Dora Food lover
Knowledge
အိပ်ချင်မူးတူးဗိုက်ဆာဆာနဲ့ရှိတာထစား
#အစားအစာ
ကြက်ခြေထောက်မာလာလေးကို အလုပ်မသွားခင်ချက်သွားပြီးအလုပ်ပြန်လာတော့ထိုင်စား ထမင်းပူပူလေးရယ် ငပိရည်တို့စရာရယ်နဲ့ရှယ်ပဲ အရေးထဲ video ကရိုက်လိုက် save လို့မရလိုက်နဲ့စိတ်တွေရယ်ရှည်မနေဘူး 😁😁😁😁 အချိန်မရလို့ edit တွေလဲလုပ်မနေတော့ဘူး 🤭တကယ်ကလုပ်လဲမလုပ်တက်ဘူး 😄😄😄
#အစားအစာ
တနေ့ကဆိတ်ပုဆိုးကြမ်းချက်ဖြစ်တာလေး တဖြတ်ပေါ့နော် တခြားချက်နည်းတွေရှိရင်လဲမျှဝေပေးခဲ့ကြပါအုံး 😊😊😊😊😊
#အစားအစာ
15/10/2025
☺️ပြန်နွှေးပြီး မစားသင့်တဲ့ အစားစာတွေရှိတယ်
ကြောင်အိမ်ထဲပဲ သိမ်းထားထား၊ ရေခဲသေတ္တာထဲပဲ ထည့်ထည့် လုံးဝပြန်နွှေးမစားသင့်တဲ့ အစားအစာ (၆) မျိုးကိုဖော်ပြပေးလိုက်ပါတယ်။
(၁) နိုက်ထရိတ်ပါဝင်မှုများတဲ့ အသီးအရွက်တွေ
ဟင်းနုနွယ် ဒါမှမဟုတ် အစိမ်းရောင် အသီးအရွက်တွေ၊ မုန်လာဥနီ၊ တရုတ်နံနံ စတာတွေကိုပြန်နွှေးမစားသင့်ပါဘူး။ နိုက်ထရိတ်ကြွယ်ဝတဲ့ အသီးအရွက်တွေကိုနောက်တစ်ကြိမ် အပူပြန်ပေးတဲ့အခါ အဆိပ်အတောက်အဖြစ် ပြောင်းလဲစေပြီး ကင်ဆာဖြစ်စေနိုင်တဲ့ ဂုဏ်သတ္တိတွေဖြစ်လာစေနိုင်ပါတယ်။ သံဓါတ်ကြွယ်ဝတဲ့ ဟင်းနုနွယ်ကို ပြန်နွှေးလိုက်တဲ့အခါ သူ့မှာပါတဲ့သံဓါတ်ကို ဓါတ်တိုးစေနိုင်တယ်။ သံဓါတ်ကို ဓါတ်တိုးခြင်းဖြစ်စေတဲ့အခါ အန္တရာယ်ရှိတဲ့ free radicals တွေကိုဖြစ်လာစေပြီး ကလေးမရနိုင်ခြင်း၊ ကင်ဆာရောဂါ စတာတွေအထိ ဦးတည်စေနိုင်ပါတယ်။
(၂) ထမင်း
ဒီစာရင်းမှာ ထမင်းလည်းပါတယ်ဆိုလို့ မအံ့သြသွားပါနဲ့။ ထမင်းကြမ်း ပြန်နွှေးစားရင်းက အစာအဆိပ်သင့်စေနိုင်တယ်လို့ အစားအစာဘေးကင်းရေးပညာရှင်တွေက သတိပေးထားပါတယ်။ Bacillus cereus လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ပါတယ်။ အပူပေးလိုက်ရင် ဒီဘက်တီးရီးယားကို သေစေနိုင်ပေမယ့် အစာအဆိပ်သင့်စေနိုင်တဲ့ ပိုးမှုန်တွေကို ချန်ရစ်ခဲ့နိုင်ပါတယ်။ ထမင်းကိုပြန်အပူပေးပြီး အခန်းအပူချိန်မှာထားလိုက်တာနဲ့ ပိုးတွေက ပွားလာပြီး အစာအဆိပ်သင့်ခြင်း ဖြစ်စေနိုင်ပါတယ်။
(၃) ကြက်ဥ၊ ဘဲဥ
ကြက်ဥ၊ဘဲဥကို ပရိုတင်းကြွယ်ဝတဲ့ အာဟာရအရင်းအမြစ်တွေအဖြစ် အားထားကြပါတယ်။ ဒါပေမယ့်ပြုတ်ပြီးသား သို့မဟုတ် ချက်ပြီးသား ကြက်ဥ၊ဘဲဥကို ခဏခဏ ပြန်နွှေးရင် ကျန်းမာရေးအတွက်မကောင်းပါဘူး။ ဒါ့ကြောင့် ချက်ပြီး၊ပြုတ်ပြီးရင် အကြာကြီးမထားပါနဲ့။ ပြန်မနွှေးပါနဲ့။ ပရိုတင်းများတဲ့အစားအစာမှာ နိုက်ထရိုဂျင်တွေများတာကြောင့် ကျန်နေရင် မနွှေးဘဲ အအေးသာစားလိုက်ပါ။
(၄) ကြက်သား
ကြက်သားဟင်းတွေ ကျန်နေရင် သိမ်းထားကြမှာပဲ။ ပြန်နွှေးစားမယ်ပေါ့။ နှမျောတာနဲ့နွှေးစားလိုက်၊ မကုန်လိုက်ရေခဲသေတ္တာထဲပြန်သိမ်းလိုက်၊ နောက်နေ့ ပြန်နွှေးစားလိုက်။ ဒါပေမယ့် ရေခဲသေတ္တာထဲက ထုတ်လိုက်တဲအချိန်မှာ သူ့မှာပါတဲ့ ပရိုတင်းကပြောင်းလဲသွားပါလိမ့်မယ်။ ဒါကိုစားမိတဲ့အခါ အစာခြေစနစ်မှာပြဿနာပေါ်လာနိုင်ပါတယ်။
(၅) အာလူး
အာလူးမှာ ဗီတာမင် B6 ၊ ပိုတက်ဆီယမ်၊ ဗီတာမင် C ကြွယ်ဝတယ်ဆိုပေမယ့် အခါခါပြန်နွှေးပြီးစားရင် အစာအဆိပ်သင့်စေနိုင်တဲ့ Clostridium botulinum ဘက်တီးရီးယားကိုဖြစ်လာစေနိုင်ပါတယ်။ အခန်းအပူချိန်မှာ ထားရင်တောင် ပိုးကပေါက်စေတာမို့ ဖြစ်နိုင်ရင် ရေခဲသေတ္တာထဲထည့်ထားပါ၊ ပြန်မနွှေးပါနဲ့။ ၁ရက်၂ရက်အတွင်း မစားနိုင်ရင် လွှင့်ပစ်ပါ။
(၆) မှို
မှိုကတော့ ချက်ပြီးတာနဲ့ အကုန်စားပစ်သင့်တဲ့အရာပါ။ ကျန်နေရင်ကို သိမ်းမထားသင့်ပါဘူး။ မှိုမှာ ပရိုတင်းကြွယ်ဝပြီး သတ္တုဓါတ်တွေများကြီးပါတာမို့ ပြန်နွှေးလိုက်ရင် ပရိုတင်းတွေပျက်စီးစေနိုင်တဲ့အပြင် အစာခြေစနစ်မှာပါ ထိခိုက်စေနိုင်ပါတယ်။ ပြန်နွှေးလိုက်ရင် ဓါတ်တိုးပြီး နိုက်ထရိုဂျင်နဲ့ free radicalsတွေပါဝင်တဲ့ အဆိပ်အတောက်တွေထွက်ရှိစေနိုင်ပါတယ်။
အစားအသောက်တွေကို သိမ်းဆည်းစီမံတဲ့အလုပ်က ချက်တာပြုတ်တာထက်ကို ပိုအရေးကြီးပါတယ်။ အစားအသောက်ဘေးကင်းရေးဟာ အိမ်ရှင်မတွေ မဖြစ်မနေဂရုစိုက်ရမယ့်အပိုင်းဖြစ်လို့ ကိုယ့်မိသားစုရဲ့ကျန်းမာရေး ကိုယ့်လက်ထဲမှာရှိနေတယ်ဆိုတာ မမေ့ပါနဲ့နော်။
#ကျန်းမာရေးဗဟုသုတ #ဗဟုသုတ
15/10/2025
ဒီနေ့ကတော့ ဇီးဖြူသီးလေးကိုပြုတ် ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူလေးကိုလှော်ပြီးတော့ ရောထောင်းပစ်လိုက်ပြီး ငါးလေးကို ဆားပျားလေးနယ်ပြီးကြော်စား လိုက်တယ် လူတွေရယ်☺️☺️☺️☺️☺️
11/10/2025
ပဲပြုတ် ပြုတ်ဖို့အညှောင့်ဖောက်ထားတဲ့ပဲလေးတွေ ready ဖြစ်နေပါပြီး😍😍😍😍
ပဲကြီးဟင်းလေး စာချင်လို့ ချက်စားတဲ့နေ့တုန်းက ရိုက်ထားတဲ့ vlog လေး မရိုက်တက်ရိုက်တက်နဲ့ ရိုက်တာ video တွေပုံတွေက lighting တွေမကောင်း😁
ပဲကြီးဟင်းသာစားချင်တာ ဆူးပုတ်ရွက်ကလဲ ဒီမှာ ရှာမရ 😭
10/10/2025
Bon appetit, your majesty ထဲကဘျင်ကြီးလို့ ထမင်းသုပ်ကျွေးမဲ့သူမရှိတော့လဲကိုယ့်ဘာသာ ကိုယ်ရှိတဲ့အသီးအရွက်ကြော်လှော် ပြီးတော့ ထမင်းသုပ်ဖို့ ဆော့စ် လေးစပ်ပြီးသုပ်စားလိုက်ပါပြီးရှင့်👌👌👌
24/09/2025
အရမ်းလွယ်ပြီး အခြေခံချက်ပြုတ်နည်းကို ပြောပြပေးမယ်နော် 👩🍳
🥬 အခြေခံချက်ပြုတ်နည်း
ပစ္စည်းများ
အသား (ကြက်သား/ဝက်သား/ငါး) – ၁၀၀ ဂရမ်ခန့်
ချင်း – လက်3ဆစ်
ကြက်သွန်နီ – ၁ လုံး
ငရုတ်သီးစိမ်း – ၂ လုံး
ဆား – တစ်နည်းတူဇွန်းခွဲ
ငံပြာရည်/ဆီဖြူ – အနည်းငယ်
ရေ – ၂ ခွက်ခန့်
ပြုလုပ်နည်း
1. ရေကို အိုးထဲထည့်ပြီး ဖိုထဲတင်ပူအောင်ဆူပါ။
2. ရေဆူလာတဲ့အချိန် ချင်း၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းထည့်ပါ။
3. အသား (ကြက်/ဝက်/ငါး) ကို အရွယ်အစားသင့်သင့်ဖြတ်ပြီး ထည့်ပါ။
4. ဆားနည်းနည်းထည့်ပြီး တစ်ချက်လောက်အနည်းငအဖုံးအုပ်ပါ။
5. အသားအလုံး နူးအောင် ကျက်သွားတဲ့အထိ ပြုတ်ပါ။
6. နောက်ဆုံး ငံပြာရည်နည်းနည်းထည့်ပြီး ဆီထည့်ပြီး ရေခမ်းလာတဲ့အထိထားပြီးလျှင် အနံ့အရသာပြည့်စုံအောင် နံနံပင်လေးအုပ်ပြီး စားနိုင်ပါပြီ။
👉 ဒီနည်းက အခြေခံ "ချက်ပြုတ်" နည်းဖြစ်ပြီး သားမျိုး/ငါးမျိုးကို ပြောင်းလဲသုံးလို့ရသလို ဟင်းပွဲအမျိုးမျိုးအဖြစ် အဆင့်မြှင့်ပြီး ချက်လို့လည်း ရနိုင်ပါတယ်။
ပုံလေးကတော့ကြာဇံချက် ချက်စားတုန်းကပုံလေးပါ
Kuwait အလုပ်အကိုင်အခွင့်အလမ်းတွေကို စတင်စဉ်းစားမယ်ဆိုရင် အခြေခံအချက်အလက်တွေကို သိထားဖို့ အရေးကြီးပါတယ်။
---
🇰🇼 Kuwait အလုပ်အကိုင် အခြေခံအချက်များ
1. အလုပ်လိုအပ်ချက်များ
နိုင်ငံခြားသားအများစုကို ဆောက်လုပ်ရေး၊ လုပ်သားအလုပ်၊ သန့်ရှင်းရေး၊ ဆိုင်ဝန်ထမ်း၊ ဟိုတယ်/စားသောက်ဆိုင် စသည့် ဝန်ဆောင်မှုနယ်ပယ်တွေမှာ အလုပ်ခေါ်ယူလေ့ရှိတယ်။
ကျွမ်းကျင် အလုပ်သမားတွေကို ဆရာဝန်၊ အင်ဂျင်နီယာ၊ IT ပညာရှင်၊ ငွေကြေး အကောင့်ကိုင်သူ စတဲ့ နယ်ပယ်တွေမှာ အဓိကလိုအပ်တယ်။
2. အလုပ်ခေါ်ယူသူ
Kuwait အတွင်း အလုပ်အကိုင်အေးဂျင်စီများ သို့မဟုတ် နောက်ပြည်သူများအတွက် အလုပ်ခေါ်ယူ အေးဂျင်စီများ မှတဆင့် အလုပ်တွေ ရှာနိုင်တယ်။
3. ဗီဇာ & အလုပ်ခွင့်
Kuwait မှာ အလုပ်လုပ်ဖို့ Work Visa (Article 18) လိုအပ်တယ်။
အလုပ်ရှင် (Sponsor) က ဗီဇာ လျှောက်ပေးပြီး၊ သင်က သက်ဆိုင်ရာ ကုမ္ပဏီနဲ့ သက်ဆိုင်တဲ့ နိုင်ငံပိုင် ဌာနကနေ ခွင့်ပြုချက်ရယူဖို့ လိုတယ်။
4. လစာအခြေအနေ
အခြေခံအလုပ်များ (ဆိုင်ဝန်ထမ်း/သန့်ရှင်းရေး) → $300–$500 / လ (100–150 Kuwaiti Dinar ခန့်)
ကျွမ်းကျင် အလုပ်သမား (အင်ဂျင်နီယာ/IT/ဆရာဝန်) → $1000–$4000 / လ (300–1200 Kuwaiti Dinar ခန့်)
လစာအပြင် နေစရာ၊ အစားအသောက်ခ၊ တစ်လခါ ယာဉ်ခ/လက်ဆောင် စသည့် အပိုအကျိုးခံစားခွင့်များကို ပေးတတ်တယ်။
5. လုပ်သားအခွင့်အရေး
နိုင်ငံသားမဟုတ်သူတွေကို Labour Law အောက်မှာ ကာကွယ်ပေးထားတယ်။
အနည်းဆုံး အလုပ်ချိန် 8 နာရီ/နေ့၊ အပေါက် 1 နာရီ၊ အပတ်စဉ် တစ်ရက် အနား။
မြန်မာအရသာနဲ့အတက်နိုင်ဆုံးတူအောင်ချက်ထားတဲ့ကိုယ့်လက်ရာဒံပေါက်လေး😊😊😊
Click here to claim your Sponsored Listing.