Nora's Note sharing

Nora's Note sharing

Share

📕 SHARING IS CARING

🕯 I am just sharing knowledge, motivation, mental health tips, and rules for somebody. Thank you all. Peace of mind.

31/07/2024

***လုံလောက်အောင်ကောင်းနေချင်းက Motivation မလိုပါဘူး...***
💛💛💛
ကိုယ့်မှာ လုံလောက်အောင်ကောင်းဖို့
Skill တွေကို အမြဲ Update တွေ လုပ်နေမယ်ဆိုရင်
အားတဲ့အချိန်ဆိုတာ ရှိနေမှာမဟုတ်ဘူး
ဒါကြောင့် ပြောပြချင်တာ
စိတ်အားထပ်သန်ဖို့ Motivation ဆိုတာ မလိုပါဘူး
လုံလောက်အောင်ကောင်းနေဖို့ ​ကြိုးစားနေဖို့
တော်နေဖို့ပဲလိုတာပါ...

Try ကြည့်ပါ...

09/07/2024

စိတ်ဓာတ်မာကြောတဲ့ သူနဲ့ Truma တွေရနေတဲ့သူက မတူဘူး
ဘာလို့လဲဆိုတော့ စိတ်ဓာတ်မာကြောတဲ့သူက အရာရာကိုလက်ခံတက်ပြီး ရဲရဲရင့်ရင်နဲ့ရှေ့ဆက်သွားတယ်
ဘယ်လိုအကြောင်းအမျိူးမျိူးကြောင့်ပဲဖစ်ဖြစ်
စိတ်ဓာတ်တွေပိုသန်မာလာတာမျိူး ပိုပြီး strong ဖြစ်လာတယ်

Truma အပြည့်နဲ့သူကတော့ လက်ခံတက်ဖို့မပြောနဲ့
$ပြသာနာတွေထဲမှာပဲ စီးမျှော်ပြီး
drama ခင်းနေတာမပြီးဘူး
Grow up လုပ်ဖို့လဲ မသိ​ကြဘူး
ကိုယ်ဖြစ်နေတဲ့ Truma ကိုလက်မခံတက်ပဲနဲ့
ရှေ့ဆက်နေမယ်ဆိုရင် ဒုံရင်းက ဒုံရင်းပဲ ဖြစ်လာမှာပဲ....

ကိုယ့်ကိုပြန်လည်သုံးသပ်ကြည့်ပါ လက်ခံတက်ပြီလား...
Truma ထဲမှာပဲပိတ်မိနေပြီးလားဆိုတာကိုပေါ့..!

ဒီလောက်ပါပဲ !!!

08/07/2024

လူတိုင်းက ကောင်းတာတွေပဲ ဖြစ်ချင်ပြီး
အဆင်ပြေပြေနဲ့ပဲနေချင်ကျတာပါပဲ...

ကောင်းတာကိုတော့လက်ခံပြီး
မကောင်းတဲ့အရာတွေကိုလဲ လက်ခံတက်ဖို့လိုသေးတယ်

မကောင်းတာတွေကို မလိုချင်လို့မရဘူး
ဘာလို့လဲဆိုတော့

"လောကမှာ အကောင်း အဆိုး ဒွန်တွဲနေလို့ပါပဲ"

မကောင်းတာတွေလာပြီးရင် ကောင်းတာတွေလာမြဲပါပဲ

ဒါကလဲ လောကဓံလို့ပြောလိုရနိုင်ပါတယ်...

အဲ့တော့ ပြောချင်တာက စိတ်ဓာတ်ကျနေလို့မရဘူး
ဆက်လျှောက်ရမှာပဲ ဘာအတွတ်ကြောင့်မှ
လက်မလျော့ဘူးဆိုတဲ့စိတ်လေးတစ်ခုပဲလိုပါတယ်...

လူတွေက တော်တော်များများ က အဆင်မပြေတာတစ်ခုခုများရှိလာရင် ကိုယ့်ကိုယ် အသုံးမကျဘူးလို့အမြဲပြောလေ့ရှိကြတယ်...

ဒါကအရမ်းမှားတဲ့ အတွေးအခေါ်တွေပါပဲ
ကိုယ်က အသုံးမကျတာမဟုတ်ဘူး

အမှန်တော့ နည်းလမ်းတွေကိုမသိနေလို့ပါပဲ
နည်းလမ်းတွေသိဖို့ဆိုရင်လဲ ဘယ်ကရှာရမလဲ မသိပြန်ဘူး...

အဲ့တော့ ကျွန်တော့ တို့ နည်းလမ်းတွေကိုရှာဖွေဖို့လုပ်ကြပြီ
နည်းလမ်းတွေလဲရှိပါတယ်

ကျွန်တော်ကိုယ်တိုင်လဲ အမြဲကြိုးစားတယ် ဘယ်တော့မှမရှုံးမပေးဘူး
ကိုယ်နဲ့ ကိုက်ညီတဲ့ နည်းလမ်းတွေ နည်းစနစ်တွေကို စမ်းသပ်ပြီး ကျင့်သုံးဖြစ်ပါတယ်....

စိတ်ဓာတ်မကျပါနဲ့.....Fighting 💪💪💪

ဒါလေးနဲ့ နိဂုံး ချုပ်လိုက်ရပါတယ်...

အားလုံးပဲဖိုက်တင်းပါ

06/07/2024

တစ်ခါတစ်လေ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်နဲ့ဘယ်လိုမှအဆင်မပြေတဲ့သူတွေရှိတက်တယ် ...

ဒါက တစ်ယောက်နဲ့တစ်​ယောက် frequency နဲ့ energy မတူလို့ ပေါင်းသင်းလိုမရတာမျိူးပါပဲ frequency အတင်းကြီးတူဖို့လိုက်ညှိနေစရာတော့မလိုဘူး....

မင်းရဲ့ personily ဟာ မင်းဘေးနားမှာရှိတဲ့လူ ၅ယောက်ရဲ့ ပျှမ်းမျှenergy ဖြစ်ပါတယ်တဲ့ မဖြစ်မနေပေါင်းနေရတဲ့သူတွေကိုသတိချပ်ကာပေါင်းသင်း သင့်ပါတယ် လိုအပ်ရင်လိုအပ်သလို ကိုယ်ပေါင်းစိတ်ခွာနေသင့်တယ်...

မြတ်စွာဘုရားသည် ရှင်ကလဲ တူညီတဲ့ သဒ္ဒါ သီလ ဟိရိ သြတ္တပ္ပ သုတ စာဂ ပညာဆိုတဲ့ သူတော်ကောင်းတရား (၇)ပါးနဲ့အညီနေနိုင်ရင် မခွဲမခွာပဲအတူပေါင်းသင်းနေထိုင်လို့ရပါတယ်တဲ့ မိန့်ထားဘူးခဲ့ပါတယ်...

Frequency နဲ့ Energy တွေကိုချိန်ဆပြီး အဆင်ပြေနိုင်ကြပါစေ...

Photos from Nora's Note sharing's post 02/07/2024

"ကိုယ်လိုချင်တာကိုရဖို့
တစ်ကယ်အလုပ်လုပ်ဖို့ပဲလိုပါတယ်..."

ဟုတ်ပါတယ်
ဒါက အမှန်တစ်ရာတစ်ခုပါပဲ
တစ်ခုခုလိုချင်တာရှိခဲ့ရင်တောင်
ဒီအတိုင်းထိုင်အော်နေလို့မရဘူး
အလုပ်လုပ်တာနဲ့အလုပ်ပြီးမြောက်တာနဲ့
တစ်ခါထဲ လိုချင်တာကိုရမှာပါ...

တစ်ခါတစ်လေ လိုချင်တာနဲ့
ရနေတာတွေလွဲနေတက်တာမျိူးရှိတယ်
ဒါက ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ပြီး
နည်းမှန်လမ်းမှန်နဲ့သွားနေတာလားဆိုတာသိဖို့လဲလိုပါသေးတယ်...

ဉပမာ..ပုံထဲကအတိုင်း ကျွန်မက ဗိုက်အဆီကျချင်တယ်လို့ ခဏခဏပြောဘူးတယ် ဒါပေမဲ အစားတစ်ခါမှမလျော့စားသလို လေ့ကျင့်ခန်းလဲလုပ်လေ့မရှိခဲ့ပါဘူး ဒါကအမှန်တရားပါပဲ

ဒါပေမဲ့ တစ်ကယ် လေ့ကျင့်ခန်းတွေ နေတိုင်းလုပ်လာတဲ့အခါမှာတော့ သိသာတဲ့ အကျိူးရလဒ်တစ်ခုကို ရလာခဲ့တယ် ဒါက

"ကိုယ်လိုချင်တာကိုရဖို့
တစ်ကယ်အလုပ်လုပ်ဖို့ပါပဲလိုပါပဲ" 😊

12/06/2024

ပျော်ပျော်နေချင်ရင်
လူတွေရဲ့ အထင်အမြင်ကို သိပ်ဂရုစိုက်ပြီး
ခံစားမနေနဲ့။
လောကကြီး ကိုယ်ဖြစ်စေချင်သလို
မဖြစ်တဲ့ အတွက် စိတ်မညစ်နဲ့။
သူ့မှာ ပိုကောင်းတဲ့ ပလန်ရှိနိုင်တယ်။
အရာရာပိုကောင်းဖို့ ဖြစ်လာတာလဲ
ဖြစ်နိုင်တာပဲ။

Phyo Paing @ Derek

Crd

14/05/2024

"Touch" I keep in touch with my parents by emails. Touch the air once again miss you breath. Let's keep in touch with each other.

"brush up" I need to brush up my computer skills.. I really need to brush up on my English. When traveling, it's important to brush up your ability to relay information.

"prick" She stopped talking to prick up her ears. Don't be such a prick! I'm not wearing that - I'd look a right prick.

"make a decision"
I cannot make a decision before I discuss this with my parents.
We must make a decision by tomorrow.
I can't make a decision just yet.

"make a decision"
I cannot make a decision before I discuss this with my parents.
We must make a decision by tomorrow.
I can't make a decision just yet.

Nora's Note sharing


Hightlight Myanmar

07/05/2024

𝑶𝒏𝒆 𝑴𝒊𝒏𝒖𝒕𝒆 𝑻𝒂𝒍𝒌

နွေနေပူတယ် ကြင်နာတဲ့စကားပဲ ပြောမယ် 🌷

ဒီနေ့ခံစားချက်တွေ အကြောင်းပြောချင်နေတယ်.....လူမှုရေး ဆက်ဆံရေး အဆင်မပြေမှုတွေ၊ ရုန်းကန်လာရတဲ့ စီးပွားရေး ခက်ခဲမှုတွေ၊ ကျန်းမာရေး ပြဿနာတွေ၊ အိမ်ထောင်ရေးအခက်အခဲတွေ၊ လက်တွေ့ရင်ဆိုင်နေရတဲ့ မလုံခြုံတဲ့ အခြေအနေတွေ စတဲ့ ကြုံလာရတဲ့အခြေအနေတွေပေါ်မူတည်ပြီး စိတ်ခံစားချက်တွေ ပြောင်းလဲ လာတတ်ပါတယ်....

ဘယ်လောက်ပဲ အလုပ်တွေများများ အလုပ်တွေရှုပ်ရှုပ် ဒီခံစားချက်တွေက လစ်လှူရှုပြီး ဥပေက္ခာပြုရမဲ့ အရာတွေတော့ မဟုတ်ပါဘူး....

🔸စိတ်တိုတယ်
🔸ဒေါသထွက်တယ်
🔸စိတ်ရှုပ်တယ်
🔸စိတ်အနှောက်အယှက်ဖြစ်တယ်
🔸အားငယ်တယ်
🔸ပင်ပန်းတယ်
🔸နာကျင်တယ်
🔸ဝမ်းနည်းတယ်
🔸အထီးကျန်တယ်

ခံစားချက်မျိုးစုံ ဖြစ်နိုင်ပါတယ်....လူသားတွေ မို့သာ ခံစားရတတ်တဲ့ သဘာဝဆိုတဲ့ 𝑪𝒐𝒎𝒎𝒐𝒏 𝑯𝒖𝒎𝒊𝒏𝒊𝒕𝒚 လေးပါပဲ.. ..ဘယ်လိုစိတ်ခံစားချက်မျိုး ဖြစ်စေ အသိအမှတ်ပြုဖို့ ထိုက်တန်ပါတယ်....

ဒီလိုမဟုတ်ပဲ လစ်လှူရှုခံလိုက်ရတဲ့ ခံစားချက်တွေက နည်းနည်းချင်းပြည့်သိပ်လာပြီး မွန်းကြပ်တဲ့ အထိ ထွက်ပေါက်ပိတ်တယ်လို့ ခံစားလာရတဲ့ အထိ ဖြစ်သွားနိုင်ပါတယ်...အရာရာကို စိတ်ကုန် စိတ်ပျက် ရှေ့မဆက်ချင်လောက်အောင်ဖြစ်သွားအချိန်ကျမှ သတိထားမိတဲ့ အခါ နောက်မကျပေမဲ့ အရမ်း ပင်ပန်းပြီး 𝑭𝒖𝒏𝒄𝒕𝒊𝒐𝒏𝒊𝒏𝒈 ဆိုတဲ့ ကိုယ့်လုပ်ဆောင်နိုင်စွမ်းတွေကို ထိခိုက်နေပါပြီ....အလုပ်တွေ မလုပ်နိုင်တော့ဘူး...စိတ်မပါတော့ဘူး...ဘာမှ စိတ်မဝင်စားတော့ဘူး ဆိုတဲ့ အထိတွေ ဖြစ်တတ်ပါတယ်....အားလုံးကိုလွှတ်ချချင်လာတယ်...

ဒါတွေကို ကာကွယ်နိုင်ဖို့က ခံစားချက်တစ်ခုချင်းစီကို အသိအမှတ်ပြုတာ ရင်ဖွင့်ပြောဆိုတာ ထိပ်တိုက် ရင်ဆိုင်တာက အကောင်းဆုံးပါ....ဒီအချိန် ရင်မဆိုင်ရင်နောင်တချိန် ရင်ဆိုင်ကြရမှာပါပဲ....

ရင်ဆိုင်ဖို့ခက်ခဲတဲ့အထဲ ဒီလို စိတ်ခံစားချက်ပြင်းပြင်းတွေပါတယ်...ဒါပေမဲ့ လုပ်နိုင်မှာပါ ဆိုတာလေး ယုံကြည်ပေးပါ...

ဘယ်လိုနည်းတွေနဲ့ ရင်ဆိုင်မလဲ ?

🌷 𝑵𝒂𝒎𝒊𝒏𝒈 𝒊𝒔 𝒕𝒂𝒎𝒊𝒏𝒈.
ခံစားချက်တွေကို နာမည်တပ်ပေးပါ.....ငါ ဝမ်းနည်းနေတယ် ...စိတ်ပျက်နေတယ် ....ဒီလိုခံစားနေရတဲ့ ကိုယ့်ကိုယ်ကိုလည်း ကြင်နာပေးပါ....

🌷 𝑾𝒓𝒊𝒕𝒆 𝒂 𝑱𝒐𝒖𝒓𝒏𝒂𝒍
စကားလုံးတွေနဲ့ ဖော်ထုတ်ပါ....ခံစားရသမျှ ချသာရေးပါ..ဝမ်းနည်းတဲ့ အကြောင်းတွေ စိတ်ပျက်တဲ့ အကြောင်းတွေ ...Inner Critics လို့ခေါ်တဲ့ မိမိကိုယ်ကို အပြစ်တင်နေတာတွေ ရှိရင်လည်း ချသာရေးပါ.....Inner Ctitics တွေ များတဲ့ အခါ ကိုယ့်ကိုယ်ကို ကြင်နာဖို့ ခက်ခဲတတ်ပါတယ်.... ဒီလိုဖြစ်လည်း အပြစ်မမြင်ပဲ လက်ခံပေးပါ...

🌷 𝑬𝒙𝒑𝒓𝒆𝒔𝒔𝒊𝒏𝒈 𝒚𝒐𝒖𝒓 𝑬𝒎𝒐𝒕𝒊𝒐𝒏 𝒘𝒊𝒕𝒉 𝑨𝒓𝒕
ပုံလေးတွေနဲ့ ဖော်ပြပါ
တချို့ အရာတွေက စကားတွေ နဲ့ မလုံလောက်သလို ဖွင့်ပြောရခက်တဲ့ အရာတွေဖြစ်နေတဲ့အခါ ဘယ်လိုမှ ပြောမထွက်ဘူးလေ ....ကြားရတဲ့ သူ စိတ်ပင်ပန်းနေမယ်ဆိုတာမျိုး ခံစားရတဲ့အခါတွေလည်း ရှိတတ်တာကိုး....ဒီလို ခံစားရတာတွေကိုတော့ ပုံလေးဆွဲလို့ရသလို....ကိုယ့်ခံစားချက်ကို ကိုယ်စားပြုတဲ့ အရောင်တွေကို ဆွဲလည်း ရပါတယ်....

🌷 𝑺𝒉𝒂𝒓𝒆 𝒚𝒐𝒖𝒓 𝑬𝒎𝒐𝒕𝒊𝒐𝒏
ရင်ဖွင့်ပါ
ကိုယ်က ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ သူငယ်ချင်းမျိုးရှိခဲ့ရင်တော့ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောဆိုတာက အရမ်းကို ကောင်းမွန်တဲ့ နည်းလေးတစ်ခုပါပဲ....လူတချို့အတွက် မယုံကြည်တာမျိုးတွေ သူတပါးတို့ ဖွင့်ဟပြောဆိုဖို့ ခက်ခဲတာမျိုးတွေ ရှိတတ်ရင်တော့ အပေါ်က နည်းလေးတွေ သုံးပေါ့...ဒါမှမဟုတ် ဆွေးနွေးသူတွေနဲ့ တွေ့ပြီးပြောဆိုလို့ရပါတယ်...လုံခြုံစိတ်ချရတဲ့ ရင်ဖွင့်ရာ Work Shop လေးတွေမှာ ပါဝင်လို့လည်း ရပါတယ်...

Additionalလေး ၂ ခုကတော့
🌷 𝑩𝒆 𝑲𝒊𝒏𝒅 𝒕𝒐 𝒚𝒐𝒖𝒓𝒔𝒆𝒍𝒇
ဒီအချိန်လေးမှာ မိမိကိုယ်ကို ကြင်နာပါ ဘဝတိုတိုလေးမှာ ကိုယ့်ကိုယ်ကိုမှ မကြင်နာရင် ဘယ်သူကများ ကြင်နာပါ့မလဲ....

🌷 𝒀𝒐𝒖 𝒂𝒓𝒆 𝒏𝒐𝒕 𝒂𝒍𝒐𝒏𝒆
သတိရပေးပါ .......ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ ကာလကြီးမို့ အကြောင်းမျိုးစုံကြောင့် ခံစားချက်တွေ များနေတတ်တဲ့ ကာလမှာ ကိုယ့်လို ခံစားနေရသူတွေ အများကြီးရှိတာလေး သတိရပေးပါ...We are together in the Same Boat 🚤

ခံစားချက်တွေကို ကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ ရင်ဆိုင်နိုင်လာတဲ့အခါ ကိုယ့်ရဲ့ခံနိုင်
ရည်အား Resilience တွေ တက်လာမှာပါ....

ဒါလေးတွေက လွယ်ကူရိုးရှင်းတဲ့နည်းတွေ ဖြစ်ပြီး ဒါတွေနဲ့ မလုံလောက်တဲ့အခါ လိုအပ်တဲ့ အကူအညီကို ရယူပါ...

FIGHTING 💪💪💪

ဒါလေးနဲ့ဆက်စပ်ပြီး ခံရခက်နေတဲ့ စိတ်ခံစားချက်များရှိရင် ရေးသွားပေးပါဦး 🤗

Nora's Note sharing


Hightlight Myanmar

Credit to Counsellor Moh ( Counselling Corner)

06/05/2024

***လူတစ်ယောက်ရဲ့ အနာဂတ်က
သူအားလပ်ချိန်မှာ ဘာလုပ်နေလဲအပေါ်
ပါတယ်***

Nora's Note sharing

02/05/2024

ဒုက္ခတွေကို တင်းခံရင်း
ဒုက္ခတွေကို ကျော်လွန်သွားတဲ့အခါ
အသီးအပွင့်တွေက ကိုယ့်ကိုကြိုဆိုနေမှာပါ...

Nora's Note sharing




Hightlight Myanmar
hightlight

02/05/2024

လူတစ်ယောက်နဲ့တစ်ယောက်
အတွေးအခေါ်တွေမတူကြဘူး
လက်ခံတက်တဲ့ပုံတွေမတူကြဘူး
ခံယူချက်တွေမတူကြဘူး
အဲ့ထဲမှာမှ ကိုယ်က
ဘယ်လိုခံယူချက်တွေရှိတယ်
ဘယ်လိုအတွေးအခေါ်တွေရှိတယ်
အဲ့ဒါတွေအပေါ်မူတည်ပြီး
လူတွေကပြောင်းလဲသွားကြတယ်

အတွေးတွေကို ဂရုစိုက်ပါ

Nora's Note sharing
18April2024

01/05/2024

ဘဝကို အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းချင်ရင်
လူတိုင်းကို ပြင်ပေးချင်တဲ့ စိတ်ဖျောက်။
လူတိုင်းကို စိတ်ကျေနပ်စေချင်တဲ့စိတ်ဖျောက်။

စတိဂျော့ပြောသလို လူတိုင်းကိုပျော်စေချင်ရင်
ice-cream ရောင်းတဲ့။

လူတိုင်းကိုယ့်ကို သဘောကျမှာမဟုတ်ဘူး။
ကိုယ့်ဘယ်လောက် လုပ်ပေးလုပ်ပေး
လူတိုင်း ကိုယ့်ကို appreciate လုပ်မှာ မဟုတ်ဘူး။
ကျေးဇူးတင်တတ်မှာ မဟုတ်ဘူး။

ဒါကြောင့် ဘဝမှာ
လမ်းချင်းတူရင် လူချင်းတွေ့လိမ့်မယ်လို့ပဲ
အမြဲ ခံယူထားတယ်။

လူတွေကို ပြင်လဲ မပေးချင်ဘူး။
ကိုယ့်ကိုယ်ကိုတောင်
တော်တော်ပြင်ယူနေရတာ။ 😀
လူတိုင်းကိုလဲ စိတ်ကျေနပ်အောင်
အရမ်းကြိုးစားမနေတော့ဘူး။

ဘဝမှာ ကိုယ့်ကိုယ်ကို တန်ဖိုးတစ်ခုထားတဲ့အခါ
ကိုယ့်ကို ကိုယ့်လို တန်ဖိုးထားတဲ့သူတွေနဲ့ပဲ
တွေ့ချင်တော့တယ်။

အမြဲခံယူထားတာ ကိုယ်နဲ့သိလို့
မနစ်နာသွားစေရဘူး။

Nora's Note sharing

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon