Phoo's Lifestagram

Phoo's Lifestagram

Share

Personal blogs🧡

15/04/2026

နှစ်သစ်မှာ အရေးကြီးဆုံးကတော့ အတိတ်က အညစ်အကြေးတွေကို လွှတ်ချနိုင်တဲ့ စိတ်ထားပဲ။ နှစ်ဟောင်းမှာ ကြုံခဲ့ရတဲ့ စိတ်နာစရာတွေ၊ အဆင်မပြေမှုတွေနဲ့ အာဃာတတွေကို အိတ်အဟောင်းကြီးတစ်ခုလို ထမ်းမလာပါနဲ့တော့။ 'ပြီးခဲ့တာတွေ ပြီးပါပြီ' ဆိုပြီး လွှတ်ချလိုက်မှသာ နှစ်သစ်ခရီးကို ပေါ့ပေါ့ပါးပါးနဲ့ ဝေးဝေးသွားနိုင်မှာ ဖြစ်ပါတယ်။

နောက်ပြီးတော့ ကိုယ့်မှာရှိနေတဲ့ အရာလေးတွေကို တန်ဖိုးထားတတ်တဲ့ ရောင့်ရဲတင်းတိမ်တဲ့ စိတ်ကလေးကိုလည်း မွေးမြူရမယ်။ 'ငါ့မှာ ဒါမရှိလို့၊ ဟိုဟာမရလို့' ဆိုပြီး မပြည့်စုံတာတွေကို လိုက်ကြည့်ပြီး စိတ်ညစ်နေမယ့်အစား ရှိနေတာလေးတွေနဲ့ အေးချမ်းအောင် နေတတ်ဖို့ လိုတယ်။ သည်းခံခြင်းဆိုတဲ့ စိတ်ထားကလည်း နှစ်သစ်မှာ အင်မတန် အရေးကြီးတယ်။ လောကမှာ လောကဓံဆိုတာ လာဦးမှာပဲ၊ အဲ့ဒီအခါ 'ဒါဟာ လောကရဲ့ သဘောပဲ' လို့ သည်းခံနိုင်တဲ့စိတ်ရှိရင် ဘယ်လိုအပူမျိုးပဲလာလာ ကိုယ့်စိတ်ကို မလောင်မြိုက်နိုင်တော့ဘူး။

အဓိကကတော့ ကိုယ့်ပတ်ဝန်းကျင်ကို မေတ္တာရှေ့ထားတဲ့ မျက်လုံးနဲ့ ကြည့်တတ်ဖို့ပဲ။ အပြစ်ရှာတဲ့စိတ်ထက် 'အားလုံး အဆင်ပြေကြပါစေ' ဆိုတဲ့ စေတနာစိတ်နဲ့ ဆက်ဆံမယ်ဆိုရင် ကိုယ့်ဆီကိုလည်း မေတ္တာတွေပဲ ပြန်လာလိမ့်မယ်။ အရာရာမှာ သတိနဲ့ အသိဉာဏ်ကို ယှဉ်ပြီး ဆုံးဖြတ်တတ်တဲ့ စိတ်ထားမျိုးရှိနေရင်တော့ ဘယ်တော့မှ လမ်းမှားမှာ မဟုတ်ပါဘူး။ ဒါကြောင့် နှစ်သစ်မှာ အဝတ်အစားသစ်တွေ လဲသလို ကိုယ့်ရဲ့ စိတ်ထားဟောင်းတွေကိုလည်း ဒီလို စိတ်ထားကောင်းလေးတွေနဲ့ လဲလှယ်ကြည့်ကြပါ။ စိတ်ထားစင်ကြယ်နေတဲ့သူအတွက် နှစ်သစ်ရဲ့ နေ့ရက်တိုင်းဟာ မင်္ဂလာရှိတဲ့ နေ့ရက်တွေ ဖြစ်နေမှာပါ"

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ


#နှစ်သစ်ကူး2026 #ပါချုပ် #ပါမောက္ခချုပ်ဆရာတော် #နှစ်သစ်စိတ်ထား #စိတ်သစ်ဘဝသစ် #တရားတော် #မေတ္တာ #သတိ #ဓမ္မရသ

22/03/2026

🍀 ဖူးတို့တွေရဲ့ဘဝမှာ ကိုယ်ကြောက်တဲ့အရာကို မလွဲမသွေ ထိပ်တိုက်ရင်ဆိုင်ရမယ်လို့ ဘယ်သူကများ ကြိုတွေးထားကြမှာလဲ 🍀
"ကျန်းမာရေးကောင်းချင်တာ၊ ချစ်ရသူတွေနဲ့ အမြဲအတူပျော်ချင်တာ၊ စိတ်တူကိုယ်တူ နောက်ကျောလုံရတဲ့ သူငယ်ချင်း မိတ်ဆွေကောင်းတွေရချင်တာ၊ ကိုယ့်အလုပ်တွေ ဝင်ငွေကောင်းချင်တာ၊ အလုပ်ကောင်းကောင်းမှာ လစာကောင်းကောင်းရချင်တာ၊ အမြဲဦးစားပေးခံရ အချစ်ခံရချင်တာ၊ ကိုယ့်စိတ်ကိုနားလည်ပေးပြီး အကုန်ဖြည့်ဆည်းပေးတဲ့ မဖောက်မပြန် မလိမ်ညာတဲ့ ရည်းစားကောင်း အိမ်ထောင်ဖက်ကောင်းရချင်တာ၊ မခက်ခဲပဲ ကျောင်းကောင်းကောင်းမှာ ဘွဲ့ကောင်းကောင်းရချင်တာ၊ စိတ်ရှိတိုင်း မကြောင့်မကျနေနိုင်ချင်တာ၊ ငွေကြေးမပူပန်ရပဲ ခရီးတွေထွက်နေချင်တာ" စတဲ့အကောင်းလိုချင်တဲ့ 'ချင်' တွေပဲများကြပါတယ်။
ဒါပေမယ့် တစ်ချိန်တော့ ကိုယ်မဖြစ်ချင်တဲ့ ကိုယ်ကြုံတွေ့လက်ခံဖို့ကြောက်တဲ့အရာကို မလွဲမသွေရင်ဆိုင်ရကြပါတယ်။ " နောက်ကျော-ါးနဲ့ ထိုးတဲ့မိတ်ဆွေ၊ ရှေ့ချိုနောက်ကွယ်မှာ အတင်း‌‌တုပ်နာမည်ဖျက်တဲ့ လုပ်ဖော်ကိုင်ဖက်၊ ကိုယ့်အချစ်နဲ့ ပေးဆပ်နားလည်မှုကို ကျောခိုင်းသွားတဲ့ချစ်သူ၊ မိသားစုမှမထောက်ဖောက်ပြန်သွားတဲ့ အိမ်ထောင်ဖက်၊ ပိုင်ဆိုင်မှုတွေ မမျှော်လင့်ပဲဆုံးရှုံးတာ၊ ဘွဲ့တခုရအောင် ဆုံးခန်းတိုင်တက်ဖို့ အခက်အခဲတွေဖြစ်တာ၊ သံယောဇဉ်ရှိရတဲ့သူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာသွားတာ၊ ကြိုမ‌တွေးထားတဲ့အရာတွေဖြစ်လာလို့ စိတ်ဓာတ်ပျက်စီးတာ၊ ရောဂါဖိစီးလို့ ရောဂါပြန်ဖောက်လို့ လူရောစိတ်ပါပင်ပန်းရတာ" စသဖြင့် ကိုယ်ကကြောက်တဲ့အရာတွေကို မလွဲမသွေရင်ဆိုင်ကြတော့တာပါပဲ။
အဲ့အချိန်မှာ ဖူးအပါအဝင် လူတိုင်းအနည်းအများတော့ စိတ်ထိခိုက်ရတယ်၊ လူပင်ပန်းရတယ်၊ ပိုင်ဆိုင်တယ်ထင်ထားတဲ့အရာတွေ ဆုံးရှုံးရလို့ စိတ်နှလုံးကြေကွဲရတယ်၊ လောကဓံ၈ပါးကို လှိမ့်နေအောင် ခံစားရပြီး အနာဂတ်နေ့တွေ ဘာဆက်လုပ်ရမယ်မသိတော့ပဲ အကုန်လမ်းပျောက်ကုန်တယ်၊ အရာရာအရှုံးပေးလိုက်ချင်တဲ့စိတ်ပဲ ခေါင်းထဲရှိတော့တယ်။
ဒါပေမယ့် လောကကြီးက အ‌ကောင်းဆုံးကျော်ဖြတ် move on လုပ်လာတဲ့ကိုယ့်အတွက် ပိုကောင်းတဲ့သူတွေနဲ့ အရာတွေကို အရောက်ပို့ပေးပါတယ်။ အဆိုးတွေကို အကောင်းဆုံးဖြတ်ကျော်ပြီးတဲ့နောက် ကိုယ်မထင်ထားတဲ့ ပိုကောင်းတဲ့အရာတွေ ရလာတယ်။ အရင်နဲ့မတူတဲ့ အခြားပုံစံတမျိုးနဲ့ လောကကြီးကို မြင်တတ်လာတယ်။ ကိုယ်တိုင်လည်း ပိုကောင်းတဲ့ better version အဖြစ် သင်ခန်းစာယူပြောင်းလဲတတ်လာသလို လူတွေစိတ်ကိုလည်း ပိုသိလာတယ်။ မတည်မြဲခြင်းအပေါ်လည်း အကောင်းဆုံးကြိုးစားလက်ခံလာနိုင်သလို စိတ်ထားတတ်လာတယ်။ တန်ဖိုးထားလက်မလွှတ်သင့်တဲ့သူတွေကိုလည်း သိလာတယ်။ စသဖြင့် မထင်ထားတဲ့ miraclesတွေ အရောက်ပို့ပေးတော့တာပါပဲ။
ဖူးတို့စိတ်တွေပင်ပန်းနေကြတုန်းက ဒီလောက်နီးနီးမှာ ပိုပြီးကောင်းတဲ့ အဲ့လိုအရာ‌တွေ ရနိုင်မယ်လို့ ဘယ်လိုထင်ထားမိကြမှာလဲ။ လက်ခံသင့်တာကိုလက်ခံ၊ ချန်သင့်တာကိုချန်၊ move onလုပ်သင့်တာကိုလုပ်၊ healလုပ်သင့်တာလုပ်ပြီး အကောင်းဆုံးရှေ့ဆက်တော့မှ ဒီလိုနီးနီးလေးမှာရှိနေတဲ့ကောင်းခြင်းတွေကို ပိုမြင်လာရတာမို့ ဘယ်လိုအဆင်မပြေမှုတွေ ကြုံနေပါစေ အခက်အခဲနဲ့ စိန်ခေါ်မှုလို့ခံယူပြီး ပိုကောင်းတဲ့နေ့ရက်တွေကို အလှပဆုံးရှေ့ဆက်နိုင်ကြပါစေ အနားမှာရှိနေတဲ့ ကံကောင်းခြင်းတရားတွေ ရရှိကြပါစေလို့ ဖူးကဆန္ဒပြု ဆုတောင်းပေးလိုက်ပါတယ်နော်။ ချစ်တယ်နော်ချစ်သောတို့ရေ။

🍀 Miracles are closer than you ever think 🍀

16/03/2026

* စိတ်နဲ့လူအတွက် ဗီတာမင်ရွေးချယ်တတ်ပါစေ *

‎ဘဝမှာ ဗီတာမင်အရွေးမှန်ချင်ရင် Friendship, Relationship, Partnership ဘယ်လိုမျိုးအတွက်‌ေရွးချယ်တာဖြစ်ဖြစ် typeတူတာမတူတာ အတူစိတ်အားထက်သန်မှုရှိတာမရှိတာထက် တခြားအရေးကြီးတဲ့အချက်တွေကို ဦးစားပေးရွေးချယ်သင့်တယ်။
🍀 ‎ကိုယ့်ကောင်းခြင်းဆိုးခြင်းအကုန်လုံးအပေါ် လက်ခံနားလည်ပေးနိုင်တဲ့သူ၊ ရင်းနှီးချိန်ရင်ဖွင့်ပြောပြတဲ့ လျှို့ဝှက်ချက်က မလိုလားချိန်မှာ နောက်ကျော-ါးနဲ့ထိုးပြီး အောက်ဖဲမဖြစ်စေတဲ့သူ၊ အောင်မြင်နေချိန် လက်ခုပ်တီးပေးတာထက် အဆင်မပြေကျရှုံးချိန် လက်ကမ်းဖေးမပေးတဲ့သူ၊ သာသည်နာသည်သဘောမထားပဲ အချင်းချင်းလေးစားမှုနဲ့ ကြင်နာမှုပေးတဲ့သူ၊ လိုတုန်းခဏလိုသုံးမဟုတ်ပဲ ကိုယ့်ကိုအစစ်အမှန်တန်ဖိုးထားပေးတဲ့သူ၊ လက်ရှိကနေ အတူတိုးတက်ရင့်ကျက်ဖို့လိုလားတဲ့သူ၊ အဆင်မပြေဖြစ်ကြတဲ့အခြေအနေတွေမှာ အရင်တောင်းပန်ဖို့ထက် အရင်ခွင့်လွှတ်ဖို့ ဝန်မလေးတဲ့သူ၊ ကိုယ်တင်မကပဲ ကိုယ့်ဘေးကလူတွေကိုပါ လေးစားမှုပေးတဲ့သူ၊ အပူကိုယ်စီနဲ့ ရှင်သန်ရချိန်‌မှာတောင် ကိုယ့်အပူမှပူတယ်သဘောမထားပဲ အတူဖေးမရပ်တည်အားပေးတဲ့သူ၊ ကျန်းမာချိန်မဟုတ်ပဲ နာဖျားချိန်မှာပါ မခွဲမခွာအတူရှိပေးတဲ့သူ 🍀

စသဖြင့်‎ အချက်အကုန်လုံးမဟုတ်တောင် ကြင်နာညှာတာမှု၊ လေးစားတန်ဖိုးထားမှု၊ ခွင့်လွှတ်လွယ်မှု၊ ကိုယ်ချင်းစာတရားလက်ကိုင်ထားမှု၊ လိုအပ်ချိန် ဖေးမရပ်တည်မှု၊ အဆင်မပြေချိန်မှာတောင် အတူယှဉ်တွဲနေထိုင်နိုင်မှု စတဲ့အချက်တချို့ကိုက်ညီတဲ့ သူငယ်ချင်း၊ ချစ်သူ၊ အိမ်ထောင်ဖက်မျိုး ကိုယ့်မှာပိုင်ဆိုင်ထားရရင် တန်ဖိုးထားတတ်ကြဖို့ပါ။
အခုလိုနေ့မြင်ညပျောက် ဘာမှမရေရာနေတဲ့အချိန် အခိုက်အတန့်တွေကို ချစ်စရာမေတ္တာရပ်ဝန်းငယ်လေးနဲ့ တစ်နေ့ပြီးတစ်နေ့ အေးအေးချမ်းချမ်း ဖြတ်သန်းသွားရတာလည်း စိတ်နဲ့လူအတွက် ဗီတာမင်တမျိုးပါပဲ။ တည့်တဲ့ဗီတာမင် ရွေးချယ်တတ်ရင် အထောက်အကူဖြစ်ပြီး အရွေးမှားရင်တော့ လူ‌ကိုထိစေတာမို့ ‎ဗီတာမင်ရွေးချယ်တတ်ကြပါစေ ဖူးရဲ့ချစ်သောတို့ရေ 🍀💜

‎

#ရွေးချယ်တတ်ကြပါစေ

Photos from Phoo's Lifestagram's post 08/02/2026

⭐🍀‎မင်္ဂလာပါ ဖူးရဲ့ချစ်သောတို့ရေ🍀⭐
‎ဒီနေ့တော့ ဖူးtryဖြစ်ခဲ့တဲ့ treatmentလေး အဆင်ပြေလို့ sharingလာလုပ်ပေးတာပါ Treatmentယူခဲ့တဲ့နေရာလေးကတော့ Aesthetics villaပါ။ လုပ်ဖြစ်ခဲ့တာလေးကတော့ Flawless Smooth Salmon DNA Treatmentပေါ့။
‎အရင်ဆုံး ဖူးရဲ့မျက်နှာအခြေအနေလေး ပြောပြမယ်နော်။ ဖူးမျက်နှာက skincare အသစ်တခုသုံးရင်း မတည့်ရာကနေ barrierထိသွားတော့ ပြန်ကုထားရတာ။ scarကြီး"မား"တွေတော့ မရှိ‌ပေမယ့် ဝက်ခြံအမာရွတ်လေးတွေကျန်နေတယ်၊ အသားအရည်ကသိပ်မညီနေဘူး၊ ချွေးပေါက်လည်း နည်းနည်းကျယ်ပြီး orange skin ဖြစ်နေတယ်။
‎AV မှာ ဒီtreatmentလေး ဖူးယူဖြစ်တော့ ဆေးခန်းက ညီမလေးတွေက အရင်ဆုံးသေချာလေးရှင်းပြကြတယ်။ ဘယ်လိုအတွက် သင့်တော်တယ်၊ Down timeအချိန်လေးတော့ နည်းနည်းကြာတတ်တယ်၊ ဆောင်ရန်ရှောင်ရန်ဘာရှိတယ် စသဖြင့်ပေါ့။
‎ကဲ Treatment စယူတဲ့နေရာရောက်ပြီ။ အရင်ဆုံးမျက်နှာကို ထုံဆေးစလိမ်းပြီး မိနစ၃၀, ၄၅မိနစ်ထားတယ်။ အဲ့မှာဒီကကျမက first timeဆိုတော့ အပ်ကြောက်တာရော နာမှာစိုးတာရော ထုံဆေးကိုအထူကြီးလိမ်းခိုင်းမိတာ ပြီးမှမှားသွားမှန်းသိတာကွယ်။ ထုံလွန်းတာများ မျက်ခွက်တခုလုံး ဖြတ်ရော်ကိုက်ထားတဲ့အတိုင်းပဲ 🥲။ ထုံဆေးအချိန်ပြည့်သွားတော့ ဒေါက်တာက laserပစ်ပေးတယ်။ မပစ်ခင်လည်း ကိုယ့်အသားအရည်မှာ လိုအပ်တာကို စိတ်ရှည်ရှည်နဲ့ သေချာပြောပြပေးတယ်။ First time ယူတာဆိုတော့ energy နည်းနည်းလျှော့ထားပေးပြီး နောက်အကြိမ်တွေကျမှ တိုးပေးမယ်ပေါ့နော်။
‎ပစ်ပြီးသွားတော့ ဆေးလိမ်းပေးတယ်။ ရေခဲဝတ်ကပ်ပေးတယ်။ Hydration Mask ကပ်ပေးတယ်။ နောက်ဆုံးအဆင့်အနေနဲ့ moisturizer လိမ်းပေးပြီး ပြီးသွားပါတယ်။
‎Laser ပစ်တာနာလားဆိုရင် နည်းနည်းတော့နာတယ်။ ပုရွက်ဆိတ်ကိုက်နေသလို အပ်နဲ့ထိုးနေသလို စူးစူးလောက်ပဲ။ အရမ်းကြီးနာတာမဟုတ်သလို လုံးဝမနာတာတော့လည်းမဟုတ်ဘူး။ ဘယ်အချိန်နာလဲဆိုရင် ထုံဆေးပြယ်တော့မှ ဆစ်ဆစ်လောက် နည်းနည်းလေးနာရုံပဲ အဲ့လောက်လေးပဲနာတယ်။
‎Daily changesလေးတွေကိုတော့ ပုံလေးတွေနဲ့ day by day ပြထားပေးတယ်။ After Resultsကို သဘောကျလားဆိုရင်တော့ "Yes! I love it 🥰"ပါ။ ‎မျက်နှာက orange skinဖြစ်‌နေတဲ့ ချွေးပေါက်လေးတွေကျဉ်းသွားတယ်၊ အမာရွတ်လေးတွေဖျော့သွားတယ်၊ အသားအရည်လည်း ကြည်အိနူးညံ့ပြီး အတွင်းထဲကကိုတောက်ပနေတဲ့ခံစားချက်ရတယ်။ Resultပြဖို့ Down time နည်းနည်းအချိန်ယူရကြာတာလေးတခုပဲရှိတာ‌ပေါ့နော် ။
‎လုံးဝကို သဘောကျတဲ့တစ်ချက်က သူတို့ရဲ့ customer service ⭐⭐⭐⭐⭐ ပဲ။ customerအပေါ် အရမ်းဂရုတစိုက်ရှိတယ်၊ စိတ်ရှည်တယ်။ ဆေးခန်းစပြစဉ်ရော နောက်ရက်တွေရော အခြေအနေအဆင်ပြေလား၊ ဘာလေးတော့ရှောင်ပြီး ဘာလေးတော့လုပ်နော်ဆိုတာမျိုး After service တအားကောင်းတယ်။ အဲ့ဒါတော့ ဖူးတကယ်ကြွေခဲ့တာ 🥰💜။
‎ဒါလေးကတော့ ဖူး first time treatment ယူဖြစ်တဲ့အပေါ် လုံးဝ Honest Review ဖြစ်တာမို့ ချစ်သောတို့အကုန်လုံးရဲ့ အလှအပနဲ့ကျန်းမာရေးထိန်းသိမ်းတဲ့အပိုင်းမှာ အထောက်အပံ့တစ်ခုဖြစ်ဖို့ မျှော်လင့်ပါတယ်။ ခုလို အရမ်းအဆင်ပြေတာတွေအတွက် ကျေးဇူးပါ AVရေ။ နောက်ထပ် sharingတွေမှာ ဖူးတို့ပြန်တွေ့ကြမယ်နော်ချစ်သောတို့ရေ။ သိချင်တာရှိရင်လည်း ကောမန့်ချန်ခဲ့ပေးပါနော်...တာ့တာ။ 🥰😘💜

31/01/2026

မင်္ဂလာပါချစ်သောတို့ရေ 2026မှာ ပေါ်တော်မူလေးဖူး ပြန်ပေါ်လာပြန်ပီနော် 😁
ဖူးကဒီနေ့ clinicမှာ treatment လေးတခု ဘဝရဲ့ first timeအဖြစ် သွားလုပ်ဖြစ်ခဲ့ပါတယ် Resultsလေးနဲ့ Experience လေးကိုတော့ အချိန်တခုဖူးစောင့်ကြည့်ပြီး reviewလေး ပြန်ပေးမှာမို့ stay tuneနော် 🍀💜
ချစ်သောတို့ရော ဘာtreatmentလို့ထင်လဲဆိုတာ ကောမန့်လေးတွေ ရေးသွားခဲ့ကြ‌နော် ဖူးတို့ပြန်ဆုံကြမယ်ကွယ်...တာ့တာ 🥰😘

17/11/2025

အရှင်ဘုရားဟောတာပါ လူတိုင်းဟာခွဲရမှာ ဆွဲမထားပါနဲ့..... 🥲

15/11/2025

ဖူးရဲ့ ကောင်မလေးတွေကို တစ်ခုလောက်ပြောချင်လို့ပါ။
ဒီနေ့ဖူးအပြင်သွားရင်းနဲ့ ပြန်ဖို့ကားစောင့်နေတုန်း busပေါ်ကဆင်းလာတဲ့ ညီမလေး၃ယောက်ထဲက တစ်ယောက်က ကားကျပ်တာရော အရမ်းပူတာရောကြောင့် ကားပေါ်ကအဆင်းမှာပဲ သတိလစ်သွားပါတယ်။ မှတ်တိုင်မှာ ကားစောင့်နေကြတဲ့သူတွေအကုန် သယ်ကြရွှေ့ကြနှာနှပ်ကြ အကိုတစ်ယောက်ဆို အအေးပြေးဝယ်ပေး၊ ဖူးနဲ့အန်တီကြီးတစ်ယောက်က နှိပ်ပေးယပ်ခတ်ပေး အအေးတိုက်နဲ့ သတိရအောင်လုပ်လိုက်ရပါတယ်။ လမ်းရဲ့တစ်ဖက်မှာ ရဲတစ်ယောက်ရှိနေရာက မှတ်တိုင်ကအခြေအနေတွေမြင်တော့ သူလာကြည့်ပြီး လူမှုကူညီရေးအသင်းတခုကို ဖုန်းဆက်ခေါ်ပေးတော့ ကားမရောက်ခင်စပ်ကြား အဲ့ညီမလေးကို သတိရအောင်လုပ်ရင်း ဘေးကိုကြည့်မိတော့ နောက်ညီမလေးတစ်ယောက်ပါ မူးပြီးလှဲနေတာမြင်ပါရော။ အဲ့မှာ နောက်ညီမလေးဆီထပ်သွားပြီး အဆင်ပြေရဲ့လားမေးတော့ သတိသာမလစ်တာ သူလည်းအခြေအနေမကောင်းပါ။ သူ့ကိုလည်း ရှူဆေးတွေရှူခိုင်း၊ အအေးတွေတိုက်နဲ့ အသင်းကားကရောက်လာပေမယ့် နှစ်ယောက်လုံးချက်ချင်းခေါင်းမထူနိုင်သေးလို့ သူတို့နည်းနည်းသက်သာတဲ့ထိ ခဏထားပြီးမှ အသင်းကားပေါ် တင်ပေးလိုက်ရပါတယ်။ ရာသီဥတုပူတာရယ်၊ အစာသိပ်မစားခဲ့ကြတာရယ်၊ ရေဓာတ်သကြားဓာတ် အားနည်းတာရယ်၊ ကားကျပ်ပြီးအသက်ရှုကျပ်တာရယ် အကုန်ရောပြီး ညီမလေးတွေခုလိုဖြစ်ကြတဲ့ပုံပါပဲ။ သူတို့ကံကောင်းတာက မှတ်တိုင်ကလူများတဲ့နေရာဆိုတော့ ညီမလေးတွေ ကူညီမယ့်သူတွေနဲ့ အဆင်ပြေသွားကြရဲ့။

ရာသီဥတုက အပြင်မှာအရမ်းပူနေတာမို့ ဖူးရဲ့ ကောင်မလေးတွေလည်း အပြင်သွားရင် ထီး၊ဦးထုပ်စတာလေးတွေယူသွားကြပါ။ ရေ၊ အားဖြည့်အချိုရည်၊ royal D စတာလေးတွေလည်း သတိတရဆောင်ထားကြပါ။ သယ်ရယူရတာလေးလို့ဆိုရင်လည်း သကြားလုံးချိုတာလေးတွေ အိတ်ထဲထည့်ထားကြပါ။ အစားအသောက်ကိုလည်း သတိတရနဲ့သေချာစားပေးကြပါ။ ကျန်းမာရေးကိုလည်း ဂရုစိုက်ကြပါနော်။

ဒါကြောင့် တစ်နေ့တာကို ကျန်းကျန်းမာမာ အဆင်ပြေပြေ ဉာဏ်ပညာသတိရှိရှိနဲ့ ကျော်ဖြတ်နိုင်ဖို့ ဖူးရဲ့ချစ်သောတွေကို သတိပြုလိုက်ရပါတယ်နော်။ ချစ်သောတွေလည်း ကိုယ်ကျန်းမာစိတ်ချမ်းသာစွာနဲ့ တနေ့တာကို အကောင်းဆုံးဖြတ်သန်းနိုင်ကြပါစေရှင်။

ချစ်သောတို့ရဲ့ဖူး 💜🍀

14/11/2025

လူတိုင်းမှာ သူ passionate ဖြစ်တဲ့အရာလေးတွေရှိတယ် (အပင်စိုက်တာ၊ ဟင်းချက်တာ၊ gymဆော့တာ၊ ရုပ်ရှင်ကြည့်တာ၊ အလှပြင်တာ စသဖြင့်)
ကိုယ့်အတွက်ဆိုရင်တော့ ကိုယ် passionate ဖြစ်တာက "အစားအသောက်နဲ့ မျှဝေခြင်း" ပဲ 🥳
အရသာရှိတဲ့ အစားအသောက်တွေ စားရတာသဘောကျတယ် 🥰
အစားကောင်းကောင်းလေးစားရရင် ကိုယ်ချစ်တဲ့သူတွေကို သတိရတယ် သူတို့ကိုလည်း အရသာရှိတာလေးတွေ မျှဝေချင်တယ် 🥰
အတူစားသောက်ကြရင်း ပျော်"ရွှင်" အချိန်ကုန်ရတာကို သဘောကျတယ် 🥰
အရသာရှိတဲ့အစားအစာတွေကို ကိုယ်ချစ်ရတဲ့သူအတွက် ပြုလုပ်ပေးချင်သလို၊ အတူပြုလုပ်ဖန်တီးရတာလည်း သဘောကျတယ် 🥰
အစားအသောက်ချက်ပြုတ်တဲ့‌နေရာမှာ လက်ရာကောင်းတဲ့မိတ်ဆွေတွေကိုလည်း သဘောကျတယ် သူတို့ရဲ့စေတနာဟာ သူတို့ဟင်းလျာတွေမှာ အများကြီးဖော်ပြထားတယ်ခံစားရလို့ သူတို့ဟင်းလျာတွေကို တမြတ်တနိုးတန်ဖိုးထားပြီးစားတယ် 🥰
အရသာရှိတာလေးစားစေချင်လို့ တကူးတကဝယ်ကျွေးတတ်တဲ့သူတွေကိုလည်း သဘောကျတယ် ကိုယ့်ကိုတန်ဖိုးထားလို့သာ တကူးတကဝယ်ကျွေးတာလေ 🥰

ဒီတော့ ကိုယ့်ရဲ့မျှဝေခြင်း၊ ပျော်ရွှင်ခြင်းနှင့် အရာရာဟာ "အစားအသောက်"ကနေ အခြေပြုတာဖြစ်လို့ ကိုယ့်ကို ဖော်ပြနိုင်တဲ့စကားလုံးနဲ့ ကိုယ့်ရဲ့အဦးဆုံးမြတ်နိုးရာကတော့ "အစားအသောက်"ပါပဲ 🍀💜

Photos from Phoo's Lifestagram's post 08/11/2025

စိတ်တွေသော်ကေအောင်လေလွင့်နေလည်း ယောင်လို့တောင်ဆံပင်ကို လက်မယားလေနဲ့ ညီအမတို့ရေ..... ဆံပင်ညှပ်ဆိုင်မဝင်ခင်စိတ်က ပြန်ထွက်လာမှ စိတ်တွေပြောင်းကုန်တာရှင့် ငါလှသွားတယ်တော့မဟုတ်ဘူး ငါတော့သွားပီ ခွေးကေကြီးဖြစ်သွားပီဆိုတာပဲ 🥹
ခေါင်းလျှော်၊ပုံသွင်းထားချိန်ပဲ ကြည့်လို့အဆင်ပြေတာ ကျန်တဲ့အချိန်ဆို မှန်တောင်မကြည့်ချင်ဘူး 😑

ခုတော့ ခေါင်းလျှော်ပြီးစ ပုံအလှပဲတင်လိုက်ပါတယ် 😁
ပြီးမှ ဒဗလယ်စိတ်မညစ်ရအောင် လက်က‌လေးကို ငြိမ်ငြိမ်နေကြပါလို့ ရှင်တို့ရဲ့ဖူးက ကိုယ့်တွေ့လေးအကြံပေးလိုက်ပါတယ်ရှန် 🥲

25/10/2025

ပိတ်ရက်လေး အေးဆေးနားမယ်၊ စာဖတ်မယ်ဆိုပြီး tote bagထဲ ဖတ်ဖို့စာအုပ်တွေထည့်တယ်၊ Bluetooth earbudsထည့်တယ်၊ ပူနေမှာစိုးလို့ mini fanလဲထည့်တယ်၊ ရေဘူးလဲထည့်တယ်၊ မျက်မှန်လဲထည့်တယ်၊ ရိက္ခာအပြည့်အစုံထည့်ပြီး‌တော့ ထိုင်လို့ကောင်းတဲ့ဆိုင်သွားတယ်နော် 📚☕🍀
အမလေး ထိုင်လို့တော့ကောင်းပါရဲ့ သယ်ရတာနဲ့တင် အသက်ထွက်ချင်သွားတယ်ရှင် 🥲
ပူလောင်နေတဲ့ရာသီကြားထဲ အေးဆေးနားဖို့ဖြတ်သန်းနေရတဲ့ ဖူးဖူးလေးရဲ့ ပိတ်ရက်ဒွမ်မာတစ်ဖြတ်‌ပေါ့ 😆
#ရာသီအရမ်းပူနေလို့_ရေများများသောက်ကြပါနော်သဲတို့ရေ

05/10/2025

မိမိ၏သီတင်းကျွတ်အခြေအနေ 😑
မပျော်နေတော့ပါလူတွေရယ် 🥹

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon