Huu
As Karen women say it is filled with nature blessings ………
HUU is a self contentment Odyssey. A brand that navigates en route back to your beauty origins.
18/08/2026
Sensitive Skin အစ်မတစ်ယောက် Huu 🍃🌾နဲ့ အဆင်ပြေခဲ့တဲ့ Honest Review လေး ပြန်မျှဝေ ပေးချင်ပါတယ် ။
ဒီမမ က အလုပ်ခွင်ထဲမှာ အသားအရေ ထိ သွားပြီး
အရှင်း ပြန်မကောင်းတော့တာ ကြာပြီလို့ သိရပါတယ် ။
စိတ်ရှည် လက်ရှည် အစ်မ ရဲ့ Skin ပြဿနာလေးတွေ နားထောင်ပြီး
Huu ရဲ့ Cleanser လေးနဲ့ Emulsion လေးကို စသုံး ကြည့်ဖို့ အကြံပြုခဲ့ပါတယ် ။
သိန်း ၁၀ ချီ ပေးရတဲ့ Brand တွေတောင် မတည့်တဲ့သူက မတည့်ကြတာ မျိုး ရှိတာ ဆိုတော့ ...
"ဒီ မမ က Huu လေးနဲ့ အဆင်ပြေသွားတယ် "
သူကိုယ်တိုင်လည်း ဝမ်းသာနေတယ် .....
ဆိုတော့
Huu အနေနဲ့ လည်း အများကြီး ဝမ်းသာရပါတယ် ။
Huu ရဲ့ Products တွေကို မြန်မာလူမျိုး
တို့ရဲ့ အားထားရာ Ingredient တစ်မျိုးဖြစ်တဲ့
ဆန် 🌾🍃ကို အခြေခံပြီး
သဘာဝရဲ့ 🍃 အဆီအနှစ် တွေကိုပဲ
အဓိက အသုံးပြု ထုတ်လုပ်ထားတာဖြစ်လို့
အခုလို Sensitive Skin သမားတွေက စလို့ ...
Dry to Normal Skin အထိ စိတ်ချလက်ချ
အသုံးပြုန်ိုင်ပါတယ် ။ 🖤
Minimal Effort , Maximum Impact
🌾
15/08/2026
Huu ရဲ့ Cleanser လေးတွေ Stock Out နေပေမယ့်
Milk Emulsion နဲ့ Face and Body Oil လေးတွေ
ရရှိနိုင်ပါသေးတယ် ။
ဆန်နဲ့ အုတ်ဂျုံတို့ရဲ့ ပေါင်းစပ်မှု နဲ့အတူ
သဘာဝ ရဲ့ အာနိသင်တွေနဲ့ အထူး ဖော်စပ်ထားလို့ ...
🍃Emulsion လေးက အစိုဓာတ်ဖြည့်ဖ်ို့နဲ့ အသားအရေ
ကြည်လင်မှုအတွက် အသင့်တော်ဆုံးပါ ။
🍃Vitamin E အပြည့်အဝ ပါဝင်တဲ့
Rice Bran Face And Body Oil လေးကတော့
အသားအရေ ကို ဝင်းအိ ကြည်လင်စေပြီး သဘာဝအတိုင်း
ပြီးပြည့်စုံမှုပေးစွမ်း ပါလိမ့်မယ် ရှင် ။
Huu ချစ်သူ လေးတွေ ရဲ့ 🩵Skin လေးကို
စောင့်ရှောက်ဖို့ အတွက်
Minimal Effort နဲ့
Maximum Output ပေးမယ့် Huu ပါ 🍃🌾
✔️ဒီ လကုန် အထိ သာ အရင်ဈေးနှုန်း နဲ့ ဝယ်ယူနိုင်ပါမယ် ရှင် ။
Emulsion 100 ml 22,000 mmk
Face and Body Oil : 30,000 mmk
🖤
09/08/2026
Hello ... Happy Weekend par Shinnn 🍃🌾
Huu ရဲ့ cleanser လေးတွေ Stock out သွားတာ ဖြစ်လို့ အချိန်မီပြန်ထွက်လာဖို့ ကြိုး ပမ်းနေရတာ ဖြစ်လို့
Huu လေးပျောက်နေရတာ ဖြစ်ပါတယ် ။
နောက်ပြီး
ချစ်ရဲ့ တဲ့ Huu Customer လေးတွေအတွက်
နောက်ထပ် minimal effort , maximum impact ရစေမယ့် Huu ရဲ့ New Product လေးတွေအတွက်လည်း ပြင်ဆင်နေပါတယ် ရှင် 🖤
လက်ရှိမှာတော့ Emulsion နဲ့ Body Oil
လေး Instock ရှိနေပါတယ် ။
Huu 🌾
🍃
25/07/2026
ဘာဖြစ်လို့ ‘’ဆန်”လဲ? ဘာဖြစ်လို့ “အုတ်ဂျုံ” လဲ? 🌾
Why rice? Why Oat? ✨
ဘာဖြစ်လို့လဲဆိုတော့ ဆန် ရဲ့ ---
🍃အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး
အရေးအကြောင်း မဖြစ်အောင်ဟန့်တားပေးနိုင်လို့ ။
🍃အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးပြီး အချိန်အကြာကြီး Moisture ထိန်းပေးထားနိုင်တာကြောင့်။
🍃မျက်နှာလေး တောက်ပကြည်လင်လာပြီး အသားရောင် တပြေးညီဖြစ်အောင် ထိန်းညှိပေးတာကြောင့်။
🍃ယောင်ယမ်းနီမြန်းမှုတွေကို သက်သာစေတာကြောင့် ။
🍃အဆီပြန်တဲ့အသားအရေအတွက် အဆီပြန်မှု လျှော့ချပြီး ထိန်း ပေးတာကြောင့် ဖြစ်ပါတယ် ။
ဒါတွေကြောင့် ‘’ဆန်” ဟာ အရေပြားအာဟာရအတွက် အင်မတန်တန်ဖိုးရှိတဲ့ လက်ဆောင်ဖြစ်ပါတယ် ✨
ဘာဖြစ်လို့ ‘’အုတ်ဂျုံ” လဲ? ----
🩵သဘာဝအတိုင်း အသားအရေကို နူးညံ့သိမ်မွေ့စွာ exfoliate လုပ်ပေးနိုင်တယ်
saponinsပါဝင်မှုကြောင့် အညစ်အကြေးတွေကို ထိရောက်စွာ ဖယ်ရှားနိုင်မယ်
အဆီစုပ်ယူမှုကြောင့် Oily Acne-prone Skin တွေအတွက် ဝက်ခြံသက်သာစေမယ်
အသားမခြောက်အောင် အမြဲ ပံ့ပိုးပေးပြီး eczema , psoriasis တို့လို အရေပြားပြဿနာတွေကိုသက်သာစေပြီး နီမြန်းမှု ၊ ယားယံမှုတို့အတွက် အဖော်မွန်ဖြစ်တယ် 🍃
အစရှိတဲ့ ကောင်းချီးအမျိုးမျိုးကြောင့်
ဆန် နဲ့ အုတ်ဂျုံဟာ Huu ရဲ့ အဓိက
ဇာတ်လိုက် ပါဝင်ပစ္စည်းတွေဖြစ်လာပါတယ်။
နှစ်ခုလုံးက Skin Barrier တွေကို အားဖြည့်ပေးတယ်။ သဘာဝရဲ့ အကူအညီနဲ့ အရေပြားပြဿနာအမျိုးမျိုးကို ဖြေရှင်းတဲ့နေရာမှာ ညင်သာနူးညံ့စွာနဲ့ ထိထိရောက်ရောက် ကူညီစွမ်းဆောင်နိုင်တာဟာ သူတို့ရဲ့ ထူခြားချက်ဖြစ်ပါတယ် 🤍
Huu ဆီမှာ လောလောဆယ်ထိ -
- Skin Barrier တွေမထိခိုက်ပဲ မျက်နှာလေးကို ငြင်သာစွာ သန့်စင်ပေးမယ့် Rice & Oat Cleanser - 250 ml 31000
- Lightweight texture လေးနဲ့ ပေါ့ပါးပါးရေဓာတ်ဖြည့်ပေးပြီး အသားလေး စိုစိုအိအိကျန်ခဲ့စေမယ့် Rice & Oat Emulsion -100 ml 22000
- အသားထဲလွယ်ကူစွာ စိမ့်ဝင်ပြီး Vitamin E နဲ့ သတ္တုဓာတ်တွေ ပြည့်ဝတဲ့ ဘက်စုံသုံး
Rice Bran Body Oil -100 ml 30000
တို့ကိုထုတ်လုပ်ထားပြီးဖြစ်ပါတယ်🤍
Huu ရဲ့ ပစ္စည်းအမျိုးအစားတိုင်းကို အသက်အရွယ်မရွေး၊ အသားအရေအမျိုးအစားမရွေး ကလေးကအစ ဘိုးဘိုးဘွားဘွားထိ စိတ်ချလက်ချ အသုံးပြုလို့ရပါတယ်။
အသားအရေကို ထိခိုက်စေမယ့် Harsh Chemical ပါခြင်း အလျဉ်းမရှိပါဘူး၊ Huu နဲ့ အတူတူ ကိုယ့်အသားအရေ ကို ကြင်နာလိုက်ရအောင် 🤍
Be kind to your skin with Huu 🤍🌬️🌾
စပါးခင်းတွေ 🌾၊ပင်လယ်တွေရှိရာ 🌊အရပ်မှာ
မွေးဖွားလာခဲ့တဲ့ မဆုမွန် နဲ့
စပါးခင်းတွေကနေတဆင့်ဖြစ်ပေါ်လာတဲ့ Huu 🩵
Huu cleanser တစ်မျိုးထဲကိုပဲ makeup remover အနေနဲ့ရော၊ facial cleanser ဆပ်ပြာအနေနဲ့ပါ minimalist ဆန်ဆန်သုံးသွားပါတယ် 🍃🌾
Emulsion လေးက အစိုဓာတ်ဖြည့်ဖ်ို့နဲ့ အသားအရေ ကြည်လင်မှုအတွက် ပါ ။
သာဘာဝ ဆန်ဆန် ဝင်းပကြည်လင်တဲ့
အသားအရေ ကို ရရှိဖို့ အတွက် Huu ရှိနေပါတယ် ။ 🌾
23/07/2026
🍃Huu က Skincare Products လေးတွေကို
ဘာလို့ သုံးသင့်လဲ ဆိုတဲ့ မေးခွန်း အတွက် ..🍃
Huu Products လေးတွေကို
"ကျမတို့ မြန်မာ လူမျိုးတွေရဲ့ အထွဋ်အမြတ်ထားရာ "
အရိုးစင်းဆုံးနဲ့ အထိရောက်ဆုံး
ပါဝင်ပစ္စည်းတစ်ခု ဖြစ်တဲ့ .....
🌾 ဆန်ကို အဓိကထား ပြီး ထုတ်လုပ်ထားပါတယ် ။
ဆန်ရဲ့ အာနိသင်ဟာ .....
Skin အတွက် ဘယ်လောက်တောင်အကျိုးပြုနေလဲ
ဆိုတာ တကယ်လေ့လာကြည့်ရင် အံ့မခန့်ပါပဲ ။
ဆန်ဟာ 🌾🩵
✨ Amino acid ကြွယ်ဝလို့ အိုမင်းရင့်ရော်မှုကို
နှေးကွေးစေတယ်။
✨ အသားအရေ ရဲ့ ကျုံ့ဆန့်နိုင်မှု စွမ်းရည်ကို
နိုးကြားစေလို့ အရေးအကြောင်း တွေကို
ကာကွယ်ပေးတယ် ။
✨ အဆီမပြန်အောင် ထိန်းညှိပေးတယ်။
✨ အသားအရေ ကို ဝင်းပ စေလို့
သဘာဝ အတိုင်း လှပနေစေတဲ့
Glow Effect ကို ပေးစွမ်းနိုင်တယ် ။
✨ ခြောက်သွေ့ခြင်းကို ကာကွယ်ပေးလို့
အစိုဓာတ်ပြည့်ဝ နေတဲ့ ကျန်းမာတဲ့အသားအရေ ကို
ရရှိပိုင်ဆိုင်စေပါတယ် ။ 🩵
🩵Huu Skincare လေးတွေဟာ
" Less is More " ဆိုတဲ့ Minimalist Skincare Routine ရဲ့ အဖြေကို ပေးပါတယ် ။
Product နည်းနည်း သုံးရင်
effect နည်းမလားလို မပူပါနဲ့ ။
— ingredient ကောင်းရင် product နည်းနည်းနဲ့ပဲ လုံလောက်တယ် ဆိုတာကို ဆန်က သက်သေပြနေပါတယ်။
👉Skin ပေါ်မှာ ingredient များများ layer တင်လေ conflict ဖြစ်ဖို့ ရာခိုင်နှုန်း များလေပါပဲ —
sensitive skin အတွက်ဆိုရင် ပိုပြီး
risk တစ်ခု ဖြစ်နေတယ်ဆိုတာ မေ့မထားပါနဲ့ 🤍
ကျမတို့ လိုချင်တဲ့ ကြည်ကြည်လေးနဲ့
Glow နေပြီး
သဘာဝ ဆန်တဲ့ အသားအရေ ကို ရဖို့ အတွက်
အခုပဲ Huu နဲ့ စတင်လို့ရပါတယ် ။
ပထမအဆင့် .... 🍃ဖုန်နဲ့ အညစ်အကြေး တွေ
ထိရောက်စွာ သန့်စင်ပေးမယ့်
၁)Huu ရဲ့ Cleanser လေးသုံးပြီး သန့်စင်ပါ ။
ပြီးရင်တော့ ...
အစိုဓာတ်ဖြည့်ပေးပြီး ကြည်ကြည်လေးနဲ့
Glow Effect ရစေမယ့်
၂)Milk Emulsion လေးနဲ့ ကိုယ့်ရဲ့ အသားအရေကို စတင်ထိန်းသိမ်းလိုက်ပါ🤍
Huu အနေနဲ့ ဒီလို Promise တွေပေးဖို့
သေချာအချိန်ယူ ပြင်ဆင်ထုတ်လုပ်ခဲ့တာပါ ။ ...
Huu ရဲ့ Products တွေဟာ ယုံကြည်လို့ရတယ်
ဆိုတာကို ...
အစဉ်တစိုက် သုံးစွဲနေကြတဲ့
HUU ရဲ့ Loyal Customers တွေက
သက်သေပြပေးနေပါတယ် ။ 🤍
နူးညံ့တဲ့ Skin လေးတွေကို သဘာဝအတိုင်း
စောင့်ရှောက်ဖို့ Huu ဟာ Minimal Effort နဲ့
Maximum Output ပေးမယ့် Solution ဖြစ်ပါတယ် ။ 🌾
22/07/2026
Huu 🌾အကြောင်း တစေ့ တစောင်း 🩵
Huu ရဲ့ အဓိပ္ပါယ်က ဘာလဲ 🌾
Huu 🤍ကို Romantic ဆန်ဆန်လေးအဓိပ္ပါယ်ဖွင့်ရရင်
ရိုးရှင်းခြင်း🌱၊ စင်ကြယ်ခြင်း၊ အာဟာရပြည့်ခြင်း၊ သိမ်မွေ့ခြင်းတွေရဲ့ ထုတ်ကုန် လို့ ပြောရမှာပါ။
Product လေးတွေကိုလည်း Huu ရဲ့ အဓိပ္ပာယ်အတိုင်း အပြည့်အ၀ရအောင်....
ရိုးရှင်းတဲ့ ပါ၀င်ပစ္စည်း၊
နူးညံ့တဲ့ Texture၊
သိမ်မွေ့တဲ့ ထိရောက်မှု လေးတွေကစလို့
Eco-friendly ဖြစ်တဲ့ Packaging လေး အဆုံးပေါ့ ♻️။
Huu လေးက ဘာကို ယုံကြည်လဲ 🌱
Huu က Minimalist and Environmental Friendly ဖြစ်တဲ့ Life style ကို ယုံကြည်တဲ့အတွက် ...
Huu ရဲ့ ပထမဆုံး ထုတ်ခဲ့တဲ့ products တွေမှာ
ကျမ တို့ မြန်မာတွေရဲ့ အခြေခံအကျဆုံးနဲ့
အလိုအပ်ဆုံး ဖြစ်တဲ့ ဆန်ကို
အဓိက အသုံးပြု ထုတ်လုပ်ဖြစ်ခဲ့ပါတယ် ။
ငယ်ငယ်က ကြားဖူးတဲ့ ကျမတို့ အမေတွေရဲ့
တစ်ခုထဲသော Skincare routine လေးက
ဆန်ဆေးရေ နဲ့ မျက်နှာ သစ်တယ် ဆိုတာ လေး ကို အားလုံး သတိရကြမယ် ထင်တယ် ။ 😘
ကျမ တို့ Huu လေးကို စတင် Founded လုပ်ဖြစ်ခဲ့တဲ့ အဓိက အကြောင်းအရင်းကို ....
ပြောပါဆိုရင် ... 🌾
ကြီးကြီးကျယ်ကျယ် နဲ့ပဲ စ ပြောရမယ် ဆို 😍
Local Brand တွေရဲ့
အရည်အသွေး မြင့် ကုန်ထုတ်လုပ်မှုကို
ကျမ တို့ တတ်နိုင်တဲ့ဘက်ကနေ မြှင့်တင်ချင်တဲ့ ရည်ရွယ်ချက်ရှိပါတယ် ။
ဒါကြောင့် ...
🌾Huu ဘရန်း လေးကနေ ကိုယ် တိုင်
သုံးချင်လောက်တဲ့ အရည်အသွေး မြင့် ပြည်တွင်းထုတ်ကုန် တွေ ထုတ်လုပ်နေတာ ဖြစ်တယ် ။
Huu ရဲ့ Products လေးတွေကို
🍃Harsh Chemical တွေ မသုံးဘဲ သဘာဝ ဆန်တဲ့
အထိအတွေ့နဲ့ ကျမတို့ Huu လေးတွေရဲ့
အလှ အပ ကို အကောင်းဆုံး ကူညီ
အားဖြည့်ပေးဖို့ ရှိလာတာဖြစ်တယ် ။
အခုဆိုရင် Huu ရဲ့ product တွေကို
ယုံယုံကြည်ကြည် အသုံးပြုနေတဲ့
🌾Customer တွေ အခိုင်အမာ ရရှိနေပြီး
အားလုံးက
Product Quality 🌾နဲ့ပတ်သက်ပြီး
ကျေနပ်ကြတာ တွေ့ရလို့ ကျမတို့ရဲ့
ရည်ရွယ်ချက်လေး ခရီး ရောက်ခဲ့ပြီလို့
ပြောလို့ရပါတယ် ။
ရှေ့ဆက်ပြီးလည်း ... Huu လေးတို့ရဲ့
ရှိပြီးသား အလှ တရား တွေ ပိုမို တောက်ပလာဖို့
အတူ ရှိနေ ပါရစေ ရှင် 🍃🌾
22/07/2026
Huu 🌾ရဲ့ products လေးတွေ
လက်ဆောင်ရရှိသူများပါရှင် 🩵
Huu လေးကို ဟိုးလွန်ခဲ့တဲ့ ၅ နှစ်ကတည်းက အစဉ်တစိုက် သုံးစွဲခဲ့တဲ့ Huu ချစ်သူလေးတွေကို တစုတစည်းထဲ တွေ့ရတာလည်း
အင်မတန်အားရှိရပါတယ် ။ 🩵
အကြံဥာဏ်လေးတွေ အတွက်လည်း ကျေးဇူးအများ ကြီးပါရှင် 🌾🍃
Huu လေးတို့ တကယ် သုံးချင်မယ့် နောက်ထပ် Products လေးတွေ လည်း ထုတ်လုပ်ပေးသွားမယ့်အပြင်
အစဉ်တစိုက် အားပေးခဲ့သူတွေ အတွက် လည်း
Membership Bonus Plan လေးတွေပါ
စီစဉ်ပေးဦးမှာမို့ စောင့်ကြည့် ဝန်းရံ ကြပါဦး ရှင် 🩵
Huu လေးတို့ရဲ့ သဘာဝ အလှ ကို
ပိုမို ပြီးပြည့်စုံအောင် ဖြည့်စွက် ပေး ဖို့
အမြဲ ကြိုးစားနေပါမယ် ။
🌾
🌾
21/07/2026
အပြောင်းအလဲတွေ သိပ်မြန်ပြီး အရာရာ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ…
ကိုယ့်မှာရှိနေတဲ့ အလှတရားနဲ့ အရှိတရားတွေကို မချစ်မြတ်နိုးတတ်တော့ဘူးဆိုရင် ဒါမှမဟုတ်
ချစ်မြတ်နိုးဖို့ မေ့လျော့ခဲ့မယ်ဆိုရင်....
ဘယ်ကိုပဲ ကြည့်ကြည့်…
နှိုင်းယှဉ်စရာတွေကြားမှာ
စိတ်ပျက်အားလျော့စရာတွေချည်းပဲ တွေ့ရပါလိမ့်မယ်။
Huu 🌾🍃 ကတော့…
“ရောင့်ရဲခြင်းက စတင်တဲ့ အလှတရား” ကို
ယုံကြည်ပါတယ်။ 🩵
စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ…
ပိုများတဲ့အရာတွေကို ရရှိမှ မဟုတ်ပါဘူး။
ကိုယ့်မှာရှိပြီးသား အရာတွေကို လက်ခံတတ်ခြင်း၊
ပွေ့ဖက်တတ်ခြင်း၊
ချစ်မြတ်နိုးတတ်ခြင်းကနေ စတင်တာပါ။ 🦋
ဒီယုံကြည်ချက်၊ ဒီ Values တွေနဲ့ပဲ Huu ဟာ
အမျိုးသမီးတိုင်းရဲ့ ကိုယ်ပိုင်အလှတရားကို
ပိုမိုတောက်ပစေဖို့ ဖြစ်တည်လာတာ ပါ ။
နှိုင်းယှဉ်မှုကို လျှော့လိုက်တဲ့အခါ
အလှက ပိုထင်ရှားလာပါလိမ့်မယ် ....
Huu — အလှစစ်ဆိုတာ ကိုယ့်ကိုယ်ကို
လက်ခံခြင်းမှ စတင်သည်။ 🌾🤍
19/07/2026
Happy Sunday 🍃🌾လေးပါ Huu လေးတို့ရေ 😍😍
Huu Brand လေး ပြန်လည်
သက်ဝင်လှုပ်ရှား လာတဲ့
အထိမ်းအမှတ်အနေနဲ့
Huu ချစ်သူလေးတွေကို လက်ဆောင်လေး ပေးဖို့စီစဉ်ထားပါတယ်။ 🌾🩵
Huu Skincare Products လေးတွေကို
ပြည်တွင်းမှာပဲ သက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် Founder Medical Doctor တို့ ပူးပေါင်းပြီး အရည်အသွေး စိတ်ချရတဲ့ Quality Products အဖြစ် ထုတ်လုပ်ခဲ့တာ 🌱၅ နှစ် တိုင်ခဲ့ပါပြီ ။
ဒီနေရာမှာ Huu Brand လေးအကြောင်း အနည်းငယ် ပြန်မိတ်ဆက်ချင်ပါတယ်။ 🌱🌾
Huu ဆိုတာ
ရိုးရှင်းခြင်း၊ စင်ကြယ်ခြင်း၊ အာဟာရပြည့်ခြင်း၊ သိမ်မွေ့ခြင်းတွေရဲ့ ထုတ်ကုန် လို့ အဓိပ္ပါယ်ရပါတယ် ။
Huuက ထုတ်လုပ်တဲ့ Skin care Product
လေးတွေကိုလည်း
"🌾Huu ရဲ့ အဓိပ္ပာယ်အတိုင်း အပြည့်အ၀ရအောင် ထုတ်လုပ်ထားပါတယ်။
✔️ရိုးရှင်းတဲ့ ပါ၀င်ပစ္စည်း၊
✔️နူးညံ့တဲ့ Texture၊
🍃သိမ်မွေ့တဲ့ ထိရောက်မှု လေးတွေကစလို့
🍃Eco-friendly ဖြစ်တဲ့ Packaging လေး
အဆုံးပေါ့ ♻️။
ပြောရရင် Huu ဆိုတာ ဒီအတိုင်း အလှကုန်သက်သက်မဟုတ်ဘဲ Environment ကို ထိန်းသိမ်းနေသူတွေ၊ Minimalist တွေကို အားပေးနေတဲ့ 🌾🩵Local Skincare Brand တစ်ခုလည်း ဖြစ်ပါသေးတယ်။
အသိပညာတွေ ကိုယ်တိုင်ဝေမျှရင်း ပိုလှပတဲ့ကမ္ဘာမြေကို နောက်မျိုးဆက်အတွက်
အမွေပေးခဲ့ဖို့ ကြိုးစားနေတဲ့ Huu ပဲဖြစ်ပါတယ် ။
❗🌱လက်ဆောင် အတွက် Huu ရဲ့ Demand
အများဆုံး item တွေဖြစ်တဲ့ ....
Emulsion (7) ဗူး နဲ့ Body Oil (3) ဗူး ကို
Huu ချစ်သူ ၁၀ ယောက်တိတိ ကို
ပေးသွားမှာ ဖြစ်ပါတယ် ။ 🩵🌾
လက်ဆောင်ရယူဖို့အတွက်တော့ ❓❓
🍃Huu ရဲ့ ဒီ Post လေးကို ကိုယ့်ရဲ့
သူငယ်ချင်း မိတ်ဆွေတွေအတွက်
ပြန် Share ပေးရင် ရပါပြီ ။
နောက်တစ်ချက်ကတော့ 🌾Huu လေး
ပိုကောင်းမွန်တဲ့ ခြေလှမ်းတွေ နဲ့ ရှေ့ဆက်နိုင်ဖို့
🌱🌾Huu က နောက်ထပ် ထုတ်မယ့် Products
အသစ်လေးတွေမှာ ( Hair Care , Body Care စသဖြင့် ) ဘယ်လို ပစ္စည်းလေးတွေ
ထုတ်စေချင်လဲ ဆိုတာ ကို ❓Comment မှာ
အကြံပြုသွားပေးဖို့ပါပဲ ။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |