Gaia Yin

Gaia Yin

Share

Be HAPPY Every Day

26/11/2024

Everything is Energy.
သိပ်ဟုတ်တာပေါ့နော်။
အရာအားလုံးက Energy တွေနဲ့ ချိတ်ဆက်နေကြတာပါပဲရှင်။

24/11/2024

❤️နေ့စဥ်နေ့တိုင်း မိမိရဲ့ စိတ်အခြေအနေကို သတိထားကြမိပါရဲ့လားရှင့်

🖥️လူတွေရဲ့ စိတ်အခြေအနေ အပြောင်းအလဲကြောင့် ဟာသ video ဇာတ်ကားကိုကြည့်တဲ့ အခါမှာ တခါနဲ့တခါ ကြည့်ရတဲ့ ခံစားချက်က မတူကြတာကို တွေ့ရပါလိမ့်မယ်

😔ကိုယ်ဝမ်းနည်းချိန်၊စိတ်ရှုပ်နေချိန်ကြည့်မိတဲ့ video ကားကဘယ်လောက်ပဲ ရီရ ရီရ၊မရီနိုင်ပဲ ငါ့ကိုလှောင်နေကြတာလားဆိုပြီး Negative အမြင်နဲ့ပဲကြည့်မိမယ်။

😊စိတ်ရှင်းတဲ့အချိန် ဟာသvideo ကြည့်မိလို့ကတော့ အူတက်အောင် ရီနေမှာ သေချာပါတယ်ဘာလို့ဆို သူဟာ နဂိုတည်းက ကျန်းမာပျော်ရွှင်နေပြီး စိတ်အစဥ်မှာ Positive တွေနဲ့ပြည့်နှက်နေလို့ပါ

❓မိတ်ဆွေတို့ကော Possitive အမြင်နဲ့ ကြည့်နိုင်ဖို့ကြိုးစားပြီးကြပြီလား ရှင်❓
Crd.

22/11/2024

"သင့်ရဲ့စျာပန ပြီးသွားပြီးနောက် ဘာတွေဖြစ်မလဲဆိုတာ သင်သိပါသလား”

တရုတ်ဘာသာဖြင့် ရေးထားသော မူရင်းပိုစ့်မှ သင့်လျော်မည့် စာသားများကို ထုတ်နှုတ်ခြင်းနှင့် အနည်းငယ် ပြင်ဆင်ခြင်းများ ပြုလုပ်ထားပါသည်
credit - မူရင်း တရုတ်ဘာသာဖြင့် ရေးသားသူအား လေးစားစွာဖြင့်

🖤🖤🖤 သင့်ရဲ့စျာပနအခန်းအနား ပြီးသွားပြီးနောက် - - -

1️⃣ စျာပနအခန်းအနားပြီးဆုံးပြီး နာရီအနည်းငယ် ကြာပြီးနောက် ငိုသံများရပ်သွားပါမည်

2️⃣ မင်းရဲ့မိသားစုက ရပ်ဝေးက ဆွေမျိုးများအတွက် စားဖို့ အနားယူဖို့ စီစဉ်ပေးရင်း အလုပ်ရှုပ်နေလိမ့်မယ်

3️⃣ မင်းရဲ့ မြေးတွေ ပြေးလွှားဆော့ကစားနေကြတယ်

4️⃣ ဧည့်သည်များထဲမှ လူငယ်တစ်ဦးနှင့် မိန်းကလေးတစ်ဦးသည် ရိုမန်တစ်ဆန်သော အပြုံးများဖြင့် ဖုန်းနံပါတ်ဖလှယ်နေကြသည်

5️⃣ အချို့က အနီးနားရှိ လက်ဖက်ရည်ဆိုင် သို့မဟုတ် ဘီယာဆိုင်သို့ သွားကာ စကားစမြည် ပြောကြလိမ့်မည်

6️⃣ ဆွေမျိုးတစ်ဦးမှ လူကိုယ်တိုင်လာရောက်၍ မရသည့်အကြောင်း သင့်သမီးအား ဖုန်းဖြင့်ပြောပါမည်

7️⃣ နောက်တနေ့ ညစာစားချိန်မှာ ဆွေမျိုးအနည်းငယ်သာ ကျန်ပါတော့မည်

8️⃣ လူစုလူဝေးက ဖြည်းဖြည်းချင်း လူစုခွဲလာမည်

9️⃣ လာမည့်ရက်အနည်းငယ်အတွင်း သင့်ဖုန်းသည် ဖုံးခေါ်ဆိုမှုများနှင့် မက်ဆေ့ချ်အချို့ကို လက်ခံရရှိမည်ဖြစ်ပြီး သင်ကွယ်လွန်သွားပြီဖြစ်ကြောင်း သူတို့က မသိရှိသေးပါ

🔟 အကယ်၍သင်သည် ရုံး ကုမ္ပဏီ စသဖြင့်လုပ်ငန်းများ လုပ်ကိုင်နေသူဆိုလျှင် သင့်နေရာတွင် တစ်စုံတစ်ဦးကို အစားထိုးရန်အတွက် အမြန်စီစဥ်နေကြပါပြီ

1️⃣1️⃣ သင့်ရဲ့ပိုင်ဆိုင်မှုများကို သင်၏အကျိုးခံစားခွင့်ရှိသူများမှ လွှဲပြောင်းယူရန်အတွက် ပြင်ဆင်နေကြပါပြီ

1️⃣2️⃣ မင်းသေဆုံးသည့်သတင်းကိုကြားပြီးနောက် Facebook သူငယ်ချင်းအချို့သည် မင်းရဲ့နောက်ဆုံးပို့စ်ကို စပ်စုစိတ်နဲ့ ဝမ်းနည်းမှုဖြင့် ဝင်ရောက်ကြည့်ရှုမှု ရှိနိုင်တယ်

1️⃣3️⃣ ရက်အနည်းငယ်ကြာပြီးနောက် မင်းရဲ့ သားနဲ့သမီးဟာ သူတို့ရဲ့ခွင့်ရက်ကုန်ဆုံးပြီး အလုပ်သို့ပြန်ရန်အတွက် ပြင်ဆင်နေကြပြီး အလုပ်ရှုပ်နေလိမ့်မယ်

1️⃣4️⃣ လအနည်းငယ်ကြာလာသောအခါ သင့်အိမ်ထောင်ဖက်သည် ဟာသvideoကို ကြည့်ရှုပြီး မရပ်မနား ရယ်မောပါမည်

1️⃣5️⃣ လာမည့်လအနည်းငယ်အတွင်း သင်၏ရင်းနှီးသောလူများသည် ကမ်းခြေ အပန်းဖြေစခန်းများသို့ သွားကြလိမ့်မည်

1️⃣6️⃣ သစ်ပင်ကြီးတစ်ပင်ရဲ့ အရွက်တွေကြွေကျသလိုပဲ လူတိုင်းရဲ့ဘဝဟာ နေထိုင်ပြီး သေဆုံးသွားတာပါ

အုတ်ဂူထဲက မင်းကို မေ့ပျောက်သွားကြတာ အံ့သြစရာကောင်းတဲ့ အရှိန်နဲ့ လို့ ပြောလို့ရတယ်

1️⃣7️⃣ သင်၏သေဆုံးခြင်း ပထမဆုံး နှစ်ပတ်လည်ကို ဆွေမျိုးမိတ်သင်္ဂဟ အများနဲ့ ကျင်းပလိမ့်မယ်

1️⃣8️⃣ တဖြည်းဖြည်း နှစ်တွေကုန်သွားတော့ ဘယ်သူမှ မင်းအကြောင်း မပြောကြတော့ဘူး

1️⃣9️⃣ မင်းရဲ့မွေးရပ်မြေမှာ မင်းနဲ့သိကျွမ်းခဲ့တဲ့ လူထောင်ပေါင်းများစွာထဲက မင်းအကြောင်းကို နည်းနည်းလေးပြောသူ မရှိသလောက်ဖြစ်လာပြီ
လူတွေက မင်းကို မေ့သွားကြပြီ

🖤
ဒါဆို မင်းဟာ ဘယ်သူ့အတွက်လဲ ?

မင်းဘယ်သူ့ကို စိတ်ပူနေတာလဲ ?

🖤
သင့်ဘ၀ အချိန်ရဲ့ 80% က သင့်အပေါ် ကို တခြားသူတွေက ဘယ်လိုထင်မြင်နေသလဲဆိုတာကို ဂရုစိုက်နေတာလား

ဒါမှမဟုတ် သင့်အပေါ် အခြားသူတွေ ကြေနပ်အောင် တစ်ခုခုကို စွမ်းဆောင်ပြဖို့ ကြိုးစားနေတာလား

မင်း အသက်ရှင်နေတာ သူတို့ ကြေနပ်ဖို့လား

ဒါမဖြစ်သင့်ပါဘူး အသုံးမဝင်ပါဘူး

❤ မင်းမှာ ဘဝတစ်ခုပဲရှိတယ်

❤ မင်းလိုချင်တဲ့ဘဝကို ဖြတ်သန်းပါ

❤ မင်းရဲ့ဘဝကို ပျော်ရွင်စွာနေထိုင်ပါ

ုတ်ဘာသာဖြင့် ရေးသားသူအား လေးစားစွာဖြင့်

21/11/2024

နံနက်ခင်းလေးမှာဆိုရင် ဦးဏှောက်က ကြည်လင်လန်းဆန်းနေတတ်ပါတယ်လို့ ရှေးဆရာတွေက ပြောဖူးပါတယ်။
သင်္ချာတွက်ခြင်းဟာလည်း ဦးဏှောက်ဥာဏ်ရည်ဖွံ့ဖြိုးစေပါတယ်။
မနက်စောစောမှာ ပုစ္ဆာတစ်ပုဒ်တွက်ကြည့်ကြရင်း အဖြေညှိကြရအောင်နော်😊
.

20/11/2024

#ကျေးဇူးတင်ပါတယ်
#ありがとう
you
#谢谢
#감사합니다

အဲ့စကားတွေကို ပြောတဲ့အခါမှာ ပါးစပ်က ရိုးရိုးလေးပြောလိုက်တာ မဟုတ်ဘဲနဲ့
ဟိုးရင်ထဲက နှလုံးသားကထွက်လာတဲ့ လေသံလေးနဲ့ ပြောကြည့်ပါနော်။
အဲ့စကားရဲ့ တန်ပြန်သက်ရောက်မှုက ကိုယ့်ကိုယ် စိတ်နှလုံးကြည်နှူးချမ်းမြေ့စေပါတယ်ရှင်။

ချစ်တဲ့
မယဥ်☘️

19/11/2024

မင်္ဂလာပါရှင်☘️
📗လူတစ်ယောက်အတွက် စိတ်အရှုပ်ရဆုံးအချိန်မှာ ဆုံးဖြတ်ချက်တွေ ချလိုက်မယ်ဆိုရင် အမှားတွေချည်းဖြစ်မယ်လို့ ပညာရှင်တစ်ဦးကပြောထားတာ ဖတ်မိလိုက်ပါတယ်။
ဒီလိုကြုံလာခဲ့ဖူးတဲ့ မိတ်ဆွေတွေရှိကြပါသလားရှင်?

❓ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းလိုက်ကြပါသလဲ?

📍ဘယ်အခြေအနေမျိုးပဲဖြစ်ဖြစ် စိတ်ရှုပ်လာပြီဆိုရင်
🧘‍♀️ Meditatio ထိုင်လိုကထိုင်
📕စာအုပ်ဖတ်လိုက ဖတ်
🎧🎼Music သံအေးအေးလေးနားထောင်
🏊‍♀️🏊‍♂️ရေကူးတာမျိုး
🌹🌴🌳အပင်လေးတွေနားသွားနေတာမျိုး
🙏ဘုရားရှိခိုးပြီး ရွတ်ဖတ်ပူဇော်နေတာမျိုး
စတဲ့ မိမိ ဝါသနာပါရာ လုပ်ပေးကြည့်ပါရှင်။

🥰ချစ်သောမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြပါစေရှင်
ချစ်တဲ့
မယဥ် crd.

18/11/2024

𝐌𝐢𝐫𝐫𝐨𝐫 𝐍𝐮𝐦𝐛𝐞𝐫𝐬

ခေတ်အဆက်ဆက်မှာ သူ့အလိုက်နဲ့သူ ပန်းချီထွန်းကားတဲ့ ခေတ် ၊ ကဗျာစာပေ ထွန်းကားတဲ့နှစ် ၊ စက်မှုပညာ ထွန်းကားတဲ့နှစ်ဆိုပြီး ရှိပါတယ်။ နှစ်ပေါင်း ၁၀၈ နှစ်အကြာမှာ တစ်ခါပြောင်းပြီး ၂၀၀၈နှစ်ကစပြီး စိတ်ပညာ (တနည်းအားဖြင့် ဆိုလျှင် မြင့်မားတဲ့အသိပညာ ထွန်းကားတဲ့ခေတ်) ယခုအခေါ်အရ Spiritual နဲ့သက်ဆိုင်တဲ့ ၊ Spiritual ကိုအခြေခံထားတဲ့ ပညာရပ်များက နယ်ပယ်အသီးသီးမှာ တစ်စတစ်စ ခေတ်စားလာပြီဖြစ်ပါတယ်။

Spiritual ခေတ်စားလာသည်နှင့်အမျှ Angel number လို့ခေါ်တဲ့ 11:11 , 222 , 888 အစရှိတဲ့ ဂဏန်းနံပါတ်များက Universe မှ တစ်ဆင့် ဆက်သွယ်ပေးပို့တဲ့ code နံပတ်များအဖြစ် လူသိများကြပါတယ်။ အလားတူဘဲ mirror number များဟာလည်း angel number များထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ဒစ်ဂျစ်တယ် နာရီများမှာသာ တွေ့နိုင်ပြီး 01:01 ၊ 02:02 ၊ 03:03 ၊ 04:04 ၊ 05:05 ၊ 06:06 ၊ 07:07 ၊ 08:08 ၊ 09:09 ၊ 10:10 ၊ 11:11 ၊ 12:12 ၊ 13:13 ၊ 14:14 ၊ 15:15 ၊ 16:16 ၊ 17:17 ၊ 18:18 ၊ 19:19 ၊ 20:20 ၊ 21:21 ၊ 22:22 ၊ 23:23 ၊ 00:00. တို့မှာ Mirror number များဖြစ်ပါတယ်။

Mirror Number ၁ ခု ချင်းစီရဲ့ အဓိပ္ပါယ်ကို comment ပါ link မှတဆင့်ဖတ်ရှု့‌ပေးဖို့တောင်းဆိုပါတယ်ရှင်



ူရင်းရေးသားသူ

17/11/2024

Shout out to my newest followers! Excited to have you onboard! MeMe, Yee Yee Hnin

17/11/2024

ကျွန်မဆီ ရောက်လာတဲ့၊ရောက်လာမယ့်
HAPPY ဖြစ်သော Money တွေကို ကြိုဆိုပါတယ်ရှင်😊
Warmly Welcome 🥰
I love money.😍
Money love me too.😍
Money Money come to me.💰

💸မိတ်ဆွေတိုလည်း ကိုယ့်ဆီ ရောက်လာတဲ့ ပိုက်ဆံတွေကို တစ်ရွက်ချင်းကြည့်ကြည့်ပါ
📱KPay ဆိုလည်း အကောင့်ကပိုက်ဆံကို ကြည့်ပါ။
😊သူတို့တွေ ပြုံးနေကြရဲ့လား? 😊

ချစ်တဲ့
မယဥ်
.

14/11/2024

Money 💵💴💶💷💰

လူတိုင်းချစ်တဲ့ ပိုက်ဆံ
လူတိုင်းလိုချင်ကြတဲ့ ပိုက်ဆံ

တကယ်ရလာတဲ့အချိန်မှာ ကိုယ့်စိတ်က ဘယ်လိုလေး ခံစားလိုက်ရပါသလဲ?

ပိုက်ဆံကို ဝင်လာတဲ့အခါ ဘယ်လောက်ပဲဖြစ်ပါစေ ဝမ်းသာပျော်ရွှင်သောစိတ်နဲ့ ကြိုဆိုပေးရပါမယ်။
ရတာနည်းရင် နှာခေါင်းးရှုံ့ကြတာတော့ မလုပ်ရဘူးနော်။

ကိုယ်ဝယ်စရာရှိလို့ ပစ္စည်းဖိုးရှင်းလိုက်တဲ့အခါမှာ ထွက်သွားတဲ့ပိုက်ဆံကိုကြည့်ပြီး နှမြောနေသူများရှိကြပါသလား?
နှမြောနေလို့မရဘူးနော်။ ပျော်နေရပါမယ်။

'ပိုက်ဆံလေးရေ ငါလိုအပ်တာ ဝယ်တဲ့အခါတိုင်း အသင့်ရှိနေပေးလို ကျေးဇူးတင်ပါတယ်။ခုတော့ပိုင်ရှင်အသစ်ဆီ ခနလိုက်သွားနော်။ပြီးရင် ကျွန်မဆီကို ပိုက်ဆံရဲ့အဖော်လေးတွေ အများကြီးခေါ်လာပေးပါနော်'

အဲ့လိုပြောပြီး သုံးစရာရှိတာသုံးပါ

အခုပြောပြနေတာက Money flow တွေပါပဲ။ကိုယ့်ဆီကို ပိုက်ဆံတွေ အဆက်မပြတ်ဝင်လာစေချင်ရင် ဒီနည်းလမ်းလေး သုံးကြည့်ကြပါနော်။

ထူးခြားရင်လည်း comment မှာ လာရေးပေးလို့ရပါတယ်ရှင့်။

ချစ်တဲ့
မယဥ်
14.Nov.2024
.

Photos from Gaia Yin's post 09/11/2024

💛ယနေ့ Nov-9 ရက်နေ့ဟာ တိုက်တိုက်ဆိုင်ဆိုင် မြန်မာလ ၉ရက်နေ့နဲ့လည်းတူနေပါတယ်။
💜စနေနေ့နဲ့လည်းကြုံတာမို ၉ရက် ၉စနေဟာ အဓိဌာန်တစ်ခုလုပ်မယ်ဆိုရင် အင်မတန်မှ ထူးခြားပါတယ်ရှင်။
❤️မနက်ပိုင်း အချိန်မရသူတွေအတွက် ည၉နာရီမှာ လုပ်ရမယ့် အစီအစဥ်တွေပြောပြပေးသွားပါမယ်နော်။
✍️အရင်ဆုံး ဘဝမှာ မိမိအဖြစ်ချင်ဆုံးကိစ္စတစ်ခု၊လုပ်ဖို့ရည်ရွယ်ထားရာတစ်ခုအတွက် အဓိဌာန်တင် သစ္စာဆိုဖို့ စာရွက်မှာချရေးပါ။
🥤လိမ္မော်ရည်အေးအေးလေး တစ်ခွက်(၃ခွက်လည်းရ)
🪔ဆီမီးအစိမ်းရောင်(တစ်တိုင်မှ သုံးတိုင် လှူနိုင်)
✨အမွှေးတိုင်(တစ်တိုင်မှသုံးတိုင်လှူနိုင်)

🕉ည၉နာရီအတိမှာ
၁။သြကာသကန်တော့ချိုးဖြင့်ရှိခိုး
၃။ငါးပါးသီလခံယူ
၃။လိမ္မော်ရည်၊ဆီမီး၊အမွှေးတိုင်ကပ်လှူ
၄။ခင်ပွန်းကြီး ၁၀ ပါးတောင်းပန်ဝန်ချကန်တော့
၅။သစ္စာအဓိဌာန်ပြုလုပ်
၆။ဘုရားဂုဏ်တော်ကိုးပါး ပုတီးစိပ်
အရဟံ- ပုတီးတစ်ပတ် မှစ၍
(အရဟံ၊သမ္မာသမ္ဗုဒ္ဓေါ၊ဝိဇ္ဇာစရဏသမ္ပန္နော၊သုဂတော၊လောကဝိဒူ၊အနုတ္တရောပူရိသ ဒမ္မသာရထိ၊သတ္ထာဒေဝမနုဿာနံ၊ဗုဒ္ဓေါ၊ဘဂဝါ)
ဘဂဝါထိ ပုတီး တစ်ပတ်စီစိတ်ပါ
၇။မေတ္တာသုတ်(၉) ခေါက် ပူဇော်ပါ
၈။မေတ္တာပို့၊အမျှဝေ
၉။ဆုတောင်းပါ

🙏အဓိဌာန်ပြုလုပ်ကြသူတိုင်း အောင်မြင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ရှင်

ချစ်တဲ့
မယဥ်
9.Nov.2024(Sat)

05/11/2024

"ခွင့်လွှတ်ခြင်းဖြင့် ယတြာချေခြင်း" ☘️

1.တချိန်က ကိုယ့်နောက်ကျော ဓားနဲ့ထိုးလာသူ၊ကိုယ် အမုန်းကြီး မုန်းတီးခဲ့ရသူ၊ကိုယ်မကြားချင်၊မမြင်ချင်တော့လောက်အောင် တူးတူးခါးခါး မုန်းတီးခဲ့သူတွေ အားလုံးကို ခွင့်လွှတ်ပေးလိုက်ပါ။

2.သူတစ်ပါးက မိမိကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုလာရင်လည်း ကျေနပ်ပျော်ရွှင်စွာဖြင့် ခွင့်လွှတ်ပေးလိုက်ပါ။

ဒီလိုလုပ်ပေးခြင်းဖြင့် ကိုယ့်ဘဝတလျှောက် နှလုံးစိတ်ဝမ်းအေးချမ်းလာမယ်။ရိုးရိုးလေးအေးချမ်းရုံသာမက Inner Peace ဆိုတဲ့ ဟိုးရင်ထဲ အသည်းထဲထိ ကျေနပ်ပီတိအေးချမ်းသွားပါလိမ့်မယ်။

အဲ့လိုမှ မလုပ်ခဲ့ရင် စိတ်တွေထိခိုက်၊ဒေါသကြောင့် နှလုံးထိခိုက်ပြီး ကိုယ်ပဲ ကျန်းမာရေးချို့တဲ့ လာပါလိမ့်မယ်ရှင်။

လူ့ဘဝမှာ နေရတာတန်အောင် တစ်ဦးနှင့်တစ်ဦး
" ခွင့်လွှတ်ခြင်းဖြင့် ယတြာချေကြစို့နော်" 🥰

ချစ်တဲ့
မယဥ်
တစ်ဦးချင်း သီးသန့်ဆွေးနွေးလိုပါက page ရဲ့ messenger သို့ဆက်သွယ်နိုင်ပါတယ်

Master (TRUST)
Aid (YNCI)
Prana Healer (TRUST)
& Mentoring (TRUST)
Coach (IAC)
(MPHA)
(MPHA)

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon

Opening Hours

Monday 10:00 - 20:00
Tuesday 10:00 - 20:00
Wednesday 10:00 - 20:00
Thursday 10:00 - 20:00
Friday 10:00 - 20:00
Saturday 16:00 - 18:00
Sunday 16:00 - 18:00