Ngwe Sin Hlaine Online Shopping

Ngwe Sin Hlaine Online Shopping

Share

Beauty Cosmetic & Personal Care

16/06/2024

💕စိတ်ထားလှအောင်အမြဲနေပါ💕

💕လူတစ်ယောက်က အရွယ်နဲ့ မလိုက်အောင်
အရွယ်တင်ပြီး နုပျိုတယ်
ချောနေတယ်ဆိုရင် .....💕

💕အဲ့ဒီလူက စိတ်ထားကောင်းတယ်။
ဖြူစင်တယ်။ ရိုးသားတယ်။💕

💕ဘဝကိုပျော်ပျော်နေတတ်တယ်။ 💕

💕ပွင့်လင်းတယ်။💕

💕အဓိက စိတ်ထားကောင်းပြီး စိတ်က
ကြည်ကြည် လင်လင်ရှိလို့ စိတ်အကြည်ဓာတ်က
ရုပ်ရည်ကိုပိုနုပျိုစေတာပါ။💕

💕ကိုယ်အသက် ထက်များစွာ အရွယ်တင်ပြီး
နုပျိုတဲ့သူတွေက ကောက်ကျစ်တာတွေ
မရှိဘူး။ 💕

💕သဘောကြတဲ့ သူဆို သဘောကြမယ်။

💕သဘောမကျတဲ့ သူဆို ဝေးဝေးက ရှောင်
လိုက်မယ်။ 💕

💕ကိုယ့်ကြောင့် နစ်နာမှာ.ထိခိုက်မှာ
မလိုလားကြဘူး။ 💕

💕ရယ်မောရင် အားရပါးရ ရယ်တတ်တယ်။💕

💕ရင့်ကျက်ပေမဲ့......တစ်ခါတစ်ရံကလေး
ဆန်တယ်။💕

💕တော်တော်များများ အရွယ်တင် နုပျိုစေတဲ့
သူတွေက စိတ်သဘောထား အင်မတန်
ကောင်းတယ်။💕

💕ပျော်ပျော် နေတတ်တာ များပါတယ်။💕

💕အဲ့ဒိ့တော့..အရွယ်တင် နုပျိုချင်ရင်
စိတ်ထားလှအောင် အမြဲနေပါ။💕


✍

16/06/2024

လင်မရတာလည်း မပြောနဲ့လေ...

၁၅နှစ်သမီးအရွယ်တုန်းက
အမေ့စကားနားထောင်ပြီး
သုံးနှစ်သုံးမိုး လူ၅ယောက်ကို
လေ့လာလိုက်တာ
အသက်၃၀ကျော်သွားတယ်....

ဒါလည်း မမှတ်သေးဘူး....။

ကိုယ့်ကိုယ်ကိုရင့်ကျက်လာပြီဆိုပြီး
နောက်လူ၃ယောက်လောက်ကို
နည်းနည်းအချိန်ယူပြီးလေ့လာလိုက်တာ
၄၀ကျော်သွားပြန်ရော...

နောက်ဆုံး
သနပ်ခါးသွေးတော့မှပဲ
ကျောက်ပျဉ်ကြီးစကား နားထောင်ရတော့တယ် ။

ရ တာ ယူ....ရ တာ ယူ.... တဲ ။

ဟွန့်..... 😂🤣😂🤣

Credit

သူများဟာကို
ဖြတ်ညှပ်ကပ်လုပ်သည် ။

#ငွေစင်လင်း🤡ဖိုးသကြား

16/06/2024
16/06/2024

အရင်တုန်းက
ကျမ သဘောကောင်းတဲ့အမျိုးအစားထဲက
ပါတယ်

ကျမ သဘောကောင်းလေ တန်ဖိုးကျလေ
ဖြစ်လာတာ သတိထားမိလိုက်တယ်

ကျမ ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် အလိုလိုက်ပြီး
လိုက်လျှောတတ်တယ်

ကျမ သူများရဲ့သဘောကျတာကို ခံချင်လို့ပါ

ကျမ ဘယ်နေရာမှာမဆို No ဆိုတဲ့ စကားလုံး
မသုံးတတ်ဘူး၊ Yes ဆိုတဲ့စကားလုံးပဲ
သုံးလေ့ရှိတယ်

ကျမ သူများစိတ်မကောင်းဖြစ်သွားမှာ
စိတ်ဆိုးသွားမှာ ၊အဆင်မပြေဖြစ်သွားမှာ
စိုးရိမ်လို့ပါ

ကျမ ချစ်ခင်ခြင်းကို တန်ဖိုးထားလို့ပါ
ကျမ အားနာတတ်လို့ပါ
ကျမ မျက်နှာထောက်တတ်လို့ပါ

ယခု
ကျမ သဘောကောင်း‌နေဆဲပါ
ဒါပေမဲ့
ကျမအပေါ် သဘောထားကောင်းတဲ့
သူကိုသာ ပြန်ကောင်းပါတော့မယ်

ကျမရဲ့တန်ဖိုး ပြန်မြင့်အောင်လို့ပါ

ကျမ ဘယ်သူ့ကိုမှ အလိုမလိုက်တော့ဘူး

ကျမကို သဘောကျမှာ ကြောက်သွားလို့ပါ

ကျမ No ဆိုတဲ့စကားလုံးမျိုးပဲ သုံးတော့မယ်

ကျမ သူတို့ရဲ့ဖြစ်ချင်တဲ့ဆန္ဒ မဖြည့်ဆည်း
ပေးနိူင်တော့လို့ပါ

ကျမ ချစ်ခင်ခြင်းကိုတော့ တန်ဖိုးထားမယ်
ကျမ အားမနာတော့ဘူး
ကျမ ဘယ်သူ့မျက်နှာကိုမှ မထောက်တော့ဘူး

Keing Ngin

GPE - Group Par Excellence

16/06/2024

လူမချမ်းသာရင် နေပါစေ...
စိတ်ချမ်းချမ်းသာသာနဲ့ပဲ ကျွန်မ နေချင်မိတယ် ။
မနာလို ဝန်တိုမှုတွေ ၊ ကောက်ကျစ် စဉ်းလဲမှုတွေ ၊
အပြိုင်အဆိုင်စိတ်တွေရဲ့ ခပ်ဝေးဝေးမှာပဲ နေမယ် ။
ဂုဏ်ပကာသနတွေ ၊ မောက်မာဝင့်ကြွားမှုတွေကို
ဝေးဝေးရှောင်မယ် ။

အရိုးရှင်းဆုံး ပျော်ရွှင်မှုတွေနဲ့ နေထိုင်မယ် ။
ကော်ဖီတစ်ခွက် ထိုင်သောက်မယ် ။
သစ်ပင် စိုက်မယ် ။ စာဖတ်မယ် ။
ကောင်းကောင်း အိပ်မယ် ။ ကောင်းကောင်း စားမယ် ။

ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ချစ်မယ် ။
ကိုယ့်ကိုချစ်တဲ့ လူတွေရဲ့အနားမှာ နေမယ် ။
ချစ်ခြင်းမေတ္တာတွေ မျှဝေမယ် ။
အပြန်အလှန် ရိုင်းပင်းကူညီမယ် ။
ပြည့်ပြည့်ဝဝ ချစ်မယ် ။
နောင်တမရှိတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်မယ် ။

တချို့ပျော်ရွှင်မှုတွေဟာ ငွေနဲ့ ပေးဝယ်ရတယ် ။
ငွေပေးပြီး ဝယ်လို့မရတဲ့ ပျော်ရွှင်မှုတွေလည်း ရှိတယ် ။
ပျော်ရွှင်မှုတွေဟာ ရိုးရှင်းပေမဲ့ စစ်မှန်ပါတယ် ။

ဘဝကို ရှုပ်ယှက်ခတ်နေအောင် မနေချင်ဘူး ။
ရှုပ်ယှက်ခတ်နေတဲ့လူတွေနဲ့
အပေါင်းအသင်း မလုပ်ချင်ဘူး ။
ရှုပ်ယှက်ခတ်နေတဲ့ ဆက်ဆံရေးတွေကိုလည်း
မတည်ဆောက်ချင်ဘူး ။

ရိုးရိုးရှင်းရှင်းလေးပဲ နေမယ် ။
တတ်နိုင်သလောက် ရိုးရိုးရှင်းရှင်းလေးပဲပေါ့.....

#စူးရှမေ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon