KKY Fashion & Cosmetic
Retail&Wholesale
* ဒေါသထွက်နေရင် ချက်ခြင်းမတုန့်ပြန်ပါနဲ့ အရင် သည်းခံပါ။
* လူတစ်ယောက်ကို ပြောင်းလဲဖို့ ဘယ်တော့မှ မကြိုးစားနဲ့။
* သူများတွေ သင့်ကို မကြိုက်တာနဲ့ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။
* ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စကို ခင်မင်မှု မေတ္တာနဲ့ မဖြေရှင်းပါနဲ့။
* စကားနည်းရင် ပြဿနာနည်းတယ်။
* လူငါးယောက်ထက် ပိုတဲ့ စကားဝိုင်းကို တတ်နိုင်သမျှ မသွားနဲ့။
* ငြင်းခုန်ချင်စိတ်ကို ထိန်းချုပ်ပြီး ၊ ချီးမွမ်းတတ်ဖို့နဲ့ ပါးစပ်ပိတ်နေတတ်ဖို့ သင်ယူပါ။
* လူမှုဆက်ဆံရေးမှာ ဘယ်သူနဲ့မှ အရမ်းကြီး မနီးစပ်စေနဲ့ ၊ အန္တရာယ် ရှိတယ်။
* သူများရဲ့ အမိုးဘယ်လောက်ပဲ ကြီးနေပါစေ ၊ ကိုယ့်လက်ထဲက ထီးတစ်လက်ဟာ ပိုကောင်းတယ်။
"OpenAI က GPT-5 ထွက်.. လူတွေအလုပ်ပြုတ်ကိန်းပိုသွက်... "
GPT-4 ထွက်ပြီး... ၂နှစ်ကျော်အကြာမှာ GPT-5 ထွက်လာပါပြီ..။
OpenAI CEO Sam Altman ကတော့.. AGI ဖက်ကို.. ပိုနီးစပ်လာပြီလို့ဆိုပါတယ်..။ AI ထက် G ဆိုတဲ့.. General တလုံးပိုနေတာတဲ့.. AGI ကတော့... နတ်ဉာဏ်စစ်စစ်..၊ လူသားလိုတာအကုန်ခိုင်းလို့ရတဲ့အခြေအနေဖြစ်လာမှာပါ...။
ခုကတော့.. ဒေါက်တာဘွဲ့ရ(Ph.D.-level expert.”)အဆင့်.. အကြံပေးအဖွဲ့.. ဘေးမှာငုတ်တုတ်ရှိနေသလိုအဆင့်.. သိချင်တာမေး.. အကုန်ဖြေပေးဖို့အသင့်..။
GPT-5 ကို မနေ့ကစပြီး Free, Plus, Pro နဲ့ Team အားလုံး စသုံးလို့ရနေတာပါတဲ့..။
‘Vibe Coding’ ခေါ်တဲ့.. ကိုယ်လိုချင်တဲ့.. စိတ်ခံစားမှုအတိုင်း... ပရိုဂရမ်တွေ.. ဝက်ဘ်ဆိုက်တွေ.. နောက်ဆုံး.. App အထိ.. လိုက်ရေးပေးနိုင်တာကလည်း.. အရမ်းပိုကောင်းလာ...။
မကြာခင်လပိုင်းတွေမှာ.. အောက်ကအလုပ်အကိုင်မျိုးတွေ.. တန်းစီပြုတ်ပါမယ်..။
၁) Interpreters and Translators ( ဘာသာပြန်အလုပ်များ)
၂) Historians (သမိုင်းဆရာများ)
၃) Passenger Attendants ( ခရီးသွားများကို.. ဝန်ဆောင်ပေးသူများ)
၄) Sales Representatives of Services (အရောင်းစာရေး/ဝန်ထမ်း)
၅) Writers and Authors (စာရေးဆရာများ)
၆) Customer Service Representatives ( ဧည့်သည်/ဖောက်သည်.... ဝန်ဆောင်ပေးသူများ)
၇) CNC Tool Programmers (စက်ကြီး/Machine ပရိုဂရမ်သမားများ)
၈) Telephone Operators (ဖုံးအော်ပရိတ်တာ)
၉) Ticket Agents and Travel Clerks ( လက်မှတ်အရောင်းကိုယ်စားလှယ်တွေ)
၁၀) Broadcast Announcers and Radio DJs ( သတင်းထုတ်လွှင့် ကြေညာသူ/ရေဒီယိုသီချင်းဒီဂျေသမား)
* အဲဒါတွေလုပ်မိရက်သားဖြစ်နေရင်.. တခြားအလုပ်အတွက်.. ခြေလှမ်းပြင်ထားပါ..။ ဒါနဲ့ဆိုင်တဲ့ဒီပလိုမာ/ကျောင်းတက်ဘွဲ့ယူမယ်.. တွေးထားရင်.. ပြင်ပြောင်းပါ..။
လူသားအချင်းချင်းတိုက်ရိုက်ထိတွေ့ပြီး.. စိတ်ပိုင်းဆိုင်ရာဆက်သွယ်သက်ဆိုင်မှုပါတဲ့အလုပ်တွေ/ပညာရေးတွေကိုသာ ရွေးပါ..။
ဘယ်အလုပ်တွေပြုတ်.. ဘယ်အလုပ်တွေကျန်မယ်ဆိုတာ.. မိုက်ခရိုဆော့ဖ် က.. Bing Copilot သုံးပြီး.. လူ၂သိန်းကနေ... စစ်တမ်းထုတ်ထားတာရှိတယ်..။
လူက ၂သိန်းသာပြထားတာ..။ မိုက်ကရိုဆော့ဖ်က.. ဝင်းဒိုစ်းအိုအက်စ်ပိုင်ရှင်မို့.. သူ့ဟာသုံးနေတဲ့.. လူဘီလီယံချီထဲက... ကြိုက်သလောက်နှိုက်ထုတ်ပေးလို့ရတယ်..။
ဆိုတော..
အခုက.. အဲဒါကိုမှီပြီး.. ပြုတ်နိုင်ချေအရှိဆုံးအလုပ်.. ၁၀ ခုထုတ်ပြထားတာပါ..။
ခြုံပြောရရင်တော့..AI တွေအဆင့်မြင့်လာတာနဲ့အမျှ... လူတွေအလုပ်ပြုတ်ကိန်း..ပိုပိုဆိုက်ကုန်လာပြီဖြစ်ကြောင်းပါ။
CRD #

ခြုံပြောရရင်တော့..AI တွေအဆင့်မြင့်လာတာနဲ့အမျှ... လူတွေအလုပ်ပြုတ်ကိန်း..ပိုပိုဆိုက်ကုန်လာပြီဖြစ်ကြောင်းပါ..။
Working with AI: Measuring the Occupational Implications of Generative AI - Microsoft Research Given the rapid adoption of generative AI and its potential to impact a wide range of tasks, understanding the effects of AI on the economy is one of society’s most important questions. In this work, we take a step toward that goal by analyzing the work activities people do with AI, how successful...
မြတ်စွာဘုရားရှင်_ဟောကြား_ဆုံးမတော်မူခဲ့သည့်_ #သူတော်ကောင်းလက္ခဏာ_၁၂ပါး_တို့မှာ
~~~~~~~~~~~~~~~~~~~~~~~~~~
၁။ စိတ်ရှည်ခြင်း၊
၂။ မကြွားဝါတတ်ခြင်း၊
၃။ ဒေါသ မလွန်ကဲခြင်း၊
၄။ အတ္တမာန်မာန မကြီးခြင်း၊
၅။ ကျေးဇူးတရား သိတတ်ခြင်း၊
၆။ ဂုဏ်တုဂုဏ်ပြိုင် မလုပ်ခြင်း၊
၇။ မိမိကိုယ်ကျိုး မကြည့်တတ်ခြင်း၊
၈။ သူတစ်ပါးအပြစ်ကို စိတ်မှတ် မထားခြင်း၊
၉။ အပြစ်မြင်လျှင် အပြစ်တင်ပြီး မပြောတတ်ခြင်း၊
၁၀။ မကောင်းမှုကို မနှစ်သက် မလိုလားခြင်း၊
၁၁။ ကုသိုလ်ကောင်းမှုကို ကြိုးပမ်း ရယူခြင်း၊
၁၂။ သည်းမခံနိူင်သည်အထိ သည်းခံနိုင်ခြင်း။
CRD.........ဦးမြင့်ခိုင်,, sai.myowin
#အသိပညာတိုးပွါးကြပါစေ
အောင်မြင်မှု ပန်းတိုင် ကို သေချာပေါက် ရောက်စေမယ့် စကားလုံး (၁၀) လုံး
================
အောင်မြင်မှုဆိုတာဟာ အလွယ်တကူ ရနိုင်တဲ့အရာ မဟုတ်ပါဘူး။ လျှောက်လှမ်းရမယ့် လမ်းကို မြင်နေပေမယ့်လည်း ပန်းတိုင်ကို ရှာဖွေနိုင်ဖို့တော့ ခက်နေပါသေးတယ်။ ဒါကြောင့် သင့်ရဲ့ ဘ၀မှာ အောင်မြင်မှု ပန်းတိုင်ကို သေချာပေါက်ရောက်စေမယ့် စကားလုံး ၁၀ လုံး ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ပျော်ရွှင်မှု (Happiness)
ပျော်ရွှင်မှုဆိုတာဟာ ခံစားမှုတစ်ခုမဟုတ်ပါဘူး။ဘ၀ရဲ့ လမ်းစဉ်တစ်ခုပါ။ သင်လုပ်နေတဲ့အလုပ်မှာ သင်မပျော်ပဲ အောင်မြင်မှုရဲ့အရသာ ကို သင်ခံစားနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်လုပ်နေတဲ့အလုပ်တွေကို ချစ်မြတ်နိုးခြင်းဟာ ပြိုင်ပွဲတွေမှာ တစ်၀က်လောက်တော့ အနိုင်ရသွားစေပါတယ်။
၂။ ယုံကြည်မှု (Belief)
သင့်အနေနဲ့ ယုံကြည်တတ်ဖို့လိုပါတယ်။ ကံကြမ္မာ ကိုပြောင်းလဲဖို့အတွက် ယုံကြည်မှုသာလျှင်ပင် တစ်ခုတည်းသော ခွန်အားဖြစ်ပါတယ်။ သင်ယုံကြည်ရင် ယုံကြည်ထားတဲ့ အတိုင်းဖြစ်လာမှာပါ။
၃။ ရည်မှန်းချက် (Ambition)
ရည်မှန်းချက်မရှိတဲ့ ဘ၀ ဟာ ဘာမှ ဖြစ်လာမှ မဟုတ်ပါဘူး။ သင့်ရဲ့ ဖြစ်ချင်နေတဲ့အနေအထားတွေကို ကြိုတင်ရည်မှန်းထားပါမှ သင်ဖြစ်ချင်တာတွေဖြစ်လာနိုင်မှာပါ။
၄။ စိတ်အားထက်သန်ခြင်း ( Passion )
ဘာအလုပ်ကိုပဲ လုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ အလွယ်တကူ အရှုံးမပေးပါနဲ့။ အားကစားသမား တစ်ယောက်လိုမျိုး ရေကုန်ရေခမ်း ကြိုးစားတတ်ပါစေ။
၅။ လွှမ်းမိုးမှု ( Inspiration )
သင့်ကို လွှမ်းမိုးနိုင်မယ့် အရာတစ်ခုကို ရှာဖွေကြည့်ပါ။ ထိုအရာက သင့်ကို လမ်းပြပေးနိုင်မှာပါ။
၆။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ( Confidence )
သင်မလုပ်နိုင်တာ ဘာမှ မရှိပါဘူး။ ကိုယ့်ကိုကို ယုံကြည်မှုသာလျှင် သင့်ကိုနေရာပေးနိုင်မှာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ဟာ သင့်ကို အတိုင်းအဆမရှိတဲ့ ခွန်အားတွေကို ပေးနိုင်မှာပါ။
၇။ လူ့ကျင့်၀တ် ( Ethics )
ကျင့်၀တ် မစောင့်ထိန်းတတ်တဲ့ လူတွေအတွက် အောင်မြင်မှုလမ်းကြောင်း ဟာ တိုတောင်းလွန်းပါတယ်။ ဖြတ်လမ်းလို့ဆိုနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ သင့်ကို လူအားလုံးနဲ့မတူညီပဲ တစ်ယောက်တည်း ကွဲပြားနေစေမယ့် အချက်ပဲဖြစ်ပါတယ်။
၈။ အမြင် ( Vision )
သင့်ဘ၀ ကို သင်ဘယ်လို ပုံစံ ဖြစ်လာစေချင်လဲဆိုတဲ့ အမြင်တစ်ခုသတ်မှတ်ပါ။ ထို အမြင်တွေကပဲ စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်ပေးနိုင်မှာပါ။
၉။ လက်ခံတတ်ခြင်း ( Yes )
အရာရာကို လက်ခံတတ်ပါစေ။ အခွင့်အရေးတွေက သင့်အတွက် အများကြီးလာနေပါပြီ။ သင်အားလုံးကို လက်ခံတတ်ရပါလိမ့်မယ်။ သင်အရာရာကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေရပါမယ်။
၁၀။ လူသားဆန်တတ်ခြင်း ( Humility )
လူသားဆန်ခြင်းဟာ အောင်မြင်မှု ရဲ့ သော့ချက်ပါပဲ။ ဘယ်ဘာသာမှာမဆို လက်ခံထားတာကတော့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဘယ်လောက်အောင်မြင်နေပါစေ။ တစ်ကြိမ်တစ်ခါတော့ ပြန်လည်ကျရှုံးလာဦးမှာပါ။ ကျရှုံးပြီး ပြန်လည် ထ နိုင်ရန် ကြိုးစားနေချိန်မှာ တစ်ချိန်က လူသားဆန်ခဲ့သမျှ က သင့်ကို ပြန်လည်အောင်မြင်လာစေမှာပါ။
#ဆရာဦးအောင်သင်း
ဘယ်ကိစ္စကိုမဆို တွေးပူနေတဲ့အကျင့်က အလုပ်ကို နှောင့်နှေးစေနိုင်တဲ့ အကျင့်တွေထဲမှာ ထိပ်ဆုံးကပါပဲ။
ဘယ်လောက်ပဲ အစွမ်းအစရှိရှိ၊ ကြိုးစားချင်စိတ်ရှိရှိ အဲဒီတွေးပူနေတတ်တဲ့ အကျင့်ကြီးရှိနေရင် ခရီးမတွင်ပါဘူး။
"ငါ လုပ်နိုင်ပါ့မလား"
"အဆင်မပြေရင် ဘယ်လိုလုပ်မလဲ"
"သူများတွေက ဘာပြောကြမလဲ"
"အောင်မြင်နိုင်ရဲ့လား မသိဘူး"
"ရှုံးနိမ့်သွားရင် ဘယ်လိုနေမလဲ"
စတဲ့ အတွေးတွေက တစ်ခုခု စလုပ်ချင်တဲ့စိတ်ကို အားနည်းသွားစေတယ်။
တွေးပူနေတတ်တဲ့သူတွေက မလုပ်ရသေးခင်ကတည်းက ဆင်ခြေတွေ အသင့်ရှာထားတတ်ပါတယ်။ ရှုံးနိမ့်မှုအတွက် အကြောင်းပြချက်တွေ ကြိုပြင်ထားတတ်ပါတယ်။ အရာရာကို အဆိုးဘက်ကနေ တွေးတတ်ပါတယ်။
တကယ်တမ်းကတော့ လုပ်ကြည့်မှသာ ဖြစ်နိုင်၊ မဖြစ်နိုင် သိနိုင်မှာပါ။ စမ်းကြည့်မှသာ အဆင်ပြေ၊ မပြေ သိနိုင်မှာပါ။ ကြိုးစားကြည့်မှသာ အောင်မြင်၊ မအောင်မြင် သိနိုင်မှာပါ။
ဒါပေမယ့် ဘာမှမလုပ်ရသေးခင်ကတည်းက အဆိုးတွေကိုပဲ တွေးနေရင်တော့ ဘာမှ ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။
ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ တွေးပူတတ်တဲ့သူတွေဟာ စေ့စပ်သေချာသူတွေ အသေးစိတ်ကျတဲ့သူတွေ ဖြစ်နေတတ်ပါတယ်။ အရာရာကို သေသေချာချာလေ့လာပြီးမှ စနစ်တကျ လုပ်ချင်တဲ့သူတွေပါ။
ဒါပေမယ့် အဲဒီစနစ်တကျ ဖြစ်ချင်တဲ့စိတ်က လွန်ကဲလာတဲ့အခါမှာတော့ အလုပ်နှောင့်နှေးဖို့ရာ အကြောင်းတရားတစ်ခုအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။
✡️ တွေးပူတတ်တဲ့အကျင့်ရဲ့ကောင်းကျိုးတွေ
- အသေးစိတ်ကို သတိထားမိတယ်။
- အရာရာကို ဂရုတစိုက် လုပ်တတ်တယ်။
- အရေးကြီးတဲ့ အချက်တွေကို မမေ့တတ်ဘူး။
- လုပ်ငန်းတွေကို စနစ်တကျ စီစဉ်တတ်တယ်။
- မလိုလားအပ်တဲ့ အန္တရာယ်တွေကို ရှောင်ရှားနိုင်တယ်။
✡️ တွေးပူတတ်တဲ့အကျင့်ရဲ့ဆိုးကျိုးတွေ
- စိတ်ဖိစီးမှုတွေ များလာတယ်။
- ညဘက် အိပ်မပျော် ဖြစ်လာတတ်တယ်။
- ဆုံးဖြတ်ချက် မချနိုင်အောင် ဖြစ်တတ်တယ်။
- ကိုယ့်ရဲ့အရည်အချင်းကို တွေဝေလာတယ်။
- အခွင့်အလမ်းကောင်းတွေကို လက်လွှတ်ဆုံးရှုံးတတ်တယ်။
တွေးပူနေတဲ့အခါ ကိုယ့်ရဲ့စွမ်းအားတွေက ထွက်မလာတော့ဘူး။ ကိုယ့်ရဲ့ အရည်အချင်းတွေကို ကိုယ်တိုင်အထင်သေးလာမယ်။ တွေးပူတတ်ခြင်းက ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာ ကိုယ်တိုင်တောင် မသိတော့အောင် ဖုံးကွယ်ထားတတ်ပါတယ်။
ကိုယ့်မှာ ဒီလိုမျိုးတွေဖြစ်နေမယ်ဆိုရင် တွေးပူနေတတ်တဲ့အကျင့်ကို ပြောင်းလဲဖို့ လေ့ကျင့်ပေးရပါမယ်။
ကိုယ်တွေးနေတာတွေက ဖြစ်နိုင်ခြေ ရှိရဲ့လား?
တွေးနေရုံနဲ့ ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူး
တွေးပူနေမယ့်အစား စတင်လုပ်ဆောင်လိုက်ရအောင်
အဆိုးတွေကိုပဲ တွေးမနေပဲ အကောင်းတွေကိုလည်း တွက်ကြည့်ပါ
တွေးပူနေတဲ့အချိန်တွေကို လက်တွေ့လုပ်ဆောင်ချိန်အဖြစ် အသုံးချလိုက်ပါ
တစ်ခါတလေ ကိုယ်တွေးသလို မဟုတ်တာတွေ တွေ့ရတတ်ပါတယ်။ ကိုယ်ထင်ထားတာထက် အများကြီး လွယ်ကူနေတတ်ပါတယ်။ လုပ်ကြည့်မှ ဒါက ဒီလောက်တောင် မခက်ဘူးဆိုတာ သိရတတ်ပါတယ်။
ဒါကြောင့် တွေးပူနေမယ့်အစား လက်တွေ့စမ်းကြည့်ပါ။ အဆိုးတွေကိုပဲ တွေးမနေပဲ ဖြစ်လာနိုင်တဲ့ အကောင်းတွေကိုလည်း တွေးကြည့်ပါ။
တွေးပူနေတတ်တဲ့ အကျင့်က ကိုယ့်ကို ဘယ်နေရာမှ မရောက်စေပါဘူး။ စိတ်ဓာတ်ကျစေပြီး ရှေ့ဆက်လို့ မရအောင် ဟန့်တားထားတာဖြစ်လို့ တွေးပူတာတွေကို ဖယ်ရှားပြီး လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေနဲ့ အစားထိုးစေချင်ပါတယ်။
#စိတ်ခွန်အား
𝘾𝙧𝙚𝙙𝙞𝙩 𝙩𝙤 𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡 with respect.
‘လူငယ်များအတွက်စာကြည့်တိုက်’
Click here to claim your Sponsored Listing.