Coal Mining Myanmar
မကောင်းတာတွေလုပ်ပြီး ဘဝကို ယတြာချေဖို့ မကြိုးစားနဲ့ ကံတရားက လာဘ်မစားတတ်ဘူး
09/12/2025
ခုတလောPage မှာ Knowledge Sharing မလုပ်နိုင်တာ နားလည်ပေးပါ
ကျောက်မီးသွေး တူးဖော်မှုကို အာရုံစိုက်နေရလို့ပါဗျ
ကျောက်မီးသွေး ကျရင် အရောင်း Post တွေ တင်ပေးပါ့မယ်
😊
05/12/2025
ပစ္စည်းတစ်ခုခုကို ကြည့်ပြီးလို့ ပြန်ပြောပေးမယ်ဆို ပြန်ကိုပြောဖြစ်အောင်ပြောပေးပါ မောင်လေး/အကို(သို့) ညီလေး/ အကို ပစ္စည်းက ကျနော်/ကျမ တို့နဲ့ အဆင်မပြေလို့ ဒါမှမဟုတ် စျေးမလွတ်လို့ စျေးများလို့ မယူဖြစ်တော့ဘူး ဆိုလည်း ပြန်တော့ပြောပေးကြပါ ဖုန်းဘေလ်ကုန်ရင် ပြန်ဖြည့်ပေးပါ့မယ်
ခုဟာက ဆင် ပါတယ် ခွေးပါတယ် မျှော်နေတာပါတယ်
အဲ့စကားပုံလိုဖြစ်နေပြီး
ဖုန်းသံမြည်တိုင်း ပစ္စည်းဝယ်သမားများလာလို့ ပြေးကိုင်ရတာအမော
ဘယ်ဟုတ်မလဲ အကြွေးရှင်တွေဖြစ်ဖြစ်နေတယ်
ပုံကတော့ သည်းခံကြည့်ပေး😁
゚
ကျောက်မီးသွေး ငမ်းတာ မြှပ်ပြီးသားဖြစ်တော့မလို့😬😬 တော်သေးတယ်ဗျာ ゚
28/11/2025
Thanks for being a top engager and making it on to my weekly engagement list! 🎉 U Maung Lay, Zaw Htun, Khaing Gyi
သည်းခံပြီးကြည့်ပေး တစ်ယောက်ထဲဆိုတော့
လက်တစ်ဖက်က ဖုန်းကိုင် နောက်တစ်ဖက်က ပေါက်ချွန်းနဲ့ဆိုတော့ မငြိမ်ဘူး
အပင်ပန်းခံရကျိုး နပ်မယ်ထင်တယ်
゚
Coal Mining Myanmar
လက်ရှိ မိုးနတ်မင်းပေးတဲ့ လက်ဆောင်
စိတ်ဝင်စားရင် cb
အကျိုးတူ ရမယ်
゚
18/11/2025
Coal Lab မှာ Moisture. Ash. VM. ပြီးရင် Fixed Carbon F/C က နံပါတ် 4 နေရာမှာ ရှိတယ်ဖြစ်ပါတယ်
Carbon ဒြပ်စင်ဟာ အခြားဒြပ်စင်တွေနဲ့ပေါင်းစပ်မှုမရှိဘဲ သန့်ရှင်းစွာတည်ရှိနေတဲ့ဒြပ်စင် ဖြစ်တယ်
Fixed Carbon ရဲ့သဘောတရားကျောက်မီးသွေးရဲ့ ပင်မလောင်စာဒြပ်စင်VM ထွက်ပြီးနောက်ကျန်ရှိသော အစိုင်အခဲ ကာဗွန်ကျောက်မီးသွေးရဲ့ အဓိက စွမ်းအင်အရင်းမြစ်
Fixed Carbon အခြေခံတွက်နည်း
Formula
FC = 100 - ( Moisture + Ash + VM)
ဥပမာ
Moisture = 5%
Ash = 10%
VM = 25%
FC = 100 - (5 + 10 + 25)
FC = 60%
Moisture ဘယ်လောက်အရေးပါလဲပြမယ်
Mar = As Received Moisture(ARB လို့လည်းသုံး)
Mad = Air Dried Mositure (ADB လည်းသုံး)
Mf = Moisture free ( DB လည်းသုံး)
MAF = Mositure and Ash Free (အစိုဓာတ်နှင့်ပြာ မရှိ)
စာရှည်နေမှာစိုးလို့ Formula မပြောတော့ဘူး
FC နဲ့ CV ဆက်စပ်မှု
FC 1% တိုးပါက
Calorific Value 0.5-0.7% တိုးနိုင်
ဥပမာ FC 60-> 65 တိုးပါက CV 2.5 -3.5 % တိုးနိုင်
FCသည် ကျောက်မီးသွေးရဲ့ စွမ်းအင်ထုတ်လုပ်မှုနှင့် အရည်အသွေးတိုးတိုင်းတဲ့ အဓိက သော့ချက်ဖြစ်ပါသည်
FC မြင့်သော ကျောက်မီးသွေးကို မီးကြာရှည်ခံလိုသောနေရာများနှင့်Coke ထုတ်လုပ်ရာတွင် အဓိက အသုံးပြုပါတယ်
Next Post မှာ အရေးကြီးတဲ့ GCV အကြောင်းဆက်ဆွေးနွေးပေးပါမယ်
ထုံစံအတိုင်းPage ကို Like Share and Follow တော့လုပ်ပေးကြပါ
🙏🙏🙏
゚
17/11/2025
I got over 10 reactions on one of my posts last week! Thanks everyone for your support!
Thank for all.
゚
17/11/2025
Lab နံပါတ် 3
Volatile Matter (VM)
ကျောက်မီးသွေးကို လေဝင်လေထွက်မရှိဘဲ အပူပေးလိုက်သောအခါ အငွေ့ပျံထွက်သွားသော ဒြပ်စင်များကိုဆိုလိုတာ
ကျောက်မီးသွေးနမူနာ အမှုန့်ကြိတ် 1g ကိုယူ
105-110°C မှာ 1 နာရီ အခြောက်ခံ
Covered Crucible ထဲမှာ 950°C အပူချိန်မှာ 7 မိနစ်အပူပေး
ပြီးရင် အေးအောင်ထားပြီး အလေးချိန် တိုင်းတာ
VM Content တွက်ချက်မှု ဥပမာ
နမူနာ အလေးချိန် . 1g
အပူပေးပြီးအလေးချိန်. 0.750g
Mad= 5% = 0.05g
မူရင်းနမူနာမှ စိုထိုင်းဆmadကိုနုတ်ပါ
Dry mass= 1g - 0.05g = 0.95
VM (အလေးချိန်တွက်ခြင်း)
VM + M = 1g - 0.750g = 0.250g
VM = 0.250g - 0.05g = 200g
နောက်ဆုံးအဆင့် VM% တွက်ခြင်း
VM% = ( VMအလေးချိန် ÷ Dry mass ) × 100%
VM = ( 0.200g ÷ 0.95 ) × 100%
VM = 21.05 %
VM ကို ဘယ်မှာသုံးလဲ အသုံးဝင်ပုံကဘာတွေလဲ
VM က ကျောက်မီးသွေးရဲ့ လောင်ကျွမ်းပုံကို ဆိုလိုတာ
မီးစလောင်နိုင်တဲ့ အခြေအနေ
ခဏ လေးအတွင်းမှာ လောင်တာလား
ကြာမှလောင်တာလား
ဖြည်းဖြည်းမှန်မှန်လေး လောင်ကျွမ်းတာလား
ကောက်ရိုးမီးလို ဟုန်းကနဲ့ လောင်ပြီး ဟုန်းကနဲ့ ပြန်ကျသွားတာလား
VMအရမ်းနည်းလည်းမကောင်းဘူး
အရမ်းများလည်းမကောင်းဘူး
VM အရမ်းနည်းရင် မီးစလောင်ဖို့ခက်မယ် မီးလျှံတိုမယ်
အားသာချက်က မီးလောင်ချိန်ကြာမယ် မီးအပူချိန်မြင့်မယ် အခိုးအငွေ့နည်းမယ် CV မြင့်မယ်
VM အရမ်းများရင် မီးလောင်လွယ်မယ် မီးလျှံရှည်မယ်
ကျန်တာက VM နည်းတာနဲ့ ပြောင်းပြန်
အကြံပြုချက်
VM နည်းသောကျောက်မီးသွေးကို အပူချိန်မြင့်မြင့်လိုအပ်သော နေရာတွင် သုံးပါ
VMများသောကျောက်မီးသွေးကို လောင်ကျွမ်းရလွယ်သောလုပ်ငန်းနှင့် ဓာတ်ငွေ့ထုတ်လုပ်သော နေရာတွင် အသုံးပြုပါ
ဘိလပ်မြေစက်ရုံအတွက် VM စံ( အများစု)
35- 40 % ကို စံသတ်မှတ်ချက်ပါ
နောက် post ကျရင် FC အကြောင်းဆွေးနွေးကြမယ်
ထုံစံအတိုင်း Like share and follow လုပ်ပေးဗျာ
゚
15/11/2025
ဒီနေ့တော့ အုတ်လုပ်ငန်းရှင်များအတွက် ကျောက်မီးသွေး တန်ချိန် ကုန်ကျမှု သချ်ာနည်းနဲ့ တွက်ကြည့်ရအောင်
အုတ်ဖို တစ်ခုမှာ အုတ်အလုံးရေ ၁ သိန်းဖုတ်ဖို့
ကျောက်မီးသွေး 3500 kcal/kg အသုံးပြုမယ်ဆိုရင်
ကျောက်မီးသွေး တန်ချိန် ဘယ်လောက် ကုန်နိုင်မလဲ
Ok
အုတ်အစို မဖုတ်ရသေးတဲ့အုတ် အလေးချိန် 2.5 kg
ရှိတယ်ဆိုပါစို့
အုတ်တစ်လုံးရဲ့ အလျား× အနံ × အမြင့် = 9× 4× 3
အုတ်အစိုတစ်လုံးမှာ ရေငွေ့ ပါဝင်မှု 10 % (ခန့်မှန်းခြေ)
အပူအသုံးချနိုင်မှု 70 % (ခန့်မှန်းခြေ)
အုတ်အလုံးရေ 100000 စုစုပေါင်းအလေးချိန်
2.5kg × 100000 = 250000 kg
(250 ton)
ဖယ်ရှားရမည့်ရေငွေ့အလေးချိန် = 250000 kg ၏ 10%
= 25000 kg (25 ton)
ရေငွေ့ပြန်ရန်လိုအပ်သော အပူပမာဏ = 25000 kg × 2260 kJ/kg = 56500000 kJ/kg
ရှင်းလင်းချက်
kJ (ကီလိုဂျိုးလ်) = စွမ်းအင် ပမာဏတိုင်းတာတဲ့ ယူနစ်
kg(ကီလိုဂရမ်) = ဒြပ်ထုပမာဏ (အလေးချိန်)တိုင်းယူနစ်
kJ/kg = 1 kg မှာ သိုလောင်ထားတဲ့ စွမ်းအင်ပမာဏ
အကြမ်းဖျင်း
ကျောက်မီးသွေး 1 kg ကိုလောင်ကျွမ်းစေရင် 14644 kJ
စွမ်းအင်ပမာဏ ထွက်တယ်
1kcal = 4.184 (စွမ်းအင် ယူနစ်ပြောင်းလဲခြင်း နိုင်ငံတကာပုံသေ မှန်းခြေ)
ရေငွေ့ပြန်စေပြီး အုတ်ကိုယ်ထည်ကို
နှိုင်းယှဥ်ချက် ဥပမာ-
ကျောက်မီးသွေး = 14644 - 16736 kJ/kg
ဓာတ်ဆီ = 46000 kJ/kg ( Coal ထက် ၃ ဆ)
သစ် = 1600 kJ/kg ( Coal နဲ့ ဆင်တူ)
ရေ 1 kg ကို ရေငွေ့ပြန်စေဖို့ လိုအပ်တဲ့ စွမ်းအင်ပမာဏ က 2260 kJ ဆိုတာ သိပ္ပံနည်းကျ Formula ပါ
ဒါကြောင့်
25000kg ×2260 kJ = 56500000 kJ/kg ရတာပါ
ရေငွေ့ပြန်အောင် လုပ်ပြီးပြီ ဆိုတော့
အုတ်ကိုယ်ထည် အတွက် လိုအပ်သော အပူ ပမာဏ 900°C သုံရမယ်
အုတ်စို 1kg ကို 1°C အပူချိန်တက်ဖို့ 0.9kJ လိုအပ်တယ်
250000kg × 0.9kJ/kg°C × 900°C = 202500000 kJ /kg
အုတ် ၁၀၀၀၀၀ ဖုတ်ဖို့လိုအပ်သောအပူချိန် =
ရေငွေ့ပျံဖို့အပူချိန်စွမ်းအင်း + အုတ်ကိုယ်ထည်အတွက် လိုအပ်သော အပူချိန်
အုတ်၁၀၀၀၀၀=56500000+202500000=259000000 kJ ပါ
အပူချန် အသုံးချမှု စွမ်းရည် ကို ၇၀% သတ်မှတ်မယ်
25900000 ÷ 0.7 = 370000000 kJ
Coal 3500 kcal/kg မှ ရရှိသော အပူချိန် = 14644 kJ
လိုအပ်သောကျောက်မီးသွေးပမာဏ = 37000000÷24644 = 25300 kg
ဆိုလိုတာက အုတ်100000အတွက် 3500kcal/kg အတွက် လိုအပ်သော ကျောက်မီးသွေးတန်ချိန်
25 တန်ဝန်းကျင်ကုန်ကျမယ်
သတိပြုရန်
ဒါက သချ်ာနည်းနဲ့ အင်ဂျင်နီယာ ဘာသာရပ်နဲ့ အသုံးချပြီးတွက်ချက်မှုသာဖြစ်ပါတယ်
လူကြီးမင်းတို့ အုတ်ဖိုမှာ
အုတ် အစို တစ်လုံးရဲ့ ရေငွေ့ပါဝင်နှုန်း
ကျောက်မီးသွေးစွမ်းအင် အမှန်တကယ်ရရှိမှု
အုတ်ဖိုရဲ့ အပူထိန်းသိမ်းမှုစနစ်
လေတိုက်နှုန်း
ဖုတ်ရမဲ့ အပူချိန်
စတာတွေမူတည်ပြီးကုန်ကျ
မည့်ကျောက်မီးသွေး
ပမာဏ ကွဲပြားနိုင်ပါတယ်
ရိုးရာ အုတ်ဖုတ်နည်းမှာ ရေငွေ့ပါဝင်မှုနှုန်း လျှော့ကျစေဖို့ အုတ်အစိုကို နေလှန်းပြီးမှ ဖုတ်ကြခြင်းဖြစ်တဲ့အလျှောက် ရေ့ငွေ့ပါဝင်နှုန်း လျှော့ချပြီးသား ဖြစ်တဲ့အတွက် ရေငွေ့ကို 10% ခန့်မှန်းထားတာပါ
လူကြီးမင်းတို့ရဲ့ အုတ်ဖိုမှာ
အုတ်စိုရဲ ရေငွေ့ပါဝင်နှုန်း
မြေအမျိုးအစား
အုတ်ဖို အပူထိန်းနိုင်စွမ်း
အပူထိန်းသိမ်းနိုင်စွမ်း
ကျောက်မီးသွေးစွမ်းအင်ရရှိမှုပမာဏ
စတဲ့အချက်တွေကို သိပ္ပံနည်းကျ စမ်းစစ်ပြီး
အုတ်ကောင်းတစ်လုံး ရရှိစေဖို့ ဒီpostက အကူအညီ ဖြစ်စေမှာပါ
နောက်post ကျရင် အုတ်ဖိုအတွက် မီးထိန်းညှိခြင်းနဲ့ ကြာချိန်ကို ဆက်ဆွေးနွေးမယ်
ထုံစံအတိုင်း
Page ကို Like.Share and follow တော့လုပ်ခြင်းဖြင့်
မသိတဲ့ သူများလည်း ဗဟုသုတရအောင် ကူညီကြပါ
ပုံကတော့ သည်းခံပြီးတော့သာ ကြည့်ပေး
゚
Click here to claim your Sponsored Listing.