Intellect Health Resources - Aussie Gems
IHR - Aussie Gems is a place where you can find high quality authentic health and beauty products from Australia.
17/04/2021
မြန်မာ့ နှစ်သစ်အချိန်အခါမှာ မြန်မာပြည်သူပြည်သားအပေါင်း က်ိုယ်ကျန်းမာ စိတ်ချမ်းသာပါစေကြောင်း IHR မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🙏🏻🙏🏻
20/02/2021
☀️အချိန်အကြာကြီးနေပူထဲထွက်မယ်ဆို နေရောင်ကာဖို့ မမေ့သင့်ပါနော်☀️
ဘာလို့နေရောင်ကာလိမ်းဆေးလိမ်းသင့်တာလဲ❓
၁။ အရေပြားကင်ဆာဖြစ်နိုင်ချေကိုလျှော့ချပေးပါတယ်။
၂။ အရေပြားအရေးအကြောင်း၊အမဲစက်နဲ့လျော့တွဲကျတာစတဲ့အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးပါတယ်။
ဘယ်သူတွေနေရောင်ကာလိမ်းဆေးသုံးသင့်လဲ❓
လူတိုင်းသုံးသင့်ပါတယ်။
အသက် ၆ လအောက်ကလေးငယ်လေးတွေရဲ့အရေပြားကတော့အလွန်တရာနုနယ်တဲ့အတွက်သူတို့လေးတွေကိုတော့လိမ်းမပေးဘဲအမိုးအကာအောက်နေတာ၊နေရောင်ကာအင်္ကျီဝတ်ပေးတာမျိုးနဲ့ကာကွယ်သင့်ပါတယ်။
ဘယ်လိုနေရောင်ကာလိမ်းဆေးမျိုးကိုရွေးချယ်သင့်လဲ❓
အနည်းဆုံး SPF 15 ရှိတာကိုရွေးချယ်ရပါမယ်။
နေပူထဲကြာကြာနေမယ်ဆိုရင်အနည်းဆုံး SPF 30 ရှိတာကိုသုံးပါ။
SPF ဆိုတာ Sun Protection Factor ပါ။
Broad spectrum လို့ရေးထားတဲ့ UVA ရော UVB ရောကိုကာကွယ်ပေးတဲ့ sunscreen ကိုရွေးချယ်ပါ။
ရေကူးမယ်၊ ချွေးထွက်တဲ့လှုပ်ရှားမှုမျိုးလုပ်မယ်ဆိုရင် water-resistant ဖြစ်တာကိုရွေးချယ်ရပါမယ်။
ဘယ်အချိန်မှာလိမ်းရမလဲ❓
နေ့တိုင်းလိမ်းရပါမယ်။
အပြင်မထွက်ခင်မိနစ် ၃၀ မှာလိမ်းပါ။ ၂ နာရီခြားတစ်ခါထပ်လိမ်းပါ။
ချွေးတွေအများကြီးထွက်ပြီးတာနဲ့၊ ရေကူးပြီးတာနဲ့ထပ်လိမ်းပါ။
မိုးအုံ့တဲ့နေ့မှာတောင်မှနေကလာတဲ့ UV Rays 80% ဟာကမ္ဘာမြေဆီရောက်နိုင်တာမို့ပါ။
ဘယ်နေရာတွေကိုလိမ်းရမလ❓
ဖြစ်နိုင်ရင်တစ်ကိုယ်လုံးကိုလိမ်းတာစိတ်အချရဆုံးပါ။ တစ်ကိုယ်လုံးမလိမ်းချင်ရင်တောင်အင်္ကျီမဖုံးပဲပေါ်နေတဲ့နေရာမှန်သမျှကိုလိမ်းပါ။ နားရွက်ထိပ်လေးတွေ၊ ဂုတ်၊ ခြေဖမိုးနဲ့ဒူးခေါင်းနောက်တွေပါမကျန်စေနဲ့နော်။
ဘယ်လောက်ပမာဏလိမ်းရမလ❓
တစ်အောင်စ (ထမင်းစားဇွန်းနှစ်ဇွန်း) ပမာဏဆိုရင်တစ်ကိုယ်လုံးအတွက်လုံလောက်ပါပြီ။
အထူးသတိပြုသင့်တာက sunscreen သုံးရုံနဲ့မလုံလောက်ပါဘူး။
နေဒဏ်ကိုအပြည့်အဝကာကွယ်နိုင်ဖို့
✅တတ်နိုင်သလောက်အရိပ်အမိုးအောက်မှာနေပါ။
✅အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပါ။
✅အနားပြားကြီးတဲ့ဦးထုပ်ဆောင်းပါ။
✅ UV ကာတဲ့နေကာမျက်မှန်တပ်ပါ။
အားလုံပဲ ကျန်းမာသုခပြည့်ဝကြပါစေလို့ IHR မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏🏻
30/01/2021
🥥 အလှအပအတွက် အုန်းသီးလေး 🥥
အသားရောအရည်ပါ အရမ်းအရသာရှိတဲ့ အုန်းသီးဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများရုံသာမက အသားအရည်နဲ့ဆံပင်လှပကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။ အလှအပနယ်ပယ်မှာတော့အုန်းသီးကရတဲ့အဆီ (အုန်းဆီ)ကိုအသုံးများပါတယ်။ မြန်မာပြည်မှာလည်း ပေါပေါများများရပြီး စွယ်စုံသုံးလို့ရတဲ့အုန်းသီးရဲ့အလှအပအတွက်အသုံးဝင်ပုံတွေကိုအောက်မှာဆက်ဖတ်ကြည့်ရအောင် 🤗
🤲ခြောက်သွေ့မှုကိုကာကွယ်ပေးတယ်။
ပန်းကန်ဆေး၊အဝတ်လျှော်ဆပ်ပြာတွေနဲ့ထိလို့ခြောက်သွေ့ကြမ်းတမ်းနေတဲ့လက်တွေကိုလိမ်းပေးနိုင်ပါတယ်။
🚫အရေပြားကင်ဆာဖြစ်ပွါးမှုမှကာကွယ်ပေးတယ်။
အုန်းဆီဟာအရေပြားရဲ့အစိုဓာတ်နဲ့အဆီဓာတ်ကိုအားဖြည့်ပေးရုံသာမကနေကလာတဲ့ UV Rays တွေရဲ့ 20% ကိုတားဆီးပေးပါတယ်။
👩နုပျိုတဲ့အရေပြားကိုပိုင်ဆိုင်စေတယ်။
အုန်းဆီမှာ anti-oxidant သတ္တိရှိတာကြောင့်အိုမင်းခြင်းကိုနှေးကွေးစေပါတယ်။အုန်းသီးကိုစားပေးခြင်းဖြင့်အသားအရည်ကိုရေဓာတ်ပြည့်ဝစေလို့နုပျိုတဲ့အသွင်ဆောင်ပါတယ်။
💫အသားအရည်ကိုသန့်ရှင်းစေတယ်။
အုန်းဆီဟာအရေပြားရဲ့အပေါ်ယံအလွှာမှာရှိတဲ့အဆိပ်အတောက်၊မှိုပိုးနဲ့ဘတ်တီးရီးယားပိုးမွှားတွေကိုဖယ်ရှားသန့်စင်ပေးတဲ့အပြင်အရေပြားရဲ့သဘာဝခုခံအားစနစ်ကိုလည်းအားကောင်းစေပါတယ်။
❤️သွေးလှည့်ပတ်မှုကောင်းစေတယ်။
အုန်းသီးကိုပုံမှန်စားပေးမယ်ဆိုရင်အရေပြားမှာရှိတဲ့ oxygen ပမာဏကိုတိုးတက်စေပါတယ်။
🧖♀️အဆီပြန်ခြင်းကိုသက်သာစေတယ်။
အုန်းရည်ကိုနနွင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဝက်၊သနပ်ခါးမှုန့်လက်ဖက်ရည်တစ်ဇွန်းနဲ့ရောပြီးမျက်နှာလေးကိုပေါင်းတင်ပေးမယ်ဆိုရင်အားလုံးအားကျရတဲ့ Glow Skin လေးကိုပိုင်ဆိုင်နိုင်မှာပါ။
👀 မျက်လုံးတစ်ဝိုက်မိတ်ကပ်ဖျက်ဆေးအဖြစ်သုံနိုင်တယ်။
ဖျက်ရခက်တဲ့ eye-shadow, eye-liner, mascara တွေကိုအားသုံးစရာမလိုဘဲနူးညံ့ညင်သာစွာဖယ်ရှားပေးနိုင်ပါတယ်။
🧖🏻♀️Body Scrub အဖြစ်သုံးနိုင်တယ်။
အုန်းဆီနဲ့သကြားရည်ကိုရောပြီးကိုယ်ခန္ဓာကိုယ်ကိုတစ်ပတ်နှစ်ခါပွတ်တိုက်ပေးမယ်ဆိုရင်ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ပြီးလိမ်းမယ့် lotion တွေရဲ့အာနိသင်ကိုပိုမိုကောင်းစေပါတယ်။
💁♀️ဆံပင်ကျွတ်တာကိုသက်သာစေပါတယ်။
အုန်းရည်သို့မဟုတ်အုန်းဆီကိုဦးရေနဲ့ဆံပင်ကိုနှံ့အောင်လိမ်းပေးပါ။
ဆံပင်ကျိုးကြေပျက်ဆီနေတာကိုသက်သာစေပြီးဆံသားကိုပျော့ပြောင်းတောက်ပြောင်စေပါတယ်။
🙇♀️ဦးရေပြားကိုပိုးမွှားကင်းစင်စေတယ်။
ဘတ်တီးရီးယားနဲ့မှိုပိုးတွေကိုသေစေနိုင်တဲ့အစွမ်းရှ်တာကြောင့်သန်း၊ဗောက်နဲ့ဦးရေပြားယားယံခြင်းပြဿနာတွေကိုဖြေရှင်းပေးပါတယ်။
27/01/2021
ဒီကနေ့ ကျရောက်တဲ့ အမေများနေ့မှာ ကမ္ဘာပေါ်ရှိ မိခင်များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေကြောင်း ဆုတောင်းအပ်ပါသည် ❤️
15/01/2021
အရေပြားဆရာဝန်များရဲ့ ထောက်ခံချက်ရရှိထားသော Australia နိုင်ငံထုတ် အရည်အသွေးမြင့်မားသည့် QV productsများကို သင့်တင့်မျှတသောစျေးနှုန်းဖြင့် IHRတွင် မှာယူ သုံးစွဲနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင်။
13/01/2021
🎉 အားလုံးအတွက် ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးနေ့လေးဖြစ်ပါစေလို့ IHR မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏🏻
03/01/2021
🇲🇲လွတ်လပ်ရေးနေ့ တို့မမေ့🇲🇲
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်မယ့် အမိနိုင်ငံတော်ရဲ့ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အား IHR မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါတယ် ။
25/12/2020
❤️🦌MERRY CHRISTMAS !!🦌❤️
အားလုံးအတွက် ပျော်ရွှင်စရာ ခရစ်စမတ်နေ့လေး ဖြစ်ပါစေလို့ IHR မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🎄🎄
Its the most wonderful time of the year.
We wish each and everyone a very merry christmas! 🥳❤️
12/12/2020
သြစတြေးလျနိုင်ငံထုတ် QV skincare က 1953 ခုနှစ်ထဲက စတင်တည်ထောင်ခဲ့ပြီး အရေပြားအထူးကုဆရာဝန်ကြီးတွေရဲ့ ထောက်ခံချက်ရရှိထားတဲ့ Brand တစ်ခုဖြစ်ပါတယ်။ ထိခိုက်လွယ်တဲ့ Sensitive အသားအရေပိုင်ရှင်တွေနဲ့ ကလေးတွေသုံးဖို့အတွက် အထူးသင့်တော်ပါတယ်။ Product လေးတွေကိုတော့ ပုံလေးမှာကြည့်ပေးပါနော်။
09/12/2020
😩 အလုပ်တွေ ကျောင်းစာတွေပိပြီး Stress တွေများနေတယ်ဆိုရင် ဒီ Myrtle and Moss brand လေးကို သုံးကြည့်ဖို့ အကြံပြုချင်ပါတယ်။
🌸 သဘာဝပန်းပေါင်းစုံ သစ်သီးတွေနဲ့ ပေါင်းစပ်ထားတဲ့အတွက် မိမိအိမ်မှာတင်ပဲ Spa ရောက်နေသလို အပန်းပြေစေတဲ့ခံစားမှုမျိုးကို ရရှိနိုင်မှာပါ။
📞 ဒီ Australia နိုင်ငံထုတ် Myrtle and Moss ကထုတ်တဲ့ Hand Cream နဲ့ Room Spray လေးတွေဝယ်ချင်တယ်ဆိုရင် messenger မှာ Hello လိုက်ပါနော်။
04/12/2020
အခုတစ်ခါ မိတ်ဆက်ပေးမယ့် Brand လေးကတော့ Le Tan ပါ။
Le Tan ကတော့ Sunscreen နဲ့ နေရောင်အောက်မှာ ညိုညိုစိုစိုနဲ့ အလှသွေးကြွယ်စေမယ့် Tanning products တွေကြောင့် နာမည်အခိုင်အမာရထားတဲ့ Aussie brand လေးပါ။
Aussie Gems ပရိသတ်တွေကို
🥥 Coconut
🥭 Mango
🍍 Pineapple
🍉 Watermelon ဆိုတဲ့ sunscreen scent လေး 4 မျိုးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်နော်။ စေးကပ်မှုမရှိဘဲ SPF 50 ပါဝင်တဲ့အတွက် နေရောင်ခြည်ကိုထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
02/12/2020
👩 ဘယ်အားဆေးသောက်ရင် ကောင်းမလဲလို့စဉ်းစားနေတဲ့ မေမေတွေအတွက် Elevit ဆိုတဲ့ Brand လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။ Baby လေးကို နို့တိုက်ကျွေးနေတဲ့မေမေတွေနဲ့ အမျိုးသမီးတွေအတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်တွေ သတ္တုဓာတ်တွေ အချိုးကျကျပေါင်းစပ်ပါဝင်ထားတဲ့ product လေး 2 မျိုးကတော့ -
1. Women’s daily Multivitamin - ဗီတာမင်နဲ့ သတ္တုဓာတ် 21 မျိုးပါဝင်ပါတယ်။
အမျိုးသမီးများ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို စိတ်ဖိဆီးမှုကင်းစွာနဲ့ တက်ကြွအောင်မြင်စွာလုပ်ဆောင်နိုင်ဖို့ အထောက်အကူပြုပါတယ်။
2. Elevit Breastfeeding - ဗီတာမင်နဲ့ သတ္တုဓာတ်, Omega-3 တို့ အချိုးကျပါဝင်တဲ့ နို့တိုက်စဉ်သောက်သုံးလို့ရတဲ့ အားဆေးလေးပါ။ မေမေတွေရဲ့ ကျန်းမာရေးအပြင် ကလေးလေး ပုံမှန်ကြီထွားဖွံ့ဖြို့းဖို့အတွက်ပါ အထောက်အပံ့ဖြစ်စေပါတယ်။
3. ဗီတာမင်ဘီ 6 နဲ့ ချင်းတို့ ပေါင်းစပ်ပါဝင်ပြီး ကိုယ်ဝန်အစောပိုင်းမှာခံစားရတဲ့ Morning sickness လို့ခေါ်တဲ့ မူးတာ ပျို့တာ အန်တာတွေကို သက်သာလျော့နည်းစေပါတယ်။
Click here to claim your Sponsored Listing.