Tyron 's Talking Therapy
Coaching /Guidance & Counseling /
Psychosocial Supports
11/05/2026
...............
လူအများစုလည်း ဤသို့ ဖြစ်ဖူးကြသည်။ ငါအကောင်းလုပ်တာကို အကောင်းမပြောဘူး။
'ငါ ဒီလောက်လုပ်ပေးတာကို အကောင်းမမြင်ဘူး' စသဖြင့် ခံစားလာရသည်။ တကယ်တော့ ထို့သို့ ဖြစ်သည်မှာ ကိုယ့်အတ္တကြောင့်ပါ။
ကိုယ်လုပ်ခဲ့သည့် ကောင်းသည့်အရာတွေကို ကိုယ်တိုင် မုဒိတာမပွားနိုင်ခြင်းကြောင့်ပါ။
ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး ကိုယ့်ပီတိကိုယ် မဖြစ်နိုင်လျှင် ဘယ်လောက်ကောင်းတာတွေလုပ်လုပ် ပြည့်ဝသော ပျော်ရွှင်မှုကို မရနိုင်ပါဘူး။......
-နန္ဒာစာရ
"အခြေခံဗုဒ္ဓစိတ်ကုထုံးများ" စာအုပ်မှ...
Tyron 's Talking Therapy
10/05/2026
"မိခင်တစ်ယောက်ဟာ ရေလိုပဲ စီးဆင်းရှင်သန်တတ်သူပါ။
သူဟာ မကျိုးမပဲ့ဘဲ ကွေးညွှတ်နိုင်တယ်၊ မိမိကိုယ်ကိုမပျောက်ပျက်စေဘဲ ဝန်းကျင်နဲ့အညီ ပြောင်းလဲနေထိုင်နိုင်တယ်၊ ပြီးတော့ နှစ်ခြိုက်စွာအိပ်ပျော်နေချိန်မှာတောင် တခြားကမ္ဘာတစ်ခုလောက်ဝေးတဲ့နေရာကနေ ခပ်တိုးတိုးခေါ်လိုက်တဲ့ 'မေမေ' ဆိုတဲ့ အသံလေးကို ကြားနိုင်စွမ်းရှိသူလည်း ဖြစ်ပါတယ်။"
's Day
Tyron 's Talking Therapy
09/05/2026
အကြောင်းအရာကိစ္စတွေကို
အရာအားလုံး ကိုယ့်အကြောင်း ကိုယ့်အရာလို့သတ်မှတ်ပြီး
ကိုယ်ရေးကိုယ်တာလို့ သတ်မှတ်ပြီး
စိတ်ပင်ပန်း အင်အားကုန်ခမ်း နေရတုန်းလား
ဒါလေးတွေ ဖတ်ကြည့် လုပ်ကြည့်လို့ရတယ်နော်...
Tyron 's Talking Therapy
03/05/2026
"သ တ်သေတဲ့သူတွေအများစုက တကယ်မ ေ သချင်ကြဘူး။ သူတို့က အသက်ဆက်မရှင်ချင်ကြရုံပဲ တဲ့။တနေ့က ငါ website တခုက ဆောင်းပါးတပုဒ်မှာ ဖတ်လိုက်မိတာ"
မိုးအုံ့နေတဲ့တစ်ရက်မှာ ကျနော်တို့ ဆူဆိုက်အကြောင်းပြောဖြစ်ခဲ့ကြတယ်။ လေကငြိမ်ငြိမ်၊ သစ်ပင်တွေနဲ့တိမ်တွေကငြိမ်ငြိမ်၊ အုံ့မှိုင်းနေတာကလွဲလို့ အိုက်စက်စက် ရာသီဥတုမြာ ကျနော်တို့လည်းငြိမ်ငြိမ်လေး စကားပြောနေကြတာ အကောင်းဆုံးကိုး။ဒီစကားဝိုင်းကို သူက " လူတွေဘာကြောင့် သတ်သေကြတာလဲ " ဆိုတဲ့ မေးခွန်းနဲ့ အစပြုခဲ့ခြင်းပါ။
"သတ်သေတဲ့သူတွေအများစုက တကယ်မသေချင်ကြဘူး။ သူတို့က အသက်ဆက်မရှင်ချင်ကြရုံပဲ တဲ့။တနေ့က ငါ website တခုက ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်မိတာ"
"ဘာကွာလို့လဲ အဲ့နှစ်ခုက " မျက်မှောင်ကြုံ့ရင်း သူက မေးလာတယ်။
"ကြာသေပါ့။လူဟာ ကိုယ့်ကိုယ်ကိုအချစ်ဆုံးတဲ့။ ကိုယ့်အသက်ကလေး ဆုံးရှုံးရမှာကို အရာအားလုံးထက် ကြောက်ကြတာချည်းပဲ။ မမြင်နိုင်တဲ့နေရာတစ်ခုမှာ အေးချမ်းမှုလေးရှိနေမယ်ဆိုတဲ့ စိတ်နဲ့ အချစ်ဆုံးဆိုတဲ့အရာကို သတ္ပစ္တယ်ဆိုတာ တော်တော်ကြောက်ဖို့ကောင်းတဲ့ အခြေအနေတစ်ခုပဲ။သူတို့ဘယ်သေချင်ကြပါ့မလဲ။ဒါပေမယ့် သူတို့စိတ်မှာ အသက်ဆက်ရှင်နေသရွေ့ မအေးချမ်းပါလားဆိုတာကြီး ရှိနေတော့လည်း သူတို့မှန်တယ်ထင်တဲ့လမ်းကို ရွေးလိုက်ကြတာပဲ "
သူက ငြိမ်ပြီးနားထောင်နေလို့ ကျနော်ပဲ ဆက်ပြောဖြစ်ပါတယ်။
"ငါစစချင်း သတ်သေတယ်ဆိုတာကိုတွေ့ဖူးတာ အသက်ကိုးနှစ်က။ငါတို့လမ်းနားမှာ မုန့်ဖတ်ရောင်းတဲ့ အိမ်တစ်အိမ်ရှိတယ်။အဲ့အိမ်မှာ အဘိုးကြီးတစ်ယောက်ရှိတယ်။ အဘိုးကြီးက ငယ်ငယ္က မိသားစုအပေါ် တော်တော်ကြီးဆိုးခဲ့လွန်းတော့ ခုကျွေးထားရတဲ့သားသမီးတွေက သူ့မိန်းမ(သူတိ့ုအေမ) သေတာနဲ့ အိမ်ပေါ်ကနှင်ချမယ်လို့ကို လုပ်နေတာ။တစ်ရက်တော့ ရုတ်တရက်ကြီး အဘိုးကြီးက ဇွဲကြိုးချသေသွားလေရဲ့။ငါက အကြောက်အလန့်မရှိ သူအိမ်နောက်ဖေးမှာ သေနေတာကိုသွားကြည့်ခဲ့တာ။တစ်လမ်းလုံး အထူးအဆန်းလိုလာကြည့်ကြတာဆိုပေမယ့် ခုထက္ထိ သူ့မျက်နှာကြီးမြင်ယောင်မိတုန်းပဲ။အဲ့တုန်းကတော့ သရဲကိုပဲ ကြောက်သလိုလိုနဲ့ ဆူဆိုက္ဆိုတာကို ကြောက်စရာပါလားလို့ထင်သွားတာပဲ"
"ဟင်။အေးလေ။ကြောက်စရာမဟုတ်လို့လား"
"ဆောရီး။ငါစကားပြောတာလောသွားတယ်။ အင်း ဆူဆိုက္က်ကကြောက်စရာလေ။ဒါပေမယ့် စိတ်ဓာတ်ကျနေတာက ပိုကြောက်ဖို့ကောင်းတယ်။ဆူဆိုက်အပါအဝင် အရာအားလုံးကိုတွန်းပို့နိုင်တာမို့။ငါပြောချင်တာ သိတယ်မှတ်လား။ ငါဆက်ပြောဦးမယ်။
ခုနက ငါပြောတဲ့အဘိုးကြီးကိုပဲ ကြည့်ကွာ။သူဘာလို့သတ်သေလဲဆိုရင် သားသမီးတွေမကြည်တဲ့အိမ်မှာ ဆင်းဆင်းရဲရဲနေရတာ စိတ်ညစ်လို့။ဒါပေမယ့် သားသမီးတွေက ဘာလို့မကြည်လဲဆိုတာကိုကြည့်ရင်လည်း သူဆိုးခဲ့လို့၊အားလုံးကအကြောင်းရှိလို့ အကျိုးဆက်ဖြစ်နေတာ။ ဥပမာနောက်တစ်ခု။ ကြွေးတွေပူလွန်းလို့ သတ်သေတဲ့သူ။သူဆိုရင်ရော ဒီအထိဖြစ်လာအောင် သူယူခဲ့တဲ့ကြွေးတွေက စိတ်ကိုဆွဲနှစ်သွားတာပဲ။ဆိုတော့ ခု သူတို့အကြောင်းမေ့လိုက်။သူတို့ဘာတွေလုပ်ခဲ့လုပ်ခဲ့ ငါ့ကိစ္စမဟုတ်ဖူး။ငါပြောချင်တာက စိတ်ဒဏ်ရာရဲ့အကျဉ်းအကျယ်အကြောင်းပဲ။
လူတိုင်းမှာ စိတ်ဒဏ်ရာရှိနေကြတာချည်းပဲကွာ။ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် အတိမ်အနက်မတူဘူး။ဘဝအတွေ့အကြုံနဲ့ ဖြတ်သန်းမှုအရလည်း အဲ့အတိမ်အနက်ပေါ် မြင်တဲ့အမြင်မတူဘူး။ ၁၄နှစ်အရွယ်ကောင်မလေးတစ်ယောက်ဟာ သူ့ဘဲက ပစ်သွားလို့ သတ်သေဖို့ကြိုးစားတယ်ဆိုပါတော့။ငါတို့ကို လာပြောရင် ငါတို့က အေမလး တကယ့် စောက်ရူးမလေးလို့ပြောမှာပေါ့။ဒါအသေအချာပဲ။အဲ ငါတို့အရွယ်လူတစ်ယောက် ကျောင်းစရ်ိတ်တွေမတက်နိုင်လို့ သတ်သေသွားတဲ့အကြောင်းကို လူကြီးတစ်ယောက်က မြင်ရင်လည်း မိုက်လိုက်တဲ့ကလေး၊ ဘဝျမာ တခြားကိစ္စတွေရှိပါသေးတယ်ကွ လို့ထင်မှာပဲရယ်။ အဲ့လိုပဲလေ။ ဒဏ်ရာရဲ့ အတိမ်အနက်တွေအကြောင်းကို ဘယ်ဆရာကြီးကမှ လိုက် judge မနေသင့်ဘူး။ကိုယ်ခံစားရတဲ့အကြောင်း ကိုယ်ပဲသိတာကိုး။ဆိုတော့ ကိုယ်ချင်းစာပေးသင့်တယ်။နားလည်စရာတွေ ပြောပြပေးသင့်တယ်။တစ်ယောက်ယောက်သိသိသာသာစိတ်ဓာတ်ကျနေပြီဆို ဆိုးဆိုးရွားရွားတွေ မလုပ်မိအောင် အတူရှိပေးသင့်တယ်"
သူက စာရေးစားပွဲကို တတောက်တောက်ခေါက်နေတယ်။ ပြီးမှ သူပြောတယ်။
"လူတွေဟာ သူတို့ရင်ဘတ်ကိုဖွင့်ထုတ်လိုက်ရင် ဘာဖြစ်သွားမလဲလို့ ဇာတ်ကောင်တစ်ကောင်ကမေးတယ်။နောက်တစ်ယောက်က ဖြေတယ်။ သူတို့ပိုကောင်းသွားတာပေါ့တဲ့။ ဘယျဝတ္ထုထဲကလဲတော့ မသိ။ ငါအဲ့စာသားကို သဘောကျတယ်ရယ်"
"အင်း။ဟုတ်တယ်။စိတ်ဓာတ်ကျတဲ့အချိန်မှာ စကားပြောဖို့လိုတယ်။တစ်ယောက်တည်းအချိန်တွေမှာ ညတွေကပိုမှောင်တယ်။နာရီသံကပိုကျယ်တယ်။အတွေးတွေက ပိုရျုပ်တယ်။တစ်ခုခုအရမ်းခံစားနေရပြီဆိုရင် တစ်ယောက်ယောက်ကို တိုင်ပင်သင့်တယ်။ ငါဆို တခုခုချရေးလိုက်တိုင်း အမြဲသက်သာသွားတတ်တယ်။ တိုင်ပင်တဲ့သူဆီက ဘာအကြံဉာဏ်မှမရရင်တောင် ပြောလိုက်ရတာနဲ့ပဲ နည်းနည်းလေးတော့ သက်သာသွားတယ်။Linking park သီချင်းစာသားရှိတယ်။ ငါတို့ကိုမသတ်နိုင်တဲ့အရာအားလုံးက ငါတို့ကိုသန်မာစေခဲ့တာပဲတဲ့။ကမ်ဘာကြီးမှာ မရောက်ဖူးသေးတဲ့နေရာတွေ၊ မစားဖူးသေးတဲ့ အစားအသောက်တွေနဲ့ မကြုံဖူးသေးတဲ့ပျော်စရာတွေက ငါတို့ဒီတောင်တွေကိုကျော်နိုင်ခဲ့ရင် ဆုလာဘ်အဖြစ်စောင့်နေကြမှာ။ဘဝရှိနေသရွေ့ အားလုံးဖြစ်နိုင်သေးတယ်။ While there's life , there's hope ။ဘဝရှိနေသရွေ့ မျှော်လင့်ချက်လေးတွေ ကြယ်တွေလိုလင်းနေနိုင်ပါတယ်။
တကယ်တော့ တစ်ယောက်ယောက်က ငါတစ်နေရာရာကိုထွက်သွားချင်နေပြီ။ငါသေပလိုက်ချင်နေပြီလို့ပြောလာတာဟာ အတန်းရှင်းယူနေတာမဟုတ်ဘူးရယ်။အဲ ဒီကိစ္စနဲ့မှ အတန်းရှင်းယူနေရတယ်ဆိုရင်လည်း သူ့ဘဝကဘယ်လောက်အထီးကျန်ပြီး အဖက်လုပ်မခံနေရလည်း ဆိုတာတွေးကြည့်လို့ရပါတယ်။သူတို့က သူတို့အသက်ဗူးလေးကိုကိုင်ပြီး ငါဒါကိုပစ်ချလိုက်မှာနော်၊ ငါလုပ်လိုက်မှာနော်လို့ ခြိမ်းခြောက်ချင်တာမဟုတ်ပါဘူး။ငါ့ကို ဒီစိတ်ဒုက္ခတွေထဲက တတ်နိုင်သလောက်ဆွဲထုတ်ပေးကြပါလို့ ပြောချင်ကြတာ။ဒါမှမဟုတ်လည်း စိတ်သက်သာစေမယ့် ဂါထာလို့ သဘောထားပြီး ရွတ်ဖတ်နေခဲ့ကြတာ။သူတို့ရဲ့ အော်သံတွေဖြစ်နေမှန်း သူတို့ကိုယ်တိုင်တောင် သိချင်မှသိမယ်။ကြောက်စရာအော်သံတွေပဲ။
ဆူဆိုက်နဲ့ပတ်သတ်လို့ သရုပ်ဖော်ပုံတစ်ပုံတွေ့ဖူးတယ်။ သတ်သေခါနီးလူတစ်ယောက်က ကြိုးကွင်းရှေ့မတ်တပ်ရပ်နေတယ်။ ကြိုးကွင်းအပြင်ဘက်နေရာအားလုံးက မှောင်မဲလို့။ကြိုးကွင်းကနေ သူမြင်နေရတာကကျ မြက်ခင်းစိမ်းလေးရယ်၊ အိမ်လေးတစ်လုံးရယ်၊ ယုန်လေးတစ်ကောင်ရယ်တဲ့။ သူတို့လိုချင်တာက ဒါပါပဲ။ငြိမ်းချမ်းသော နေရာတစ်ခု။အဲ့ဒီနေရာကို ဒီလိုလုပ်မှပဲ ရတော့မယ်လို့ သူတို့ထင်နေခဲ့ကြတာ။တခြားနည်းလမ်းတွေရှိကြောင်းလည်း ပြောပြမယ့်သူမရှိခဲ့ကြလို့လားပေါ့လေ။ တကယ်လို့ အရမ်းစိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ကို နင်က စောက်ပိုလို့ထင်နေခဲ့ရင်တောင် ဘာမှမပြောပါနဲ့။ရှောင်နေလိုက်ပါ။ရေနစ်သူဝါးကူထိုးတာ လူမဆန်ဘူးလေ။ "
"ဆူဆိုက်တာ ဘဝကိုအရှုံးပေးတာလား။ဘဝကိုအနိုင်ပိုင်းတာလား"
"အနိုင်ပိုင်းတယ်ဆိုတာ ဘဝမှာ တခုခုနိုင်နေခဲ့မှရမှာ။အနိုင်ဆိုတာကရော ဘယ်လိုသတ်မှတ်တာတဲ့လဲ။ ပရိသတ်သန်းချီရှိတဲ့အဆိုတော်တယောက်က သတ်သေသွားခဲ့ရင် အနိုင်ပိုင်းတယ်လို့ပြောမလား။ဟင့်အင်း အဲ့လိုပြောလို့မရဘူး။သူသတ်သေရတာဟာ ငယ်ငယ်ကရခဲ့တဲ့ ရှက်စရာကြောက်စရာ စိတ်ဒဏ်ရာကြီးက သူ့ကိုအရိပ်လို လိုက်နေလို့လည်း ဖြစ်နိုင်တာပဲလေ။တခြားအရာတွေ၊မိသားစုတွေရှိသေးတာပဲလို့လည်း ပြောလို့မရ။စိတ်ဓာတ်ကျနေသူတွေဟာ စာရွက်ပေါ်က အမဲစက်လေးကိုပဲ မြင်တတ်ကြသူတွေပဲ။သူတို့ရဲ့အမဲစက်ဟာ အမဲရောင်အရိပ်ကြီးတစ်ခုလိုဖြစ်နေခဲ့ကြတာ။ ငါတို့ကိုယ်ချင်းစာပေးနိုင်ဖို့လိုတယ်။သူဟာ ရုပ်ရှင်တွေထဲမှာ မပြောရင်သတ်ပစ်မယ်လို့ခြိမ်းခြောက်ခံနေရတဲ့သူတစ်ယောက်လို မမြင်ရတဲ့စိတ်ဒုက္ခတွေက သူ့ကိုသေအောင်ခြိမ်းခြောက်နေခဲ့ကြတာရယ်။ဆူဆိုက်ဟာ အရှုံးရော အနိုင်ရောမဟုတ်ပါဘူး။ခိုကိုးရာမဲ့နေတယ်လို့ ခံစားနေရတဲ့လူတစ်ယောက် သူ့အသက်ဘူးလေးကို လွှတ်ချပြီး လူအျဖစ္ကေန ကြောက်လန့်တကြား ငိုကြွေးပြေးထွက်သွားခြင်းမျိုးပါ။"
နှစ်ယောက်လုံးစကားသံတွေတိတ်ဆိတ်။
လေတွေငြိမ်နေတုန်းပဲ။ကျနော်တို့စကားပြောနေတုန်း ဘယ်နှစ်ယောက်များ ဆူဆိုက်နေကြမလဲ စဉ်းစားနေမိခဲ့တယ်။
-ဆပ်ရိပ်
၂၁.၅.၁၉
Tyron 's Talking Therapy
01/05/2026
မေလ အစကနေပြီး
ရွတ်ဆို နှလုံးသွင်းပြီး
လက်တွေ့အဖြစ်ဆောင်ရွက်မယ်ဆိုရင်
စိတ်အေးချမ်းတည်ငြိမ်ဖို့များစွာအထောက်အကူဖြစ်စေပါမယ်။
#ငါထိန်းချုပ်နိုင်စွမ်းမရှိတာတွေအားလုံးလက်လွှတ်အလျှော့ပေးထားလိုက်တယ်
Tyron 's Talking Therapy
30/04/2026
#မေလမတိုင်ခင် ၁ ရက်အလို။
#မနက်ဖြန်ဆိုမေလရောက်ပြီ
ဒီ ၅ ရက်ကို ကျနော် ဘယ်လိုအသုံးပြုမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
စိတ်ဝင်စားရင်တူတူ ဆက်လုပ်လိုက်ကြရအောင်...
မေလအတွက် (၅) ရက်တာ ပြင်ဆင်မှု အစီအစဉ်
နေ့ (၅) — ဧပြီလမှာ လုပ်ဖို့ စိတ်ကူးထားပေမယ့် မလုပ်ဖြစ်ခဲ့တာတွေကို ချရေးပါ။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့၊ ရိုးသားစွာပဲ ချရေးလိုက်ပါ။
နေ့ (၄) — အဲ့ဒီစာရင်းထဲက မေလမှာသာ လုပ်ဖြစ်ရင် အရာအားလုံးကို ပြောင်းလဲသွားစေနိုင်မယ့် အရာတစ်ခုကို ဝိုင်းပြလိုက်ပါ။
နေ့ (၃) — လမ်းကြောင်းရှင်းပါ။ ဖုန်းထဲက မလိုအပ်တဲ့ App တွေကို ဖျက်ပါ။ စားပွဲခုံကို ရှင်းပါ။ စိတ်ထဲမှာ လေးလံနေအောင် တွဲလောင်းဖြစ်နေတဲ့ အလုပ်တစ်ခုကို အပြီးသတ်လိုက်ပါ။
နေ့ (၂) — မေလ ပထမပတ်အတွက် အဓိကဦးစားပေး (၃) ခုကို ရွေးပြီး ချရေးပါ။ ဒါက သင့်ရဲ့ အစပျိုးချက် (Launchpad) ပဲ။
နေ့ (၁) — ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ -
"ငါ အဆိုးရွားဆုံးနေ့မျိုးကို ကြုံရရင်တောင် ဘာကိုတော့ ဆက်လုပ်နိုင်သေးလဲ?" အဲ့ဒါကတော့ သင် မဖြစ်မနေလုပ်ရမယ့် (Non-negotiable) အလုပ်ပဲ။
မနက်ဖြန်ဆို မေလရောက်ပါပြီ။
သင် အဆင်သင့်ဖြစ်နေပါပြီ။
Tyron 's Talking Therapy
30/04/2026
#မေလမတိုင်ခင် ၁ ရက်အလို။
#ဆက်လိုက်ကြစို့

နောက်နေ့ဆို မေလရောက်ပါပြီ။
သင် အဆင်သင့်ဖြစ်နေပါပြီ။
မေလကို သင် ဘယ်လိုမျိုး သတ်မှတ်ပြီး ဖြတ်သန်းချင်ပါသလဲ...
အတူတူ လိုက်လုပ််မယ် ဒီလကိုကုန်ဆုံးပြီး မေလကိုအရောက်သွားကြမယ်ဆိုရင် ကွန်းမန့်မှာ လို့ ရေးထားလို့ရပါတယ် ...☺
Tyron 's Talking Therapy
30/04/2026
#ကဆုန်လပြည့်နေ့(ညောင်ရေသွန်းပူဇော်ခြင်း)နဲ့ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာကြည်လင်အေးချမ်းစေဖို့ရာ ပြုဖွယ်နဲ့အလေ့များ
ဗောဓိညောင်ပင်နှင့် ပတ်သက်သည့် အယူအဆ
မြတ်စွာဘုရားရှင်သည် ဗောဓိညောင်ပင်အောက်တွင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ခြင်းကို အစွဲပြုပြီး ညောင်ပင်ကို "ပရိဘောဂစေတီ" (မြတ်စွာဘုရား အသုံးပြုခဲ့သည့် အထိမ်းအမှတ်) အဖြစ် ပူဇော်ကြတာပါ။
ကဆုန်လမှာ ရေသွန်းရခြင်းဟာ နွေအပူကြောင့် ညောင်ပင်တွေ မသေစေဖို့ "ရှင်သန်ခြင်း" ကို အားပေးတဲ့ သဘောလည်း ဆောင်ပါတယ်။
မိမိတို့ရဲ့ စိတ်နှလုံးကိုလည်း ဒေါသအပူတွေ ငြိမ်းပြီး ဗောဓိညောင်ပင်လို အေးမြလန်းဆန်းနေစေဖို့ ရည်ရွယ်ပါတယ်။
ပိုမိုလေးနက်သော ကျင့်ကြံမှု အဖြစ်
ညောင်ရေသွန်းတာ၊ ပန်းတင်တာတွေက
(ပစ္စည်းဖြင့် ပူဇော်ခြင်း) ဖြစ်ပါတယ်။
မြတ်စွာဘုရား အလိုရှိဆုံး ပူဇော်ခြင်းကတော့ မိမိတို့ရဲ့ ကိုယ်ကျင့်တရားကို ထိန်းသိမ်းတဲ့ (ကျင့်ကြံခြင်းဖြင့် ပူဇော်ခြင်း) ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့မှာ -
မေတ္တာဘာဝနာ ပွားများခြင်း၊
သူတစ်ပါးအပေါ် သည်းခံခွင့်လွှတ်ခြင်း၊
မိမိစိတ်ကို ဖြူစင်အောင် ထားခြင်းတို့က အမွန်မြတ်ဆုံးသော ကုသိုလ်တွေ ဖြစ်ပါတယ်။
Tyron 's Talking Therapy
29/04/2026
#မေလမတိုင်ခင် ၂ ရက်အလို။
#ဆက်လိုက်ကြစို့
ဒီ ၅ ရက်ကို ကျနော် ဘယ်လိုအသုံးပြုမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
စိတ်ဝင်စားရင်တူတူ ဆက်လုပ်လိုက်ကြရအောင်...
မေလအတွက် (၅) ရက်တာ ပြင်ဆင်မှု အစီအစဉ်
နေ့ (၅) — ဧပြီလမှာ လုပ်ဖို့ စိတ်ကူးထားပေမယ့် မလုပ်ဖြစ်ခဲ့တာတွေကို ချရေးပါ။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့၊ ရိုးသားစွာပဲ ချရေးလိုက်ပါ။
နေ့ (၄) — အဲ့ဒီစာရင်းထဲက မေလမှာသာ လုပ်ဖြစ်ရင် အရာအားလုံးကို ပြောင်းလဲသွားစေနိုင်မယ့် အရာတစ်ခုကို ဝိုင်းပြလိုက်ပါ။
နေ့ (၃) — လမ်းကြောင်းရှင်းပါ။ ဖုန်းထဲက မလိုအပ်တဲ့ App တွေကို ဖျက်ပါ။ စားပွဲခုံကို ရှင်းပါ။ စိတ်ထဲမှာ လေးလံနေအောင် တွဲလောင်းဖြစ်နေတဲ့ အလုပ်တစ်ခုကို အပြီးသတ်လိုက်ပါ။
နေ့ (၂) — မေလ ပထမပတ်အတွက် အဓိကဦးစားပေး (၃) ခုကို ရွေးပြီး ချရေးပါ။ ဒါက သင့်ရဲ့ အစပျိုးချက် (Launchpad) ပဲ။
နေ့ (၁) — ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ -
"ငါ အဆိုးရွားဆုံးနေ့မျိုးကို ကြုံရရင်တောင် ဘာကိုတော့ ဆက်လုပ်နိုင်သေးလဲ?" အဲ့ဒါကတော့ သင် မဖြစ်မနေလုပ်ရမယ့် (Non-negotiable) အလုပ်ပဲ။
နောက်နေ့ဆို မေလရောက်ပါပြီ။
သင် အဆင်သင့်ဖြစ်နေပါပြီ။
မေလကို သင် ဘယ်လိုမျိုး သတ်မှတ်ပြီး ဖြတ်သန်းချင်ပါသလဲ...
အတူတူ လိုက်လုပ််မယ် ဒီလကိုကုန်ဆုံးပြီး မေလကိုအရောက်သွားကြမယ်ဆိုရင် ကွန်းမန့်မှာ လို့ ရေးထားလို့ရပါတယ် ...☺
Tyron 's Talking Therapy
28/04/2026
#မေလမတိုင်ခင် ၃ ရက်အလို။

မေလမတိုင်ခင် ၅ရက်အလို
အစီအစဥ်လေး join ပြီး လိုက်လုပ်ဖြစ်ကြလား
ခနနေ အတွက် အတူတူ ဆက်လုပ်ကြပါမယ်
Click here to claim your Sponsored Listing.