May’-Beauty Paradise
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May’-Beauty Paradise, Makeup artist, Yangon.
14/07/2024
Hello .. အရင် post လေးတွေ တော်တော်များများ ဖျက်ချခံရပေမဲ့
အခု ပြန်တင်လို့ရပြီဖြစ်လို့ vlog လေးတွေ ပြန်တင်ပေးပါမယ်နော်
👗 - Beconia
Hello
ညီမ နောက်ထပ် page အသစ်လေး ပြန်ဖွင့်ပေးပါမယ်နော်
Video တွေဆို error ဖြစ်သွားလို့ ညီမ page အသစ်နဲ့ review တွေ ပြန်တင်ပေးပါမယ်နော် 🫶🏻
13/12/2023
SISTER Wax…
ကိုယ့်အကြိုက်ဆုံး ဖြစ်နေပြီ 🤍
05/02/2023
Hello🤍
ဒီနေ့တော့ perfume crazy လေးတွေအတွက် Myst Perfume အကြောင်းပြောပြမယ်🤍
▪️Made In UAE brand ဖြစ်တဲ့ Myst Perfume လေးက
▪️ကမ္ဘာကျော် ရေမွှေးရနံ့တွေကို inspired ယူထားပြီး
▪️quality အကောင်းဆုံးထုတ်လုပ်ပေးထားတဲ့အပြင်
☑️စျေးလဲသက်သာတယ် ☑️အနံ့ပျယ်မလွယ်ပဲ တနေကုန်ခံတာ အထွေထူးညွှန်စရာမလိုဘူးနော် …
▪️ညီမရဲ့ favorite Myst Perfume မှာ အသစ်ထွက်ထားတဲ့ ရနံ့လေးတွေထဲက
BURBERRY ‘BODY’ နဲ့ ‘SEXY GRAFFITI’ လေးကို sharing လုပ်ပေးမယ်နော်
✔️ပထမဆုံး ညီမအကြိုက်ဆုံး
Burberry ‘Body’ လေး…
▫️သူက Unique ဖြစ်တဲ့ အနံ့လေးပါ
▫️တည်တည်ငြိမ်ငြိမ်နဲ့ နူးညံ့ပြီး Luxury ဆန်တယ်
▫️ထူးခြားတာလေးက ရေမွှေးစွတ်ထားတဲ့ feeling မရပဲ ကိုယ်သင်းရနံ့လေးလို သင်းသင်းလေးပျံ့လွင့်နေတာမို့ ငြိမ်ငြိမ်လေးနဲ့ တစိမ့်စိမ့်မွှေးစေတဲ့အတွက် ရွေးချယ်ဖြစ်တာပါ…
(သူ့ကို စွတ်ထားရင် အိမ်ကမောင်လေးတောင်မနေနိုင်ဘူး ..ကောင်မလေးတွေဆီက အဲ့ရနံ့လေးရရင်ကြိုက်တယ်တဲ့)
အရမ်းစွဲဆောင်မှုရှိစေတယ်နော်🥰
▫️မြန်မာဝတ်စုံလေးတွေ girlyဆန်ဆန် fashion လေးတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်လို့
မဖြစ်မနေတစ်ပုလင်းလောက်ဆောင်ထားသင့်ပါတယ်
ညီမက full size လေးတခါထဲ ဝယ်သုံးလိုက်တယ်
✔️‘Sexy Graffiti ‘
သူ့ကိုတော့ ဘယ်သွားသွားယူသွားချင်လို့ mini size လေးပါ ဆောင်ထားတယ်
▫️သူက ချိုချဉ်ရနံ့ကိုမှ သစ်သီးချိုချဉ်လေးပါ
▫️Strawberry, Raspberry ရနံ့လေးနော်
(စူးစူးချိုချိုကြီး ဖြစ်မနေပဲ လူငယ်ဆန်ဆန် ချစ်ဖို့ကောင်းပြီး ချိုချဉ်ရနံ့မို့ fresh ဖြစ်စေပါတယ်)
▫️သူ့ရနံ့လေး ရနေရင်ကို လူက တက်ကြွပြီး လန်းဆန်းနေတယ်လို့ ခံစားရစေတယ်..
▫️mini size လေးဆောင်ထားတာဆိုတော့ ဘယ်သွားသွား အိတ်ထဲဆောင်သွားဖြစ်တယ်
▫️သူငယ်ချင်းတွေနဲ့ ဆုံတိုင်း အလွယ်တကူစွတ်လိုက်ရင် fresh ဖြစ်တဲ့ vibe အသစ်ကို ချင်ချင်း ရစေတယ်..
(ရနံ့ပျံ့တာလေးက တကယ်မိုက်နေရောပဲ…)
Myst Perfume မှာ ရနံ့သစ်လေးတွေ အများကြီးထွက်လို့ ရွေးချယ်စရာတွေ လိုချင်စရာတွေချည်းပဲနော်
တကယ်ကိုကြိုက်လို့ သေချာညွှန်းပေးလိုက်ပြီမို့
သိချင်တာလေးတွေကို အသေးစိတ်ဆက်သွယ်လို့ရအောင် Page link လေးပါ ထည့်ပေးထားပါတယ်
https://www.facebook.com/mystperfume/
09/10/2022
🎉HAPPY THINDINGYUT FESTIVAL🎉
ပျော်ရွှင်စရာ သီတင်းကျွတ်အချိန်အခါလေးဖြစ်ပါစေရှင် 🙏🏻
သီတင်းကျွတ် အချိန်အခါသမယတွင် စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာနှင့် လိုရာဆန္ဒများ ပြည့်ဝပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါတယ်ရှင်🙏🏻🙏🏻🙏🏻
11/06/2022
Schick - Myanmar က Women Razor လေးကြောင့်
hair removal အတွက်ဆို စိတ်ပူစရာမလိုတော့ဘူး😍
မကြာခဏ ရေကူးဖြစ်နေတဲ့ ညီမအတွက် swimsuit ဝတ်တိုင်း confidence ရှိဖို့လိုအပ်ပါတယ်…
ဒါကြောင့် ခန္ဓာကိုယ်ရဲ့ မလိုလားအပ်တဲ့ အမွှေးမျှင်တွေ ဖယ်ရှားပေးဖို့ဆိုရင်
🔺Laser care နဲ့လဲ အချိန်မပေးနိုင်ခဲ့ဘူး
🔺Waxing နဲ့လဲ အဆင်မပြေတဲ့သူဖြစ်လို့…
လွယ်ကူ လျှင်မြန်ပြီး အချိန်တကူးတကပေးစရာမလိုတဲ့
☑️☑️Shaving ကိုပဲ လုပ်ဖြစ်ပါတယ်…
▫️Shaving အတွက်ဆို
body ရော private area အတွက်ပါ အသုံးပြုဖို့ Quality စိတ်ချရတဲ့ brand ဖြစ်တဲ့ USA နိုင်ငံထုတ် Schick Women Razor လေးကို ရွေးချယ်ဖြစ်ခဲ့တယ်…
Schick Razor ရဲ့ blade slide မှာ Aloe နဲ့ Vitamin E ပါလို့ နူးညံ့ပြီး ချောမွေ့စွာ အသုံးပြုလို့ရပြီး
အရေပြားပြတ်ရှမှု လုံးဝမရှိစေတဲ့ ဓါးသွားဖြစ်လို့ ရေမကူးခင် အလွယ်တကူ shaving လုပ်နိုင်ခဲ့တယ်…
ဘယ်နေရာသွားသွား အလွယ်တကူအသုံးပြုလို့ရတဲ့ Schick Women Razor လေးကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရလာပြီ…
သဘောကျလို့မှာယူချင်တယ်ဆို အောက်ကလင့်ခ်လေးမှာ မှာယူပေးကြနော်
https://www.facebook.com/Schick.mm/
10/06/2022
Hey!!Let’s Glow…Sharing is Caring😍
ညီမကို မိတ်ကပ်လိမ်းရင် အသားအရေနဲ့ မိတ်ကပ် တသားထဲဖြစ်အောင် ဘယ်လိုလိမ်းလဲ…
Glow အောင် ဘယ်လိုလိမ်းလဲ မေးကြသူတွေအတွက် Secret လေး တစ်ခုပြောပြမယ်နော် ... 😍
▫️ပထမဆုံး secret လေးက …
မနက်ဖြန်လို အရေးကြီးတဲ့ သွားစရာရှိတာမျိုးဖြစ်ဖြစ်
ပွဲတက် photoshoot မျိုးရှိတာပဲ ဖြစ်ဖြစ်
ဘာလိမ်းလိမ်း မိတ်ကပ်နဲ့ တပြေးတည်းညီတဲ့ look ရဖို့က
ညအိပ်ခံနီး mask ကပ်ဖို့ပါပဲ..
Mask ကပ်တာနဲ့ Mask မကပ်ပဲ လိမ်းတဲ့ Makeup look က တကယ်ကွာတာပါနော်...
▫️Mask ကို ဘာသုံးပေးလဲဆိုရင်
THE FACESHOP က mask လေးတွေ ကြိုက်နေတယ်… သုံးလို့လဲ အရမ်းကောင်းတယ်...
တခြားဟာတွေ သုံးဖူးပေမဲ့ ဒီဟာလေးကတော့ သုံးနေတာကြာပီ …ညီမနဲ့ တော်တော်အဆင်ပြေတာ…
ပီးတော့ သူ့မှာ ကိုယ့်အသားအရည်နဲ့ လိုက်ဖက်ညီတဲ့ ရွေးချယ်စရာ Mask တွေ အများကြီးပဲ…
▫️ခရီးက ပြန်လာလို့ ပင်ပန်းတဲ့ အသားအရည်ပဲ ဖြစ်ဖြစ်
နေလောင်ဒဏ် ခံရလို့ပဲဖြစ်ဖြစ်
အရေးကြီးတဲ့ ပွဲတွေ သွားဖို့ရှိလို့ပဲဖြစ်ဖြစ်
Face mask လေးကို မဖြစ်မနေ ကပ်ပေးသင့်ပါတယ် 🥰
တနေ့ကို အချိန် ၁၅မိနစ်လောက်ပေးပြီး ကိုယ့်ကိုကိုယ် ချစ်ဖို့ သတိရပါနော် …
☑️ဘယ်က ဝယ်လဲ ဆိုတော့ ဒီ လင့်ခ် လေးက ဝယ်တာပါရှင့်…
https://www.khitzay.com/pages/the-face-shop-official-store
Click here to claim your Sponsored Listing.