July Beauty Paradise
Authentic Skin care Collection
26/05/2021
အရောင်မညီညာဘဲ ညစ်ထေးထေးဖြစ်နေတဲ့ အသားအရေကို ကြည်သန့်သွားစေမယ့် နည်း(၄)မျို - Pyone Pyone Lay အရောင်မညီညာဘဲ ညစ်ထေးထေးဖြစ်နေတဲ့ အသားအရေကို ကြည်သန့်သွားစေမယ့် နည်း(၄)မျိုး ပျိုမေတို့မျက်နှာအသားအရောင် မ....
26/05/2021
အဆီပြန်ပြီးချွေးပေါက်ကျယ်တဲ့အသားအရေပိုင်ရှင်တွေအတွက် အိမ်တွင်းနည်းလမ်းကောင်းများ - SANTHITSA မျက်နှာမှာ အဆီပြန်တတ်ကြတဲ့သူတော်တော်များများ ချွေးပေါက်ကျယ်တတ်ကြတယ်။ မိန်းကလေးတစ်ယောက်မျက်နှာ ချွေးပေါ.....
26/05/2021
သင့်ကို ၁ဝ နှစ်စာလောက်နုပျိုသွားစေမယ့် ပေါင်းတင်နည်း - Thar Thar Lay သင့်ကို ၁ဝ နှစ်စာလောက်နုပျိုသွားစေမယ့် ပေါင်းတင်နည်း ဂန္ထဝင်စာချစ်သူလေးတွေကို ၁ဝ နှစ်စာလောက်ပိုနုပျိုသွား...
26/05/2021
25/05/2021
အခုတလော အသက် ၃၀ အောက် မိန်းကလေးတွေနဲ့ အပြောဖြစ်ဆုံး ကျန်းမာရေးပြဿနာကတော့ "ဓမ္မတာ မပေါ်တော့တဲ့ ပြဿနာ" ပါ🤷♀️
ဓမ္မတာမမှန်တာမဟုတ်ဘူးနော်။ ဒါက သက်သက်။
အခုဟာက "အရင်က ပုံမှန်လာနေရင်းနဲ့မှ ရုတ်တရတ် နှစ်လ၊ သုံးလ ရာသီမပေါ်တော့တာ"မျိုးပါ။
ဘာကိုစိုးရိမ်ကြတာလဲဆိုတော့ အထဲမှာတစ်ခုခုဖြစ်နေမှာ စိုးလို့ပါ တဲ့💣
တစ်ချို့ကလည်း မလာတာကြာရင် အထဲမှာစုပြီး တစ်ခုခုဖြစ်ကြမယ်ထင်တယ်ပေါ့နော် (အဲ့လိုမျိုး မရှိပါဘူး)။
တစ်ချို့ကလည်း ကိုယ်ဝန်များရလို့ မပေါ်တော့တာလားလို့ ထင်ကြတယ် (ဒီလိုထင်ကြတဲ့သူတွေထဲမှာ ယောကျ်ားလေးနဲ့ မနေဖူးတဲ့သူတွေပါ ပါတယ်😂)
အဲဒီတော့ အခုလိုမျိုး အရင်ကရာသီမှန်နေရင်းနဲ့မှ ရုတ်တရတ်မပေါ်တော့ဘူးဆိုရင် ဘာလုပ်ရမလဲဆိုတော့
(၁) ကိုယ်ဝန်ကို အရင်စဉ်းစားရမယ်🤰
နောက်ဆုံးအကြိမ်ရာသီလာပြီးတာနဲ့ အခုကြားထဲမှာ အမျိုးသား/ ကောင်လေးနဲ့ အတူနေမိတယ်ဆိုရင် ကိုယ်ဝန်ရှိ/ မရှိကို ဆီးစစ်ကြည့်ရပါမယ်။ မနေမိရင်တော့ စစ်စရာမလိုပါဘူး။
စစ်ကြည့်လို့ရှိနေပြီဆိုရင်တော့ ပုံမှန်အတိုင်းဆရာဝန်နဲ့ ဗိုက်အပ်ပြီးတော့ သေချာဂရုစိုက်သွားရပါမယ်🤱
တကယ်လို့ စစ်ကြည့်တာ မရှိဘူးဆိုရင်တော့ နံပါတ် (၂) အချက်ကို ဆက်ပြီးစဉ်းစားသွားပါမယ်✌️
(၂) ဟော်မုန်းအပြောင်းအလဲ (အခုအချိန် အဖြစ်အများဆုံးပါ)
ရာသီကို လစဉ်ပုံမှန်လာနေစေဖို့အတွက် ဟော်မုန်းတွေက ထိန်းချုပ်ထားပါတယ်🧠
ဆိုတော့ကာ အခုကာလအတွင်းမှာ ဟော်မုန်းအပြောင်းအလဲဖြစ်စေနိုင်တဲ့ အရာတွေကိုလုပ်မိနေမယ်ဆိုရင်လည်း ရာသီမပေါ်တော့ပါဘူး။
ဘာတွေက ဟော်မုန်းအပြောင်းအလဲကိုဖြစ်စေလဲဆိုတော့
၁) စိတ်ဖိစီးမှုများတာ😓
စိတ်ဖိစီးမှုများချိန်မှာ ထွက်တဲ့ Cortisol ဆိုတဲ့ဟော်မုန်းဟာ ရာသီမပေါ်အောင် အနှောင့်အယှက်ပေးပါတယ်။
အခုအချိန်မှာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးတွေကြောင့် စိတ်ဖိစီးမှုတွေ များနေနိုင်ပါတယ်။
ဒါကြောင့် ရာသီပုံမှန်လာစေချင်တယ်ဆိုရင်တော့ စိတ်ဖိစီးမှု တွေကို လျှော့ချဖို့လိုပါတယ်💆♀️🧘♀️
၂) အိပ်ချိန်အပြောင်းအလဲ 💤
လူတစ်ယောက်ရဲ့ အိပ်ချိန်အပေါ်မူတည်ပြီးတော့လည်း ဟော်မုန်းတွေက အလုပ်လုပ်ပါတယ်။
ဒါ့ကြောင့် အိပ်ချိန်ကို အရမ်းနောက်ကျတာမျိုးမရှိစေပဲ ၁၂ နာရီရှေ့ပိုင်း အိပ်ပျော်အောင်အိပ်သင့်ပါတယ်😴
၃)အစားအသောက် 🥦🥑🥩
မနက်စာ၊ နေ့လည်စာ၊ ညစာတွေမှာ အာဟာရစုံအောင်စားဖို့လိုပါတယ်။
အဓိကစားသင့်တာတွေကတော့ သွေးအားကောင်းစေတဲ့အစားအစာတွေဖြစ်တဲ့ ဆိတ်သား၊ အမဲသား၊ ကြက်အသည်းအမြစ်၊ ဟင်းနုနွယ်၊ Brocoli နဲ့ အစိမ်းရောင်အသီးအရွက်၊ အသီးအနှံ တွေကို မကြာခဏစားပေးသင့်ပါတယ်။
ဒါ့အပြင် ဟော်မုန်းဓာတ်တွေပါတဲ့ သဘာဝအစေ့တွေကို သူ့အချိန်အလိုက်စားပေးခြင်းဖြင့် ရာသီမှန်အောင်လုပ်လို့ရတဲ့ "Seed cycling" ဆိုတဲ့ နည်းလမ်းလည်းရှိပါတယ်။ ဒါကတော့ နည်းနည်းရှည်လို့ နောက်မှပြောပြပါမယ်🥜
၄) လေ့ကျင့်ခန်း 🏋️♂️
အရင်က လှုပ်လှုပ်ရှားရှားအလုပ်တွေလုပ်နေရင်းနဲ့မှ အခုအချိန်မှာ အရမ်းငြိမ် (အိပ်လိုက်၊ စားလိုက်) နေမယ်ဆိုရင်လည်း ဟော်မုန်းအပြောင်းအလဲဖြစ်ပေါ်နိုင်ပါတယ်။
ဒါကြောင့်အရမ်းငြိမ်နေတတ်တဲ့သူဆိုရင် Kegal exercises လိုမျိုး လေ့ကျင့်ခန်းလေးတွေ လုပ်ပေးခြင်းအားဖြင့် ရာသီလာဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်🧘♀️
၅) ကိုယ်ဝန်တားဆေး/ သားဆက်ခြားဆေး 💊
များသောအားဖြင့် သုံးလခံထိုးဆေး၊ လက်မောင်းထဲပိုက်ထည့် ထားသူတွေမှာဆိုရင် ရာသီမပေါ်တော့တာမျိုးဖြစ်တတ်ပါတယ်။
ဒါကတော့ မိမိကို ထိုးပေး/ ထည့်ပေးတဲ့ဆရာဝန်နဲ့ ပြန်တိုင်ပင်နိုင်ပါတယ်။
ဒီအချက် (၅) ချက်ကို ဆန်းစစ်ကြည့်ပြီး မိမိမှားနေတဲ့အချက်တွေကို ပြုပြင်လိုက်ပါ။
ဒါဆိုရင် ရာသီပြန်ပေါ်လာကြတာများပါတယ်❣️
ရာသီမပေါ်တာကြာလာရင် ဘာဖြစ်နိုင်လဲဆိုပြီး တချို့ကမေးကြပါတယ်။
ဘာမှမဖြစ်ပါဘူး😄
ဒီလိုမျိုး တစ်ခုခုဖြစ်မယ်ဆိုပြီး စိုးရိမ်နေတာဟာလည်း စိတ်ဖိစီးမှုတစ်မျိုးဖြစ်တဲ့အတွက် ဒီစိတ်ကို ဖျောက်ပစ်ရပါမယ်။
တစ်ခုပါပဲ
အကယ်၍ ရာသီမပေါ်တာက (၃) လကျော်လာပြီ။ လူကလည်း တစ်ခုခုနေမကောင်းဖြစ်တယ်ဆိုရင်တော့ ဆရာဝန်/ အိုဂျီနဲ့ ပြကြည့်လိုက်တာကောင်းပါတယ်။
အဲ့လိုမဟုတ်ဘူး၊ လူကဘာမှမဖြစ်ဘူးဆိုရင်တော့ စိတ်ချမ်းချမ်းသာသာပဲနေပါ။
သူ့အချိန်တန်ရင် ရာသီပြန်လာပါလိမ့်မယ်😄
မေတ္တာဖြင့်
Dr. စိုပြေ 👨🏼⚕️
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon