MM Gorgeous Girls
USA, UK, Korea & Thai Made Authentic skin care နှင့် cosmetics, perfumes များကို စျေးနှုန်းမှန်ကန်စွာနဲ့ ရောင်းချပေးနေပါပြီရှင်
24/12/2022
Kiehls' Dark Spot Solution (4ml)
Price➡️13500MMK
ဝက်ခြံတွေကြောင့် ကျန်ခဲ့တဲ့အမာရွတ်တွေ တင်းတိပ် မှဲ့ခြောက်တွေအတွက်အရမ်းကိုသိသာထိမိသော serum လေးပါရှင့်။ မင်မင်ကိုယ်တိုင်လည်း ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမဲစက်တွေကို Kiehl’s ရဲ့ Dark spot solution လေးနဲ့ဖြေရှင်းလို့ရသွားတာ ချစ်တို့ရေ😄။
Vitamin c ကြောင့် အသားရေကို ကြည်လင်သွားစေရုံသာမက အသားရေကို glow စေတဲ့ effect လေးပါ ပါဝင်လို့ must have လေးပါနော်။
Salicylic ကကျန်နေသေးတဲ့ဝက်ခြံ အဆီဖုပိစိလေးတွေကိုပါသက်သာစေပါသေးတယ်တဲ့နော်။
သူကအရည်ကျဲလေးမို့နေ့ရောညရောသုံးလို့ရပါတယ်။ စေးကပ်မှုလည်း မရှိဘူးနော်။
50 ml ကို 120000လောက်ရှိတာမို့ စမ်းသုံးချင်တဲ့သူတွေအတွက်က 4 ml လေးတွေ ရှိပါမယ်နော် ချစ်တို့ရေ။
100% Authentic ဖြစ်ကြောင်း အာမခံပါတယ်ရှင့်
AYA Pay, CB Pay, K pay တို့နဲ့လည်း % ထပ်ဆောင်းစရာမလိုဘဲ ဝယ်ယူနိုင်ပါပြီရှင့်🥰
21/12/2022
Tangle teezer-The scalp exfoliator and massager
Price➡️20500MMK
လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ တင်စားကြတဲ့ ဆံသားအတွက်အရမ်းကိုမှ အသုံးတည့်ပြီး တစ်သက်လုံးသုံးလို့ရတဲ့ ပစ္စည်းကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေနော်။
သူကတော့ Tangle Teezer ကနေ ထွက်တဲ့ ဦးရေပြားကို massage လုပ်ပေးတဲ့ ဘီးလေးပါနော်။ Dry Hair/Wet Hair ၂ မျိုးလုံးသုံးလို့ ဖြီးလို့ ရပြီးတော့ ဦးရေပြားကိုနှိပ်ပေးရင် အလွန်ကိုမှနေလို့ကောင်းတာပါ။
ယားယံပြီးဘောက်ထတဲ့ဦးရေပြားအတွက်ရောခေါင်းလျှော်ရင်း massage လေးလုပ်လို့ရသလို ခေါင်းလျှော်ရင် ဖြစ်တတ်တဲ့ လက်ထိပ်၊ လက်သည်းကျိုးတာ နာတာတွေ ဦးရေပြားကို ကုတ်မိပြီး ပွန်းသွားတာတွေ စတဲ့ပြဿနာတွေကနေ ကင်းဝေးပြီး massage လုပ်ပေးတာကြောင့် ဇိမ်လေးနဲ့ခေါင်းလျှော်ရသလိုပေါ့နော်။
မျက်နှာကို exfoliate လုပ်တာ အရေးပါသလို
ဦးရေပြားနဲ့ ဆံသားအတွက်အတွက် scalp treatment ကလည်းအတော်ကိုလိုအပ်ပါတယ်နော်။ သွေးလေလည်ပတ်မှုကောင်းပြီး ဆဲလ်သေတွေကို ခွါချပေးတဲ့အတွက် ဆံသားအဆီပြန်တာ၊ ဆံပင်ကျွတ်တာတွေက်ု သက်သာစေပြီး ဗောက်ကင်းစင်စေကာ ဦးရေပြားကိုသန့်ရှင်းစေပါတယ်။ ရေရှည်စွဲသုံးရင် ဆံပင်အရင်းကနေ အဖျားထိ ကျန်းမာသန်စွမ်းစေပါတယ်။
ဦးရေပြား ကျန်းမာမှ ဆံပင်လဲသန်တာမို့ မိန်းကလေးဖြစ်ဖြစ် ယောကျာ်းလေးဖြစ်ဖြစ် ဆောင်ထားသင့်တဲ့ self care productလေးပါ။
ဘီးချောင်းလေးတွေကလည်း အောက်ကို ဘယ်လောက်ပြုတ်ကျကျ မကျိုးတတ်တာကြောင့် စည်းကမ်းရှိသလောက်ကြာကြာခံတာမို့ ဒီဈေးလေးနဲ့လည်းအရမ်းကိုတန်ပါတယ်နော်။
မင်မင်ကတော့ ခေါင်းမလျှော်ခင် သေချာလေးသူ့ကိုသုံးပြီး ဦးရေပြားကို Massage လုပ်ရင်းဖြီးချပါတယ်။ ခေါင်းလျှော်နေတုန်းလည်း ဒါလေးနဲ့ပဲနှိပ်ပေးသလို Conditioner သုံးနေတုန်းမှာလည်းဆံပင်အဖျားကိုသူနဲ့ပဲရှင်းလိုက်တယ်။
အပြင်ထွက်လည်း သူ့ပဲယူသွားတယ် သယ်ရလည်းလွယ်သလို ဆံပင်ကျွတ်လည်း အတော်ကို သိသိသာသာသက်သာတယ်။ ဆံပင်ပေါက်စနလေးတွေလဲ ထွက်လာတယ်။ အပြင်သွားလို့ ဖြီးလိုက်ရင်လည်း ပြားကပ်နေတာမျိုးမဟုတ်ဘဲ ဖောင်းဖောင်းလေးနဲ့ ပုံကျတယ်ခံစားရတယ်😄။
⚠️အပူနဲ့တော့ အသုံးပြုလို့မရပါဘူးနော်
11/12/2022
Makeup Revolution Banana Baking Powder (32g)
Price ➡️ 23500MMK
Instock Available Now in YGN
Directly Import from USA
သုံးဖူးသူတိုင်း အရမ်းကြ်ိုက်ကြပြီး ရောင်းမလောက်တဲ့ Baking Powder လေးအကြောင်း ညွှန်းချင်လို့ပါနော်။
စထုတ်ကတည်းကနေ အခုထိကို ဘူးအရေအတွက် 1 million ကျော်ထိ ရောင်းနေရဆဲဖြစ်တဲ့ UK ရဲ့ Best Seller Powder လေးပါနော်။
ဒီ Powder လေးက ကိုယ်လိမ်းထားတဲ့ Foundation ကို Long Lasting ဖြစ်အောင် Setting လုပ်ပေးပြီး တစ်နေကုန် မိတ်ကပ် မကွက်အောင်၊ အဆီမပြန်အောင် ထိန်းပေးပါတယ်။
ကာလာက အဝါဖောက်လေးမို့ ဘယ်အသားအရောင်နဲ့မဆိုလိုက်ပြီး သူ့ရဲ့ Texture လေးကလည်း သိပ်သိပ်လေးလေးမို့ သုံးလိုက်တာနဲ့ ဝင်းပြီး ညက်သွားစေတယ်ရှင့်။
မျက်လုံးအောက်က Concealer တွေကို Bake လုပ်ချင်တာဖြစ်ဖြစ်၊ ပါးရိုးနဲ့ မေ့ရိုးလေးတွေကို Highlight လုပ်ချင်တာဖြစ်ဖြစ် ဒီ Baking powder လေးက ကွက်တိဖြစ်စေရပါမယ်နော်။
မိတ်ကပ်တွေ မလိမ်းချင်တဲ့ အချိန်မျိုးဆို skin လေး care ပြီး ဒီ Powder လေး တစ်မျိုးထဲသုံးပေးရင်ကို မျက်နှာလေးက မှုံမှုံညက်ညက်လေးဖြစ်သွားစေတာမျိုးပါနော်။
K pay, CB pay, AYA pay တို့နဲ့လည်း % အပိုထပ်ဆောင်းပေးစရာမလိုဘဲ ဝယ်ယူနိုင်ပါပီရှင့်။
ပစ္စည်းစစ်မှန်ကြောင်းနှင့် USA တစ်နိုင်ငံမှသာ ဝယ်ယူကြောင်းအထူးအာမခံပါတယ်ရှင်။
06/12/2022
Murad Dark Sport Serum
Price ➡️ 15000 MMK (5ml )
Instock Available Now in YGN
Directly Import from USA
ဒါလေးက Worldwide နာမည်ကြီး brand ဖြစ်ပြီး Dr Howard Murad ဆိုတဲ့ dermatologist ကိုယ်တိုင် နှစ်ပေါင်းများစွာ research တွေလုပ်ပီးထုတ်ထားတဲ့ တံဆိပ်မို့ တကယ်ကောင်းသလို အရမ်းလည်းထိရောက်ပါတယ်။
တင်းတိတ်၊ နေလောင် အညိုကွက်တွေကို 2ပတ်အတွင်း သိသာစွာ လျော့ပါးစေတဲ့ dark spot serum လေးပါ။
တစ်ခါ ဝက်ခြံတွေညှစ်မိလို့ ကျန်ခဲ့တဲ့ အမဲစက်နဲ့ အမာရွတ်တွေကိုပါ အဓိကtreatment လုပ်ပေးတဲ့ dark spot serum လေးပါ။
တစ်ခါ အသက်အရွက်ကြီးလာလို့ မျက်နှာမှာ တချို့ဆို Age spot လေးတွေ ထွက်တတ်ရင်လည်း ဒါလေးသာသုံးပါနော်။
Day ရော Night ပါသုံးလို့ရသလို အသုံးပြုပြီး moisture ပြန်လိမ်းဖို့တော့လိုပါတယ်ရှင့်။ မနက်ပိုင်း အသုံးပြုမယ်ဆို sunscreen မဖြစ်မနေ သုံးပေးဖို့တော့ လိုပါတယ်နော်။
ညဖက်ပဲသုံးဖို့တော့ အကြံပြုချင်ပါတယ်ရှင်။
K pay, CB pay, AYA pay တို့နဲ့လည်း % အပိုထပ်ဆောင်းပေးစရာမလိုဘဲ ဝယ်ယူနိုင်ပါပီရှင့်။
ပစ္စည်းစစ်မှန်ကြောင်းနှင့် USA တစ်နိုင်ငံမှသာ ဝယ်ယူကြောင်းအထူးအာမခံပါတယ်ရှင်။
03/12/2022
NYX Pore Filler (primer/base) + NYX Filler Instinct
Price ➡️ 16500 MMK (Pore Filler )
Price ➡️ 13500 MMK ( Filler Instinct )
Total Price➡️ 28000 MMK (PRIMER+Lip Filler)
Instock Available Now in YGN
Directly Import from USA
Oily skin ဖြစ်လို့ သာမန်ထက် အဆီပြန်ပြီး ချွေးပေါက်ကျယ်နေတယ်ဆိုရင်တော့ NYX ရဲ့ Pore Filler Primer လေးသုံးကြည့်ပါနော်။
သူကလေ Pore Primer တွေနဲ့ပတ်သတ်ရင် Highly Recommend Brand လေးတွေဖြစ်တဲ့ Benefit တို့ Smash Box Primer တို့နဲ့တောင် နှိုင်းယှဉ်ခံရတဲ့ Primer လေးဆိုလည်း မမှားဘူး။
Coverage အရမ်းကောင်းပြီး လိမ်းလိုက်ရင် မိတ်ကပ်သား ညက်ညက်သိပ်သိပ်လေးနဲ့ ယုံကြည်မှုရှိရှိ လှချင်ရင် ရော့ အင့် ဒါလေးသာ သုံးကြည့်ပါလို့😄☺️။
နှုတ်ခမ်းလေးကို ဖူးဖူးစိုစို ဖောင်းဖောင်းလေးလည်း ဖြစ်ချင်တယ် lip filler လည်းမထိုးရဲဘူးဆိုရင်တော့ ဒါလေးက lip filler ထိုးထားသလို နှုတ်ခမ်း ဖူးဖူးလေးရမယ့်အပြင် Glossy type မို့ soft and moisturized ဖြစ်စေလို့ ဆောင်းတွင်း နှုတ်ခမ်းခြောက်တတ်တဲ့ သူလေးတွေပါ ဆောင်ထားသင့်သောလေးပါနော်။
K pay, CB pay, AYA pay တို့နဲ့လည်း % အပိုထပ်ဆောင်းပေးစရာမလိုဘဲ ဝယ်ယူနိုင်ပါပီရှင့်။
ပစ္စည်းစစ်မှန်ကြောင်းနှင့် USA တစ်နိုင်ငံမှသာ ဝယ်ယူကြောင်းအထူးအာမခံပါတယ်ရှင်။
26/11/2022
Belief Aqua Bomb Sleeping Mask (10ml)💦
Price ➡️ 7000 MMK
Instock Available Now in YGN
Directly Import from USA
Aqua Bomb ဆိုတဲ့အတိုင်းပဲ အိပ်ရေးမဝလို့ ရေသောက်နည်းနေလို့ အသားအရေ မွဲနေသလို ခံစားနေရလား။ ဒါမှမဟုတ် အသားအရေလေးက fatigued ဖြစ်ပြီး ခြောက်သွေ့နေသလိုဖြစ်နေလား စတဲ့ အသားအရည်ပိုင်ရှင်များအတွက်ရော မျက်နှာကို စိုစိုအိအိလေးနဲ့ တနေ့တာလုံး healthy skin look လေး ဖြစ်ချင်တဲ့ အသဲတို့အတွက် Belief ရဲ့ Aqua Bomb Sleeping Mask လေးလာပါပြီနော်။ သူလေးက for all skin type သုံးလို့ရပါတယ်။ Lightweight ဖြစ်လို့ လိမ်းပြီးရင် စေးကပ်ကပ်လည်း မဖြစ်သလို ultra-hydrating formula နဲ့ ထုတ်လုပ်ထားတာကြောင့် အသားအရေကို dewy glow ဖြစ်စေပြီး ချောမွေ့အောင်ထန်းသိမ်းပေးပါတယ်နော်။ လိမ်းနည်းလေးကတော့ ညဘက်မှာ skin routine ရဲ့ နောက်ဆုံး step အဖြစ် ဒီ sleeping mask လေးကိုသာသုံးကြည့် ကြိုက်သွားမှာသေချာပဲ။
K pay, CB pay, AYA pay တို့နဲ့လည်း % အပိုထပ်ဆောင်းပေးစရာမလိုဘဲ ဝယ်ယူနိုင်ပါပီရှင့်။
ပစ္စည်းစစ်မှန်ကြောင်းနှင့် USA တစ်နိုင်ငံမှသာ ဝယ်ယူကြောင်းအထူးအာမခံပါတယ်ရှင်။
25/11/2022
NYX HD Finishing Powder
Price ➡️ 13500 MMK
Instock Available Now in YGN
Directly Import from USA
Nyx translucent HD powder ကလေ သူက lightweight လဲဖြစ်တဲ့အပြင် အဆီလဲ မပြန်တော့ oily skinတွေအတွက်ပါ အရမ်းကို အဆင်ပြေလို့ သူရဲ့powderတွေထဲမှာ best sellerလေးဖြစ်နေတာ မဆန်းပါဘူးနော်။
မျက်နှာပေါ်မှာရှိတဲ့ ချွေးပေါက်တွေ အရေးကြောင်းတွေကို Blur လုပ်ပေးလို့ soften effect ရတဲ့အပြင် Matte finish look ပါ တစ်ခါတည်းရတာမို့ primer မသုံးဖြစ်ရင်တောင် 12 hours လောက်ထိကြာရှည်ခံလို့ သုံးတဲ့သူတိုင်း ကြိုက်ကြမှာ အသေအချာပဲ။ Translucent မလို့ အသားအရောင်မရွေးသုံးလ်ို့ရတယ်။ သုံးထားရင် မိတ်ကပ်သိပ်သိပ်ညက်ညက်နဲ့လှနေစေတယ်။
matte finishဆိုပေမဲ့လေ အရမ်းခြောက်ခြောက်ထူထူပိန်းပိန်းကြီးမဖြစ်ဘူးနော်။ မင်မင်ကိုယ်တိုင်သုံးကြည့်ပြီးမှ ညွှန်းနေတာမို့ စိတ်ချပါနော်။
K pay, CB pay, AYA pay တို့နဲ့လည်း % အပိုထပ်ဆောင်းပေးစရာမလိုဘဲ ဝယ်ယူနိုင်ပါပီရှင့်။
ပစ္စည်းစစ်မှန်ကြောင်းနှင့် USA တစ်နိုင်ငံမှသာ ဝယ်ယူကြောင်းအထူးအာမခံပါတယ်ရှင်။
25/11/2022
ဆောင်းတွင်းမှာ မသုံးမဖြစ်လေးသုံးပေးသင့်တဲ့ skin care step တစ်ခုဖြစ်တဲ့ Moisture အဆင့်မှာ Combination Skin နဲ့ Oily Skin သမားတွေအတွက်တော့ မင်မင်က CLINIQUE MOISTURE SURGE 100h လေးပဲ ညွှန်းပြရစေနော်။ (Tube ဘူးနဲ့ပါ)
CLINIQUE MOISTURE SURGE 100h
(5 ml) Price - 6000 MMK
(30ml) Price - 29000 MMK
Instock Available Now in YGN
Directly Import from USA
မင်မင်ကတော့ Moisture လို့ပြောလိုက်ရင် Clinique ကို ညွှန်းချင်တာမျိုး။ ဘာလို့ဆို Oil free ဖြစ်တာကြောင့် မျက်နှာပေါ်မှာ layer ခံထားသလိုဖြစ်မနေပဲ အရမ်းပေါ့ပါးနေတာကို သဘောကျတယ်။ နောက်တစ်ခါ စိမ့်ဝင်မှု အားကောင်းပြီး ရေဓါတ် ကို ရှယ်ဖြည့်ပေးတယ်။ လိမ်းထားရင်ကိုရေဓါတ် ရှယ်ဖြည့်ပေးထားတော့ ကြည်ကြည်ပြောင်ပြောင်လေး ဖြစ်နေတာကို အသဲစွဲနေတာမျိုး။ တကယ့် Healthy Glow Skin လေးအတိုင်းပဲ ကြည့်လိုက်ရင်ကို။ Day ရော Night ရော သုံးလို့ရပါတယ်။ Day ဆိုရင်တော့ Moisture ပြီး sunscreen တော့မဖြစ်မနေလိမ်းပေးဖို့ လိုပါတယ်🥰။
K pay, CB pay, AYA pay တို့နဲ့လည်း % အပိုထပ်ဆောင်းပေးစရာမလိုဘဲ ဝယ်ယူနိုင်ပါပီရှင့်။
ပစ္စည်းစစ်မှန်ကြောင်းနှင့် USA တစ်နိုင်ငံမှသာ ဝယ်ယူကြောင်းအထူးအာမခံပါတယ်ရှင်။
24/11/2022
Clinique Smart Clinical Repair Wrinkle Correcting Serum (10ml)
Price - 14500 MMK
Instock Available Now in YGN
Directly Import from USA
ဒီ serum လေးကတော့ အသက်အရွယ်ရလာလို့
အသားအရည်တွန့်တာ၊ အရေးအကြောင်းတွေထပြီး အသားအရေ တွဲကျလာတာတွေကို သိသိသာသာလျော့ပါးစေဖို့ရော ဖြစ်မလာအောင် ကာကွယ်ဖို့ အတွက်ပါ သီးသန့်ထုတ်ထားတဲ့ serum လေးပါနော်။
သူကလေ မျက်နှာပေါ်မှာရှိတဲ့ အရေးအကြောင်းများနဲ့ အိုမင်းရင့်ရော်ခြင်းလက္ခဏာတွေကို ၁၀ ရက်အတွင်းမှာ သိသိသာသာလျော့ချပေးတယ်ဆိုပြီး Review အရမ်း hot နေတဲ့ serum လေးဆိုလည်း မမှားပါဘူးနော်။
သူ့မှာ CL1870 Laser Focus Complex ပါဝင်သောကြောင့် Natural Collagen ကို Boosting လုပ်ပေးပါတယ်။ အသားအရေတင်းပီးချွေးပေါက်တွေကျဉ်းစေပါတယ်။ ဒါကြောင့်လည်း အချိန်တိုအတွင်း အရေးအကြောင်းများကို လျော့နည်းသက်သာလာစေတာပေါ့နော်။
Next Generation Retinoid ပါဝင်သောကြောင့် အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။
Hyaluronic acid ပါဝင်သောကြောင့် အသားအရေကို အစိုဓာတ်ဖြည့်ပေးပြီး ကြည်လင်စိုပြေလာစေခြင်း စတဲ့ အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ပါတယ်နော်။
သူ့ကို Toner လိမ်းပြီးတာနဲ့ Moisturizer မလိမ်းခင် စပ်ကြား လိမ်းပေးပါနော်။ မနက်/ည လိမ်းပေးပါနော်။
30ml ကို $69 ဆိုတော့ 2သိန်းနီးပါးလောက်ဖြစ်နေတာကို ခု 10ml လေးကို 14500 နဲ့ဆိုတော့ အမြန်သာ မှာလိုက်တော့နော်။
K pay, CB pay, AYA pay တို့နဲ့လည်း % အပိုထပ်ဆောင်းပေးစရာမလိုဘဲ ဝယ်ယူနိုင်ပါပီရှင့်။
ပစ္စည်းစစ်မှန်ကြောင်းနှင့် USA တစ်နိုင်ငံမှသာ ဝယ်ယူကြောင်းအထူးအာမခံပါတယ်ရှင်။
23/11/2022
ဒီနေ့တော့ မိန်းကလေးတိုင်းအတွက် skin care step မှာ မရှိမဖြစ် မပါမဖြစ် မဖြစ်မနေ သုံးပေးသင့်သော မင်မင်တို့ဆီမှာလည်း Instock ရှိသော Eye cream လေးတွေကို ညွှန်းပေးပါရစေနော်။ အောက်က ပုံလေးတွေတစ်ပုံချင်းဆီအောက်မှာ ရှင်းပြထားပါတယ်လို့🧡။
22/11/2022
Cosmetics တွေနဲ့ပတ်သတ်ပြီး ဗဟုသုတအနေနဲ့ မေးခွန်းလေးတစ်ခုနဲ့ ပတ်သတ်ပြီး sharing လုပ်ချင်တာလေးရှိလို့ပါ ချစ်တို့ရေ။ ဘာလဲဆိုတော့ How long cosmetics are fresh? ဆိုတဲ့ မေးခွန်းလေးပါ။
Cosmetics တစ်ခုရဲ့ shelf life ဆိုတဲ့ သက်တမ်းမလွန်ခင် ဆက်အသုံးပြုဖို့သင့် မသင့်ဆိုတဲ့ အချိန်ကာလက ဘယ်ပေါ်မူတည်လဲဆိုတော့ (period of after opening) စတင်အသုံးပြုဖို့ ဖွင့်လိုက်တဲ့ အချိန်ကာလနောက်ပိုင်းပေါ်မူတည်ပါတယ်။
Cosmetic တွေရဲ့ packaging ဗူးတွေမှာပဲဖြစ်ဖြစ်၊ အထဲကဗူးမှာပဲဖြစ်ဖြစ် လေးထောင့်ကွက်လေးနဲ့ 6M, 12M စသဖြင့် ရေးထားတာလေးတွေ ချစ်တို့သတိထားမိမှာပါ။ ပုံလေးမှာပြထားတယ်နော်🥰။ အဲ့ဟာလေးက ဘာပြောတာလဲဆိုတော့ ကိုယ်အသုံးပြုမည့် cosmetic လေးကို စပြီးသုံးဖို့ unboxing ဖွင့်ပြီးနောက်ပိုင်း သူ့ရဲ့ ကျန်တဲ့သက်တမ်းလေးပါ။ ဥပမာ 6M ဆို စဖောက်ပြီး ခြောက်လအတွင်းပဲ သုံးသင့်တယ်လို့ညွှန်းထားတာပါနော်။
နောက်တစ်ခါ ဒီ Cosmetic လေးက manufacture လုပ်ပြီးကာလကနေ သုံးစွဲသူလက်ထဲ မရောက်ခင်စပ်ကြားမှာ သူ့ကို packing မဖွင့်မချင်း သက်တမ်းဘယ်လောက်ထိ ခံမလဲဆိုတာက ပျမ်းမျှ အနေနဲ့ အမျိုးအစားအလိုက် အောက်မှာ ညွှန်းထားပါတယ်နော် ချစ်တို့ရေ။
1. Perfume with Alcohol ဆို သူ့ကို စတင်အသုံးပြုဖို့ မဖွင့်မချင်း ငါးနှစ်ထိ သက်တမ်းရှိပါတယ်။
2. Skin care cosmetics ဆို သူ့ကို စတင်အသုံးပြုဖို့ မဖွင့်မချင်း အနည်းဆုံး သုံးနှစ်သက်တမ်းရှိပါတယ်။
3. Makeup cosmetics ဆိုရင်က သူ့ကို စတင်အသုံးပြုဖို့ မဖွင့်မချင်း အနည်းဆုံး သုံးနှစ် (mascara) ကနေ အများဆုံး ငါးနှစ် (powders) ထိ သက်တမ်းရှိပါတယ်။
အဲ့တော့ ကိုယ်ဝယ်လာပြီး စသုံးဖို့ unboxing လုပ်ပြီးပြီဆိုတာနဲ့ သူ့ရဲ့ ဗူးမှာပါတဲ့ လေးထောင့်ကွက်လေးထဲမှာ 6M လား 12M လား 24M လား စသဖြင့် ကြည့်ပြီး ညွှန်းထားတဲ့ လအတွင်း ကုန်အောင်အသုံးပြုရမှာပဲ ဖြစ်ပါတယ်ရှင်။ အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်နော်။ ပျော်ရွှင်စရာ ညချမ်းလေးဖြစ်ပါစေရှင့်။🙏🙏🙏
22/11/2022
Original ရဲ့ Make Up Eraser လေး
ဟယ်လို ချစ်တို့ရေ ပွင့်လင်းခရီးသွားရာသီရောက်ပြီဆိုတော့ မရှိမဖြစ် essential thing လေးတစ်ခုအကြောင်း ပြောပါရစေနော်🥰
ချစ်တို့ ရေသွားကူးပြီးတာပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ short trip လေးပဲဖြစ်ဖြစ် သွားလို့ မျက်နှာသစ်ချင်လို့ မျက်နှာသစ်ဆပ်ပြာမေ့ကျန်ခဲ့ရင်တောင် စိတ်ပူစရာလိုတော့ဘူး။ ဒီ eraser လေးသာရှိရင် သူ့ကို ရေကြက်သီးနွေးလေး ဆွတ်ပြီး မျက်နှာကို ဖွဖွလေးသာ ပွတ်ပေး။ ဖျက်ရခက်တဲ့ makeup တွေကိုတောင် အလွယ်တကူပျက်စေသောလေးပါ။ ဟုတ်ပါ့မလား မတွေးနဲ့။ မင်မင်ကိုယ်တိုင် တစ်ခုယူပြီး စမ်းကြည့်ပြီးပြီ😝။ မျက်နှာသစ်ရမှာ ပျင်းတဲ့နေ့တွေဆိုလည်းဒါလေးကို ရေစွတ်ပြီး ဖျက်လိုက်ရုံပါပဲလို့။ အလုပ်ရှုပ်တအားသက်သာပါတယ်။
Chemicalလုံးဝမပါသလို towel လေးက exfoliating လဲလုပ်ပေးတာကြောင့် မျက်နှာ ပေါ်က အဆီဖုတွေလည်း သက်သာစေပါတယ်။
အကြိမ် 3600 ဖျက်လို့ရပြီး အကြိမ် 1000ကျော် လျှော်လို့ရတဲ့ makeup eraserလေးပါနော်။
မိတ်ကပ်ဖျက်ဆေးတွေကြောင့် အဖုထွက်တာတွေ အသားအရေမွဲခြောက် ခြောက်ဖြစ်တာတွေ စတဲ့ side effect တွေကြောင့် စိတ်ညစ်တဲ့ ပျိုမေတွေအတွက် ဒါလေးကကွက်တိဘဲနော်။
full size cloth လေးက 50,000 ကျော်ရှိတာ အခု mini size (4in x 3in) လေးကတော့ 5,000MMK ပါပဲနော်။ ခရီးသွားလည်း အလွန်ကို အသုံးဝင်သောလေးပါ။ full packaging လေးနဲ့ပါနော်။
100% Authentic ဖြစ်ကြောင်း အာမခံပါတယ်ရှင့်
AYA Pay, CB Pay, K pay တို့နဲ့လည်း % ထပ်ဆောင်းစရာမလိုဘဲ ဝယ်ယူနိုင်ပါပြီရှင့်🤍
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
YANGON,