Nge Po
ကြိုဆိုပါတယ်ဗျ...�
21/09/2023
ချစ်ချင်းမေတ္တာလို့ အစချီလိုက်ရင်...
မင်းရဲ့ နာမည်လေးနဲ့ မင်းရဲ့မျက်နှာလေးက အစချီမယ်...
မြတ်နိုးတွယ်တာ သံယောဇဥ် ဖြစ်တာက
နေ့တိုင်း စကားတွေပြောရင်းပေါ့...
မြင်မြင်ချင်း ချစ်မိတာမဟုတ်ပါဘူး...
မမြင်ရရင် မနေနိုင်အောင်ချစ်မိတာပါ...
ဘာကြောင့်လဲလို့ မမေးပါနဲ့...
ချစ်ချင်းမေတ္တာတစ်ခုက အကြောင်းပြချက်မရှိလို့ပါ...
ဘယ်ချိန်ထိလဲလို့ မမေးပါနဲ့...
စက္ကန့်တံလေးတွေ ရွေ့လျားနေသ၍ပါ...
မင်းရဲ့ ရည်သံ...
မင်းရဲ့ ဟန်ပန်...
မင်းရဲ့ အမူရာ...
မင်းနဲ့ ပတ်သက်တဲ့ အရာအားလုံးကို
သဘောကျ နှစ်သက်ပါတယ်...
ပြန်ချစ်ပေးပါလို့ မတောင်းဆိုပါဘူး...
ချစ်နေမိတာကို သိနေပေးရင် ကျေနပ်ပါပြီ...
အဓိက မင်းပျော်ရွှင်နေဖို့ပါ...
ဟိုး......အဝေးက ချစ်သောရေ......
နှစ်ယောက်လုံးရဲ့ ချစ်ချင်းမေတ္တာတွေထပ်ပေါင်းလိုက်ရင်...
သာယာလှပတဲ့ အချစ်ခရီးလမ်းဖြစ်မှာပါ...
#လူကြီး
ကောင်းကင်တစ်ခုလုံး ငြို့မှိုင်းနေချိန်...
တိတ်တွေပြိုကျမတက် ရွာသွန်းဖြိုးမယ့်မိုးကြောင့်....
ဆိုင်လေး တစ်ဆိုင်ထဲ အပြေးဝင်မိခဲ့တယ်....
သူမနဲ့ အမြဲလိုလိုထိုင်နေကျ ဆိုင်လေးပေါ့....
ထိုင်နေကျ ထောင့်ဆုံးစားပွဲဝိုင်းလေးမှာပဲ ထိုင်မိခဲ့တယ်..
မှောင်မဲနေတဲ့ကောင်းကင်နဲ့အတူ တိုက်ခတ်တဲ့လေကြောင့် လှုတ်ခတ်ရမ်းနေတဲ့ သစ်ရွက်ကိုငေးကြည့်ရင်း....
လွမ်းမောစရာဖြစ်ခဲ့ရတယ်....
ဝိတ်တာ ကောင်လေးရောက်လာချိန်....
"အကို တစ်ယောက်ထဲလား"..?
"အကိုနဲ့အတူလာနေကျ အမ မပါဘူးလား"..?
မေးခွန်းတွေက ဖြေဖို့ အင်အားမဲ့ခဲ့တယ်....
သတိရစိတ်က ပိုပြီး နှလုံးသားကို ရိုက်ခတ်စေတယ်....
ဟိုး.......အဝေးက ချစ်သောရေ......
မင်းကို သိပ်ချစ်မိလို့ သိပ်လွမ်းနေရပါတယ်....
#လူကြီး
17/08/2023
Goodnight par naw...😘😘😘
16/08/2023
သို့...........
ချစ်သောရေ.........
မေတ္တာတွေထပ်ပေါင်းပြီး ရေးဖွဲ့သီကုံးထားတဲ့ စာလေးတစ်စောင်ပါးလိုက်ပါတယ်.....
ချစ်သောရေ........
စကားတွေပြောရင်း သံယောဇဥ်ဖြစ်မိတာအမှန်ပါ....မပြောရရင် မနေနိုင်လောက်အောင် ချစ်မိတာပါ....မင်းရဲ့ အပြုံး မင်းရဲ့စကားပြောဆိုပုံ အရာအားလုံးကို စွဲလန်းရစ်မူးတွယ်တာနေမိတယ်.....
ချစ်သောရေ........
မင်းက ရာသီအလိုက်ပွင့်တဲ့ပန်းတွေလိုပေါ့....
ကိုယ့် မျက်ဝန်းထဲမှာ သိပ်ကိုလှပလွန်းတယ်... ..နတ်ပြည်ကဆင်းသက်လာတဲ့ နတ်သမီးတစ်ပါးလို ခံစားမိတယ်......
ချစ်သောရေ.......
ညတိုင်း မင်းနဲ့စကားပြောရတာ ကိုယ့်အတွက် နိဗ္ဗာန်တစ်ခုလိုပါပဲ....မင်းနဲ့စကားပြောပြီး အိပ်ရတဲ့ညတွေဆို အိပ်မက်တွေအမြဲလှပလွန်းတယ်....
ချစ်သောရေ........
ကိုယ့်ရဲ့ ချစ်ချင်းမေတ္တာတွေကို မင်းကိုမြင်စေချင်ပါတယ်....ချစ်တာထက်ပိုပြီး မြတ်နိုးတွယ်တာမိလို့ မေတ္တာထုထည်ကြီးမားလွန်းပါတယ်....
ချစ်သောရေ.......
ကျန်ရှိနေတဲ့ ဘဝအချိန်တွေကို မင်းနဲ့ပဲကုန်ဆုံးချင်ပါတယ်.....ဖြစ်တည်မှုတိုင်းကို မင်းပဲ ဖြစ်စေချင်ပါတယ်....ကိုယ့်ဘဝရဲ့အနာဂါတ်မှာ မင်းကို မိဖုရားတစ်ပါးအဖြစ်တင်မြှောက်ပါရစေ.....
ချစ်သောရေ..........
မင်းက မင်းသမီးတစ်ပါးဆိုရင်....
ကိုယ်က မင်းအနားမှာ အခစားဝင်မယ့် ငယ်ကျွန်ဖြစ်ပါရစေ....သေဆိုသေ ရှင်ဆိုရှင် ထားရာနေ စေရာသွားမယ့်....မင်း ကြိုးစွဲရာ ကမယ့် ရုပ်သေးရုပ်လေး တစ်ရုပ်ပါ....
ချစ်သောရေ.......
ကောင်းကင်ကို ပေလွှာအဖြစ်တင်စားပြီး....
ကြယ်တွေကို စာစီပြီးရေးပြချင်ပါတယ်....
လမင်းကြီးကို သစ္စာတည်ပြီးပြောပါရစေ...
"မင်းကို သိပ်ချစ်တယ် ချစ်သောရေ"
ချစ်သောရေ........
ကိုယ့်ရဲ့ မေတ္တာတွေ စိမ့်ဝင်နေတဲ့....
ဒီစာလေးကို....
ချစ်သော ပြုံး၍ဖတ်ပေးပါ......
#လူကြီး
16/08/2023
''သက်ဆိုင်သူသို့''💙💙
ရှင်နဲ့ကျွန်မ ယူပြီးတဲ့အခါ
ကျွန်မအတွက် တန်ဖိုးကြီး
မိတ်ကပ်ပစ္စည်းတွေ
ဝယ်ပေးစရာမလိုဘူး...
ရှင်နမ်းဖို့ သနပ်ခါးကြမ်းလေးလိမ်းပြီး
လှလှလေးနေပေးမယ်...😊
ရှင်နဲ့ကျွန်မ ယူပြီးတဲ့အခါ
အကောင်းစား အဝတ်စားတွေ
ပိုက်ဆံအကုန်ခံပြီး ကျွန်မတွက်
ဝယ်ပေးစရာမလိုဘူး...
ရှိတာလေးနဲ့ လှအောင်ပြင်ဆင်တတ်တယ်💕
ရှင်နဲ့ကျွန်မ ယူပြီးတဲ့အခါ
အချိန်ယူပြီး အပြင်ထွက်
ရုပ်ရှင်လိုက်ြပစရာမလိုဘူး...
ရှင့်ရင်ခွင်ထဲ ကျွန်မခေါင်းလေးတိုးဝင်ပြီး
ဖုန်းလေးထဲက အချစ်ဇာတ်ကားလေးကို
အတူတူခံစားစီးမျှောကြမယ်...💏
ရှင်နဲ့ကျွန်မ ယူပြီးတဲ့အခါ
အပြင်ခေါ်ပြီး မုန့်ဝယ်ကျွေးစရာမလိုဘူး
ရှင်နဲ့အတူအိမ်မှာနေပြီး...
လက်ဖက်သုပ်နဲ့ ရေနွေးကြမ်းလေး
သောက်စားရလဲ...ကျွန်မတွက်
နိဗ္ဗာန်ပါပဲ...😍
ရှင်နဲ့ကျွန်မ ယူပြီးတဲ့အခါ
အခက်မသင့်လို့ ..
စကားများရန်ဖြစ်တဲ့အခါ
ရှင့်ဘက်ကလက်မပါ'ပါနဲ့
ရှင်ရိုက်ရင် နာကျင်ရမယ့်သူက
ကျွန်မမို့ပါ...😇
ကျွန်မတို့က ချစ်လို့ယူခဲ့ကြတာပဲ...
တယောက်နဲ့တယောက်
နားလည်မှုအပြည့်နဲ့
သာယာတဲ့မိသားစုလေး
တည်ဆောက်ကြမယ်နော်...😊😊
💙
16.8.2023
Click here to claim your Sponsored Listing.
Category
Website
Address
HLAINGTHARYAR