C by စည်

C by စည်

Share

ကြိုက်တာယူ

21/10/2024

Northing in the world ever completely wrong. Even a stopped clock is right twice a day.

26/11/2023

ဒီနေ့ ဥ စားပြီးပြီလား🤗
ဥမှာအမည်တွေရှိတယ်တဲ့🤭
ဘယ်ဥကြိုက်လဲ🤔
🤣🤣🤣

Photos from C by စည်'s post 25/11/2023

🍓🍒🍎🍉🍑🍊🥭🍍🍌
🍋🍈🍏🍐🥝🫒🫐🍇
Dinner Dinner Dinner
Diet Dinner for you ❤️❤️❤️
Eat More🌟

Photos from C by စည်'s post 25/11/2023

Diet Meal for you ❤️
Eat It ❤️
Feel it❤️

24/07/2023

သံပုရာသီးအဆောင်
*****************

၁။သံပုရာသီး သုံးလုံးကို ဘုရားလှူပါ။

ဆေးအဖြစ် လှူပါ၏။
ဤကုသိုလ်ကြောင့်
မိသားစု အနာရောဂါကင်းဝေးပါစေ။
ကပ်ရောဂါကင်းဝေးပါစေ။
မကောင်းဆိုးရွားတို့၏ရန်ဘေးကင်းဝေးပါစေ။

ဆုတောင်းပါ။
နွမ်းသွားရင်၊ပုတ်သွားရင် စွန့်ယူပြီး စွန့်ပစ်ပါ။
အသစ်ထပ်လှူနိုင်တယ်။

၂။သံပုရာသီးတစ်လုံးကို
အိမ်ရှေ့တံခါးအနီးတစ်နေရာရာမှာတင်ထားပါ။သို့မဟုတ် အိတ်လေးနဲ့ချိတ်ဆွဲထားပါ။
နောက်ဖေးတံခါးမှာတစ်လုံး ထားပါ။

ဘေးရန်ကင်းပါစေ။
အနာရောဂါကင်းပါစေ။
ကပ်ရောဂါကင်းပါစေ။
မကောင်းဆိုးရွားတို့ရဲ့ရန်တွေကင်းပါစေ။

အဲဒီလိုပြောပြီး တင်ထားပါ။
ပုတ်ရင်စွန့်ပစ်ပါ။မစားပါနဲ့။
အသစ်ပြန်တင်ပါ။

၃။သံပုရာသီးတစ်လုံးကိုရေစင်စင်ဆေးပြီး
ဆောင်ထားပါ။ဘုရားဆေး၊တရားဆေး၊သံဃာဆေးလို့ပါးစပ်ကပြောပြီး အဲဒီ သံပုရာသီးကို နမ်းပါ။ရှူပါ။နွမ်းရင် အသစ်ဆောင်နိုင်တယ်။မိသားစုဝင်တွေလည်း ဆောင်နိုင်ပါတယ်။သန့်သန့်ရှင်းရှင်းတော့ဆောင်ပါ။လိုအပ်ရင်ရေဆေးပါ။ကျန်းမာရေးအတွင်အထောက်အပံ့ဖြစ်ပါလိမ့်မယ်။

ဒိဌ စိတ်ကြည်လင်လာမယ်။
အိမ်မှာ သန့်ပြန်လတ်ဆတ်လာလိမ့်မယ်။
မိသားစုပိုပြေလည်လာလိမ့်မယ်။
လာဘ်ရွှင်လာလိမ့်မယ်။
မကောင်းဆိုးရွားတွေရဲ့ရန်ကကင်းဝေးနေမယ်။
မုချမသွေ ထူးခြားပါလိမ့်မယ်။

အားလုံးနေကောင်းကျန်းမာ အစစအဆင်ပြေပါစေ။

အသေ၀နာ စ ဗာလာနံ။

အားလုံးသတ္တဝါ ချမ်းသာပါစေ။

25/05/2023

Fri တို့ရော ဘယ်လို ရယ်လဲ

17/05/2023

🤣🤣🤣

16/05/2023

ယောက်ျားဖြစ်သူက လစာထုတ်တဲ့နေ့ကစပြီး KTVသွားတယ် စော်လေးတွေနဲ့ကဲတယ် ၃ရက်အိမ်မပြန်ဘူး

အဲ အိမ်ပြန်တဲ့နေ့ကျ လက်ထဲတစ်ပြားမှမကျန်တော့ မိန်းမဖြစ်သူကတင်းပြီလေ

အဲ့ဒီမှာမေးတယ်

မိန်းမ။ ။ ယောက်ျား ရှင့်ကိုမတွေ့ရတာ ၃ရက်ရှိပြီနော် ဘာလုပ်နေတာလဲ

ယောက်ျား။ ။ အေး ငါ့ဘာသာပျော်နေတာ မင်းဝင်မပါစမ်းပါနဲ့

မိန်းမ။ ။ ဟုတ်ပြီလေ ရှင်ကျွန်မကိုမတွေ့ရင်ရော ဘာလုပ်မှာလဲ

ယောက်ျား။ ။ ဟာ ငါပျော်မှာပေါ့

အဲ့လိုနဲ့ ပထမတစ်ပတ် ယောက်ျားကမိန်းမကိုမမြင်ဘူး

ဒုတိယတစ်ပတ် မမြင်သေးဘူး

တတိယတစ်ပတ်ကျမှ မျက်လုံးအယောင်နည်းနည်းကျပြီး မျက်လုံးထောင့်နားကနေမိန်းမကိုနည်းနည်းမြင်လာတယ်

Credit Writer

14/05/2023

သတိပေးထုတ်ပြန်ချက်။
++++++++++++++++
1။ သွပ်ပြားလန်ပြီး
လည်ပင်းလာထိရင် တိကနဲ ပြတ်ပါတယ်။

2။ ဓာတ်တိုင်တွေ မီးကြီုးတွေ ပြတ်ပြီး မြောင်းထဲကျ
ရှော့ဖြစ်ပြီး ဓာတ်လိုက်တတ်ပါတယ်။

3။ အပင်တွေ ကျိုးနိုင်ပါတယ်။
ယူကလစ်ကိုင်းတို့ မယ်ဇလီတို့က ဆတ်ပါတယ်
ကျိုးကျရင် အောက်မှာရပ်ထားတဲ့ ဆိုင်ကယ် ကား
စက်ဘီး အိမ် ဆိုင်ခန်း ပျက်စီးနိုင်ပါတယ်။

4။ လမ်း ချော်ပါတယ်။
မဖြစ်မနေသွားရမှာဆိုရင် အရှိန်လျှော့မောင်းပါ။
လမ်းပေါ်ကို အရာဝတ္ထုပစည်းတွေ ရုတ်ခြည်း
လွင့်လာတတ်ပါတယ်။
အဲ့လိုလွင့်တဲ့အခါ ရှေ့ကားက ဘရိတ်ဖမ်းအုပ်တဲ့အခါ
နောက်ကားက ဝင်အောင်းတတ်ပါတယ်။
ကား ဆိုင်ကယ် ဆီ အပြည့်ဖြည့်ထားပါ။

5။ အရဲစွန့်ပြီး မစပ်စုပါနဲ့။ မိုးနဲ့ နွားသိုး အစိုးမရတာမို့
မမြင်နိုင်တဲ့အန္တရာယ်က လက်တစ်ကမ်းမှာတင်ရှိနေတယ်ဆိုတာကို အစဥ်မြဲ သတိချပ်ပါ။

6။ အချိန်မရွေး မီးပြတ်သွားနိုင်ပါတယ်။
ချက်စရာရှိတာ ကြိုတင်ချက်ပြုတ်ထားကြပါ။
(ထင်း ဂတ်မီးဖို မီးသွေး နဲ့ချက်မယ့်သူတွေလည်း
မိုးလေ အချိန်မရွေးလာနိုင်တာမို့ တခါတည်းချက်ထားပါ။)

7။ အမိုးမလုံတဲ့အိမ်တွေ သတိထားပါ။
အမိုးအကာ မခိုင်မြဲတဲ့ ပါကင်တွေ သတိထားပါ။
ထိုအောက်မှာ မနေပါနဲ့။
အပင်ကြီးတွေ လဲနိုင်တဲ့အိမ်တွေရှိရင် လေထန်တဲ့အခါ
ဘေးလွတ်ရာနေရာ ရှောင်တိမ်းပါ။

8။ ရေ အရမ်းကြီးပြီးတဲ့အခါ ချောင်ကြို လျှိုကြားတွေကို တန်းမရှင်းလင်းပါနှင့်။
အမှိုက်များသိမ်းလျှင် သတိပြုပါ
မြွေများ ရှိနေတတ်ပါသည်။
မြွေ အန္တရာယ်သတိပြုပါ။

Crd

10/05/2023

ငယ်ငယ်တုန်းက ကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လို့ ခေါ်ရတာလဲ.." စသည်ဖြင့်ပါ။ အကြောင်းအရင်းတော့ ရှိရမှာပေါ့..။

နောက်ပိုင်း ကျောင်းဆရာဘဝနဲ့ မြန်မာစာပေ၊ မြန်မာ့သမိုင်းကို လေ့လာကြည့်တဲ့အခါမှာ မြန်မာဘာသာစကားပညာရှင် ဆရာကြီး ဦးဖိုးလတ် ရဲ့ "မြန်မာအစ" ဆိုတဲ့ စာပေတွေမှာ နေ့ရက်တွေရဲ့ အမည်တွေကို ရေးသားထားတာတွေ့လို့ အနာဂတ် မြန်မာလူငယ်လေးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

တနင်္ဂနွေနေ့ .................
မြန်မာအယူအဆမှာ တနင်္ဂနွေ ဟာ နေမင်းကြီးကို ကိုယ်စားပြုတဲ့ နေ့ပါပဲ..။ ပုဂံကျောက်စာ များမှာ.. "တန်နှင်ကုနုယ်၊ တန်နှင်ကုနွေ၊၊ တန်နှင်ကနွေ" ဟု ပါရှိတယ်လို့ မှတ်သားရပါတယ်။ "တန်နှင်" ကို မြန်မာဘာသာနှင့် နှီးနွယ်သော ရောင်းရင်း ဖြစ်ပြီး ဘာသာစကားတို့နှင့် ချင့်ချိန်၍ အဓိပ္ပါယ်ကောက်သောအခါ "နေ့" ဟု အဓိပ္ပါယ် ရပါတယ်။ "ကုနုယ်၊ ကုနွေ၊ ကနွေ" ဟူသည်ကား"နေ" ကို ဟောခြင်းဖြစ်ပါတယ်။ ထို့ကြောင့် "တန်နှင်ကုနုယ်" မှာ "နေနေ့" ဟု အဓိပ္ပါယ် ရပါတယ်။

တနင်္လာနေ့ ................
အလုပ်လုပ်တဲ့သူတွေနဲ့ ကျောင်းတက်သူတွေ တော်တော်များများ မနှစ်သက်တဲ့ တနင်္လာနေ့ဟာ အမှန်တော့ အေးချမ်းခြင်းနိမိတ်ကိုဆောင်တဲ့ လမင်းကြီး (Moon) ကို ကိုယ်စားပြုတဲ့နေ့ ဖြစ်ပါတယ်။ တနင်္လာဟူသော ဝေါဟာရမှာ ပုဂံရှေးရေး "တန်နှင်လာ" မှ လာသည် လို့ဆိုပါတယ်။ "လာ" ဟူသောပုဒ်မှာ အလွန် ရှေးကျသော "လ" ဟောပုဒ်ဖြစ်သည်။ ထို့ကြောင့် "တနင်္လာ" ဆိုသည်မှာ "နေ့လ" သို့မဟုတ် "လမင်းနေ့" ဖြစ်သည်။ လမင်းကို အစွဲပြု၍ ခေါ်သောနေ့ပင် ဖြစ်ပါတယ်။

အင်္ဂါနေ့ ...........
တနင်္ဂနွေ၊ တနင်္လာမှအပ ကျန်နေ့များ၏ အမည်တို့မှာ မြန်မာအခေါ်အဝေါ် မဟုတ်ဘဲ သက္ကတဘာသာမှ ဆင်းသက်လာကြောင်း ဦးဖိုးလတ်က ဝန်ခံပါတယ် ။ ရှေးကျောက်စာတို့၌"အင်္ကာ၊ အင်ကာ၊ အင်္ဂါ"ဟူ၍တွေ့ရပါတယ်။ "အင်္ဂါရ"ဟူသော သက္ကတမှ လာသောစကား ဖြစ်၍ "မီးကျီးမီးခဲ"ဟု အဓိပ္ပါယ်ရသည် ။ ထို့ကြောင့်"အင်္ဂါ" ဆိုသည်မှာ "မီးကျီးကဲ့သို့ နီသောအဆင်းရှိသောဂြိုဟ်" ဟု အဓိပ္ပါယ်ရပါတယ်။ အင်္ဂါဂြိုဟ်ကိုအစွဲပြု၍ အင်္ဂါနေ့ဟု ဖြစ်ပေါ်လာရသည် ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့.............

ဗုဒ္ဓဟူးနေ့ကို သက္ကတဘာသာဖြင့် "ဗုဒ္ဓဒိန" ဟူ၍လည်းကောင်း၊ "ဗုဒ္ဓဝါရ" ဟူ၍လည်းကောင်း ခေါ်ဆိုကြပါတယ်။ ဗုဒ္ဓ၏ အနက်မှာ "နိုးကြားခြင်း၊ ပညာရှိခြင်း၊ သောမဂြိုဟ်ဖြစ်သော လမင်း၏သား" ဟူ၍ဖြစ်၏။ ရာဇမတ္တဏ် စသောကျမ်းတို့၌ တနင်္လာဂြိုဟ် (လမင်း) မိဖုရား တာရာဒေဝီတွင် ဖွားမြင်သောသား ဟု ဖော်ပြသည်။ "ဒိန" နှင့် "ဝါရ" တို့၏ အနက်မှာ နေ့ဖြစ် သည်။ ဗုဓ ဟူသောပုဒ်ကို ပါဠိ၊ သက္ကတတို့၌ ဗုဒ္ဓဟူ၍ လဲလှယ်ရေးသားခေါ်ဝေါ်ကြသည်။ မွန်တို့က "ဗုဒ္ဓဝါရ" တွင် "ရ" ကိုချေ၍ "ဗုဒ္ဓဝါ" ဟုခေါ်သည်။ မြန်မာတို့က ဗုဒ္ဓဟူး ဟုခေါ်သည်။

ကျောက်စာတို့၌ "ပုတ္တ" ဟု တွေ့ရသဖြင့် ရှေးမြန်မာတို့သည် ဗုဒ္ဓကို အမည်လွှဲပြီး "ပုတ္တ" ဟုရေးကြသည်ဟု သိနိုင် ပါသည်။ ထို့ကြောင့် "ပုတ္တ" မှာ "ဗုဒ္ဓ" ပင်ဖြစ် သည်။ "ဟူ" သည် ပင့်ခေါ်ခြင်းအနက်ရှိသည်ဟု ဆို၏။ ထို့ကြောင့် "ပုတ္တဟူ" "ဗုဒ္ဓဟူး" သည် ဘုရားရှင်ကိုပင့်ခေါ်သောနေ့ဟု အဓိပ္ပါယ်ကောက်လို့ရပါတယ်။

ကြာသပတေးနေ့......................
ရာဇမတ္တဏ်ကျမ်းအရ ကြာသပတေး သည် သိဒ္ဓတိုင်း၊ အင်္ဂီရသအနွယ်၊ "ကျာသပတေး" ကို အစွဲပြု၍ ခေါ်သည် ဟု ဆို၏ ။ ပုဂံကျောက်စာတို့၌ "ကြာသပတိယ်" နှင့်ဆင်တူအရေးအသားကို တွေ့ရသည်။ ယင်းပုဒ်သည် "ဗြိဟသွတိ" မှ သော် လည်းကောင်း၊ ယင်းနှင့်အနက်တူ "ဝစသံပတိ (သို့) ဝကျသံပတိ" မှသော်လည်းကောင်း လာဟန်ရှိကြောင်း ဦးဖိုးလတ်က ဆိုပါတယ်။

၄င်းပုဒ်နှစ်ခုစလုံး၏ အနက်မှာ "ဝစသာ = စကား + ပတိ = အရှင်" = စကား၏အရှင် ဖြစ်သည်။ မြန်မာ ကျောက်စာ၌ ရေးသော "ပတိယ်" သည် ခေတ်အရေးအသားနှင့်ဆိုသော် "ပတိ" နှင့် အတူတူပင်ဖြစ်သည်။

သောကြာနေ့.................
တောဇာဂ္ဋတိုင်းသား၊ သေတဗျအမျိုး၊ ဘဝုရသေ့၏မယားဖြစ်သူ သုဇိတာမှ ဖွားမြင်သော "သောကြာ" ကို အစွဲပြု၍ "သောကြာ" ဟုခေါ်ကြောင်း ရာဇ မတ္တဏ်ကျမ်းတွင် ပြဆိုသည်။ "သုကြာ" ဟူသောအရေးအသားကို ပုဂံ ကျောက်စာများတွင် တွေ့ရသည် ။ "သုကြာ" ဟူသောပုဒ်မှာ သက္ကတဘာသာ "သုကြ" မှ ဆင်းသက်လာ သောပုဒ်ဖြစ်သည်ကို မငြင်းသာချေ။ "သုကြာ" မှ သောကြာဖြစ်လာပုံကိုဦးဖိုးလတ်က အဆင့်ဆင့်ရှင်းပြ ထားသည်။ သုကြာ၏ အဓိပ္ပါယ်မှာ "ဖြူစင်တောက်ထွန်းခြင်း" ဖြစ်၏

စနေနေ့..........
ရာဇမတ္တဏ်ကျမ်း၌ "စနေ" ကို "သနေ" ဟုပြသည်။ သောရဌတိုင်း၊ ကာရ အနွယ် ၊ တနင်္ဂနွေ ဂြိုဟ်မင်း၏ မယား ၊ ယသိဆာယာတွင် ဖွားမြင်သောသား "ဇပ္ပ"ကို အစွဲပြု၍ခေါ်ကြောင်းလည်း ဆိုသည် ။

ပုဂံ ကျောက်စာတို့၌ စနေကို "စနိဟ်" ဟုရေးသည်။ ယင်းမှာ သက္ကတဘာသာ"ဂနိ" (ရှနိ ဟု ဖတ်ပါ) မှဆင်းသက်လာသည် ဟု ဦးဖိုးလတ်က ရှင်းပြသည်။ အဓိပ္ပါယ်မှာ "ဖြည်း ညင်းစွာသွားခြင်း" ဖြစ်၏။ ရှေးရိုးကျမ်းဂန်တို့၌ စနေနှင့်စပ်လျဉ်း၍ "သနေ စရ" ဖြည်းဖြည်းသွားသည်ဟု ဆိုကြသည်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Minyekyawswar Street
Yangon