Myan Sein
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myan Sein, Health/Beauty, Yangon.
11/05/2023
ကာကာ စိန်တုံးလေးတို့ရေ💎
ကိုယ်တိုင်အိမ်သုံးဖို့အတွက်ဖြစ်စေ
ပြန်ရောင်းဖို့အတွက်ဖြစ်စေ
အရမ်းတန်ပြီး သုံးလို့ကောင်းတဲ့
💁ဘက်စုံသုံး ဆပ်ပြာဆီ
ကုန်ကြမ်း၊ ကုန်ချော များအား
ရောင်းချပေးနေပါတယ်နော်။
💁၅ မျိုးစပ် ဘက်စုံသုံးဆပ်ပြဆီ
👉 ကုန်ကြမ်း 1 ဖုံ
💸 6500/-
လက်ရှိဈေးလေးနဲနဲကျနေပါတယ်နော်🤩
အပြင်ပေါက်ဈေးအတက်အကျပေါ်မူတည်၍
ဈေးနှုန်းအပြောင်းအလဲ ရှိပါတယ်နော်။
ဆက်သွယ်မှာယူလိုပါက
💎မြန်စိန်လေးတို့ရေ
အမြန်သာ Hello လုပ်လိုက်နော်🤩
☎️09 957466340
သာကေတ၊ ရန်ကုန်
မင်္ဂလာပါ
💎Myan Sein Online Shop
pageလေး မှ ကြိုဆိုပါတယ်ရှင့်။💎
လူသုံးကုန်ပစ္စည်းများ နှင့် အထည်မျိုးစုံ တို့အား
မှန်ကန် မြန်ဆန် ချိုသာဈေးမှန်စွာဖြင့်
လက်လီ၊ လက်ကား
ရောင်းချပေးနေပါတယ်ရှင့်💁
ဤ page တွင် ဝင်ရောက် အားပေးကြသော
မိတ်ဆွေများအားလုံးလည်း
လာဘ်လာဘပေါများ၍
ကျန်းမာ ဘေးကင်း အေးချမ်းကြပါစေ🙏
11/05/2023
လူငယ်များအတွက် ဦးသန့်၏
တန်ဖိုးမဖြတ်နိုင် တဲ့ စကား (၅)ခွန်း
______________________________
၁။ ရည်ရွယ်ချက် ရှိပါ
လောက၌ ရည်ရွယ်ချက် မရှိသောသူသည် မည်သည့် အရေးသို့ သွားရန် မသိသေးသော ခရီးသည်နှင့် တူ၏။
ကြီးပွားလိုသော လူတိုင်း ၌
ရည်ရွယ်ချက် ရှိရမည်။
သုံးလူ့ထွတ်ထား သဗ္ဗညုဘုရားပင်လျှင် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ကြိုးစား အားထုတ်တော်မူခဲ့ ပေသည်။
မည်သူမဆို ငယ်စဉ်ကပင်
မှန်းခြေတစ်ခု ရှိရမည်။
မှန်းခြေရှိသော လူတို့သည် မိမိတို့ လုပ်ငန်း၌ လွယ်ကူသည်သာမက မှန်းခြေ မရှိသော သူထက် မနှိုင်းယှဉ်သာအောင် ကြီးပွားကြလေသည်။
၂။ သူများနှင့် မတူအောင် လုပ်ပါ
ထိုအချက်သည် ဆန်းဆန်းဖြစ်သည်။
သို့ရာတွင်
စေ့စေ့တွေးသော် ကြီးပွားသော သူတို့၏ လက်သုံး အချက်ကြီး ဖြစ်သည်။
သူများကဲ့သို့ လုပ်လျှင် သူများကဲ့သိုပင် ဖြစ်မည်။ သူများနှင့် မတူအောင် လုပ်လျှင် သူများနှင့် တူမည် မဟုတ်ချေ။
မြတ်စွာဘုရားသည် ခပ်သိမ်းသော သူတို့နှင့် မတူအောင် အားထုတ်တော်မူခဲ့၍ သူများနှင့် မတူသော သဗ္ဗညုအဖြစ်သို့ ရောက်ရှိခဲ့ပေသည်။
၃။ အများ သဘောကို မလိုက်နှင့်
အများသဘောသည် အမှားပေါ၏။
လောက၌ ပညာ ရှိသောသူနှင့် မရှိသောသူ အရေအတွက်ကို နှိုင်းယှဉ်ကြည့်လျှင်
ပညာ ရှိသူက မနှိုင်းယှဉ်
လောက်အောင် နည်းလှ၏။
အများသဘောကို မလိုက်နှင့်ဟု ဆိုရာ၌ မည်သည့်အခါ မဆို အများသဘောနှင့် ဆန့်ကျင်ရ မည်ဟု မဆိုလိုပေ။
မည်သည့် ကိစ္စ၌မဆိုဟာ .. အများ သဘောပါဟု ပြောလေ့ရှိသောသူကို
အသုံးမကျသူ ဟူ၍ မှတ်အပ်၏။
အများ သဘောသည် မှားလျှင်လည်း မှားကြောင်း ညွှန်ပြနိုင်ရမည်။
ဆန့်ကျင်ရဲရမည်။
ရေလိုက်ငါးလိုက် နေသောသူတို့သည်
မကြီးပွားနိုင်ကုန်။
၄။ ပြုပြင်ရန် မကြောက်နှင့်
လောက၌ ဘာသာရေးမှ လွဲလျှင်
အားလုံးသော ကိစ္စဟူသမျှသည်အမြဲ ပြုပြင် ပြောင်းလဲလျက် ရှိ၏။
အဝတ်အစား အနေအထိုင် အပြောအဆို အယူအဆ စသည်တို့မှာ
အမြဲ ပြောင်းလဲလျက် ရှိ၏။
ယခု ခေတ်သည် အလွန် မြန်နိုင်မှ တော်ရုံ ရှိ၏။ အပြေးသွား အပြေးလာ
အပြေးလုပ်ရသော ခေတ်ကြီး ဖြစ်၏။
ဘဝသံသရာ ကြီးပွားရေးအတွက် ပြုပြင်ရေးသည်လည်း အထူး အရေးကြီးလှပေသည်။
၅။ မယုံလွယ်နှင့်
မစဉ်းစားပဲ ယုံလွယ်သူ ပေါများသော
တိုင်းပြည်သည် အောက်တန်းကျသော
တိုင်းပြည် ဖြစ်၏။
အသိဉာဏ်ကို ချင့်ချိန်နိုင်ရန် ၎င်းတိုင်း
ပြည်၏ သတင်းစာကို ကြည့်၍အကဲခတ်
နိုင်၏။ သတင်းစာများတွင် မြတ်စွာဘုရား ဆင်းတုတော်မှ မျက်ရည်ကျခြင်း၊ ကိုယ်ဝန်ရှိသော ဥစ္စာစောင့်မ၊ နတ်ပေးသော ကလေး စသည်ဖြင့် ခေါင်းစဉ်တပ်ထားသော ဆောင်းပါးများကို အလုအယက် ဖတ်သမျှ ကာလပတ်လုံး မြန်မာ လူမျိုးတို့၏ အဆင့်အတန်းသည် ခေတ်မီရန် များစွာ လိုသေးသည်ဟု ဆိုရမည် ဖြစ်သည်။
ပြောတိုင်း မယုံနှင့်၊ ယုံတိုင်းလည်း မပြာနှင့်၊ ချင့်ချိန် မှန်းဆ၍ ပြုလုပ် ပြောဆိုရာ၏။ ဤသည်လည်း ကြီးပွားရေး လှေကား တစ်ထစ်ပေတည်း။
Click here to claim your Sponsored Listing.