Hayashi Online Business
Products & Service
Hello~ Hayashi ပြန်လာပါပြီဗျ
သီတင်းကျွတ်လက်ဆောင်ပေးဖို့ အိတ်တန်တန်လေးတေရောင်းပေးမယ်ဆို စိတ်ဝင်စားကြလား? လိုချင်တဲ့အိတ်လေးတေရေးသွားကြည့် ရှာထားပေးမယ်နော်။
06/01/2022
Antique Japanese Wall Plate
- Made around 1950 or slightly earlier. - - - The impressive pristine object is an enrichment for any interior.
- Weight : 1.645 Kg
- Width : 15'' in Dia
Price : 100,000 Ks
Cash on deli.
Online payment also available.
04/01/2022
Vintage Mexican Aztec Sun Stone
Wall Decor Copper Plate
11'' in Dia
Used.
Good Condition.
Price - 35,000 Ks
01/01/2022
2021 ကပျော်ရွှင်ဖွယ်ကောင်းတဲ့နှစ် မဟုတ်ခဲ့တဲ့အတွက် 2022 မှာ အကောင်းဆုံးတွေဖြစ်လာဖို့ မျှော်လင့်ပါတယ်။
အားလုံးကို နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာရှိသောနှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။
25/12/2021
🎅 Merry Christmas ပါ အသဲတို့ရေ~ 🤶
🎄 အနုအရွ အလှအပလေးတွေကို ခံစားတတ်တယ်ဆိုရင်တော့ ဒီနေ့မှာ အလှဆင် ပန်းချီပန်းကန်ပြားလေးနဲ့ မိတ်ဆက်ပေးပါမယ်။
🎄 ဧည့်ခန်းမှာ Decoration အနေနဲ့ 19 ရာစုက ပန်းချီလက်ရာလေးကို ဥရောပဆန်ဆန် အလှဆင်လိုသူတွေအတွက် X'mas Sale အနေနဲ့ 25% လျှော့ဈေးပေးနေပါပြီနော်...
🎄 တစ်ချပ်တည်းသော အလှဆင် ပန်းချီပန်းကန်လေးကို မူလဈေး 23,750 Ks ကနေ အခုယူမယ်ဆိုရင်တော့ 19,000 Ks နဲ့ရမှာပါ။
🎄 ယူမယ်ဆိုရင်တော့ cb အမြန်လာလိုက်တော့နော်~~ 😘
23/12/2021
❄ ခရစ္စမတ်ရာသီမှာ ကိုယ့်ဘာသာကိုယ် အိမ်မှာပဲ ချက်စားဖို့စိတ်ကူးတယ်ဆိုရင်တော့ Topvalu ရဲ့ အနှစ်ထုတ်လေးကို သတိရလိုက်တော့နော်~
❄ ပုံက မင်မင်ကိုယ်တိုင်ချက်ထားတာနော်... အရသာက ဘာမှပြင်စရာမလိုဘဲ
အိုးပေါ်ကချတာနဲ့ တန်းစားရုံပဲ...
❄ ၂ ယောက်စာပါတာမို့ တနပ်စာကတော့ ဗိုက်ဝစေမှာ အသေအချာပဲ...
❄ အရသာ အမျိုးမျိုးရှိတာကြောင့် အောက်က link မှာ သေချာ ပြောပြပေးထားတယ်နော်...
👇👇👇👇👇
https://www.facebook.com/104297394562069/posts/418324266492712/
🛎 X'mas Sale အနေနဲ့ကတော့... ... ...
▪ တစ်ထုတ်မှ 4,300 Ks
▪ 6 ထုတ် 25,000 Ks ပဲကျမှာနော်...
▪ 10 ထုတ်ယူရင် 5% Dis ရှိပါတယ်...
▪ ဪ... Pasta / Spaghetti + Sauce ယူမယ်ဆိုရင်တော့ 7,000 Ks ပါ။
အားလုံးပဲ ပေါ့ပေါ့ပါးပါးနဲ့ တန်မှတန် အိမ်ချက်လက်ရာလေးစားရင်း ပွဲတော်ရက်ကို ဆင်နွှဲလိုက်ပါ။ 💯 🇯🇵 Authentic မို့လို့ အရသာပိုင်းကိုတော့ စိတ်ချလို့ရတယ်နော်။
13/12/2021
''မြေ'' အကြောင်း တစေ့တစောင်း
ချစ်တို့ရေ~
🍃 မြေအကြောင်းဆိုလို့ တခြားမထင်လိုက်ပါနဲ့။ မြေအိုးမြေခွက်စတဲ့ မြေနဲ့လုပ်ထားတဲ့ မီးဖိုချောင်သုံးပစ္စည်းလေးတွေအကြောင်း ပြောပြချင်လို့ပါ။
🍃 မြေအိုးမြီးရှည်ကိုတော့ တော်တော်များများစားဖူးကြမယ် ထင်တယ်။ ကြိုက်လည်း ကြိုက်တယ်ဟုတ်...
🍃 မြေအိုး မြေခွက်လေးတွေ သုံးစွဲခြင်းအားဖြင့် ဘာအကျိုးကျေးဇူးတွေရမလဲဆိုတာ ပြောပြပေးမယ်နော်~~~
- အဓိကက မြေဓာတ်ရတယ်။ သိပ္ပံနည်းကျပြောရင် သတ္တုဓာတ်တွေ၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ဖော့စ်ဖောရပ်စ်၊ ဆာလဖာဓာတ်စတာတေပေါ့ကွယ်။
- မြေဓာတ်က အယ်လ်ကာလီဓာတ်ဖြစ်လို့ အစားအသောက်တွေရဲ့ pH level ညှိပေးတယ်။ အစားအသောက်တွေကို အစိုဓာတ်ထိန်းပေးတယ်။ မူလအရသာအတိုင်းရှိစေတယ်။
- မြေနံ့သင်းသင်းလေးမွှေးနေတာကိုက ဆွဲဆောင်မှုတမျိုး။ ဆီစုပ်တဲ့အတွက် အစားအစာတွေထဲ ဆီရွှဲပြီးအိုင်နေတာမျိုး မဖြစ်စေဘူး။
- မြေအိုးနဲ့ချက်တဲ့အခါ ဖြည်းဖြည်းချင်းနှပ်သွားတာမို့လို့ အစားအသောက်တွေက နူးအိပြီး အရသာအပြည့်အဝဝင်စေတယ်။ အထူးသဖြင့် အသားတွေနူးလွယ် နှပ်လွယ်တယ်။
- အပူစုပ်တယ်။ ဈေးသက်သာတယ်။ ဒါကြောင့် ရှေးအိန္ဒိယလူမျိုးတွေက မြေနဲ့လုပ်ထားတဲ့ အသုံးအဆောင်တွေကို သုံးကြတယ်။
- သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကျိုးပြုတယ်။
🍃 ဒါပေါ့... ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိတာပေါ့။
- ကွဲလွယ်တယ်။ အနံ့စွဲတယ်။ မြေမှုန့်တွေက စားမယ့်အစားအစာထဲပါနိုင်တယ်။ ဆပ်ပြာနဲ့ဆေးရင် ဆပ်ပြာစွဲပြီး နောက်တခါဟင်းချက်ရင် ဝမ်းလျောတာတွေ ဖြစ်နိုင်တယ်။ အပူစုပ်တဲ့အတွက် လက်အပူလောင်နိုင်တယ်။ မြေအိုးအသစ်ဆိုရင် မြေစိမ်းနံ့ စိမ်းရွှင်ရွှင်ရနိုင်တယ်။
ကဲ... ကောင်းကျိုး ဆိုးကျိုးလေးတွေ သိသွားပြီဆိုတော့ ကြော်ငြာလေးဝင်ပါရစေ...
🍁 Japan made စစ်စစ် 🍁 ဟောဒီက မြေခွက်လေးကတော့ မြေနဲ့လုပ်ထားပြီး အပေါ်က ကြွေရည်သုတ်ထားတဲ့အတွက် အပေါ်ကဆိုးကျိုးတွေကင်းတယ်လို့ပဲပြောပါရစေ။ မြေစိမ်းနံ့မရသလို ဆပ်ပြာနဲ့လည်းဆေးလို့ရတယ်။ မြေမှုန့်ကွာကျတာတွေလည်း မရှိပါဘူး။ အကြမ်းလည်း ခံတာမို့ တော်ရုံဆိုမကွဲပါဘူးနော်... သူ့ရဲ့ တခုတည်းသော အားနည်းချက်ကတော့ နည်းနည်း လေးတယ်။ အနက်ရောင်ဖြစ်တယ်။ ဒါပါပဲ... 🌚
မင်မင်ကတော့ ရေနွေးကြမ်း၊ ကော်ဖီ၊ လက်ဖက်ရည် အကုန်ထည့်သောက်ပါတယ်။ အေးတာမြန်လို့ပါ... 😁
🍵 မြန်မြန်လည်းသောက်ချင်တယ်။ အပူလည်း မခံနိုင်။ အေးတာလည်း မစောင့်နိုင်ဘူးဆိုတဲ့ ကိုယ်လိုလူအတွက် အရမ်းအဆင်ပြေပါတယ်။ မြေခွက်နဲ့သောက်တာနဲ့ ဖန်ခွက်နဲ့သောက်တာ အရသာ မတူပါဘူးနော်... မယုံရင် သောက်ကြည့်၊ အတည်။
🍶 အအေးသောက်မယ်ဆိုရင် ခွက်ကို ရေခဲသေတ္တာ၊ သို့မဟုတ် ရေခဲစိမ်ထား... ပြီးမှ ဆိုဂျူး / ဆာကေးထည့်သောက်လိုက်လို့ကတော့ ဇိမ်ပါပဲကွယ်...
50ml ဆံ့ပါတယ်။
one set 6 လုံးပါ 3200 ကျပ်ပါ။
Cash on Deli.
09/12/2021
ချစ်ရပါသော Customer တို့ရေ~
တစ်ရက်နားပါမယ်နော်~ Page မှာလည်း Reply မပြန်ပေးပါဘူး။ နောက်ရက်မှ ပြန်ပေးပါ့မယ်နော်။ chu~~ 😘~
Click here to claim your Sponsored Listing.
Website
Address
Yangon