Transforn Myanmar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Transforn Myanmar, Yangon.
15/12/2021
15/12/2021
မဂ်လာပါတောင်သူဦးကြီးများခင်ဗျကျနော်တို့မြန်မာနိုင်ငံမှာ သုံးစွဲသူများပြားလာသော Transform Myanmar ဆေးလေးနှင့် မိတ်ဆက်ပေးပါရစေ
ယခုလိုခေတ်ကာလကြီးမှာ သဘာဝဓါတ်မြေသြဇာဆေးများ အဆမတန်စျေးကြီးလာပါသဖြင့်တောင်သူဦးကြီးများစိတ်ဓါတ်ကြနေပြီလား😔😔
အဲ့လိုခံစားမှုတေမဖြစ်စေဖို့ ကျနော် တို့ Transform Myanmar ဆေးလေးဟာဆိုရင် ထိုင်းငံမှနာနိုနည်းပညာနဲ့ထုတ်လုပ်ပြီး သဘာဝပိုးမွှားများကင်စင်စေချင်း အပင်များသန်မာထွားကြိုင်စေချင်း အသီးနှံများအထွက်တိုးချင်း တို့ကို ခိုင်ခိုင်မာမာအာမခံပြီးရောင်းချပေးမှာဖြစ်ပါတယ် တောင်သူဦးကြီးများအတွက်ကုန်ကျစရိတ်ကလဲအဆမတန်သတ်သာပြီး အာမခံချက်တေကလဲကောင် ယုံကြည်စိတ်ချစွာမှာယူသုံးစွဲဖို့ဖိတ်ခေါပါတယ်
မှာယူချင်တယ်ဆိုရင်တော့
☎☎☎ =09790602633
မှာယူဆက်သွယ်ပေးပါဗျ
14/12/2021
14/12/2021
🍒🍒 ဒန့်သလွန် စိုက်ပျိုးနည်း
အပင်များသည် ၁၂ ပေ မှ ၁၈ ပေ အမြင့်အထိကြီးထွားခြင်း၊ စိုက်ပျိုးပြီးနောက် ရက်ပေါင်း 90-100 တွင် ပန်းပွင့်ခြင်း၊ ရက်ပေါင်း ၁၆၀-၁၇၀ တွင် အသီးများရိတ်သိမ်းနိုင်ပါသည်။
ပထမဦးဆုံးအကြိမ် အသီးများရိတ်သိမ်းပြီးနောက် ရက်ပေါင်း 160-170 တွင် ဒုတိယအကြိမ် ထပ်မံ ရိတ်သိမ်းနိုင်ခြင်း၊ တနှစ်တွင် အပင်တပင်၏အသီးနှုန်း သည် 200-225 ကြားရရှိနိုင်ပါသည်။
သီးတောင့် လုံးပါတ် ၂.၅ လက္မရှိပြီး အလေးချိန် 150g နှင့် သီးတောင့် အရှည် ၂ ပေ မှ ၃ ပေအထိ ရှည်လျားကြသည်။ အသီးများအရောင်မှာအစိမ်းရောင်ဖြစ်ပြီး နူးညံ့ပါသည်။
✅အိန္ဒိယ (၆)လ ဒန့်သလွန်
✅စိုက်ပျိုးနည်း
🌿 မျိူးစေ့များကို ၁၂ နာရီ ရေစိမ်ပါ။ ဖြစ်နိုင်လျှင် မြစ်ပွားနှုန်း ကောင်းစေရန် နှင့် မှိုရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ဟိုမုန်းဆေးနဲ့ မှိုသတ်ဆေး ထည့်နိုင်ပါသည်။ (Organic စိုက်လိုပါက ရေသန့်နှင့်သာ စိမ်ပါရန်)
* 📌 Admin ကတော့ ရေသန့်နှင့်သာ စိမ်ပါတယ် 📌*
🌿 တစ်ရှုးကိုရေစွတ်ပြီး ခွက်ထဲမှာခင်းပါ၊ အပေါ်တွင် မျိုးစေ့များ ခင်းပါ။
တိုက်ရိုက်နေ မဟုတ်သော အလင်းအရာင်ရှိသော နေရာတွင်ထားပါ။
🌿 နေ့စဉ် ရေမွှားလေး သင့်တော်သလောက်နည်းနည်း တောက်ပေးပါ။
🌿 ၅ရက်နေ့ တွင် ပျိုးအိတ်ထဲ ပြောင်းပါပြီ ။ ပျိုးအိတ်မြေအား နောက်ချီး အိတ်ဝက် ၊ သဲ ၂ ၊ ဖွဲပြာ ၃ အိတ် ရောပါသည်။
🌿 နေ့စဉ် ရေပါးပါး တကြိမ်လောင်းပါ
🌿 ပျိုးပင်များ မလှီစေရန် ⚠️ သင့်တော်သောနေရောင်အောက်တွင်ထားပါ။ မနက်ပိုင်းနေ ၈ မှ နေ့လည် ၁နာရီ အထိအပြည့်ရပါက သင့်တော် ပါသည်။ ( အပင်ပေါက်များ ပျိုးထုပ်ထဲ ထည့်ပြီး (၅) ရက်နောက်ပိုင်းတွင် လောင်းရိပ်အောက်ဆက်ထားပါက အပင်လှီပါသည်။ ပျိုးပင် အသက်၂၅ ရက်သား ဝန်းကျင်တွင် မြေချ စိုက်ပျိုးနိုင်ပါပြီ။
📌*အထက်ဖေါ်ပြပါ အတိုင်းမလုပ်လိုပါက အစေ့များကို (၁၂) နာရီ ရေစိမ်ပြီးပါက ပျိုးအိတ်ထဲတွင် တိုက်ရိုက်ထည့်စိုက်နိုင်ပါသည်။ အစေ့အား လက်မဝက် ခန့်မြေကြီးထဲ မြှုပ်ထည့်ပါ။ အပေါ်တွင် မြေပါးပါးဖြူးပါ။ ရေပါးပါးတကြိမ် နေ့စဉ်လောင်းပါ။ (၇) ရက်ကြာလျှင်အညှောင့်ထွက်လာပါမည်။ *📌
🌿 မြေချစိုက်ပျိုးရန် ပင်ခြား တန်းခြား (၇) ပေ ခြားကျင်းတူးပါ။ တဧက လျှင် အပင် (၉၆၁) ဝန်းကျင် စိုက်ပျိုးနိုင်ပါသည်။
🌿 ကျင်းအား ၂ ပေပါတ်လည် ၊ ၁ ပေအနက် တူးပါ။
🌿 နောက်ချီး မြေဆွေး ၁ဆ၊ ကြက်ချီးမြေဆွေး ၁ဆ၊ ဖွဲပြာ ၁ဆ ၊ တူးထားသောမြေ ၁ဆ ရော၍ ကျင်းတဝက် ပြန်ဖြည့်ပါ။ (၁:၁:၁:၁)
🌿 မြေအောင်းပိုးကာကွယ်လိုပါက ဖြူလာဒန် ကဲ့သို့ မြေအောင်းပိုးသတ်ဆေးအား ဆေးထုတ်ပါ အညွှန်းတိုင်း မြေဆွေးနှင့်ရောထည့်ပေးပါ။ ( Organic သမားများ ထည့်ရန်မလို )
🌿 မြေဆွေးထည့်ထားသောကျင်းထဲရေအပြည့်လောင်းထည့်ပြီး တည သိပ်ပါ။ နောက်တနေ့ ညနေတွင် ပျိုးပင်မြေချ စိုက်နိုင်ပါပြီ။
🌿 မြေချစိုက်ရန် ပျိုးပင်ကို အမြစ်မနာစေရန် မြေလုံးမပျက်ရအောင် ဓါးထက်ထက်နှင့် ပျိုးအိတ်ကိုခွဲပြီး ပလက်စတစ်အိတ်ဖယ်ပါ၊ ကျင်းအလယ်တွင်နေရာချပါ၊ ခုနက နောက်ချီး ကြက်ချီး မြေဆွေး ဖွဲပြာ မြေကြီး ၁:၁:၁:၁ ရောထားသောစပ်မြေ ၁ဆ နှင့် ဆတူမြေကြီး ထပ်ရောပြီး ပျိုးပင် ပါတ်လည်ဖြည့်ပါ။
🌿အပင် အမြင့် ၃ပေ ဝန်းကျင်တွင် ခေါင်ညွန့် နှိမ်ပါ။
🌿အပင်သက် (၃)လ နှင့် (၄)လ ကြားတွင် အစာထပ်လိုက်ပါ။
🌿 အပွင့်စခါနီးတွင် အသီးအပွင့် အားဆေးကြိုဖြန်းပါ။ (
Crd.... 🌲ကိုသိန်းဝင်း 🌲
14/12/2021
တစ်သျူးငှက်ပျော စီးပွားဖြစ်စိုက်ပျိုးနည်း
-----------------------------
မြန်မာတို့၏ ရိုးရာဓလေ့တွင် အုန်းနှင့်ငှက်ပျောသည်မပါမဖြစ်အရေးပါသော သီးနှံများဖြစ်သည်။မြန်မာနိုင်ငံတွင် ငှက်ပျောမျိုးကွဲပေါင်းများစွာ ရှိပါသည်။ဒေသငှက်ပျောများကို မိရိုးဗလာနည်းစနစ်အတိုင်း သားတက်ဖြင့်မျိုးပွား၍စိုက်ပျိုးကြသည်။ယခုအခါ အပင်တစ်သျူး မျိုးပွားနည်းဖြင့် မျိုးပွားထားသော ကှက်ပျောများကို ကျယ်ပြန့်စွာ စိုက်ပျိုးလာကြသည်။တစ်သျူးနည်းဖြစ်မျိုးပွားခြင်းဆိုသည်မှာ အပင်မျိုးတစ်မျိုး၏ မူလမျမုးရိုးဗီဇလက္ခဏာ အရည်အသွေးမပျက်စေဘဲ ယင်းအပင်၏ ဆဲလ်၊ အပင်ပိုင်းတစ်ခုကို ဓာတ်ခွဲခန်းတွင်မျိုးပွားဖခင်းဖြင့် မိခင်အပင်နှင့် တသွေမတိမ်းအရည်အသွေးရှိသည့် ဗီဇတူအပင်ငယ်များကို အချိန်တိုအတွင်း အမြောက်အများ မျိုးပွားထုတ်လုပ်ခြင်းဖြစ်သည်။
တစ်သျူးငှက်ပျောမျိုးများသည်
-မိခင်နှင့် မျိုးရိုးဗီဇလက္ခဏာတူညီခြင်း
-ပိုးမွှားရောဂါ ကင်းစင်သော အရည်အသွေးကောင်းမွန်သော ငှက်ပျောခိုင်များ ထုတ်လုပ်နိုင်ခြင်း
-အထွက်နှုန်းကောင်း၍ အရည်အသွေးကောင်းမွန်ခြင်းတို့ကြောင့် ဝင်ငွေ မြင့်မားစွာ ရရှိခြင်း
-ပုံမှန်သားတက်ဖြင့် မျိုးပွားထားသော အပင်မျိုးများထက် ငှက်ပျောခိုင်စော၍ ထွက်ခြင်း
-တစ်သျူးငှက်ပျောပျိုးပင်များကို တစ်နှစ်ပတ်လုံး ဝယ်ယူစိုက်ပျိုးနိုင်ခြင်းကြောင့် စျေးကွက်မြင့်မားသည့်အချိန်နှင့် ချိန်ညှိ စိုက်ပျိုးနိုင်သည့်အတွက် စျေးကောင်းရရှိခြင်း
-အပင်ကြီးထားမှုညီညာခြင်းကြောင့် ငှက်ပျောခိုင်ထွက်ချိန် ညီညာပြီး စျေးကွက်သို့တစ်ပြိုင်နက်တည်း တင်ပို့ရောင်းချနိုင်ခြင်း
-မိခင်အပင်မှ အခိုင်ခုတ်ပြီးနောက် သားဆက် ၂ ဆက် (လမိုင်းပင်) အထိ အထွက်နှုန်းအရည်အသွေး မလျော့ကျခြင်း
-အပင်၏ ၉၅%-၉၈% အထိ ငှက်ပျောခိုက်ထွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကြောင့် တစ်သျူးငှက်ပျောကို စီးပွားဖြစ် စိုက်ပျိုးသင့်ပါသည်။
မြေအမျိုးအစား
-------------
ကှက်ပျောစိုက်ပျိုးရမည့် မြေသည် ရေသွင်းရေထုတ်ကောင်းမွန်၍ မြေဆီသြဇာကောင်းမွန်ပြီး အစိုဓာတ်လုံလောက်စွာ ရှိရန် လိုအပ်သည်။မြေချဥ်ငံကိန်း ၆၊ ၇.၅ အတွင်းရှိသော နုန်းမြေသည် ငှက်ပျော အဖြစ်ဆုံးမြေဖြစ်သည်။ ဆားပေါက်သောမြေ၊ ထုံးပါဝင်မှုများသောမြေ ၊ လေဝင်လေထွက်မကောင်း၍ အဟာရ ချို့တဲ့သောမြေများတွင် စိုက်ပျိုးရန်မသင့်တော်ပါ။ နုန်းတင်မြေနု ၊ သဲနုန်းမြေ ၊ နုန်းမြေ များတွင် စိုက်ပျိုးရန် သင့်တော်သည်။
မြေပြုပြင်ခြင်း
----------
ငှက်ပျောကို မစုိက်ပျိုးခင်မြေကို ၁ ပတ်ခန်းစော၍ ကြိုတင်ပြင်ဆင်ထားသင့်သည်။ငှက်ပျောပင်သည်ရေကြိုက်သော်လည်း အပင်းအရင်းတွင် ရေမဝပ်ရန် ရေနုတ်မြောင်းများ ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။
စိုက်ချိန်
------
တစ်သျူးငှက်ပျောကို အပူချိန် နိမ့်လွန်း မြင့်လွန်းသော အချိန်မှ လွဲ၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။စိုက်ရန် အကောင်းဆုံးအချိန်မှာ မေလနှင့် နိုဝင်ဘာလ ဖြစ်သည်။
စိုက်ကျင်းပြုပြင်ခြင်း
------–------
စိုက်ကျင်းကို အကျယ် တစ်ပေခွဲနှင့် အနက် တစ်ပေခွဲ တူးပေးရသည်။စိုက်ကျင်းတစ်ကျင်းအတွက်မြေခံအနေဖြင့် မြေဆွေး ၄-၈ ပြည်၊ ကွန်ပေါင်း(ကွန်ပေါင်း(၁၅:၁၅:၁၅) ၂၀၀ ဂရမ်၊ ဖြူရာဒန် ၁၀ဂရမ် တစ်ကျင်းနှုန်းဖြင့် ရော၍ထည့်ကာ တစ်ပတ်ခန့် ရေနှင့် နပ်ထားပေးရသည်။
ပျိုးပင်စိုက်ပျိုးခြင်း
-------------
အပင်ခြား ၆ ပေ ၊ တန်းကြား ၈ ပေဖြင့် တစ်ဧက လျှင် အပင် ၉၀၀ စိုက်ပျိုးနိုင်သည်။ အရွက် ၅ ရွက်ပါ ၆ ပတ်သားပျိုးပင်းကို အပင်တစ်သျူးဓာတ်ခွဲခန်းမှ ဝယ်ယူ၍ စိုက်ပျိုးနိုင်ပါသည်။
အစာအဟာရ ကျွေးခြင်း
---------------
ငှက်ပျောစိုက်ပြီး ၁ လ အကြာမှ စ၍အောက်ဖော်ပြပါအတိုင်း အစာကျွေးပေးရန် လိုအပ်သည်။မြေသြဇာ ကျွေးလျှင်အပင်ခြေမှ ၆ လက်မ ခွာ၍ကျွေးရသည်။
အစာကျွေးရမည့်အချိန်
ယူရီးယား(ပုလဲ) +(ပိုတက်ရှ်) (2:1)
စိုက်ပြီးတစ်လအကြာ ၅၀ဂရမ် (၃ ဇွန်း)
၂လ အကြာ ၁၀၀ဂရမ်
၃လအကြာ ၁၅၀ဂရမ်
၄လအကြာ ၂၀၀ဂရမ်
၅လအကြာ ၂၅၀ဂရမ်
၆လအကြာ ၃၀၀ဂရမ်
အပင်ပြုစုစောင့်ရှောက်ခြင်း
------------------
ငှက်ပျောသားတက်များသည် အစာအဟာရယှဥ်ပြိုင်စားသောက်သောကြောင့်ဓားနှင်ခုတ်ရှင်းပေးရသည်။ အပင်ကြီးထွားမှု ကာလတလျောက် ပိုးသတ်ဆေး မှိုသတ်ဆေးများ လိုအပ်သလိုသုံးစွဲနိုင်သည်။
ဒုတိယသားတက်မွေးခြင်း
----–-----------
ဒုတိယအပင် ဆက်လက်မွေးမည်ဆိုပါက ပထမမိခင်အပင် အလံရွက်စထွက်ချိန်တွင် အသစ်ထွက်လာသည့် သားတက်များထဲမှ အကောင်းဆုံးသားတက်ကို ဒုတိယအပင်အနေဖြင့်ဆက်လက်မွေးနိုင်သည်။ ဒုတိယသားတက် ဆက်လတ်မွေးမြူမည် ဖြစ်သောကြောင့် မြေသြဇာ ကျွေးခြင်းလုပ်ငန်းကို နဂိုမူလအတိုင်း ဆက်လတ်ဆောက်ရွက်ရမည်။
ရိတ်သိမ်းခြင်း
--------
ငှက်ပျောခိုင်ကို စိုက်ပြီး ၁၁-၁၂လအတွင်း ခုတ်နိုင်သည်။ပထမလမိုင်းပင်ကို မိခင်အပင် ရတိ်သိမ်းပြီးနောက် ၈-၁၀လအတွင်း ရတ်သိမ်းနိုင်ပြီး ဒုတိယလမိုင်းပင်ကို ပထမလမိုင်းပင် ရိတ်သိမ်းပြီးနောက် ၈-၉လအတွင်း ရိတ်သိမ်းနိုင်သည်။
Green Way(အစိမ်းရောင်လမ်း)
စိုက်ပျိုးရေးဗဟုသုတများသိဖို့ page ကို like & share လေးလုပ်ပေးသွားပါအုံးနော်
13/12/2021
အားပေးကြဖို့ဖိတ်ခေါပါရစေဗျ
Click here to claim your Sponsored Listing.