Beauty By Nami

Beauty By Nami

Share

Nami Cosmetic

08/09/2022

☀☀ နေလောင်ခံအသားအရေအတွက် ရှားစောင်းလက်ပပ်ကို ဘယ်လိုသုံးမလဲ

နေလောင်ခံရတယ်ဆိုတာ ဒီဘက်ခေတ်မှာ သိပ်ပြီးဆန်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အိုဇုန်းလွှာတွေ ပျက်စီးလာတာနဲ့အမျှ ကမ္ဘာကြီးက တဖြည်းဖြည်း ပူနွေးလာသလို ခရမ်းလွန်ရောင်ခြည်တွေဟာလည်း လေထုကနေတစ်ဆင့် လူ့အသားအရေပေါ်ကို ထိတွေ့မိပြီး ခရမ်းလွန်ဓာတ်ရောင်ခြည်သင့်တဲ့ လက္ခဏာတွေ ဖြစ်လာပါတယ်။ နေလောင်ခံရတယ်ဆိုတာ ဒီခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုရဲ့ အသက်သာဆုံးသော အပေါ်ယံ လက္ခဏာတစ်ခုပါ။

☀နေလောင်ခံရတာ စိတ်ပူစရာလိုလား။
စိတ်ပူဖို့မလိုဘူးဆိုတိုင်း ပစ်ထားလို့ရတဲ့ ပြဿနာတစ်ခုတော့ မဟုတ်ပါဘူး။ နေလောင်ဒဏ်ကြောင့် အသားအရေဆဲလ်တွေ ပျက်စီးသွားသလို ဆဲလ်အသစ်တွေ ထုတ်လုပ်နှုန်း နှေးကွေးသွားတဲ့အတွက် အသားအရေမှာ

မွဲခြောက်လာမယ်
အိုမင်းရင့်ရော်လာမယ်
ကြမ်းတမ်းလာမယ်
အကြေးခွံတွေ ထလာမယ်
အရောင်မှိန်လာမယ်
အရေးအကြောင်းတွေ ထင်လာမယ်
ပျက်စီးဖို့ လွယ်ကူလာမှာပါ။
ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ အရေပြားရောဂါတွေ၊ မှိုစွဲတာ၊ အသားအရေ ပျက်စီးသွားတာ၊ အရေပြားကင်ဆာအထိပါ ဖြစ်နိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။

ဘာကြောင့် ရှားစောင်းလက်ပပ်ကို နေလောင်ခံအသားအရေ ကုသတဲ့နေရာမှာ အသုံးများတာလဲ။

ရှားစောင်းလက်ပပ်ကို အသားအရေအတွက် နတ်ဆေးတစ်ပါးလို့တောင် ခေါ်စမှတ်ပြုကြပါတယ်။ အဓိက အကြောင်းရင်းကတော့

၁။ အစိုဓာတ်နဲ့ ရေဓာတ်ဖြည့်ပေးခြင်း

၂။ အရေပြားအတွက် လိုအပ်တဲ့ အာဟာရများ ဖြည့်ပေးနိုင်ခြင်းနဲ့

၃။ ဒဏ်ရာ၊ အမာရွတ်တွေကို သက်သာစေပြီး ရောဂါပိုးမဝင်အောင် ကာကွယ်ပေးနိုင်တဲ့ အာနိသင်တွေကြောင့်ပါပဲ။

ဘေးထွက်ဆိုးကျိုးလည်း မရှိသလောက်နည်းသလို ဘယ်လိုအသားအရေမျိုးမဆို သုံးလို့ရတဲ့အတွက် အလွယ်တကူလည်း ရ၊ ငွေကုန်ကြေးကျလည်း မများတဲ့ ရှားစောင်းလက်ပပ်ကို အသုံးများလာပါတယ်။

💞💞💞နေလောင်ခံရတဲ့ အသားအရေအတွက် ရှားစောင်းလက်ပပ်ကို အသုံးပြုနည်း 💞💞💞

၁။ ရှားစောင်းလက်ပပ်ကို ထက်ခြမ်းခြမ်းလိုက်တဲ့အခါ အလယ်မှာ စေးကပ်တဲ့ အဖြူရောင်ဂျယ်လ်တွေကို တွေ့ရမှာပါ။ ဒီဂျယ်လ်တွေကို ဇွန်းနဲ့ ခြစ်ပြီး နေလောင်ခံရတဲ့ အသားအရေပေါ်မှာ သုတ်လိမ်းပေးခြင်းဖြင့် အရောင်ကျစေပြီး အသားကို အေးသွားစေပါတယ်။

၂။ ဂျယ်လ်ကို မခြစ်ဘဲ အရွက်ကို ဒီအတိုင်းထက်ခြမ်းခြမ်းပြီး အရေပြားပေါ်မှာ ကပ်ထားပေးခြင်းဖြင့်လည်း နေလောင်ထားတဲ့ အပူရှိန်ကို အရွက်က စုပ်ယူပေးပြီး အသားကို အေးမြစေပါတယ်။ ပြီးသွားရင်တော့ အရွက်ကို ဖယ်ပြီး သေချာရေပြန်ဆေးပေးရုံပါပဲ။

၃။ သဘာဝမဟုတ်ပေမဲ့ ရှားစောင်းလက်ပပ်ပါဝင်တဲ့ ရေချိုးဆပ်ပြာများကို အသုံးပြုခြင်းဖြင့်လည်း တူညီတဲ့ အာနိသင်ကို ပေးစွမ်းနိုင်ပါတယ်။ အဓိက နေလောင်ခံရပြီးတာနဲ့ အသားအေးအောင် ခဏစောင့်ပြီးမှ ရေချိုးပေးတာ ပိုကောင်းပါတယ်။

၄။ ရေချိုးပြီးသွားတဲ့အခါ ရှားစောင်းလက်ပပ်ပါဝင်တဲ့ လိုးရှင်း၊ အစိုဓာတ်ထိန်းခရင်မ်များကို လိမ်းပေးခြင်းဖြင့်လည်း ကိုယ့်ရဲ့ အရေပြားအတွက် ခမ်းခြောက်သွားတဲ့ အစိုဓာတ်နဲ့ အာဟာရဓာတ်တွေကို ပြန်ပြီး ဖြည့်ပေးရာရောက်ပါတယ်။

၅။ ရှားစောင်းလက်ပပ် ပါဝင်တဲ့ အအေး၊ ဖျော်ရည်များကို သောက်ပေးလို့လည်း ရပါတယ်။ အအေးတွေကို ရွေးချယ်တဲ့အခါ သကြားဓာတ် ပါဝင်မှုနည်းတဲ့ တံဆိပ်ကိုသာ ရွေးချယ်ဖို့တော့ လိုမယ်နော်။

ရှားစောင်းလက်ပပ်ကို နေ့စဉ်ပုံမှန်လိမ်းပေးခြင်းဖြင့် နေလောင်ခံရခြင်းကြောင့် ပျက်စီးကြမ်းတမ်းသွားတဲ့၊ အရောင်မှိန်သွားတဲ့ အသားအရေကို ဖြူစင်ဝင်းပလာစေပြီး ကြည်လင်လာစေနိုင်ပါတယ်။ ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေကိုလည်း ဖယ်ရှားပေးတဲ့အတွက် အရေပြားဆဲလ်အသစ် ထုတ်လုပ်နှုန်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

ဒါဆို အိမ်မှာနေရတုန်းလေး ကိုယ့်ရဲ့ နေလောင်ခံရပြီး ပျက်စီးနေတဲ့ အသားအရေကို ရှားစောင်းလက်ပပ်လေးနဲ့ ပြန်လည်ကုစားလိုက်ရအောင်နော်။

06/09/2022

လက်ကား 12ဘူးအော်ဒါလေးရ 💰💰💰

၇ရက်သားသမီးအားလုံး စီးပွားရေးအဆင်ပြေကြပါစေရှင့်😍😍😍

Photos from Beauty By Nami's post 06/09/2022

သူများတွေ သုံးကြည့်ပြီး ကြိုက်လို့ ထပ်မှာကုန်ပြီ

Suncreamတစ်ထပ် ~~~မိတ်ကပ်တစ်ထပ် မလိမ်းချင်ရင် ဒါလေးအိုကေတယ်......❤

3500 ကျပ်

Photos from Beauty By Nami's post 05/09/2022

Suncream တစ်ထပ် မိတ်ကပ်တစ်ထပ် မလိမ်းချင်တဲ့သူတွေ ရှိကိုရှိတယ်

အဆင့်ဆင့်လိမ်းရတာ အချိန်ကုန်လို့လား ပိုက်ဆံကုန်လို့လား.....စိတ်မပူပါနဲ့

တစ်ထုပ်ထဲနဲ့ အဆင်ပြေ ထိမိဂွိ ဖြစ်အောင်

Fullcover လေးသုံးကြည့်

3500 ကျပ်

Photos from Beauty By Nami's post 04/09/2022

အကြောင်းမဲ့ သက်သက် ဘယ်သူက မဲချင်မှာလဲ.....

နေထိလို့ မဲတာလား~~~လေထိလို့ မဲတာလား

နဂိုထဲက မဲတာလား ~~~~ စိတ်ပူစရာမလိုပါဘူး....

7000 ကျပ်ထဲနဲ့ ဖြူနိုင်ပြီနော်.......❤

03/09/2022

Suncream မရှိတော့ဘူးဆိုမှ
အမှာတွေက တက်နေ🔥🔥🔥

10500 💰💰💰

၇ရက်သားသမီးအားလုံး စီးပွားရေးအဆင်ပြေကြပါစေရှင့်😘😘😘

Photos from Beauty By Nami's post 03/09/2022

👉အသားရောင်မညီမညာဖြစ်ပြီး ရေဓါတ်လည်း ခမ်းခြောက်နေပြီဆိုရင်

နှစ်ထုပ်ပေါင်းမှ 7000 ကျပ်ထဲနဲ့ ဖြေရှင်းလို့ရပြီနော်

03/09/2022

ဈေးဦး‌ပေါက်လေး14000💰💰💰

၇ရက်သားသမီးအားလုံး စီးပွားရေးအဆင်ပြေကြပါစေရှင့်😘😘😘

02/09/2022

မျက်နှာလေး Glow ချင်တာ အိပ်မက်တစ်ခုဆိုရင်

7000 ကျပ်ထဲနဲ့အကောင်အထည်ဖော်လို့ရပြီ......❤

Photos from Beauty By Nami's post 02/09/2022

၇ ရက်သားသမီးအားလုံး ထမင်းရှင်အားလုံး အလုပ်အကိုင်အဆင်ပြေကြပါစေရှင့်😍😍😍

66000 💰💰💰

Category

Telephone

Website

Address

Yangon

Alerts

Be the first to know and let us send you an email when Beauty By Nami posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.