Mommy Aye Online Bazaar

Mommy Aye Online Bazaar

Share

Myanmar FDA approved ရထားတဲ့ Muses Coffee နဲ့ ဝိတ်ချကြမယ်💕💕

05/08/2025

Hello,👋 skincare မှာ မပါမဖြစ်လည်းပြောလို့ရသလို အပြင်ထွက်ရင်လည်း မလိမ်းမဖြစ်တဲ့ အရာလေးဖြစ်တဲ့ Sunscreen အကြောင်းကို knowledge sharing လုပ်ပေးမယ်နော်🙏🙏

ယေဘူယျအားဖြင့် ရှိန်းတို့နေ့တိုင်းလိမ်းနေတဲ့ sunscreen ကို အမျိုးအစား ၃ မျိုးခွဲထားတယ်ဆိုတာ လူတိုင်းသိကြမှာပေါ့

1- Physical Sunscreen ( Or) Mineral Sunscreen

Physical sunscreen ကို ဘယ်လိုလုပ်သိအောင်လုပ်မလဲဆိုရင် ဘူးနောက်ခြမ်းမှာ features အဖြစ်ရေးထားတဲ့ ဟာတွေကို ဖတ်ပြီး သိနိုင်ပါတယ်နော် Zinc Oxide, Titanium Dioxide ဆိုပြီးရေးထားရင် Physical Sunscreen ဖြစ်ပြီး
ကောင်းတဲ့အချက်တွေက Sensitive Skin Type တွေ အတွက်ကောင်းပြီး နောက်တစ်ချက်က အပြင်ထွက်လို့နာရီဝက်ကြိုလိမ်းရတဲ့ အရာမဟုတ်သလို မကောင်းတဲ့ အချက်က မျက်နှာမှာ white cast လို့ ခေါ်တဲ့ အဖြူရောင် အဖတ်လေးတွေကျန်နေတတ်တယ် အထူးသဖြင့် အသားညိုတဲ့ လူတွေဆို အရမ်းသိသာတယ်😘

2- Chemical Sunscreen ကြ Avobenzone , Oxybenzone လို့ရေးထားရင် chemical sunscreen ဖြစ်ပြီး 😘ကောင်းတဲ့ အချက်က လိမ်းလိုက်ရင် အသားထဲကို စိမ့်ဝင်ပြီး သက်တောင့်သက်သာဖြစ်စေတယ်light weight ဖြစ်လို့ သို့ပေမယ့် sensitive skin type တွေအတွက် အဆင်မပြေသလို non recommend ပါနော်

3- နံပါတ် ၃ sunscreen ကတော့ Hybrid Sunscreen လို့ခေါ်ပြီး physical sunscreen နဲ့ chemical sunscreen ကို ပေါင်းပြီး ထုတ်ထားတာဖြစ်လို့

ကောင်းတဲ့အချက်က physical sunscreen လိုကြိုလိမ်းစရာမလို chemical sunscreen လို လိမ်းထားရင်လည်း ပေါ့ပေါ့ပါးပါးဖြစ်တယ်

မကောင်းတဲ့အချက်ကတော့ sensitive skin သမားတွေဆို သတိထားသုံးပေးရပါတယ်နော်

Summaryအနေနဲ့ပြောရမယ်ဆို sunscreen အမျိုးအစား ရွေးချယ်ရာမှာ အရေးကြီးဆုံးက ကိုယ့် skin type နဲ့ လိုက်ဖက်တာကိုရွေးချယ် အသုံးပြုတတ်ဖို့ လိုပါတယ်နော်

Generally အနေနဲ့ပြောရမယ်ဆို skin type ၅ မျိုးခွဲခြားပြီး သိသင့်ပါတယ်နော်

1- oily and acne prone skin type ရှိတဲ့သူတွေအတွက်က sunscreen ဗူးရဲ့နောက်ခြမ်းက formulation ကိုကြည့်ပြီးသုံးသင့်တယ် Gel-Based, Water-Based, Oil -Free , Non- Comedogenicဆိုတဲ့ စကားလုံးလေးတွေပါရင် အဆီပြန်သမားတွေ ရွှေချယ် အသုံးပြုသင့်တယ်

အဆီပြန်သမားတွေရှောင်ရမှာက Cream-Based, Lotion- Basedတွေကို ရှောင်နိုင်ရင် အကောင်းဆုံးဖြစ်ပြီး

2-Dry Skin သမားတွေအတွက်ဆို ရွေးချယ်အသုံးပြုသင့်တာက cream-Based, Lotion- Based တွေကို ရွေးချယ် အသုံးပြုသင့်ပြီး ရှောင်ရန်ကတော့ Gel-Based,Alcohol-Based တွေနဲ့ ထုတ်ထားတဲ့ဟာဆို skin ကို ပိုပြီးခြောက်စေလို့ မသုံးသင့်ပါဘူးနော်

3- Sensitive skin သမားတွေအတွက်ဆို physical sunscreen ကိုလိမ်းပေးသင့်ပြီး chemical sunscreen ကိုရှောင်ပေးရပါမယ်နော်

4- Combination skin type သမားတွေ အတွက်က ပြောင်းသုံးပေးတာ အကောင်းဆုံးဖြစ်ပြီး တစ်ခါတစ်ရံ အသားအရေခြောက်နေချိန် Cream-Based, Lotion-Based လေးတွေသုံးပေးသင့်ပြီး အဆီပြန်ချိန်ဆို Gel- Based, Water- Based လေးတွေ ပြောင်းသုံးပေးသင့်ပါတယ်နော်

5- Normal skin Type သမားတွေအတွက် Physical Sunscreen, Chemical Sunscreen, Hybrid Sunscreen အဆင်ပြေတာကို ရွေးချယ် အသုံးပြုသင့်ပါတယ်နော်

US/ Canada နဲ့တစ်ခြား Europe နိုင်ငံသမားတွေ အတွက်က BioDerma ကတော့ ရှာရတာ အလွယ်ဆုံးဖြစ်လို့ ပုံထဲက ဟာလေးတွေကို ရှာပြီး ဝယ်နိုင်ပါတယ်

Crd…Shane Kaung
Pharmacy တွေမှာ ဝယ်တာ ပိုစိတ်ချရပါတယ်နော် bioderma ဆို

30/07/2025
21/07/2025

ကမ္ဘာ့ အကောင်း ဆံုး skincare က အဲ့ဒါပဲနော် အမျိုးသမီးထုကြီးရေ😍😍

05/07/2025

သားသတ်လွတ် သီးရွက်စံုပေါင်း ပဲကြာဇံ အလွယ် ချက်မယ်💁💁

01/07/2025
01/07/2025

Dr. Rashel Vitamin A Retinol Night Cream သည် ညအချိန်အတွင်း အသားအရေကို တင်းရင်းသန်စွမ်းစေရန်အတွက် ထူးချွန်ပြောင်မြောက်သော ထုတ်ကုန် တခုပါပဲ။
မင်မင် ကိုယ်တိုင် လက်တွေ့ လိမ်းပြီး 1 ပတ်အတွင်းကို သိသာတဲ့ Result ကို ပေးနိုင်တာ so amazing ပါ💕💕💕

🍀Dr. Rashel Vitamin A Retinol ညအိပ်သုံး Cream သည် ညအချိန်မှာ အသားအရေကို တင်းတင်းရင်းရင်းဖြစ်စေဖို့အတွက် အထူးအသုံးဝင်တဲ့ Productတစ်ခုဖြစ်ပါတယ်။
🍀အပျော့ဆုံးနဲ့ ပိုမိုအစွမ်းထက်တဲ့ ဖော်မြူလာကြောင့် အရေးအကြောင်းများနဲ့ အိုမင်းရာတွေကို တဖြည်းဖြည်းဖြင့် လျော့နည်းအောင်ကူညီပေးပါတယ်။

🍀အဲဒီအပြင် အသားအရေကို ပိုမိုချောမွေ့တင်းရင်းစေဖို့ပါ အထောက်အကူပြုပါတယ်။

👉အသုံးပြုပုံ (How to Use):
1. မျက်နှာသန့်စင်ပြီးနောက်သုံးပါ။
• ညအိပ်ချိန်မတိုင်ခင် မျက်နှာကို သန့်စင်ပြီး toner (ရှိလျှင်) သုံးပါ။
2. တစ်စက်သေးသေးယူပြီး မျက်နှာတစ်လျှောက်ပွတ်ပါ။
• မျက်နှာ၊ လည်ပါးအစရှိသည့် နေရာများကို မျှတအောင် ပွတ်ပေးပါ။
3. မျက်စိပတ်ဝန်းကျင်ကို မလိမ်းပါနှင့်။
• မျက်စိအနားက အရေပြားသည် ပါးလွှာလွယ်ကူပြီး sensitive ဖြစ်တာကြောင့် ထိမခံသင့်ပါ။
4. အိပ်ရာဝင်ရန်မီ ၁၅ မိနစ်လောက်အကြာသုံးပါ။
• အသားအရေထဲစိမ့်သွားရန် အချိန်ပေးခြင်းဖြစ်ပါတယ်။



⚠️ သတိပြုရမည့်အချက်များ (Precautions):
• အသုံးပြုပြီးစတင်ချိန်မှ စပြီး
• နံနက်ခင်းတွင် နေရောင်ကာ ပံုမှန် လိမ်းပါ။
→ Retinol သည် အသားအရေကို နေရောင်ဒဏ်ခံနိုင်မှုနည်းစေပါသည်

01/07/2025
28/05/2025

အမ ရှက်လို့ ကူညီပေးပါဆိုတဲ့ အပျိုကြီးကတော့..
အဆင်ပြေသွားပြီတဲ့ ဗျာ....

အဆင်ပြေမှာပေါ့....
ကျနော်က မေတ္တာအပြည့် ပေးလိုက်တာလေ။
အပျိုကြီးမမ တစ်ယောက် ငါ့မောင် ငါ့မောင်နဲ့..
ကျေးဇူးတင်စကား လာပြောနေတာက...
ယနေ့အထိ မနားပါဘူး။

ဘာပဲဖြစ်ဖြစ် ဓန မပါတဲ့ ဒါနတခုကြောင့်...ကျနော့်အတွက်တော့ ....
မိတ်ဆွေတစ်ယောက် သို့မဟုတ် မိသားစုတခုနဲ့..ရင်းနှီးခွင့်ရခဲ့လို့ ဝမ်းသာမိသလို..
ကိုယ်ညွန်တဲ့နည်းနဲ့ သူရောဂါ တည့်ပြီး သက်သာပျောက်ကင်းသွားတယ်ဆိုလို့...
ပီတိလည်းဖြစ်ရပါတယ်။

အမျိုးသမီးတွေ သူတို့ကိုယ်သူတို့ရှက်ကြောက်သိမ်ငယ်စေတဲ့ အချက်တွေထဲမှာ ....
အရေပြားရောဂါတခုဖြစ်တဲ့ မျက်နှာပေါ်မှာ ပေါက်လေ့ရှိတဲ့ တင်းတိပ်ရောဂါဟာ အဆိုးဆုံးဖြစ်ပါတယ်။

မိန်းခလေးတစ်ယောက်ရဲ့အလှကို ကြည့်ကြတဲ့အခါ
အများဆုံး​က မျက်နှာကိုကြည့်ကြပါတယ်။
(ကျော်ကြီးတို့အုပ်စုကတော့ ဖျင်ကိုကြည့်ပါတယ်😂)

ဆိုတော့....
မျက်နှာမှာ ဝက်ခြံဖုတွေ တင်းတိပ်လိုအကွက်တွေ ရှိနေပြီဆို...
ဘယ်လိုမိတ်ကပ်မျိုးနဲ့ဖုံးဖုံး ခဏပဲအဆင်ပြေတာဖြစ်လို့...
အဲ့ဒီလို တင်းတိပ်တွေ ဝက်ခြံပုံးတွေ မျက်နှာပေါ်မှာ ရုံထနေအောင်ရှိနေတတ်တဲ့ အမျိုးသမီးတွေဟာ..အလိုလို ရှက်ကြောက်သိမ်ငယ်နေတတ်ပါတယ်။
လူမမြင်အောင် ဖုံးဖိထားလို့ရတဲ့ အားနည်းချက် မဟုတ်တာကြောင့်ပါ။

ဘာဖြစ်လဲ သူများမှ မထိခိုက်တာဆိုပြီး..
ပြောရင်လည်း အဲ့ဒါမာနနဲ့ပြောတဲ့စကားသာဖြစ်ပြီး..
အတွင်းစိတ်ကတော့ အဲ့လိုမဟုတ်ပဲ...
စိတ်ညစ် စိတ်ပျက်နေတယ်ဆိုတာ သေခြာပါတယ်။

အပျိုဲကြီးမမလည်း ဒီလိုပါပဲ။
ပြည်ပမှာရောက်နေတာမို့ အခြားဆေးမြစ် ဆေးပင်တွေနဲ့ရှာလုပ်ဖို့က မလွယ်ဘူးမောင်လေးရေတဲ့...
(သူ့အသက်မေးကြည့်တော့ ကျုပ်ညီမလောက်ရှိတာပါ)
အပျိုကြီးဆိုတော့ သူ့ကိုယ်သူ အတော်ဟိုင်းနေပြီဆိုတာ သဘောပေါက်နေတာဖြစ်မှာပေါ😂)
မောင်လေး မောင်လေး နဲ့...
ကျနော်ကလည်း အဲ့လိုခေါ်ရင် သဘောတအားကျ။😁 ဒါနဲ့..လိုရင်းကိုမရောက်တော့ဘူး😂

တင်းတိပ်တွေပေါက်နေလို့ လုပ်ပါအုန်းပေါ့..
ဆေးပေါင်းလည်း စုံနေပါပြီပေါ့။
အသက်၂၇ထဲကပေါက်တာပါ ပေါ့။
ဘယ်လိုလုပ်ရမလဲ ဆေးနည်းရှိရင်ပြောပေးပါ..
ဆိုလို့...ပြောပြလိုက်တာ...

အဲ့ ဆေးပင်က ဘယ်မှာရှာရ..
အဲ့ အသီးက ဘယ်မှာ ဝယ်ရ..
အဲ့ အမြစ်က မရနိုင်ဘူး နဲ့ ထုံးစံအတိုင်း..
ခများတို့လိုပေါ့ဗျာ...
ထိုင်ရာကမထပဲ သက်သာချင်ကြတာက..
လူအများရဲ့ စိတ်ပဲလေ...
မတူညီတာက...အပျိုကြီးက ပြည်ပရောက်နေသူမို့။
ကိုယ့်နိုင်ငံအတွင်းမှာ မဟုတ်တော့...
သိတဲ့သူဆီမေးမြန်စုံးမ်းပြီး ရှာဖို့ဝယ်ဖို့က မလွယ်...
ပိုဆိုးတာက ဆေးဥဆေးမြစ်ဆိုတော့ လွဲမှာလည်း ကြောက်ရ..
ပိုပြီးဆိုးတာက မျက်နှာပေါ်မှာ လိမ်းရမဲ့ဆေးဖြစ်လို့..
တခုခုမှားသွားတာနဲ့ တာဝန်က မသေးဘူးလေ။

ဒီတော့...
အလွယ်ဆုံးရနိုင်မဲ့ပစ္စည်း နဲ့ အလွယ်ဆုံးလုပ်ရမဲ့ နည်းလမ်းကိုပဲ ပေးလိုက်တယ်ဆိုပါတော့....

နနွင်းမှုန့်စစ်စစ်ဖြစ်ရမယ်..
ဇီးဖြူသီး(ဆီးဖြူသီး) အခြောက် နဲ့....
ကျောက်ပျဥ်ကို သန့်နေအောင်ရေဆေးပြီး..
ဆီဖြူသီးအခြောက်ကို ပျစ်ပျစ်လေးသွေး..
နနွင်းနဲ့ရောပြီး လမ်းပေးပါ လို့ပြောလိုက်တော့..
အပျိုကြီးက ဆရာပြန်လုပ်တာပေါ့...
နနွင်းနဲ့မတည့်လို့ ခရုသင်းတွေ မဖြစ်နိုင်ဘူးလားဆိုပြီး...

မဖြစ်ပါဘူး လိမ်းသာလိမ်းပါ တင်းတိပ်အတွက် အလွန်သိသာပါတယ်လို့ ပြောလိုက်တော့...
လုပ်ပါမယ် ပေါ့။

မှတ်မိသလောက်ပြောရရင်..အပျိုကြီးကို ကျနော်ပြောပြလိုက်တာ တစ်လကျော်ကျော်ပဲရှိအုန်း..
၂၇ နှစ်ထဲက ရှိနေခဲ့တဲ့ တင်းတိပ်တွေ...
ဖြေးဖြေးခြင်း ပျောက်ကုန်ပြီး ခုဆို..
အတော်ကြီးကိုအဆင်ပြေကြောင်း
အားရဝမ်းသာစွာနဲ့ လာပြောပြပါတယ်..

မည်သို့ပင် ဆိုစေကာမူ...
အဆင်ပြေရင် ကျေနပ်ပါတယ်ဗျာ...

အပျိုကြီးကိုပေးလိုက်တဲ့ မေတ္တာဆိုတာ...
ဆေးကိုပြောတာပါ။ မျက်နှာအတွက်သုံးတဲ့ဆေးကို
ကျနော့်ဆရာက မေတ္တာဆေးလို့ ညွန်းထားလို့ပါဗျ။

ကျနော့်မိတ်ဆွေများလည်း တင်းတိပ်များရှိနေပါက အသုံးပြုချင်သပဆို အသုံးပြုနိုင်ရန်..
မျှဝေပေးလိုက်ခြင်း ဖြစ်ပါတယ်...

ဝက်ခြံနဲ့ မဲ့ခြောက်အတွက် တင်ပေးပါအုန်းမယ်ဗျ။..
ချစ်ခြင်းမေတ္တာဖြင့်..
👤လယ်တွင်းသား
(ပန်းလောင်မြေ)
ေးပါတယ်
#လှပသောအနာဂါတ်

27/05/2025

ဒူးနာတတ်သူများအတွက် ငွေမကုန် လူမပမ်းဘဲ ပျောက်တဲ့နည်း....

ဒူးခေါင်းကို ပထမဆုံး သံပုရာသီးတစ်လုံး ခြမ်း၍ အရည်ကုန်တဲ့ထိ ပွတ်ပါ။
ပြီးရင် ဆရာခို အနာလိမ်းဆေးဖြင့် နှံ့စပ်ပေအာင်လိမ်းပါ မနက် ညတကြိမ်စီလုပ်ပါ။တကယ်ပျောက်ပါတယ်။

ငွေမကုန်လူမပမ်းဘဲ ပျောက်တဲ့နည်းလေး ပေးလိုက်ပါတယ်။Dr KNW ဒူးနာနေသူတစ်ဦး ကျွန်မ မပြန်ခင် မိတ်ဆွေတစ်ဦး လာတွေ့ပါတယ်။
ဒူနှစ်ဖက်လုံး နာနေလို့ပါတဲ့။ ဆေးကုတာလည်းမရ ဖြည့်စွက်စာတွေ သောက်တာလည်း မရတာမို့ ယိုးဒယားမှာဒူး အသစ် လဲဖို့ စိုင်းပြင်းနေပါတယ်တဲ့။

ဒူးလဲတဲ့ အခက တစ်ဖက်ကို သိန်း ၂၅၀ ကျမယ်လို့ ပြောပါတယ်တဲ့။
နှစ်ဖက်ကို သိန်း၅၀၀ ကျမယ်လို့ ပြောပါတယ်။ ဒါနဲ့ပဲ ဘာတွေစားနေ သောက်နေ လဲဆိုတာမေးရင်းနဲ့ လက်သယ်ကိုတွေ့မိပါတယ်။

အရိုးတွေသန်ရအောင် နွားနို့တွေအများကြီး သောက်နေပါတယ်တဲ့။
ဒါနဲ့ပဲ ကျွန်မက အကြံပြုလိုက်မိပါတယ်။ဒူးသွားမလဲခင် နွားနို့ အရင်ဖြတ်ကြည့်ပါလို့။
၂ ပတ် လောက်ကြာတဲ့အခါ ကျွန်မဆီကို သတင်းပို့ပါတယ်။

ဒူးနာတာ လုံးဝကောင်းသွားလို့ အခုဆိုဒေါက်ဖိနပ်စီးပြီး သွားလို့ရနေပါပြီတဲ့။
နွားနို့ဖြတ်လိုက်တာ သိန်း ၅၀၀ ကုန်ကျစရိတ် သက်သာသွားပါတယ်။
ဘာဖြစ်လို့လဲဆိုတာ ကြည့်ကြရအောင် Gluten ဟာ ခန္ဓာကိုယ်ကို ရောင်ကိုင်းစေပါတယ်။

Gluten လို ခန္ဓာကိုယ်ကို ရောင်ကိုင်းစေတဲ့ အခြားအစားအသောက်တွေကတော့....
နွားနို့ Dairy products (wheyprotein အပါအဝင်) ပြောင်းဖူး (Corn)၊ လူးစပါး (Millet)၊ ကွေကာအုပ် (Oat meal)၊ စပါး (Rice)။
Gluten ရဲ့ ပရိုတင်းဓာတ် တည်ဆောက်ပုံနဲ့ အတော်လေး ဆင်တူရိုးမှာ ဖြစ်နေလို့ပါ။

အစားအသောက်တွေဟာ ဆေးဖြစ်သလို ရောဂါတွေလည်း ပေးတတ်ပါတယ်။
လောဘဦးဆောင် နေတဲ့ ခေတ်ကာလမှာ ပိုဆိုးလာပါပြီ။

ပြန်လည်မျှဝေခြင်းဖြစ်ပါသည်

Credit original writter
#ကျန်းမာရေးဗဟုသုတ #ဗဟုသုတ & Knowledge

26/05/2025

စဉ်းတီတုံးပေါ်က ဘက်တီးရီးယားနဲ့ အနံ့ဆိုးတွေ ကင်းစင်ဖို့ အလွယ်ဆုံးနည်းလမ်း (၃) ခု

အိမ်ရှင်မတွေအတွက် စဉ်းတီတုံးက နေ့စဉ်မဖြစ်မနေ လိုအပ်တဲ့အရာပါ။ စဉ်းတီတုံးမှာ ဘက်တီးရီးယားတွေ အများကြီးပျံ့နှံနေနိုင်ပါတယ်။ အဲဒါကြောင့် စဉ်းတီတုံးကို အရင်လိုတောက်ပလာအောင်၊ ဘက်တီးရီးယားတွေ ကင်းစင်အောင် ပြုလုပ်နိုင်မယ့်နည်းလမ်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဆားနဲ့ သံပုရာသီး

စဉ်းတီတုံးကို အလွယ်ဆုံးသန့်ရှင်းရေးလုပ်ဖို့ ကူညီပေးနိုင်တာက ဆားနဲ့သံပုရာသီးပါ။ သံပုရာသီးက စဉ်းတီတုံးပေါ်က ဘက်တီးရီးယားတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးပါတယ်။

စဉ်းတီတုံးပေါ်ကို ဆားဖြူးလိုက်ပါ။ ပြီးနောက် သံပုရာသီးတစ်လှံးကို ညှစ်ချလိုက်ပြီး သံပုရာခြမ်းနဲ့ စဉ်းတီတုံးကို ပွတ်တိုက်ပေးပါ။

အဲဒီအခါ စဉ်းတီးတုံးပေါ်မှာ ဘက်တီးရီးယားတွေ မရှိတော့ဘဲ အနံ့ဆိုးတွေလည်း ပျောက်သွားပါတယ်။ စဉ်းတီတုံးရဲ့အရောင်လည်း လှလာပါတယ်။

၂။ မုန့်ဖုတ်ဆော်ဒါနဲ့ သံပုရာသီး

စဉ်းတီတုံးမှာ အစွန်းတွေ ရှိနေရင် ဆပ်ပြာ၊ ရေတို့နဲ့ ဆေးချလည်း မပြောင်ပါဘူး။ ဒါပေမယ့် မုန့်ဖုတ်ဆော်ဒါကို သုံးရင်တော့ ပြောင်ပါတယ်။ အရမ်းကို လွယ်ကူပြီး စဉ်းတီတုံးပေါ်က မှိုတွေတောင် ကင်းစင်သွားပါတယ်။

မုန့်ဖုတ်ဆော်ဒါကို စဉ်းတီတုံးပေါ်ကို ဖြူးချလိုက်ပါ။ သံပုရာသီးတစ်ခြမ်းနဲ့ မုန့်ဖုတ်ဆော်ဒါပေါ်ကနေ ပွတ်တိုက်ပေးပါ။

၅ မိနစ်ခန့် ဒီတိုင်းထားလိုက်ပြီးနောက် ရေဆေးချလိုက်လို့ရပါပြီ။ စဉ်းတီတုံးပေါ်က အနံ့ဆိုးတွေနဲ့ ပြောင်စင်သွားပြီး မှိုတွေလည်း မရှိတော့ပါဘူး။

၃။ ရှာလကာရည်နဲ့ ရေနွေး

စဉ်းတီတုံးတွေကို များသောအားဖြင့် သစ်သား၊ ဝါးတို့နဲ့ ပြုလုပ်ထားတာကြောင့် အနံ့ဆိုးတွေက ကပ်လွယ်ပါတယ်။ အရောင်လည်း စွန်းလွယ်ပါတယ်။ ဒါတွေကို ဖယ်ရှားဖို့ ရှာလကာရည်က အထိရောက်ဆုံးပါ။

ရေနွေးတစ်ခွက်ထဲမှာ ရှာလကာရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ ရေစိုဝတ်နဲ့ စဉ်းတီတုံးကို ပွတ်တိုက်ပေးပါ။

ပြီးနောက် စဉ်းတီတုံးပေါ်ကို ရေနွေးလောင်းချပြီး ဆေးကြောလိုက်ပါ။ စဉ်းတီတုံးခြောက်သွေ့သွားတဲ့အခါ ပြန်လည်အသုံးပြုလို့ရပါပြီ။

Bonus

စဉ်းတီတုံးကို အမြဲပြောင်စင်နေစေဖို့၊ ဘက်တီးရီးယားတွေ ကင်းစင်ဖို့ အတွက် နှစ်ပတ် တစ်ခါ ဆီနဲ့ သုတ်လိမ်းပေးပါ။ နှစ်ပတ်တစ်ခါ စဉ်းတီတုံးကို ဆီနဲ့သုတ်လိမ်းပေးရင် စဉ်းတီတုံးအက်ကွဲတာကို ကာကွယ်ပြီးသားဖြစ်သွားပါတယ်။

အနံ့ဆိုးတွေလည်း မထွက်တော့ပါဘူး။ ရေစိုပိတ်စထဲမှာ အုန်းဆီကို ထည့်ပြီး စဉ်းတီတုံးရဲ့နှစ်ဖက်လုံးကို သုတ်လိမ်းပေးပါ။ ခြောက်သွေ့သွားအောင်လို့ အနည်းဆုံး ၂ နာရီခန့် စောင့်ပြီးတဲ့အခါ အသုံးပြုလို့ရပါပြီ။

Crd:

lovemedia (zombie)

25/05/2025

Night out &having fun
😍😍😍😍😍

😊🙏 Disclaimer : No copyright infringement is intended. I do not own nor claim to own the rights to any of the music shared. Copyrights belongs to the righful owner.

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Bahan Township
Yangon