Virgo Health & Beauty

Virgo Health & Beauty

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Virgo Health & Beauty, Health/Beauty, Yangon.

20/10/2025

🌼Happy Dawali🌼

မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ များနှင့်အတူ ဒီပါဝလီနေ့လေးကို စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့်ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ Virgo Health & Beauty မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့် 🙏🏻

& Beauty

08/08/2025

8.8.2025
ဝါခေါင်လပြည့်
သောကြာနေ့
ယနေ့မှစ၍ ကမ္ဘာသူကမ္ဘာအပေါင်းသောကအပူ၊မြူမျှမတွေ့၊သာယာချမ်းမြေ့ကြပါစေ🙏🙏🙏

12/04/2025

☘️12.4.2025 ☘️ ( စနေ နေ့ )
မဂ်လာရှိတဲ့ တန်ခူးလပြည့် ဥပုသ်နေ့ဖြစ်ပါတယ်🙏
အားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ🙏
ဒုက္ခအပေါင်း၊ ဘေးဘယာအပေါင်း၊ သောကအပေါင်း ကင်းဝေးကြပါစေ လို့ Virgo Health & Beauty မှဆုတောင်းမေတ္တာပေးပို့အပ်ပါတယ်🙏 🙏 🙏 🙏 🙏

01/01/2025

2025 နှစ်သစ်မှစပြီးငွေတွေအတားအဆီးမရှိအလုံးအရင်းနဲ့ဝင်လာပြီ မြင်သူအပေါင်းလက်ခံရရှိပါစေ💰💰💰💰

25/12/2024

🎄🎉🧑🏻‍🎄 Merry Christmas to Everyone!

🎁 May the spirit of Christmas bring you and
your family hope, love & happiness.

Wishing you all the best for a wonderful holiday 🫶


& Beauty

19/07/2024

“အာဇာနည်နေ့ တို့မမေ့”

ယနေ့ကျရောက်သော (၇၇)ကြိမ်မြောက် အာဇာနည်နေ့အား Virgo Health & Beauty မှ အောက်မေ့သတိရစွာဖြင့် လေးစားစွာဂုဏ်ပြုကြိုဆိုလိုက်ပါတယ် 🙏

06/07/2024

ရန်ကုန်တိုင်းဒေသကြီးများ ကာလဝမ်းရောဂါ ကူးစပ်မှု ပျံ့နှံနေပါတယ် ကာလဝမ်းရောဂါ (cholera) ကြိုတင်ကာကွယ်ပါ

ကာလဝမ်းရောဂါ ဘယ်လိုကူးစက်နိုင်သလဲ
-----------------------------------
cholera ဘက်တီးရီးယားပိုးပါတဲ့ အစားအသောက်၊ ရေတို့ကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ ကာလဝမ်းရောဂါရှိသူရဲ့ မစင်၊ အန်ဖတ်တို့ကနေတဆင့် လည်း ကူးစက်နိုင်ပါတယ်။

ကာလဝမ်းရောဂါပိုး ကူးစက်ခံရတဲ့အခါ ဘယ်လို လက္ခဏာတွေ ပြတတ်သလဲ
-----------------------------------
ကာလဝမ်းရောဂါပိုးကူးစက်ခံရသူ ၁၀ ဦးမှာ တစ်ဦးက ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။
▶အရည်ဝမ်းလျှောခြင်း
ဆန်ဆေးရေလို အရည်ဝမ်းသွားတတ်တာမျိုးပါ။

▶အန်ခြင်း
တချို့တွေမှာ ဝမ်းမလျှောခင် အရည်တွေ အန်တဲ့ လက္ခဏာကို စတင်ပြသတတ်ပါတယ်။

▶ နုံးခွေခြင်း၊ သတိလစ်ခြင်း
ခန္ဓာကိုယ်အရည်ဓာတ်ဆုံးရှုံးမှုကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ သွေးပေါင်ရုတ်တရက်ကျပြီး သတိလစ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

▶ကြွက်တက်ခြင်း
ရေဓာတ်သာမက သတ္တုဓာတ်တွေပါ ဆုံးရှုံးတဲ့အတွက် ကြွက်တက်စေနိုင်ပါတယ်။

ဘယ်သူတွေ ဖြစ်နိုင်ခြေ များသလဲ
---------------------------------
မသန့်ရှင်းတဲ့ရေ သောက်ရသူ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းသူ၊ သန့်ရှင်းမှုအားနည်းတဲ့ ဒေသ တွေမှာ နေထိုင်သူတွေက ကာလဝမ်းရောဂါ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်ပါတယ်။

ကာလဝမ်းရောဂါ ဖြစ်ရင် ဘယ်လို ကုသရမလဲ
-----------------------------------
(၁) ဓာတ်ဆားရည် အလုံအလောက် သောက်ရပါမယ်။ ကာလဝမ်းရောဂါ အတွက် အရေးကြီးဆုံး ကုသမှုထဲမှာ ပါဝင်ပါတယ်။
(၂) ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေး(Antibiotics)နဲ့ ဆေးပတ်လည်အောင် ကုရပါမယ်။
(၃) ကလေးတွေမှာဖြစ်ရင် ဇင့်ပါတဲ့ အားဆေးကိုပါ ဖြည့်စွက်တိုက်ကျွေးရပါမယ်။

ကာလဝမ်းရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ
-----------------------------------
✅အစာမစားခင်နဲ့ စားပြီးတဲ့အခါ၊ အိမ်သာတက်ပြီးတဲ့အခါတွေမှာ လက်ကို သေချာ ဆေးကြောရပါမယ်။
✅အစားအသောက်တွေကို ကောင်းစွာကျက်အောင် ချက်ပြုတ်ပြီးမှ စားရပါမယ်။
✅ယင်နားစာတွေကို လုံးဝ မစားသင့်ပါဘူး။
✅ရေသန့်သောက်ရပါမယ်။ မရရင် ရေကို ကျိုချက် သောက်သုံးရပါမယ်။
✅ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားရပါမယ်။
✅ယင်လုံအိမ်သာ သုံးစွဲရပါမယ်။

သတိပြုရန်
----------
ကာလဝမ်းရောဂါကို သေချာကုသမှုမခံယူရင် အသက်အန္တရာယ် ဆုံးရှုံးစေနိုင်တာကြောင့် လက္ခဏာတွေ ပြလာရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို သွားပြဖို့ အရေးကြီးပါတယ်။
စောစော သိရှိပြီး စနစ်တကျ ကုသမှုခံယူရင် ပြင်းထန်တဲ့ လူနာတွေမှာတောင် ပြန်ကောင်းလာနိုင်ပါတယ်ဆိုတာ ပြောကြားရင်း ...
''အားလုံး ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာကြပါစေ''


(Ref; www.cdc.gov/cholera)

Photos from Virgo Health & Beauty's post 28/05/2024

ဝက်ခြံ ပျောက်ပြီး မျက်နှာအသားရေ ပြန်ကောင်းလာတဲ့အခါ ဘယ်သူကမပျော်ဘဲ နေနိုင်မလဲ❓️

ဝက်ခြံလဲပျောက် အသားရေလည်းကျန်းမာစိုပြေလာတဲ့ feeling လေးက သုံးသူတိုင်း သိတယ် 😊

Serum & Sleeping Mask က
အော်ဂဲနစ်လေးမို့ စိတ်ရှည်ရတယ်
မပျောက်မှာတော့မပူနဲ့နော်☘️

💯% Organic လေးဖြစ်လို့ အသက်(6)နှစ်မှစ၍ သုံးနိုင်ပါတယ်
ရှင့်🤷‍♀️

& Beauty




☎️09 428191113, 09 976017038 (or) Cb

25/05/2024

မျက်နှာပေါ်က အလှတရားတွေကို ဖုံးကွယ်ပစ်တာ ဘယ်သူလို့ထင်လဲ ❓

အားလုံးရဲ့ အဖြေက.... ဝက်ခြံ 😒

ဘယ်သူမှမလိုချင်ကြတဲ့ ဝက်ခြံတွေ အချိန်မရွေးလူတိုင်း မျက်နှာပေါ်မှာ ရောက်လာတာ သိပ်စိတ်ညစ်ဖို့ကောင်းတာပဲ🤦‍♀️

ဝက်ခြံတွေ ထပ်မဖြစ်အောင် အစားသောက်လေးတွေကို သတိထားရှောင်ကြဥ်ရမယ်👌

အထူးသဖြင့် အပူ၊အစပ်၊အငန်၊ဆီကြော်စာ၊အားလူးကြော်၊ပင်လယ်စာ၊ကော်ဖီ၊အချိုရည်၊နို့ထွက်ပစ္စည်း၊ခေါက်ဆွဲခြောက်စတာတွေအများကြီးစားသုံးတာတွေမျိုးကိုရှောင်ရပါမယ်🙅❌️

ဝက်ခြံအတွက် အဆိပ်တောက်တွေဖြစ်စေနိုင်လို့ ဝက်ခြံပျောက်ဖို့ကြန့်ကြာပါတယ်✅️

အစားလည်းရှောင် CHIZEN Acneexpert လည်းဆောင်ထားမယ်ဆိုရင် ဝက်ခြံတွေကို bye ...bye လုပ်လို့ရပြီ 👋

Health & Beauty




☎️09 428191113, 09 976017038 (or) Cb

Photos from Virgo Health & Beauty's post 23/05/2024

ဝက်ခြံ၊ အမာရွတ်တွေ များလာလေ မှန်ကြည့်တိုင်း စိတ်ရှုပ်လာလေလေ😥

ဒီကာကာလေးကတော့ ဝက်ခြံ၊အမာရွတ်တွေကြောင့် မှန်ကြည့်တိုင်း စိတ်ပျက်ခဲ့တဲ့ အချိန်တွေ ကျော်ဖြတ်ခဲ့နိုင်ပြီ 😊

တကယ်တော့ ဝက်ခြံ၊ အမာရွတ်တွေပျောက်သွားတာ CHIZEN ရဲ့ ဆေးဖက်ဝင် Serum & Sleeping Mask နဲ့တွေ့သွားလို့ပါ 🤗

ဝက်ခြံရှိပြီး မဲညစ်နေတဲ့ အသားရေကြောင့် မပျော်ဘူးဆိုတဲ့သူလေးတွေ စောပွင့်ရဲ့ Page ကိုလာခဲ့လိုက်တော့နော်🤷‍♀️

& Beauty




☎️ 09 428191113, 09 976017038 (or) Cb

22/05/2024

ကဆုန်လပြည့်နေ့
***************
ဖွားမြင်၊ ပွင့်၊ စံ၊ ဗျာဒိတ်ခံ၊
မှတ်ရန် ကဆုန်လပြည့် ဗုဒ္ဓနေ့ 💫

ယနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှစ၍
မြန်မာပြည်သူပြည်သားများ ကိုယ်စိတ်နှလုံး အေးချမ်းကြပါစေကြောင်း
Virgo Health & Beauty မှဆုတောင်းမေတ္တာပို့သလိုက်ပါတယ်
ရှင့်🙏

21/05/2024

ဝက်ခြံရှင်းဖို့ တွဲသုံးပြီးပြီလား❓️

ဝက်ခြံဆိုရင် အရမ်းသိသာတဲ့
လူသုံးများတဲ့ ဝက်ခြံပျောက် စုံတွဲ☘️

ဝက်ခြံပျောက်ပြီး အသားရေကြည်ရှင်းစေတယ် 😱

Lovely တို့မုန်းတဲ့ဝက်ခြံ အရှင်းပျောက်ချင်ရင် အမြန်သုံးလိုက်တော့😍

& Beauty




☎️09 428191113, 09 976017038 (or) Cb

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon