Pwint Phyu Win - Pharmacist

Pwint Phyu Win - Pharmacist

Share

Official Page of Pwint Phyu Win - Pharmacist

13/05/2026

ဒီလိုလေး မြင်ရပြီဆိုရင် ငိုချင်တော့တာနော့
မကြာမီ ကုန်တော့မယ် အသစ်ထပ်ဝယ်ရတော့မယ်လေ😭

13/05/2026

အကြွားပိုစ့်ပါ

11/05/2026

အရေးပေါ်တားဆေး သောက်ပြီး ကိုယ်ဝန်ရသွားရော....
ဘာကြောင့်ဆိုတာ ရှင်းပြပေးထားပါတယ်နော်

11/05/2026

ဘုရားရောက်တုန်းလေး ကုသိုလ်ပြု မေတ္တာပို့အမျှဝေ
အေးချမ်းမှုတွေ ထပ်တူရကြပါစေ

10/05/2026

ဒီနေ့မှာတော့ အိမ်ရှင်မပေါ့
စားကြပါအုံး

10/05/2026

Happy mother day တဲ့
ဒီလိုနေ့မှ အမေကို ချစ်ကြောင်း သတိတရ တင်တာတော့ မဟုတ်ပါဘူး
သူများတွေ တင်တာလေးတွေ့တော့ ကိုယ်လည်း မေမေ့ကို အမှတ်တရလေး တင်ချင်စိတ်ဖြစ်သွားလို့ပါ
ဒီကမ္ဘာမှာ ကျွန်မ အမေက ကံအကောင်းဆုံး လူသားပါ
ကျွန်မဖေဖေရဲ့ အလိုလိုက်ခြင်း ချစ်ခြင်း ဂရုစိုက်ခြင်း ဖေးမခြင်း တွေကို ခုချိန်ထိ အပြည့်အဝ ရရှိသူပါ
သားသမီးတွေရဲ့ အားကျခြင်းတွေကိုလည်း ဖြစ်ပေါ်စေသူပေါ့
မေမေရဲ့ trademarkက ဟင်းချက်ကောင်းသူလေ
ကျွန်မလေ ဟင်းချက်တတ်ခဲ့တာ မေမေ့ကြောင့်ပေါ့
မေမေ ဟင်းချက်ရင် ဘယ်လောက်ပဲ ပတ်ပြေးခဲ့
မလွတ်ခဲ့ဘူး
အနည်းဆုံးတော့ ဟင်းအိုး မွှေပေးရတာချည်းပဲ
အစားကောင်းကောင်းစားချင်ရင် စိတ်ရှည်လက်ရှည် ဟင်းချက်ရမယ်ဆိုတာ မေမေဆီက ရခဲ့တာပါ

ခုချိန်မှာ ကျွန်မ ကိုယ့်မိသားစုကို အိမ်ဆိုတဲ့အငွေ့အသက်ကို အပြည့်အဝ ပေးနိုင်တဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်နေတာ ကိုယ့်မေမေကြောင့်ပါ
ကျွန်မတို့ ငယ်ငယ်ကအရမ်း အဆင်မပြေခဲ့ဘူး ဒါပေမယ့် မေမေက ပညာရေးအတွက်ဆို ဘယ်လောက်ပဲ ကုန်ကုန် ပံ့ပိုးပေးခဲ့တယ်
မှတ်မိသေးတယ် ကျွန်မတို့ မောင်နှမ၃ယောက် တက္ကသိုလ်တက်တာ အိမ်မှာ ရှိတဲ့ ရွှေတွေ ကုန်ခဲ့တာပဲ
အဲလိုပံ့ပိုးပေးခဲ့လို့လည်း ကျွန်မ ခုလို ရပ်တည်ခွင့်ရခဲ့တာပါ
ခုချိန်ထိလည်း မေမေတို့က သားသမီးတွေ ဘယ်နေရာလိုအပ်နေလဲ ဘယ်နေရာ ဖြည့်ဆည်းပေးရမလဲ အဆင်သင့်ဖြစ်နေကြတုန်း (ငွေ အားလိုသလောက်ဖြည့်ဆည်းမပေးနိုင်လို့မေမေတို့ စိတ်မကောင်းဖြစ်ကြတာလည်း သိပါတယ် လူအားနဲ့ ဖြည့်ဆည်းပေးတာကို ကျေးဇူးတင်လှပါပြီမေမေရယ်)
ဪ နောက်တစ်ခုက ကျွန်မ အလှကြိုက်တာလည်း မေမေ့တူတာပါရှင်
ခုချိန်ထိ အမြဲ လှအောင်နေဆဲ ကျွန်မမေမေပါ

နှစ်တွေ အကြာကြီး မေတ္တာတွေ ရရှိနေဖို့ ကျန်းကျန်းမာမာ နေပေးပါ မေမေ🥰

09/05/2026

အခု ဖြစ်နေတဲ့ hantavirus က စိုးရိမ်ရလား ???

07/05/2026

ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးပြီးကြပြီလား
ဒီနှစ်အတွက်
ထိုးလို့ရနေပြီနော်

05/05/2026

အရမ်းပူတဲ့အချိန်မှာ ဘာတွေ သတိထားရမလဲ ?
ဝမ်းလျှောတဲ့ အချိန်မှာလည်း ဘာတွေ လိုက်နာရမလဲ ?

သတိမထားမိဘဲ ပြုမူမိလိုက်တာက အသက်
အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တာကြောင့် လိုက်နာသင့်တာလေးတွေကို ရွေးချယ် ပြောပြပေးထားပါတယ်

04/05/2026

ဘာကြောင့်လဲ?

Photos from Pwint Phyu Win - Pharmacist's post 03/05/2026

ဒီနေ့မှာတော့ .... ပိတောက်ပန်းတွေ အများကြီးပွင့်တာ
ဘယ်နေရာတွေရော ပွင့်ကြသေးလဲရှင့်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

http://www.youtube.com/@pwintphyuwin-pharmacist6222, https://www.ti

Address

Yangon
02301