HLLRlips Yangon by mim
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HLLRlips Yangon by mim, Health/Beauty, ., Yangon.
06/09/2025
ငါတို့တွေ ဝေးကြရပြီနော် ...
အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းတွေကို မျက်ရည်တွေနဲ့ မေးရတဲ့ အခြေအနေရောက်နေပြီဆိုမှတော့ ငါတို့တွေ သေချာပေါက်ဝေးကြရပြီပေါ့ .... အရင်လို ဘာလုပ်နေတာ ဘာဖြစ်နေတာဆိုပြီး ပြောပြလို့ရမနေတော့တဲ့ အခြေအနေတစ်ခုမှာ ရပ်နေရတာပဲ ငါတို့တွေ တကယ်ဝေးကြပြီပေါ့ကွာ ... တစ်နေ့တစ်နေ့ မင်းကို ချစ်တယ်ဆိုတဲ့စကားလုံးရယ် ပြီးတော့ မင်းကို လွမ်းတယ်ဆိုတဲ့ စကားရယ်ကလွဲရင် တခြားအကြောင်းအရာတွေ မထပ်အောင် ပြောပြချစ်ခဲ့တဲ့ နေ့ရက်တွေကို လွမ်းတယ် ။ ဒီရက်တွေမှာလေ စိတ်နဲ့ကိုယ်နဲ့လည်း မကပ်ဘူး အသက်မဲ့နေတဲ့ ဖုန်းအနားလည်း မကပ်ဘူး ...
လုပ်စရာတွေရှိနေသေးတယ်ဆိုတဲ့ စိတ်နဲ့ အားတင်းနေပေမယ့် တကယ်တမ်းကျတော့ လက်လျှော့လိုက်ချင်ပြီ သိရဲ့လား ... အသည်းလေး ကွဲသွားရုံပါဆိုတဲ့စကားတွေကို ငါ ဒီလောက်ချစ်ခဲ့တာဆိုပြိး ပြန်မဖြေချင်တော့ဘူး သိရဲ့လား ... သူတစ်ယောက်တည်းပဲ ရှိတာမှ မဟုတ်တာဆိုတဲ့ စကားတွေကို သူ့ကိုပဲ ချစ်တာဆိုပြီး မျက်နှာပြောင်မတိုက်ချင်တော့ဘူး ... ဒါပေမယ့် အဲ့ဒီအရာတွေဟာ အမှန်တရားတွေပဲမို့ အဲ့ဒီအဖြေတွေမှ မပေးရင် နှုတ်ဆိတ်နေလိုက်ဖို့ပဲရှိတာလေ ။
လွမ်းတယ် မဟုတ်ဘူး ... စိတ်နာနေချင်မိတာ ဒါပေမယ့် ဒီအချိန် အသံလေးကြားရင် အပြေးလေးသွားမိမယ့်သူကလည်း ကိုယ်ပဲ မဟုတ်လား ... ပထမဆုံးချစ်ဖူးတဲ့လူတစ်ယောက်ကို နောက်ဆုံးချစ်သွားချင်တဲ့ ဆန္ဒတွေနဲ့အတူ ပျော်ရွှင်ခဲ့ဖူးတယ်ဆိုတဲ့ အတိတ်ကို ပြည်ဖုံးကားချလိုက်တာ လွယ်လိုက်တာဆိုပြီး ရေရွှတ်ရုံပေါ့ ... ဘယ်လောက်ချစ်လဲဆိုတာကို မသိဘူးလားဆိုတဲ့ မေးခွန်းတွေ မမေးတော့ဘူး ကိုယ်ဘယ်လောက်ချစ်ပေးခဲ့တယ်ဆိုတာ မင်းကိုယ်တိုင်ပဲ နားလည်သဘောပေါက်မှာပါ နင်ရူးများရူးနေတာလားဆိုပြီး ပတ်ဝန်းကျင်က မေးရလောက်တဲ့အထိ ကိုယ်မင်းကို ချစ်ပေးခဲ့တာပဲ ။
ဘယ်နေရာများ နားလည်မပေးခဲ့လို့လဲဆိုပြီး တွေးကြည့်သေးတယ် သေချာတာကတော့ တင်းလွန်းလို့ ပြတ်ခဲ့တဲ့ကြိုး မဟုတ်ခဲ့တာပါပဲ ... တောင်းပန်ပါတယ်ဆိုပြီး တစ်ခွန်း ပြောခဲ့ရဖူးလို့လား ... စိတ်ကောက်နေလို့ပါဆိုပြီး တစ်ခါချော့ခဲ့ရဖူးလား ကိုယ်စိတ်ကောက်လည်း မင်းဖုန်းလေးလာရင် ဘယ်တုန်းကများ ချပစ်ရက်ခဲ့ဖူးလို့လဲ ... မင်းအသံလေးကြားရင် ဘယ်အင်အားနဲ့များ ရန်တွေ့ခဲ့ဖူးလို့လဲ ။ တင်းလွန်းလို့ပြတ်တဲ့ကြိုးမဟုတ်ပဲ အလျှော့ပေးလွန်သွားလို့ လွှတ်ထွက်သွားမျိုးလို့ပဲ ထင်ပါတယ် ။
ဘာပဲဖြစ်ဖြစ် ငါတို့တကယ် ဝေးကြပြီနော် ... နှစ်တွေအကြာကြီးချစ်ခဲ့တယ် ဘယ်တော့ကမှ စိတ်ဆိုးစိတ်ကောက်စရာမရှိပဲ ပျော်စရာကောင်းခဲ့တယ် ပြီးတော့ ဘာပြသနာမှမရှိပဲ ငါတို့တွေ ဝေးသွားကြတယ် ... ဘယ်တုန်းကမှ မBlock ရက်ခဲ့တဲ့ ဖုန်းနံပါတ်လေးကို ကိုယ် Blockခဲ့ရတယ် အမြဲတစေ တွေ့ချင်နေမိတဲ့ မျက်နှာလေးကို ပေါ်မလာအောင် ဆုတောင်းနေရတယ် ... ပြန်တွေးကြည့်ရင် တကယ်ကို ရယ်ချင်စရာကြီးပါပဲ .. ဒါပေမယ့် မျက်ရည်တွေနဲ့ ။
#ကျေးကို
#ငါတို့တကယ်ဝေးကြပြီနော်
06/09/2025
အရင်လူကို မမေ့နိုင်သေးရင် နောက်တစ်ယောက် ထပ်မချစ်တာ ကောင်းမယ် ။
လူတစ်ယောက်ကို ဘယ်လောက်ပဲချစ်ချစ် ... အချိန်တစ်ခုရောက်လာတဲ့အခါ တချို့ အချစ်တွေက အကြောင်းပြချက်တွေမရှိလဲ ဝေးသွားရတတ်တာပဲ မဟုတ်လား ။ ဝေးသွားခြင်းတွေ အနောက်မှာလေ မမေ့နိုင်ခြင်းတွေ ရှိတတ်တယ် ။ သတိရခြင်းတွေ ရှိနေတတ်တယ် ။ အချိန်တွေ ကြာခဲ့ရင်ကြာခဲ့သလောက် အမှတ်တရတွေ အများကြီးရှိနေတတ်တာလဲ သဘာ၀ပဲ မဟုတ်လား ။ တစ်ခုပဲ ... ကိုယ့် ဒဏ်ရာတွေကို မေ့ဖို့ တခြားတစ်ယောက်ကို အစားထိုးပြီးမချစ်တာကောင်းမယ် ။
မတူဘူးလေ ... နှစ်တွေအကြာကြီးချစ်ခဲ့မိတဲ့တစ်ယောက်နဲ့ ကျွန်မက ပုံစံချင်း အပြုအမူချင်း အပြောအဆိုချင်းတူမှာမဟုတ်ဘူး ။ ရှင်မကြိုက်ဘူးဆိုတဲ့ အရာတွေ အားလုံးကို ကျွန်မ သိချင်မှ သိလိမ့်မယ် သိနိုင်မှ သိလိမ့်မယ် ။ တစ်ခါတစ်လေ ကျွန်မကို ပြောဖူးတဲ့စကားနဲ့ တခြားတစ်ယောက်ကို ပြောဖူးတဲ့ စကား မှားချင်လဲ မှားနိုင်တယ်မဟုတ်လား ကျွန်မကို ကျွန်မလို့မြင်ပြီး ချစ်နိုင်တဲ့အခါမှသာ ကျွန်မ ဘ၀ထဲ ၀င်လာတာပဲကောင်းပါတယ် ။ တစ်ခါတစ်လေ ကျွန်မ အနားမှာနေရင်း အဝေးကို ငေးမောနေတာတွေက တကယ်တမ်းကျတော့ အဆင်သိပ်ပြေတာ မဟုတ်ဘူးလေ ။
ရှင်လဲ ... ဘယ်အဆင်ပြေပါ့မလဲ ... အရင်လူတစ်ယောက်ကိုမှ မမေ့နိုင်သေးရင် ဘယ်အရာမှာမဆို အရင်လူကိုပဲ တမ်းတနေမှာမဟုတ်လား သူသာဆိုရင်လေ ဆိုပြီးတော့ပဲဖြစ်ဖြစ် သူသာဆို ငါ့ကို နားလည်ပေးမှာဆိုပြီးပဲ ဖြစ်ဖြစ် ပြန်လွမ်းနေမိမှာပဲ မဟုတ်လား ။ ပြီးတော့ ... တစ်စုံတစ်ယောက်နေရာမှာ ကျွန်မကို အစားထိုးဖို့ကြိုးစားတဲ့အခါ ရှင်လဲ ပင်ပန်းရမယ် ကျွန်မလဲ ပင်ပန်းရတာပဲ မဟုတ်လား ။
ရှင်သူ့ကို သိပ်ချစ်တာပဲလားလို့ ကျွန်မ မေးကြည့်ခဲ့ဖူးတယ် ။ သိပ်ပြီး မတုံ့ဆိုင်းသလိုပဲနော် တစ်စုံတစ်ယောက်ကို ရင်ဖွင့်ပြောပြနေသလို ကျွန်မကို ပြောပြနေလိုက်တာများ ... မဖြစ်မနေမို့ လက်လွှတ်လိုက်ရတဲ့ ပုံစံမျိုးနဲ့ ။ အတိတ်အကြောင်းကိုများ ပြောနေရရင် တစ်ခါတစ်လေ ကျွန်မကိုတောင် မေ့သွားတဲ့အထိ ပျော်စရာ အတိပြီးခဲ့တာပဲ မဟုတ်လား ပြီးတော့ အခုချိန်ထိ မေ့ဖို့လဲ လွယ်မှာမှ မဟုတ်ပဲဟာ ။
တစ်စုံတစ်ယောက်ကို နှလုံးသားက မမေ့နိုင်သေးဘူးဆိုရင်လေ နောက်ထပ်တစ်ယောက်ကို ထပ်မချစ်တာကောင်းမယ် အစ်ကိုရေ... တစ်ခါတစ်လေ ကျွန်မ အနားမှာရှိနေခြင်းက ငါ က ဘာများလဲဆိုပြီး တွေးရလောက်တဲ့အထိ အဓိပ္ပါယ်တွေ တဖြေးဖြေး မဲ့လာတတ်သလို တစ်ခါတစ်လေ ကျွန်မကို ချစ်တာမှ ဟုတ်ရဲ့လားဆိုပြီး သံသယ ၀င်ရလောက်တဲ့အထိ ဆက်ဆံရေးတွေက အေးစက်တယ်မဟုတ်လား ။ ပျော်ချင်ရုံသက်သက်ဆို ကျွန်မ နှလုံးသားကို မကစားတာ ကောင်းမယ် ဒါမှမဟုတ် လူတစ်ယောက်နေရာမှာ အစားထိုးဖို့ဆို ကျွန်မကို မချစ်တာပဲ ကောင်းမယ် ။
အရာရာ ... အရင်လူပြန်လာရင် အရင်အတိုင်းကျန်ခဲ့ရမယ့် အဖြစ်အပျက်တွေကို ကျွန်မ မနှစ်မြို့သလို တစ်စုံတစ်ယောက်နေရာမှာ အစားထိုးပြီး ကျွန်မ ပုံစံကို ပြောင်းလဲဖို့ မကြိုးစားတာ ကောင်းမယ် ။ အကောင်းဆုံးကတော့ အရင်လူကို မမေ့နိုင်သေးရင် ကျွန်မကို မချစ်တာပဲ ကောင်းမယ် အစ်ကိုရယ် ...
#ကျေးကို
18/10/2021
3500 လို့တောင် ထင်ရက်စရာမရှိတဲ့ နှုတ်ခမ်းနီလေး
ကဲ ဘေဘီ တို့ရေ မကြာခင် ဆောင်းရောက်တော့မယ်နော်
နှုတ်ခမ်းသား မပျက်စီးအောင် အဖတ်မလန်အောင် Cream Type Lipstick လေးဆိုးကြမယ်နော်
၁ ချောင်း ၃၅၀၀
၇ ချောင်း မှ ၁၆၀၀၀ ဆိုတော့ တအားတန်နေရောပဲ
၁၆၀၀၀ ထဲနဲ့ တစ်နေ့ ၁ ရောင် မရိုးရအောင်ဆိုးလို့ရတယ်နော်
#တာမွေမြို့နယ်အကြီးဆုံးကိုယ်စားလှယ်
18/10/2021
ဲကောင်လေး
၈ရောင်လိုင်း လာတဲ့ HLLRရဲ့ အမဲကောင်လေး
ကာလာလိုင်းလေးတွေက ဘယ်ချိန်ကြည့်ကြည့်
ကြွေနေရဆဲပဲ
နေ့တိုင်း၁ရက် ၁ရောင်ဆိုးပြီး လှလို့ရပြီပေါ့
A01 ကစလို့ A08ထိ ပယ်ရောင်ကိုမရှိအောင်
လှတာပါရှင့်
Red Series ကို အခြေခံထားတာမို့ ကြည့်လိုက်ရင်
အနီဘက်သွားတဲ့ လိုင်းပေမဲ့ နှုတ်ခမ်းသားပေါ်မာ
အရောင်ထွက်က ရှယ်လှတာ
တချို့အရောင်လေးတွေကို အတွင်းသားဆိုးပြီး
A05လေးကို အပြင်ကဆိုး
A05/A07လေးတွေက မျက်ခွံပေါ်မာပါဆိုး
စွဲဆောင်မူ့ ရှိတဲ့ Lookလေး ဖန်တီးလို့ရတယ်နော်
Price -3500ks
လက်ကား ၇ချောင်းမှ့ စတင်ပြီးရောင်းချပေးပါတယ်
ဲ့အတူတူလှပခြင်းခရီးစဉ်
#မိန်းခလေးတွေရဲ့အသည်းစွဲhllr
ဒီလက HLLR Myanmar ရဲ့ မွေးနေ့လလေးပါရှင့်
၁နှစ်သားလေး မို့ ကြိုးစားနေဆဲပါ
အားပေးတဲ့ ချစ်ကာကာလေးတွေကိုရော
လက်တွဲပြီး ကြိုးစားနေတဲ့ ရောင်းချသူများအားလုံးကို
ကျေးဇူးအထူးပါရှင့်
#မိန်းခလေးတွေရဲ့အသည်းစွဲhllr
ဲ့အတူတူလှပခြင်းခရီးစဉ်
15/10/2021
HLLR Lips 7 ချောင်းမှ ၁၆၀၀၀ ပဲ ဆိုတော့...🤭
သောင်းကျော်လေးနဲ့ lips,7 colour တောင် ဆိုးရမှာ
ဘယ်လောက်မိုက်လဲ ...🤷♀️
သူငယ်ချင်းတွေနဲ့ စုမှာ မလား..💁♀️
ကိုယ်တိုင်ပဲ ဆိုးဖို့ပဲ မှာမလား...💁♀️
Cute colour တွေ ကြီးပဲ မို့ cute girl လေးတွက် အရမ်းလှနေမှာနော်...🤗
Crd
1 pcs - 3500.ks
7 pcs - 16000 ks
#တာမွေမြို့နယ်အကြီးဆုံးကိုယ်စားလှယ်
Page လေးကို ပစ်ထားပေမဲ့
ဇူးဇူးက မ Ban ဘူးတော့
ကျေးဇူးပါ ဇူးဇူးရေ Post တွေပြန်တင်တော့မှာမို့ မ Ban နဲ့နော်
Only CDM
လက်ဆောင်ပေး စာရင်းလေး
ပိတ်ထားပါပြီရှင့်
ပါဝင်စာရင်းပေးသူအားလုံးကို
ကျေးဇူးတင်ပါတယ် 🥰😍🥰
အမြန်ဆုံးပို့ပေးနိုင်အောင် လီဒါတွေနဲ့ စီစဉ်နေပါတယ်
HLLR Myanmar
ထပ်တိုးစာရင်းရရင် ထပ်မံ ပြန်တင်ပေးပါမည် 😍🥰💄
17/02/2021
CDMသမားများကို နွေးထွေးစွာကြိုဆိုပါတယ်
CDMသမားများကို HLLR Myanmar မှ့
ကျေးဇူးတင် လက်ဆောင်အစီအစဉ်လေးပါ
CDMပါဝင်ကြောင်း နှင့် ဝန်ထမ်းကဒ်ပြရုံဖြင့်
HLLR Lipstick 1ချောင်း
Hey U 3in1 Makeup Tools -1ခု
မေတ္တာလက်ဆောင် အခမဲ့ထုတ်ယူနိုင်ပါပြီ
နီးစပ်ရာ ကိုယ်စားလှယ်တွေဆီမာ
ထုတ်ယူနိုင်မာမို့ ခုပဲ စာရင်းစတင်ပေးလို့ရပါပြီ
Page Chatboxမှာ စာရင်းပေးလို့ရပါပြီ ♥️😍
အရေအတွက် အကန့် အသတ်လေးရှိလို့
ခုပဲ စာရင်းပေးထားလိုက်တော့နော်
အိမ်မာပဲ လှလှပပလေးနေပြီး
CDMပါဝင်ခြင်းဖြင့် ကျွန်မတို့နှင့် ကျွန်မတို့ရဲ့
ကလေးတွေရဲ့ အနာဂတ်ကို ကူညီပေးကြပါ
HLLR Myanmar
Pageကို ဒီရက်ပိုင်းမင်ရပ်ထားမိလို့
နောက်ပိုင်းတွေမှာ
Video Clip တွေပြန်တင်ပေးမယ်နော်
31/01/2021
Product အသစ် ဘာထွက်မလဲ မေးနေကြတဲ့
အသဲတွေ အတွက်လာပီနော် 😍 👀
Brand တခုထဲကနေ Cosmetics အစုံရတော့မှာပါရှင့်😉
သင့်တင့်တဲ့ ဈေးနှုန်းလေးတွေနဲ့ Brand ကိုင်လို့ရအောင်
HLLR Myanmar မှ ဖန်တီးပေးနေပြီနော် ✌️✌️
Coming soon.......💥
R U Ready ❓❓❓
27/01/2021
Foundation လိမ်းပြီးတိုင်း Twoway ထပ်လိမ်းကြတယ်ဟုတ်
📌 Twoway cake သားကို သုံးမဲ့အစား
📌 မိတ်ကပ်သားမကွက်ပဲ ပါးပါးကြည်ကြည်လေးနဲ့ တစ်နေကုန်အဆီမပြန်ပဲ Glow နေစေမယ့်
📌 HLLR Loose Powder လေးကို စမ်းသုံးကြည့်ကြပါလား
📌 ဒီမင်မင်ကတော့ စမ်းသုံးကြည့်ပြီး အရမ်းကြိုက်လွန်းလို့ HLLR မှ HLLR ဖြစ်နေပြီလေ
Price 5000 ks
5 ဘူး 17500 ( လက်ကားစျေး)
မှာယူလိုပါက Order to Cb / 09420232504 သို့ ဆက်သွယ်မှာယူနိုင်ပါပြီရှင်
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Telephone
Website
Address
Yangon
11211