထောက်အပံ့ဖြစ်သလို. ဘယ် matte/semi matte foundation မိတ်ကပ်ရည် နဲ့တွဲတွဲ. OMG!!! Healthy Glow ဖြစ်စေတာများ.. skin အရမ်းကောင်းနေတဲ့ effect ကြည်စိုတောက်ပြောင်နေသော. Glow တာ.. တကယ့် holy grail 💖💖💖
GLOW Blemish Balm လေးက. မိတ်ကပ်တွေအစားထိုး.
တော်ရုံဝက်ခြံသမားလိမ်းလို့ရတယ်.. ဝယ်ထားတာကြာပြီ. သူ့ texture & finish က. it Cc cream နဲ့ဆင်တယ်.. အရောင်က
Mix လုပ်ပြီးလိမ်းရင်တော့ ပိုလှတယ်.. သူ့အရောင်တိုင်းဆို.
နဲနဲ grey ဖောက်တယ်.. အခု နောက်ပိုင်း သူ့ကိုတော်တော်လိမ်းဖြစ်တာ. Haru Haru Essence နဲ့ ၂ခုပေါင်းလိမ်းရင်. အသားအရေလေးက. မိတ်ကပ်လိမ်းထားတာနဲ့ မတူဘဲ. Skin ကောင်းပြီး. ကြည်လင်နေတဲ့ look လေးရတယ်..
မိတ်ကပ်မကြိုက်ရင်. ဒီ BB cream လေး try ကြည့်နော်.

Love’ xoxo
Khin

25/04/2026

Glow skin 😍😍😍

Photos from Beauty is You's post 23/04/2026

🩵MOISTURIZER GAME🩵
❓Which Purito Cream is Suits you❓

🎋Purito Brand ကို စသုံးခဲ့တာ. Bamboo Cream လေးပါ.
At that time, Dr.Althea 345 cream လဲ သုံးနေတာဆိုတော့' 345 cream ကိုပိုကြိုက်လို့. သူ့ကိုခန ရပ်ထားတာ..
345 ကုန်ပြီး. ပြန်သုံးကြည့်တဲ့အချိန်မှာတော့..
သုံးခါစထက် သူကလိမ်းလေ ကြိုက်လေ အမျိုးစားလိုဖြစ်နေတယ်. Cream ဆိုပေမဲ့. တအား rich မဖြစ်ဘူး.. thick မဖြစ်ဘူး'
ပေါ့ပေါ့ပါးပါးရှိတယ်.. Super Dry သမားကလွဲ. Normal to Combo skin အထိ. ကောင်းကောင်း hydration ပေးနိုင်တယ်..
Choose wisely based on your skin type ပေါ့နော်.

🌾Oat Cream ကတော့. Calming & Soothing အဓိကဖြစ်လို့. Acne သမားတိုင်း' highly recommend ပေးကြတာ.
တကယ်လဲ ကောင်းသောပဲ.
Gel cream ဆိုတော့. လိမ်းလိုက်တာနဲ့ အေးအေးလေး.
စိမ့်ဝင်တာမြန်တယ်.. Gel type ခြင်းတူတူ Dr.G Red Blemish Soothing Cream နဲ့.ယှဉ်သုံးကြည့်တာ. ဒါလေးကို ပိုကြိုက်မိတယ်.. Light weight ဖြစ်သလောက်. Hydration ကလဲ လျော့မနေဘူး. Fungal Acne လဲ safe ဖြစ်တော့. ဝက်ခြံသမား. အဆီပြန်သမား. စိတ်ကြိုက်သုံး' အထူးသဖြင့် အခုလို ရာသီဥတု ပူတဲ့ အချိန်နဲ့ အရမ်း သင့်တော်တယ်..
Very comfortable 👍👍👍

နောက်ဆုံးအချက်က. ပေးရတဲ့စျေးနဲ့. 100ml ဗူးအကြီးကြီး
ဖြစ်လို့. အားရပါးရလဲ လိမ်းရတယ်. Budget လဲ save ဖြစ်တယ်.. Purito Brand ကို Official တင်သွင်းတဲ့. TSO ကနေမှာပါတယ်.
https://www.facebook.com/share/1E9yALiLAB/?mibextid=wwXIfr
Online shop တွေထက် စျေးအများကြီး သက်သာပါတယ်..

No sponsor, just my honest review.
ကိုယ့်အကြိုက်နဲ့ ကိုက်လို့. Share ပေးတာပါ..
နောက်ထပ် skincare review တွေလဲ ထပ်ရေးပါအုံးမယ်.

Love’ XoXo
Khin😘

Photos from Beauty is You's post 01/04/2026

ယူတို့ရော... မျက်မှောင်ကြုတ်တတ်လားးးးး.🤨
ကိုယ်ကတော့ မျက်မှန်တပ်တဲ့ ပါဝါသမားကလဲ ဖြစ်.🧐
စိတ်ရှုတ်ရင်. ဒေါသထွက်ရင်.😠
တခုခုကို focus လုပ်နေရင်. အာရုံအရမ်းမိနေရင်.🤔
အရေးကြီး ကိစ္စ တခုခုအတွက်.decision ချဖို့စဉ်းစားနေရရင်.
တွေးတောနေရရင်. သိစိတ်နဲ့ ဖြစ်ဖြစ်. မသိစိတ်နဲ့ ဖြစ်ဖြစ်.
မျက်မှောင်ကြုတ်မိလေ့ရှိတယ်...😮‍💨

အသက်အရွယ်လေးကရလာတော့.. မျက်နှာပေါ်က.
Smile line တွေကို တအားဂရုစိုက်ရပြီ. နောက်ဆို အလကားနေ. မရယ်ပြတော့ဘူးနော်. မီအားနဲ. 😌
အပြုံးတွေ ရဲ့နောက်မှာ. အသားအရေ ထိန်းသိမ်းရတာ. စျေးကြီးတယ်ရှင့်😛

ဆက်ရရင်. မျက်မှောင်ကြုတ်ခြင်းရဲ့ နောက်ဆက်တွဲက.
Frown lines တွေဖြစ်လာတာပဲ... ကြိုတင် ကာကွယ်နိုင်ရင်တော့. အကောင်းဆုံးပေါ့ကွယ်. မကာကွယ်နိုင်ခဲ့ရင်. အချိန်မီ
ထိန်းသိမ်းရတာပေါ့..

Youtube တခွင်ပြဲပြဲစင် ရှာဖွေရင်း. Celimax ရဲ့. Retinal Shot လေးကို စမ်းနေတာ. တပတ်. ၂ည. ညဘက်ကို လိမ်းနေတာ. ၇ခါလောက်ရှိပြီ..
📈 တိုးတက်မှုတွေရှိတယ်.. ထိရောက်တယ်.
သိသာချင်တဲ့ specific နေရာပဲ လိမ်းကြည့်တာနော်..
Frown lines လေးတွေ ပြေလျော့လာတာ..
မြင်ရတယ်.. ကွကိုယ် စိတ်တွေချမ်းသာ. 🥰🤩

Retinal မို့လို့. အသားရေ တင်းရင်းစေတာက အဓိကသူ့ရဲ့ function ပေါ့နော်. Active ingredient ဖြစ်လို့. အများကြီး
လိမ်းလို့မရဘူး.. sensitive skin တွေဆို patch test လုပ်ဖို့လိုမယ်. လိုတဲ့နေရာလေးပဲ. Just tiny amount လေးကို.
Dab.dab.dab ပုတ်လိမ်းရုံသာ. No rub❌
သူ့ထဲမှာ. Panthenol & Ceramide ပါပေမဲ့.
Moisturizer ကောင်းကောင်း လိုက်ကို လိုက်ပေးရမယ်..
ညဘက်ပဲ သုံးပေးရမယ်. မနက်ကျ sun cream ကို သေချာပေါက်လိမ်းရမယ်. နေ့တိုင်းလိမ်းစရာ.မလိုပါ.
တပတ်. တရက်ကနေ. ၂ရက် ပုံမှန်လိမ်းသွားကြည့်ပါ.
သူနဲ့ မတည့်တဲ့ ingredients တွေရှိတာကြောင့်. ကျန်တာတော့.
စာတွေ ရှာဖတ်ပါ. အကုန်ထည့်ရေးရင်.
အရမ်းစာတွေရှည်ကုန်မှာစိုးလို့. ကောင်းသလောက်.
Cautious လုပ်ရမှာလဲ များတာကြောင့်.
မသုံးခင် user review တွေကိုအရင်လေ့လာပါလို့. သတိပေးချင်ပါတယ်.

ကိုယ်ဆိုလဲ. Anua Azelaic Acid နဲ့ ရက်ခြားပြီးမှ သုံးရတာမို့.
Smile lines တွေကိုပါ စမ်းကြည့်ဖို့တော့.
ကြောက်နေသေးတယ်.

ခုမှ skin barrier ကို ပြန် care လုပ်နေရတုန်းမို့လို့.
Skin က change သွားတာ.အရင် Combination oily acne prone skin ကနေ.
Dry Combo Acne Prone Sensitive တဲ့တော်.
အဲ့တာကိုမှ Skin Barrier Damage ဖြစ်နေသေးတယ်..
လိုရမယ်ရ ကိုယ့် skin type လေးသိရအောင်..ပြောပြတာပါ.
Anyway ကျမ အခုထိသုံးနေတာတော့ so far so good ပဲ.
‼️ထပ်ပြောမယ်. လိုအပ်တဲ့ တနေရာကိုပဲ သုံးတာနော်.

This is not sponsored, ကိုယ့်လိုလူတွေရှိရင် အသုံးတည့်အောင်. ဒီ. Life saver လေးကို. Sharing လုပ်ပေးတာ.
တဗူးလုံးကုန်ရင် update ထပ်လုပ်ပေးအုံးမယ်..

Good ည.
Khin 😘

26/03/2026

IWBP iwannabepretty New page of iwannabepretty

26/03/2026

ချစ်ရတဲ့ OS မမ page လေး ဖျက်ခံထိလို့. ဒီ page အသစ်လေးကို. Support လုပ်ပေးကြပါအုံးနော်.. စျေးမှန် စိတ်ချရပြီး. 100% authentic တွေပဲ ရောင်းတာပါ..

https://www.facebook.com/share/1B9a9JRb3k/?mibextid=wwXIfr

IWBP iwannabepretty New page of iwannabepretty

Photos from Beauty is You's post 19/03/2026

🔍အရောင်အစွဲဆုံးနဲ့ အလှဆုံး Lip Tint !!!
The winner is "Etude House Matte Fixing Tint" 🏆

Hydro-matte formula မို့လို့. ဆိုးလိုက်ရင် liquid ကိုမှ.
Matte ဖြစ်သွားတာ... အရောင်ထွက်သိပ်လှတယ်.. တခြား tint
တွေလို ဆိုးလိုက်ရင်. မဆိုးထားသလို look မထွက်ဘူး.
Opaque ဖြစ်ပြီးတော့ but သဘာဝဆန်တယ်. Which i like it.
စျေးကြီးပေးရပြီး. ရေစိုပျက် ရေသောက်ပျက်လဲ မဖြစ်ဘူး'
ပြန့်လဲ မပြန့်ဘူး. ဆိုးထားရင် အတော်ကို long lasting ဖြစ်တာ. 🤩

Luxury D_ior က အရောင်ထွက် အသေလှတယ်.. အဆိုးမခံ. ရေသောက်ပျက်. ပျက်တာတောင် နှုတ်ခမ်းမှာ. ကွက်တိကွက်ကြား. 👎

Rare Beauty က. Lip oil tint. ဆိုးလိုက်ရင်. Oil base နောက်ပြီးမှ. Tint ကျန်ခဲ့တာ. for me not so bad, not so good. အရောင်လေးတွေ လှတယ်. သူလဲ. Not my favorite

Tint ထဲမှာ နာမည်ကြီး လူကြိုက်များတဲ့. Benefit ကတော့.
မကြိုက်ဆုံး. သူနဲ့ ဆင်ပြီး စျေးသက်သာတဲ့ Etude ထဲက water tint ဆိုတာရှိတယ်. တပုံစံထဲပဲ.

Clarins လေးတော့. ဒုတိယကြိုက်တဲ့ အထဲပါတယ်. တခုပဲမကြိုက်တာက. သူ့ brush applicator ကြီးကို မကြိုက်ဘူး.
အရောင်ထွက်အားနဲ့. အရောင်စွဲတာတော့. Dior, Rare တို့ထက်သာတယ်.. သူကလဲ. Tint ကိုမှ. ဆိုးထားရင်. မဆိုးထားသလိုလေးမို့. အဲ့လောက်အရောင်ထွက်ပဲ ကြိုက်တဲ့သူတွေဆို.
Clarins ကိုယူပါ. Better than dior 😂

3CE tint လဲစမ်းဖူးတယ်. ဆိုးထားရင် နှုတ်ခမ်းမှာ တခုခုတင်နေသလို ခံစားရလို့. မကြိုက်ဘူး. သူလဲ အရောင်စွဲပြီး လှပါတယ်..
Just not my favorite.
Etude ထဲက. Gloss tint တွေလဲဆိုးဖူးတယ်. မကြိုက်ဘူး..

ဒီ matte tint ကလွဲ. အကုန် ရေသောက်ပျက်တွေချည်း.
That's why i love it so much..

စျေး.. ၃သောင်းပတ်လည်. Quality.. 5⭐️
Color payoff.. excellent
Long-lasting. 5⭐️
1000000% recommend

As usual this isn't sponsored,
I bought this myself
so u can totally trust my review.

Xoxo
Khin😘



#နှုတ်ခမ်းနီ

Photos from Beauty is You's post 16/03/2026

K beauty ကို မနှစ်ကစပြီး. သေချာလေး အချိန်ပေးသုံးကြည့်တာ...

Tir Tir toner ကလေ. Milky toner ထဲ. တကယ်ကောင်းတာ FA safe ဖြစ်တဲ့အပြင်. အသားကြည်စိုစေတယ်. ဘန်ကောက်မှာကျန်ခဲ့လို့. Update မတင်သေးတာ.. (အခု အသားခြောက်တဲ့ အချိန် အရမ်းကြိုက်လို့. ပြန်သုံးချင်နေပြီ.)

Skin1004 ကလဲ ဒီတိုင်း စျေးချိုပြီး ကောင်းတယ်ဆိုလို့. စမ်းကြည့်တာပဲ. သုံးရင်းကြိုက်လာတာမျိုး. Pro Bio Cica ဆို 30+ တွေအတွက် တော်တော်လေးကောင်းတယ်. Centella ကတော့ soothing ပေါ့. ဘာနဲ့မတည့်တဲ့အချိန် သူပဲသုံး. Pore အတွက်ကတော့. သိပ်စွဲမသုံးဖြစ်တော့. ထူးခြားချက်မပြောနိုင်သေးဘူး.

Dr.Althea 345 cream ကတော့. တောက်လျောက်သုံးဖြစ်သော.
Oily breakout သမားအတွက်. လက်စွဲ. ၂ဗူးကုန်ပြီ.

Dr.G လဲမြင်နေတာကြာပြီ. ဒီနွေမှပဲ စမ်းကြည့်ဖြစ်တာ. 345 cream လောက်မကြိုက်ပေမဲ့. တော်တော်အေးပြီး. Light weight ဖြစ်တာကြောင့်. Day cream အနေနဲ့. သုံးလို့တော့ကောင်းတယ်..
Oily,combo, acne သမား အဆင်ပြေ. Dry & Dehydrate skin ဆိုရင်တော့ အစိုဓါတ်မလုံလောက်နိုင်ဘူး.. more richer cream ကိုရွေးပါ'.

သုံးလက်စ skincare များ.

#လိုတိုရှင်းreviewတဖြတ်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon