Weight Loss

Weight Loss

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Weight Loss, Beauty, cosmetic & personal care, Yangon.

10/04/2026

33000 KS အထိုင်များ အားကစားလုပ်ရန် အချိန်မပေးနိုင်သူများအတွက်(လ) ပိုင်းနဲ့တင် ကို ရေ စစ် ကာ အခေါက်ဖုထစ်ခြင်း ​ပြသနာများကို ဖြေရှင်းပေးပါသည် 5 Kg ထိ အနည်းဆုံး ↘ စေသည့် အပြင် ရယ်ရီမိတ်/ဆွဲသားဝတ်တိုင်း မြင်သူငေးကာ လူအများ​ကြားထဲ ထင်းထွက်​နေ​စေလို့ မှန်ကြည့်တိုင်း စိတ်ပျော်ရွှင်လာစေမှာပါရှင်

Miss အ လား ထင် မှား လောက်အောင် ချပ် ကပ် ပုံကျ လှပကျော့ရှင်း လာစေပါသည်

အသွင်အပြင်design အဆန်း ပုံ ရိပ် အလန်း ရဖို့အတွက် mini dress/short dress ဒီဇိုင်းများနှင့် မ တော် တော့ သည့် အဝတ်များ ဝတ်နိုင်လာစေမှာပါ
Lishou- 33000 Ks
Bashi ပန်းရောင်/လိမော်-33000 Ks
Vitaccino coffee- 29000 Ks
Donut Fiber- 28000 Ks

Messenger သို့ 09973723684 ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်

07/04/2026
07/04/2026

စိတ်ဖိစီးမှုကို ရှောင်လွှဲခြင်း၏ ဆိုးကျိုးများ
စိတ်ဖိစီးမှု (Stress) ကို အမြဲတမ်းရှောင်လွှဲဖို့ ကြိုးစားခြင်းရဲ့ အဆိုးရွားဆုံးအချက်ကတော့ မိမိကိုယ်ကိုရော၊ ဘဝကိုပါ အဆိုးမြင်စိတ် ကိန်းအောင်းသွားစေခြင်းပဲ ဖြစ်ပါတယ်။ "စိတ်ဖိစီးမှုဆိုတာ မကောင်းဘူး၊ အမြဲတမ်း တိုက်ဖျက်ရမယ်" လို့ ခံယူထားရင်၊ မလွဲမသွေ ကြုံတွေ့ရမယ့် အခက်အခဲတွေလာတိုင်း ကိုယ့်ကိုယ်ကို အပြစ်တင်မိတတ်ပါတယ်။

​ကိုယ်ကသာ တော်ရင်၊ သန်မာရင် ဒီလိုဖိစီးမှုမျိုး ကြုံရမှာမဟုတ်ဘူးဆိုတဲ့ မှားယွင်းတဲ့အတွေးတွေ ဝင်လာပြီး မိမိကိုယ်ကို အားနည်းသူ၊ မပြည့်ဝသူတစ်ယောက်အဖြစ် မြင်လာပါလိမ့်မယ်။ ဒီလို လူ့သဘာဝဖြစ်တဲ့ စိတ်ဖိစီးမှုကို လက်မခံနိုင်ဘဲ ကိုယ့်ကိုယ်ကို အပြစ်တင်နေခြင်းဟာ ယုံကြည်မှုကျဆင်းစေရုံသာမက မျှော်လင့်ချက်မဲ့ခြင်းနဲ့ စိတ်ကျရောဂါ (Depression) ဖြစ်နိုင်ခြေကိုပါ ပိုမိုမြင့်မားစေပါတယ်။

​လက်ခံနိုင်စွမ်းနှင့် ကြံ့ခိုင်မှုကို တည်ဆောက်ခြင်း

တကယ်တော့ စိတ်ဖိစီးမှုဆိုတာ ရှောင်လွှဲလို့မရတဲ့ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။ အခက်အခဲဆိုတာ ကြုံကိုကြုံရမယ့်အရာဖြစ်ပြီး၊ ဒီအခက်အခဲတွေကပဲ လူတစ်ယောက်ကို ပိုမိုတိုးတက် ရင့်ကျက်လာစေတာပါ။

​စိတ်ဖိစီးမှုတွေကို မိမိရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီ တွန်းပို့ပေးတဲ့ လမ်းပြတစ်ခုအဖြစ် ရှုမြင်ပြီး၊ အခက်အခဲလာတိုင်း မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အလေ့အကျင့်ကောင်းတွေ မွေးမြူထားဖို့ လိုအပ်ပါတယ်။ ဒီလိုအလေ့အကျင့်တွေ ရှိလာတဲ့အခါ စိတ်ဖိစီးမှုဆိုတာ မိမိကို အားနည်းစေတဲ့အရာ မဟုတ်တော့ဘဲ၊ ပိုမိုသန်မာလာစေတဲ့ အဓိပ္ပာယ်ရှိသော အရာတစ်ခုအဖြစ် ရှုမြင်လာနိုင်မှာ ဖြစ်ပါတယ်။

​ဘဝကို အဓိပ္ပာယ်ရှိစွာ ဖြတ်သန်းခြင်း

အခက်အခဲတိုင်းဟာ ချက်ချင်းဆိုသလို အဓိပ္ပာယ်ရှိချင်မှ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ခြုံငုံကြည့်လိုက်ရင်တော့ မိမိကို ပိုမိုကြံ့ခိုင်လာအောင် လေ့ကျင့်ပေးနေတဲ့ သင်ခန်းစာတွေဆိုတာ တွေ့ရမှာပါ။

​ဧဝရတ်တောင်ကို တက်ရသလိုမျိုး အခက်အခဲတွေကို စိတ်လှုပ်ရှားဖွယ် စွန့်စားခန်းတစ်ခုအဖြစ် ရှုမြင်တတ်လာတဲ့အခါ၊ မိမိရဲ့ဘဝဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ ခံစားရမှာဖြစ်သလို၊ စိတ်ဖိစီးမှုဆိုတာ ဘဝကို အဓိပ္ပာယ်ရှိစေတဲ့ အရာတစ်ခုအဖြစ်ပါ ပူးတွဲမြင်တတ်လာမှာ ဖြစ်ပါတယ်။

06/04/2026

"ခြေ"အပေါ်မြှောက် ယောဂလေ့ကျင့်ခန်း၏ ကောင်းကျိုးများ....
နေ့စဥ် ၅ မိနစ်ခန့် ခြေထောက်တွေကို နံရံနဲ့ကပ်ပြီး အပေါ်သို့ထောင်ကာ မြှောက်ထား​လျှင်

- နှလုံး၏ သွေးစီးဆင်းမှု့ ပိုကောင်းမွန် လာစေသည်

ခြေကျင်းဝတ် ရောင်ရမ်းမှု့ လျော့ကျလာသည်

ခေါင်းကိုက်ဝေဒနာ လျော့ကျသွားသည်

စိတ်ဖိစီးမှု့ကို လျော့ကျစေသည်

အာရုံကြောများ ကျန်းမာစေသည်

အစာခြေစနစ် ပိုမိုကောင်းမွန် လာသည်

သွေးကြောထုံးခြင်း လျော့ကျသွားသည်

05/04/2026

သင့် ဦးနှောက် ကြီးထွားလာစေသော အပြုအမူ ဆောင်ရွက်ချက်များ
တေးဂီတကို သင်ယူခြင်းက​ ဦးနှောက်မှတ်ဥာဏ်၏ လေ့လာ သင်ယူမှု့အသစ် ထပ်တိုးစေပါသည်

ကခုန်ခြင်းက ဦးနှောက် မှတ်ဉာဏ် အားကောင်းစေနိုင်သည်

ပုံဆွဲခြင်းက အာရုံစူးစိုက်မှု့ အား ကောင်းလာစေပြီး ပိုမိုထက်မြက် လာနိုင်ပါသည်

သူစိမ်းများနှင့် စကားပြောခြင်း က အကြံဉာဏ်အသစ်များ ရရှိလာနိုင်စေသည်

စစ်တုရင် ကစားခြင်းက ပိုမို ကောင်းမွန်သော အစီအစဥ်များ ရေးဆွဲလာနိုင်ပါသည်

သစ်ပင် သဘာဝရှုခင်း ပန်းခင်း များအနီး တွင် လမ်းလျှောက်ခြင်းက အတွေးအခေါ် အသစ်အဆန်းများ ရလာစေသည်

အခြား ဘာသာစကားများ အသုံးပြုကာ စကားလုံးများကို သင်ယူ လေ့လာခြင်းက ဦးနှောက် အစိတ်အပိုင်းကို ပိုမိုကြီးစေနိုင်ပါသည်

ပုံပြင်များ ပြောပြခြင်းက သင်၏ မှတ်ဥာဏ်ကို ပိုမိုကောင်းလာ စေနိုင်သည်

05/04/2026

သွယ်လျ ကြံ့ခိုင်လာစေမည့် ယောဂ လေ့ကျင့်ခန်းများ
မတ်တပ်ရပ် ခါး​ကို ကွေးညွှတ်ကာ ခြေသလုံးနှင့် မျက်နှာထိပါ)
၃၀ စက္ကန့် ပြုလုပ်ပါ (၃ ကြိမ်)

ထိုင်ပါ..မျက်နှာကို ကြမ်းပြင်ထိသည်အထိ ခါးကို ကွေးညွှတ်ပါ လက်ကို ဦးခေါင်းအရှေ့သို့ ဆန့်တန်းလိုက်ပါ
၃၀ စက္ကန့် ပြုလုပ်ပါ (၃ ကြိမ်)

လေးဘက်ထောက်ကာ ခါးကို ဆန့်လိုက် ကော့လိုက် လုပ်ဆောင်ပါ
၃၀ စက္ကန့် ပြုလုပ်ပါ (၃ ကြိမ်)

ထိုင်ပါ.. ခါးကို ရှေ့သို့ ကွေးညွှတ်ပါ ဤပုံစံအတိုင်း ပြုလုပ်ပြီးချိန်တွင် ခြေထောက်ကို ရှေ့သို့ တလှည့်စီ ဆန့်တန်းပါ
၃၀ စက္ကန့် ပြုလုပ်ပါ (၃ ကြိမ်)

ဒူးထောက်ကာ အနောက်သို့ ဒူးခေါင်းကို ကွေးလိုက်ပါ.. ရင်ကို ကော့ထားပါ
၃၀ စက္ကန့် ပြုလုပ်ပါ (၃ ကြိမ်)

မှောက်လျှက် အနေအထားတွင် လက်ကို ကြမ်းပြင်ထောက်ထားကာ ဦးခေါင်းကိုမော့ ရင်ကို ကော့ပါ
၃၀ စက္ကန့် ပြုလုပ်ပါ (၃ ကြိမ်)

05/04/2026

သင့်ခန္ဓာကိုယ်က အဆိပ်အတောက်များကို မဖယ်ရှားနိုင်သည့် လက္ခဏာများ
နံနက် ၁ နာရီမှ ၃ နာရီအထိ နိုးလာတတ်ခြင်း
အသည်းတွင် အဆိပ်အတောက်များ "စု"လာခြင်း ကြောင့် ဖြစ်ပါသည်

ပြည်တည်နာ ရောင်ရမ်းလာခြင်း
ပြည်တည်နာများ ပိုများလာခြင်းကြောင့် ဖြစ်ပါသည်

ပါးစပ် ခါးနေခြင်း သည်းခြေရည်များလာခြင်းကြောင့် ဖြစ်ပါသည်

လျှာဖြူနေခြင်း
အဆိပ်အတောက်များ "စု"လာခြင်းကြောင့် ဖြစ်ပါသည်

အစာစားပြီးနောက် လေချဉ်တက်လာခြင်းသည် အသည်း/ဆီးအိမ် တင်းမာလာခြင်းကြောင့် ဖြစ်ပါသည်

မျက်လုံးများဝါလာခြင်း အသည်းတွင် အဆိပ်အတောက် များလာခြင်းကြောင့် ဖြစ်ပါသည်

ဝမ်းချုပ်ခြင်း အဆိပ်အတောက်များကို နှေးကွေးစွာ ဖယ်ရှားန်ိုင်ခြင်းကြောင့် ဖြစ်ပါသည်

ခန္ဓာကိုယ်တွင်း အနံ့အသက်ဆိုးများ ထွက်လာခြင်း
ကိုယ်တွင်း လမ်းကြောင်းများ ရောထွေး ထိလာခြင်းကြောင့် ဖြစ်ပါသည်

ဆီးအရောင် မည်းလာခြင်း ကျောက်ကပ်/အသည်းတွင် အဆိပ်အတောက် များလာခြင်းကြောင့် ဖြစ်ပါသည်

အရေပြား ခြောက်သွေ့လာခြင်း ကျောက်ကပ်/အသည်းတွင် အဆိပ်အတောက် များလာခြင်းကြောင့် ဖြစ်ပါသည်

ဝမ်းထဲတွင် အကျိအချွဲ များလာခြင်း
အူမကြီး ရောင်ရမ်းလာခြင်းကြောင့် ဖြစ်ပါသည်

ဝမ်းဗိုက်အတွင်း အနံ့ဆိုးများ ထွက်လာခြင်း
အစာခြေစနစ် ချို့ယွင်းလာခြင်းကြောင့် ဖြစ်ပါသည်

04/04/2026

စိတ်ဖိစီးခြင်းကြောင့် ဖြစ်လာသည့် ကျန်းမာရေး ဆိုးကျိုးများ...
အာရုံစိုက် အလုပ်လုပ်နိုင်စွမ်း လျော့ကျလာခြင်း
ဆံပင်ကျွတ်ခြင်း
အင်အား ကုန်ခမ်းလာခြင်း
နှလုံးခုန်နှုန်း မြန်လာခြင်း
အိပ်စက်ရ ခတ်ခဲလာခြင်း
မောပန်းလွယ်လာခြင်း
အထိတ်တလန့် ဖြစ်လွယ်ခြင်း
ဝမ်းဗိုက် ကြွက်သားများ နာခြင်း/အောင့်ခြင်း
ပျို့အန်ခြင်း
အိပ်စက်ရ ခတ်ခဲလာခြင်း
အစာအိမ် လေချဥ်တက်ခြင်း
လိင်စိတ်ဆန္ဒ လျော့နည်းလာခြင်း

31/03/2026

ဗိုက်ချပ် လေ့ကျင့်ခန်းများ
Russian body လှည့် လှုတ်ရှားမှု့ (အကြိမ် ၅၀)
တောင်တက်ပုံစံ လေ့ကျင့်ခန်း (အကြိမ် ၅၀)
စက်ဘီးစီး ဗိုက်ချပ် လေ့ကျင့်ခန်း (အကြိမ် ၅၀)
ခြေဖျားထိ ဆန့်တန်း လေ့ကျင့်ခန်း (အကြိမ် ၃၀)
ဗိုက်ချပ် လေ့ကျင့်ခန်း (အကြိမ် ၃၀)
ဒူးအပေါ် တင်ဆွဲ လေ့ကျင့်ခန်း (အကြိမ် ၂၀)
ကြက်ခြေခတ် ပုံစံ လှုတ်ရှားခြင်း ဗိုက်လေ့ကျင့်ခန်း (အကြိမ် ၂၀)
ပြောင်းပြန် ဗိုက်လေ့ကျင့်ခန်း (အကြိမ် ၂၀)

25/03/2026

သင့်ဦးနှောက်၏ အာရုံစိုက် အလုပ်လုပ်ဆောင်နိုင်စွမ်းကို လျော့ကျလာစေနိုင်သည့် အကြောင်းအရင်းများ....
အာရုံစိုက်ကာ အလုပ်လုပ်ဆောင်နိုင်စွမ်း လျော့ကျခြင်းကို သတိပြုမိခြင်း

မနက်စာ မစားဘဲနေခြင်း အာရုံကြော ဆဲလ်များအတွက် ဂလူးကို့စ် နည်းပါးခြင်း

ညဘက်တွင် ဖုန်းမီးအလင်း(အပြာရောင်အလင်းသည်) ခန္ဓာကိုယ်၏ ပုံမှန် အချက်​ပြ​နိုင်စွမ်း ချို့ယွင်းလာစေသည်

ရေဓာတ်ခန်းခြောက်ခြင်းသည် ဦးနှောက်အရွယ်အစား သေးလာစေနိုင်သည်။

ရေဓာတ်ခန်းခြောက်ခြင်းသည် ဦးနှောက် အရွယ်အစား သေး/လာစေနိုင်သည်။

နာတာရှည် စိတ်ဖိစီးမှုသည် ဗီတာမင် B ပမာဏ ပိုမိုလျော့ကျစေနိုင်သည်

အချိန်ကြာမြင့်စွာ ထိုင်ခြင်းသည် ဦးနှောက်သို့ အောက်ဆီဂျင် ရောက်ရှိမှု့ကို နှေးလာစေနိုင်စေသည်။

သတ္တုဓာတ် ၁ မျိုးသည် စိတ်တည်ငြိမ်မှု့နှင့် အာရုံစိုက် အလုပ်လုပ်နိုင်စွမ်း ပြန်ရရှိစေနသည်

25/03/2026

Diet လုပ်နေသူများအတွက် နာရီပေါင်းများစွာ ဗိုက်ပြည့်​နေစေမည့် ​အစားအစာများ
ဥများ
ဗိုက်ပြည့်စေသော ပရိုတင်းပါဝင်သည်

ကွီနိုအာ
ကာဗိုဟိုက်ဒရိတ် ပြည့်ဝစွာ ပါဝင်သည်

ကန်စွန်းဥ
ကာဗိုဟိုက်ဒရိတ် ပိုမို ပါဝင်သည်

အခွံမာသီးများ- ဗိုက်ပြည့်နေသလို ဖြစ်​ခြင်း

အစေ့အဆန်များ - သတ္တုဓာတ်
ပိုမို ပါဝင်သည်

ပဲများ - အချိန်​ကြာ ဗိုက်ပြည့်နေသလို ဖြစ်​ခြင်း

ပဲစေ့များ - အမျှင်ဓာတ် များပြားစွာ ပါဝင်ပါသည်

သံလွင်ဆီ - ပြည့်ဝဆီဖြစ်ပြီး အဆာခံနိုင် လာစေသည်

ကုလားပဲ - အဆာခံနိုင်ရည်ရှိ​စေသော ကစီဓာတ် ပါဝင်သည်

ဘယ်ရီသီးများ - သကြားဓာတ် ပိုမိုပါဝင်သော အစားအစာများ အလွန်အကျွံ စားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်သည်

ဆော်လမွန်ငါး - အဆီနှင့် ပရိုတင်းဓာတ် ပါဝင်ပါသည်

ဆန်လုံးညို - အဆာခံနိုင်သော ကာဗိုဟိုက်ဒရိတ်များ ပါဝင်သည်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon