Triple H
Your fashion trend from Triple H with reasonable price
17/04/2025
နိမိတ်ဆိုတာ ရှိတယ်လေနော် ။
နှစ်သစ်ကစပြီး ငွေဝင်ပါစေ ။
တစ်ယောက်တည်း မဝင်ချင်ဘူး။
ပုံထဲကလို အတူတူငွေတွေအားလုံးဝင်ကြပါစေ
ရွှေတွေ ဝင်ပါစေ
စိန်တွေ ဝင်ပါစေ
တိုက်သစ်တွေ ဆောက်နိုင်ကြပါစေ
ကားအသစ်တွေ ဝင်ကြပါစေ
စီးပွါးရေးတွေ ဒီထက်မကပိုတိုးတက်ကြပါစေ🙏🙏🙏
Back to active again
ကျောက်သမားအများစုက စည်းရှိတယ်။ နှုတ်ကတိ တည်တယ်။
သူများရောင်းနေတဲ့ကျောက်ကို
စျေးတစ်ခု သွားပေးပြီးရင် ယူကိုယူကြတယ်။
စျေးဆစ်ပြီးရင်လည်း ယူရတယ်။
မဝယ်နိုင်ရင်စျေးမပေးနဲ့။ စျေးမဆစ်နဲ့။
အာမချောင်နဲ့။
ကိုယ်က သူများပစ္စည်းကို
ကိုယ်တတ်နိုင်တဲ့ စျေးပေးပြီး၊ ဆစ်ပြီးရင်
ရောင်းတဲ့သူက ရောင်းမယ်ဆို
ယူကို ယူရတယ်။
မယူရင် ဂျလုံးပလုံးပဲ။
သူ့နှုတ်ထွက်စကားက သူ့ Ethic နဲ့
သူ့ သိက္ခာတရားပဲ။
ကျောက်ဝိုင်းရောက်တုန်း အဲဒီ တာဝန်ယူတာဝန်ခံမှုကို တွေ့တော့ တော်တော်သဘောကျမိတယ်။
" ကိုယ့်စကားကိုယ် တာဝန်ယူရမယ် "
ဆိုတဲ့စကားလေးက စီးပွါးရေးမှာကော၊
လူမှုရေးမှာကော၊အချစ်ရေးမှာကော၊ နေရာတိုင်းလိုလိုမှာအရေးကြီးတယ် ဆိုတာ သိသလောက်လေး Sharing လုပ်ပေးလိုက်ပါတယ်။
Crd
Sint Nyi
3.2.24
02/02/2024
ရွှေအလေးချိန် တွက်နည်းနဲ့ ရွှေအကြောင်း သိထားသင့်တဲ့ အချက်များ။
============================
မြန်မာနိုင်ငံမှာတော့ ရွှေကို အလေးချိန် ကျပ်၊ပဲ၊ရွေး နဲ့ပဲ ချိန်လေ့ တွက်လေ့ ရှိပါတယ်။
တစ်ကျပ် = ၁၆ ပဲ
တစ်ပဲ = ၈ ရွေး
တစ်ကျပ် = ၁၂၈ ရွေး
ရန်ကုန်နဲ့ အခြားမြို့တွေမှာ ဒီအလေးချိန်ကိုပဲ အသုံးပြုကြပါတယ်။
ဂရမ်အနေနဲ့ဆို
၁ ကျပ်သား = ၁၆.၃၃၁ ဂရမ်
၁ အောင်စ = ၁ ကျပ် ၁၁ ပဲ ၆ ရွေး
ဘယ်နှစ်ပဲရည် ဆိုတာကတော့ တစ်ကျပ်သားမှာ ပါဝင်တဲ့ ရွှေ (%) ကိုပြောတာပါ။
ရွှေကို အထည်လုပ်မယ်ဆို ရွှေသားစစ်စစ်က ပျော့တဲ့အတွက် အခြားသတ္တုနဲ့ ရောစပ်ရပါတယ်။
၁၆ ပဲရည်ဆိုတာ တစ်ကျပ်သားဖြစ်တဲ့ ၁၆ ပဲလုံးရွှေသားစစ်စစ် အရောအနှောမရှိဘူးလို့ ပြောတာပါ မီးဖုတ်ကြည့်ရင် မမဲတဲ့အတွက် မီးလင်း အခေါက်ရွှေလို့ခေါ်ကြပါတယ်။
၁၄ ပဲရည်ဆိုတာ ၁၆ ပဲမှာ ရွှေ ၁၄ ပဲနဲ့ အခြားသတ္တု စပ်ခဲ (ကြေး+ဘော်) ၂ ပဲ ရောစပ်ထားတာပါ။
ကြေးပါတဲ့ အတွက်ကြောင့် မီးဖုတ်ကြည့်ရင် မဲသွားပါတယ် ငရဲမီးစိမ်လိုက်မှ မူလရွှေရောင် ပြန်ရပါတယ်။
၁၅ ပဲရည်လဲ ဒီသဘောတရားအတိုင်းပါပဲ
အတွင်းစပ်ဆိုတာ ရွှေ၁၄ ပဲ + စပ်ခဲ ၂ ပဲ ပေါင်းတစ်ကျပ် ဖြစ်ပြီး
အပြင်စပ်ဆိုတာ ရွှေတစ်ကျပ် + စပ်ခဲ ၂ ပဲ ပေါင်း ၁၈ ပဲ ဖြစ်ပါတယ်
၁၄ ပဲ ၂ ပြားဆိုတာ ရွှေ ၁၄ ပဲ ၄ ရွေး + စပ်ခဲ ၁ ပဲ ၄ ရွေး ရောစပ်ထားတာဖြစ်ပါတယ်
အနောက်တိုင်းမှာတော့ ရွှေပါဝင်နှုန်းကို Karat နဲ့ပြောပါတယ် (ကျောက်မှာသုံးတဲ့ Unit ဖြစ်တဲ့ Carat နဲ့ မတူပါ) အတိုကောက် k လို့သုံးပါတယ်
24 k = ၁၆ ပဲရည်
23 k = ၁၅ ပဲရည်
22 k = ၁၄ ပဲ ၂ ပြား
21 k = ၁၄ ပဲရည်
20 k = ၁၃ ပဲရည်
19 k = ၁၂ ပဲ ၂ ပြား
18 k = ၁၂ ပဲရည်
17 k = ၁၁ ပဲ ၂ပြား
16 k = ၁၁ ပဲရည်
15 k = ၁၀ ပဲရည်
14 k = ၉ ပဲရည်
13 k = ၈ ပဲ ၂ ပြား
12 k = ၈ ပဲရည်
၈ ပဲရည်အောက်နိမ့်သောရွှေကို မိုးကြိုးလို့ခေါ်ပါတယ်။ဂဟေဆော်ရာမှာသာ အသုံးပြုပြီး လက်ဝတ်ရတနာအနေနဲ့တော့ ၁၂ ပဲရည်အောက် လုပ်လေ့မရှိပါဘူး။
☀️ ရွှေတွက်နည်း ☀️
၁၆ပဲရည် တစ်ကျပ်သား ပေါက်စျေးကို ကိုယ်တွက်ချင်တဲ့ ရွှေအမျိုးအစား တစ်ကျပ်သား စျေးအဖြစ် အရင်တွက်ရပါမယ်။
ဥပမာ (အပြင်စပ် နဲ့အတွင်းစပ်သဘောတရားကို အပေါ်မှာရှင်းပြပေးထားပါတယ်)
၁၄ ပဲရည် အပြင်စပ်အတွက်
16÷18×️ပေါက်စျေး
16÷18×️3840000 = 3413333
၁၄ ပဲရည် အတွင်းစပ်အတွက်
14÷16×️ပေါက်စျေး
၁၅ ပဲရည်အတွက်
16÷17×️ပေါက်စျေး (အပြင်စပ်)
15÷16×️ပေါက်စျေး (အတွင်းစပ်)
ဒါဆိုကိုယ်တွက်ချင်တဲ့ ရွှေအမျိုးအစားရဲ့ တစ်ကျပ်သားစျေး ရပါပြီ။
ရွှေတင်ချိန်ကို အလျော့တွက်နဲ့ပေါင်း ပြီးရင်စုစုပေါင်းအလေးချိန်ကို ဒီလိုတွက်ရပါမယ်။
ရွေး÷8+ပဲ÷16+ကျပ်×️တစ်ကျပ်သားစျေး
ဥပမာ
၁၄ ပဲရည် အပြင်စပ်
ရွှေတင်ချိန် 1 ကျပ် 7 ပဲ 4 ရွေး
အလျော့တွက် 1 ပဲ 6 ရွေး ဆိုပါဆို့
ပေါင်းလိုက်ရင် 1 ကျပ် 9 ပဲ 2 ရွေးပါ
2÷8+9÷16+1×3413333 = 5386666 ပါ
ရွှေဝယ်ပြီး ပြန်ရောင်းတဲ့အခါ ရွှေစျေးတက်တာတောင် ရှုံးတယ် ဆိုတာကတော့ ပြန်ရောင်းတဲ့အခါ အလျော့တွက်ကို ထည့်မတွက်ပဲ ရွှေတင်ချိန်ကိုသာ တွက်လေ့ရှိတာကြောင့်ပါ။
အလျော့တွက်ဆိုတာ အထည်လုပ်တဲ့အချိန်ရွှေအလေအလွင့် ပန်းတိမ်ဆရာလက်ခ တွေပေးရတာဖြစ်တာကြောင့် ပြန်မရတာပါ။
ကမ္ဘာ့ရွှေစျေးကို မြန်မာရွှေစျေးအဖြစ် အနီးစပ်ဆုံး တွက်ပုံကတော့
ကမ္ဘာ့ရွှေစျေး×ဒေါ်လာပေါက်စျေး÷1.875 ပါ။
ဥပမာ - 2024×3500÷1.875=3778133 ပါ။
———————*******———————
လိုအပ်လျှင် ရှာရခက်တာမို့ Share ထားဖို့မမေ့နဲ့နော် 😊😊😊
25/01/2024
စိန် အကြောင်း
တ စေ့ တ စောင်း
++++++++
စိန်ဆိုင်မှာ စိန်မဝယ်ခင် တွင်းထွက်စိန်လား lab-grown လားလို့
မေးမိမယ်ဆိုရင်..
စိန်ဝတ်ဖူးလားဆိုတဲ့
အကြည့်တွေနဲ့
ကြည့်ခံရတော့မယ့် သဘောရှိတယ်။
စိန်ဖြစ်ဖို့ အရင်က
နှစ်သန်းပေါင်း/ဘီလျှံပေါင်း များစွာ
မြေကြီးထဲ
ကြာခဲ့ ရပေမယ့်
အခုနောက်ပိုင်းက
တူညီတဲ့ ကာဘွန်၊
ဖိအား၊ အပူချိန်ပေးရင်
1 carat ရဖို့ lab ထဲမှာ (၁၀)ရက်ပဲ ကြာတယ်။
စိန် 3 carat ဆို
တစ်ပတ်ထဲနဲ့
lab ထဲက ထွက်လာတယ်။
တွင်းထွက်နဲ့
ခွဲမရအောင်
တူ တဲ့အပြင်
တွင်းထွက်ကမှ
သူ့သဘာဝအရ impurities = အနာအဆာ ပါကောင်းပါနိုင်သေးတယ်။ လူလုပ်စိန်တွေက
တဖျတ်ဖျတ်
အနာမဲ့ လက်နေတာ။
ကမ္ဘာပေါ်မှာ lab-grown or man-made စိန်အများဆုံးထုတ်တဲ့တိုင်းပြည်က
တရုတ် (56% manufacturing share)
တရုတ်ပြီးတော့ အိန္ဒိယ (15%)
တတိယက အမေရိကန် (13%)
အိန္ဒိယမှာ လူလုပ်စိန် production က ဘယ်လောက်ကြီးလဲဆိုရင် အလုပ်သမားဦးရေ
လေးသိန်း ရှိတယ်။
သူတို့
လုပ်ငန်းတက်လာတာ စိန်၂၇ကာရက်အထိ
ထုတ်လာနိုင်တယ်ဆိုတယ်။
သူတို့ရဲ့ target က
ယူအက်စ်နဲ့ ဒူဘိုင်းဖြစ်ပြီး
စိန် တကာရက်ကို ဒေါ်လာသုံးရာထဲနဲ့ တင်ပို့ဖို့ ဖြစ်တယ်တဲ့။
လူလုပ်စိန် ထုတ်သူတွေထဲ အယုံကြည်ရဆုံး
Manufacturers တွေကတော့
Vibranium, James Allen, Blue Nile, Clean Origin နဲ့ Vrai စသည်တို့ ဖြစ်ပါသည်တဲ့။
နောက်ပိုင်းမှာ ပန်ဒိုရာ
တို့ Tiffany & Co တို့လို ရတနာဆိုင်ကြီးတွေမှာ
တွင်းထွက်စိန်တွေ
မရောင်းတော့ဘူး၊
lab-grown တွေပဲ
ရောင်းတော့မယ်
လို့ ဆိုတယ်။
သူတို့ ကောင်တာနောက်မှာ
တွင်းထွက်က ကောင်တာသပ်သပ်၊ လူလုပ်စိန်တွေက ကောင်တာ သပ်သပ် ထားထားတာ တွေ့ခဲ့ရတယ်။
စျေးချင်းကလည်း ကွာတယ်။
၂၀% ကနေ 40% အထိ ကွာတယ်။
တွင်းထွက်စိန်ကို
ယှဥ်မရတာကလည်း
လူလုပ်စိန်တွေဟာ
အချိန်ကြာလေ
တန်ဘိုးကျလေလို့ ဆိုကြတယ်။ အချိန်တစ်ခုကြာသွားရင် ဝယ်တုန်းကထက် သုံးဆ စျေး လျော့ကျသွားတယ် ဆိုတယ်။
ဆိုင်တွေက ပြန်ဝယ်ချင်မှလည်း ဝယ်မှာဖြစ်သလို၊
လူလုပ်စိန်တွေဟာ mass production
ပေါချင်းသောချင်း ဖြစ်လို့
တွင်းထွက်စိန်တစ်ပွင့်ချင်းစီနဲ့
ဘယ်လိုမှ မယှဥ်နိုင်တဲ့ သဘောရှိတယ်လို့ ဆိုတယ်။
(လူတွေက LGD ခေါ်
lab- grown diamond ကို ထုတ်ဖို့ကြိုးစားတာ ၁၇၉၇ ခုနှစ်ထဲက။ ၁၉၅၄ ရောက်မှ Howard Tracy Hall နဲ့ Herbert Strong ဆိုတဲ့ သိပ္ပံပညာရှင်နှစ်ယောက်က ထုတ်လို့ရသွားတာ၊ ၁၉၇၁ မှာ လက်ဝတ်ရတနာ
အဆင့်ကို ရောက်လာတယ်၊ ၁၉၈၀ မှာ စေ့စပ်လက်စွပ်တွေမှာ လူလုပ် စိန်တွေ စသုံးလာတယ် ဆိုပါတယ်..
၂၀၁၈ မှာ Federal Trade Commission (FTC)
က တွင်းထွက်စိန်ကော LGD စိန် နှစ်မျိုးလုံးကို
စိန်အစစ်တွေလို့ 'real' လို့ သတ်မှတ်လိုက်တယ်၊
(real တော့ real ဒါပေမယ့် natural မဟုတ်)
နောက်ပိုင်း
တွင်းထွက်စိန်တွေကို ရောင်းတန်းတောင်
မတင်နိုင်တော့မယ့်
သဘောလည်း
စိန်လောက က ပြောလာကြပါတယ် )
အဲဒီတော့ တွင်းထွက်စိန်ကြိုက်သူတွေ အနေနဲ့
မိဘ ဘိုးဘွားတွေဆီက လက်ဆင့်ကမ်းလာတဲ့
စိန်ဘီးတို့ စိန်ဆံထိုးတို့
စိန်လက်ကောက်တို့
ရှိရင် တွင်းထွက်လား
lab grown ဆိုတာလားကို scientist တွေနဲ့ပြ၊ appraisal ယူ၊
လက်မှတ်နဲ့အတူ
သေ သေ ချာချာလေးသာ သိမ်းထားကြပေတော့ရယ်..
Crd; အိမ့်ချမ်းမြေ့
🥰
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon