Your Diet Coach

Your Diet Coach

Share

Diet Plan နဲ့ ဝိတ်ချဖို့ Trainer ကောင်းကောင်း ရ?

26/12/2021

🤗

ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးခုန်တော့မယ်ဆိုရင် ....🤔🤔🤔🤔🤔

ပျမ်းမျှအားဖြင့် ကြိုးခုန်ခြင်းဟာ ၁၅ မိနစ်အတွင်းမှာ ကယ်လိုရီ ၂၀၀-၃၀၀လောက်ကို
လောင်ကျွမ်းစေနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခုန်တဲ့အရှိန်နဲ့ ကြာချိန်
စတာတွေကွာတာကြောင့် လောင်ကျွမ်းနှုန်းကွာနိုင်ပေမယ့် မိနစ်တိုင်းမှာ ၁၀-၂၅ ကယ်လိုရီတော့ လောင်ကျွမ်းပါတယ်။ ပြေးခြင်းအားဖြင့် 🏃‍♀️ကျမယ့် ကယ်လိုရီပမာဏနဲ့ နှိုင်းယှဉ်ရင်တော့ ကြိုးခုန်ခြင်းဟာ ၂၅ ရာခိုင်နှုန်းပိုပြီး လောင်ကျွမ်းနိုင်တာကို တွေ့ရမှာပါ။ ဒါဟာ ကယ်လိုရီ မြန်မြန်လျှော့ချလိုသူတွေအတွက်တော့ မက်လောက်စရာ ပမာဏပဲ ဖြစ်ပါတယ်။

🤑 ကုန်ကျစရိတ်သက်သာသလို မိမိအိမ်၊ ခြံထဲမှာပဲ လွယ်လွယ်ကူကူ လုပ်လို့ရတဲ့
လေ့ကျင့်ခန်းဖြစ်တာကြောင့် လူတိုင်းအတွက် အဆင်ပြေနိုင်မှာပါ။

👇👇ကြိုးခုန်နည်း အမျိုးအစားအနေနဲ့ (၃) မျိုးရှိပါတယ်။

1. ခြေစုံခုန်ခြင်း - ခြေနှစ်ဖက်ကို တစ်မိုက်ခန့် ခွာထားပေးပြီး မြေပြင်မှအပြိုင် ခုန်တာဘဲ
ဖြစ်ပါတယ်။ ကြိုးစခုန်မယ့်သူတွေ လိုက်လုပ်လို့ ရပါတယ်။

2. တစ်ချောင်းထောက် ခုန်ခြင်း - ဒါကတော့ စပြီး ကြိုးခုန်မယ့်သူတွေအနေနဲ့ အနည်းငယ်ခက်ခဲပါတယ်။ ဒီနည်းဟာ ကိုယ်ခန္ဓာ ထိန်းညှိမှုကို အများကြီး သက်ရောက်စေပါတယ်။

3. လက်ယှက်ခုန်ခြင်း - ကြိုးကို ကြက်ခြေခတ်ပုံစံ ကိုယ်ခန္ဓာအရှေ့မှာ လွှဲပြီး ခုန်တဲ့နည်းပဲ ဖြစ်ပါတယ်။

ကြိုးခုန်ဖို့ အသင့်တော်ဆုံး အချိန်ကတော့ ⏰မနက်ခင်းစောစောပဲ 🌞ဖြစ်ပါတယ်။
ကိုယ်ခန္ဓာသွေးလည်ပတ်ခြင်းကို ဖြစ်စေတဲ့အပြင် တက်ကြွလန်းဆန်းစေမှာလည်း ဖြစ်ပါတယ်။ 💁‍♀️

ကြိုးကို လုံးဝ (လုံးဝ) မခုန်သင့်တဲ့ သူတွေကတော့-

- နှလုံးရောဂါရှိတဲ့သူတွေ
- ခွဲစိတ်ပြီးခါစလူတွေ
- သွေးတိုးရှိတဲ့သူတွေ
- ပန်းနာရင်ကြပ်ရှိတဲ့သူတွေနဲ့
- အရိုး၊ အဆစ် ပြဿနာတစ်ခုခုရှိတဲ့သူတွေကတော့ မခုန်သင့်ပါဘူး။ အကယ်၍
ခုန်ချင်တယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးမှသာ
လုပ်သင့်ပါတယ်။ ✅✅

ကြိုးခုန်ဖို့အတွက် လိုက်နာသင့်သော အကြောင်းခြင်းရာများ

✅ အားကစားဖိနပ်ကောင်းကောင်းအသုံးပြုနိုင်လျှင်ပိုကောင်းပါတယ်။
✅ကြိုးကောင်းကောင်းတစ်ချောင်းလည်း လိုအပ်ပါတယ်။
✅အမျိုးသမီးများအနေနဲ့ Sport Braကောင်းကောင်းလေး ဝတ်ဆင်ပြီး
ခုန်ပေးသင့်ပါတယ်။ ကြိုးခုန်ခြင်းကြောင့် ရင်သားအလှကို ပျက်စေနိုင်သလို၊
လျော့တွဲခြင်းဖြစ်စေနိုင်တာကြောင့် ကွက်တိကျတဲ့ Braကို ရွေးချယ်ပေးရပါမယ်။
✅ကြိုးခုန်မယ့် နေရာတစ်ဝိုက်ဟာ ပြန့်ပြူးပြီး အမှိုက်တွေ၊ ခဲတွေ၊ ဆူးနိုင်တဲ့
အချွန်အထက် တစ်ခုမှ မရှိဖို့တဲ့ အထူးသတိပြုပါ။
✅ကြိုးမခုန်ခင် သွေးပူလေ့ကျင့်ခန်းလေး အရင်လုပ်ပေးပါ။

ကြိုးခုန်ပေးခြင်းအားဖြင့် ဘယ်လို ကောင်းကျိုးမျိုးကို ရနိုင်မလဲ...❓❓
1. နှလုံးကျန်းမာရေးကို တိုးတက်စေတယ်။ နှလုံးခုန်နှုန်းနဲ့ နှလုံးသွေးလည်ပတ်မှုတွေကို‌
ကောင်းစွာ ထိန်းချုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့် နှလုံးအတွက် ကောင်းစွာ
အထောက်အကူဖြစ်စေပါတယ်။ 🫀🫀

2. ကယ်လိုရီလောင်ကျွမ်းနှုန်းမြင့်တာကြောင့် အဝလွန်သူတွေအနေနဲ့ အဆီချတဲ့အခါ
အထူးသင့်တော်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ 🐷😍

3. ကြွက်သားများကို သန်မာစေပြီး ကိုယ်ခန္ဓာ ဟန်ချက်ညီစေတဲ့ အကျိုးရှိတာကြောင့်
ကလေးငယ်တွေလည်း ခုန်ပေးဖို့ သင့်တော်ပါတယ်။ ကြိုးခုန်ပေးခြင်းအားဖြင့် မနက်ခင်း
အိပ်ရာထချိန်မှာတောင် ပင်ပန်းနွမ်းနယ်နေတယ်လို့ ခံစားရခြင်းကို ပျောက်ကင်းစေမှာဖြစ်ပါတယ်။ 🧒

4. အသက်ရှူစနစ်ကိုလည်း တစ်ဖက်တစ်လမ်းက ကူညီပေးနေပြန်ပါတယ်။ မောပန်းလာလေ
အသက်ပိုရှူရလေဖြစ်ပြီး ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အောက်ဆီဂျင်ဓာတ်ကို ပိုပြီး
ရလပေါပဲ။ 🫁🫁

5. အရိုးအဆစ်တွေကို သန်မာစေပါတယ်။ 🦴

6. ကိုယ်ခန္ဓာကျန်းမာခြင်းကို ဖြစ်စေသလို စိတ်ကျန်းမာခြင်းကိုလည်း ဖြစ်စေပါတယ်။ 🧘‍♀️

7. အဆစ်တွေကို သန်မာစေပါတယ်။ ကြိုးခုန်ခြင်းဟာ အဓိကအားဖြင့် ဒူးဆစ်၊ ခြေမျက်စိ၊
တင်ပါးနဲ့ ပခုံးအဆစ်တွေကို အသုံးပြုရတာကြောင့် သန်မာခြင်းကို ဖြစ်စေပါတယ်။ 💪🏻

ကုန်ကျစရိတ် နည်းနည်းနဲ့ ဝိတ်ချဖို့ဆိုရင် ဒီ Link လေးကို နှိပ်ပြီး ဖတ်ကြည့်ပေးနော် ❤
https://www.facebook.com/106835984969775/posts/109794454673928/




#ဝိတ်ချကြမယ်
#ဝိတ်ချနည်းလမ်းများ

14/12/2021

ဗိုက် လက်မောင်း ပေါင် ခါး တကိုယ်လုံးက အဆီတွေကို တစ်လအတွင်း 10 lb မှ 15 lb အထက် ဝိတ်ချပေးမဲ့
Group လေး 20 ရက်နေ့ စမယ်နော်
ပါဝင်ချင်သူလေးတွေ Hi ခဲ့ပါ

01/12/2021

HELLO! DECEMBER.

ဝိတ် မြန်မြန်ကျပါ 😍

30/11/2021

ပိန်ဆေးတွေ ခေတ်စားနေလို့ မင်မင်တို့လဲ ရောင်းပါပီနော်
မြို့နယ်တိုင်း စျေးဆိုင်တိုင်းမှာ
ပစ္စည်းဖြန့်ထားပါတယ်ဆင့် 🤭

29/11/2021

ထို့ကြောင့်............ ဝပါသည် 😂

06/11/2021

ကျရှုံးနေလို့ မအောင်မြင်နိုင်သေးလို့ မလုပ်နိုင်တော့လို့ စိတ်ဓာတ်ကျပြီး မရပ်တန့်လိုက်နဲ့နော်
Keep going! keep going! keep going!🏃🏻🏃🏻‍♀️🏃🏻🏃🏻‍♀️
ဆက်သွားနေရမှာပဲ
Diet လုပ်နေရင်း အခက်ခဲတချို့ရှိလို့ ဝိတ်တန့်သွားလို့
လက်လျှော့ခါနီး အသဲတို့အတွက် Moti💪🏻💪🏻

03/11/2021

After 1 month 😉😉
နောက်တစ်လဆက် try နေတဲ့ မင့်သဲလေး😍😍

21/10/2021

မင်မင်တို့ဆီမှာ တခါမှ မန်ဘာမဝင်ဖူးသေးတဲ့
အသစ်လေးတွေအတွက် Private Group ထဲမှာ
7 Days Free Plan လေး စီစဥ်ပေးထားတယ်နော်
အောက်က Link ကိုနှိပ် Group ကို join ပြီး ဝင်ကြည့်ပါ....

https://m.facebook.com/groups/1704850606322142/permalink/2087868164687049/

12/09/2021

မင်မင် Plan ပြန်စပြီနော် ! ! !
လူတိုင်းဝင်နိုင်မယ့် စျေးနှုန်းလေးနဲ့ ..........................................................

အကြောင်းအမျိုးမျိုးကြောင့် ဝိတ်ချမယ့် အသဲတို့အတွက် တစ်ဦးချင်း သီးသန့် Diet Plan လေးတွေကို
(1 Month - 5000 ks) နဲ့ ဝင်လို့ရပါတယ်ရှင့်!




#ဝိတ်ချကြမယ်

26/08/2021

🚨ဝဝကစ်ကစ်လေးတွေ သတိရှိပါ🚨

📈တတိယလှိုင်းမှာ ကြည့်ပေးခဲ့တဲ့ လူနာ ၁၅၀ ကျော်မှာ အသက် ၃၀-၄၀ ကြား ဝဝကစ်ကစ် အမျိုးသားတွေ တစ်လအတွင်း ဆုံးပါးသွားတာ ၆ ဦးလောက်ရှိပါတယ်...
📈ဝဝကစ်ကစ်တွေဟာ ကိုဗစ်ဖြစ်ရင် ပိုဆိုးဝါးတဲ့ လက္ခဏာတွေကို ခံစားကြရပါတယ်... အောက်ဆီဂျင်ပိုလိုအပ်တယ်.... သွေးကျဲဆေးတွေ ပိုပေးကြရတယ်…

ဒါတွေက မြေပြင် အတွေ့အကြုံအရပြောတာပါ...

သုတေသနတွေက ဘာပြောသလဲ?

ကိုယ်ခန္ဓာအလေးချိန်ညွှန်းကိန်း (Body Mass Index - BMI) ၂၅ အထက် ရှိသူတွေဟာ ကိုဗစ်ဖြစ်တဲ့အခါ တခြားလူတွေထက်

🔴သေဆုံးနိုင်ခြေ ၃ ဆ ရှိတယ်

🔴ဆိုးရွားလက္ခဏာ ခံစားရနိုင်ခြေ၂ ဆ ပိုများတယ်

🔴အသက်ရှူလမ်းကြောင်းဆိုင်ရာ အထောက်အပံ့လိုအပ်မှု ၆ ဆ ပိုလိုအပ်နိုင်တယ်

ဘာကြောင့်ဒီလိုဖြစ်ကြရသလဲ?

🔶ဝတဲ့သူတွေဟာ မလိုအပ်တဲ့ အဆီပိုတွေကြောင့် သွေးကြောအတွင်း နဲ့ ကလီစာတွေမှာ နာတာရှည် ယောင်ရမ်းခြင်းကို ပိုခံစားရတယ်... ဒီကနေ သွေးခဲခြင်းတွေ ဆက်ဖြစ်တတ်ပါတယ်…

🔶ကိုယ်အလေးချိန်များပြီး ဝတဲ့သူတွေဟာ အဆုတ်ရဲ့ လုပ်ဆောင်မှု ကျဆင်းပါတယ်…

🔶ဝတဲ့လူတွေဟာ နာတာရှည် ရောဂါတွေဖြစ်တဲ့ ဆီးချို ကင်ဆာ သွေးတိုးရောဂါတွေနဲ့ ဆက်နွယ်နေပါတယ်…

ကိုယ်ခန္ဓာအလေးချိန်ညွှန်းကိန်း (Body Mass Index - BMI) ဆိုတာ ဘာလဲ❓

🟥 Body Mass Index= Weight/ (height)2
ခန္ဓာကိုယ်အလေးချိန် (kilogram or pounds) ကို အရပ်အမြင့် (meter or inches)နှစ်ဆကိန်း နဲ့ စားရင် BMI ရပါတယ်...

တွက်ဖို့မခက်ပါဘူး
Google မှာ free BMI calculator တွေရှိပါတယ်... အောက်က link တွေမှာ နှိပ်ပါ
https://www.nhlbi.nih.gov/health/educational/lose_wt/BMI/bmicalc.htm

https://www.cdc.gov/healthyweight/assessing/bmi/adult_bmi/english_bmi_calculator/bmi_calculator.html
ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို သိရင် အလွယ်တကူ မိမိရဲ့ BMIကို သိရပါတယ်

🔻BMI < 18.5= Underweight လျော့နည်း
✅BMI 18.5 to 24.9 = Healthy ပုံမှန်
🔺BMI 25 to 29.9 = Overweight ဝနေသူ
🔴 BMI >30 = Obese အဝလွန်သူ

BMI ဟာ နာတာရှည်ရောဂါတွေဖြစ်နိုင်ချေအတွက် ယေဘုယျအားဖြင့် အသုံးတည့်တဲ့ ညွှန်းကိန်းဖြစ်ပါတယ်... ကိုယ်ထဲမှာ အဆီတွေ ဘယ်လောက်ရှိသလဲဆိုတာ အကြမ်းဖျင်း သိနိုင်တဲ့ ညွှန်းကိန်းတစ်ခုပါ..

BMI 25 နဲ့အထက် ရှိသူတွေဟာ အောက်ပါရောဂါတွေနဲ့ ဆက်နွယ်မှု ရှိတတ်ပါတယ်...
❗️သွေးတိုး
❗️ဆီးချို
❗️နှလုံးရောဂါ
❗️လေဖြတ်
❗️ကင်ဆာ (အချို့)
❗️သည်းခြေအိပ်
❗️အရိုးအဆစ်ရောင်ရောဂါ
❗️အိပ်နေစဥ်အသက်ရှူရပ်ခြင်း

BMI 25 အထက်ရှိနေရင် ဘာလုပ်သင့်သလဲ?

👉စားသောက်မှုပုံစံပြောင်းပါ🥑🍏🥦🥬🥕
👉ကိုယ်လက်လှုပ်ရှားမှု ပြုပါ🏃🏃‍♀️⛹️‍♀️
👉အရက်ဘီယာ ဆေးလိပ်လျော့ပါ ဖြတ်ပါ 🚫🍺 🚭
👉စိတ်ဖိစီးမှုလျော့ချပါ 🧘‍♂️ 📵
👉ရောဂါများစစ်ဆေးပြီး ကုသမှုခံယူပါ 👨‍⚕️ 👩‍⚕️

“ဝရင် လှတယ်” ဆိုတာ ဂျင်းပါ!

ဝရင် BMI 25 အောက်ရောက်အောင်လုပ်မှ ကျန်းမာပါလိမ့်မယ်...

⛑ကိုဗစ်က ဝဝကစ်ကစ်လေးတွေကို ကြိုက်တတ်ပါတယ်⛑

crd 👇🏻 https://m.facebook.com/story.php?story_fbid=10159329034230761&id=748610760

21/08/2021

ကပ်ကြီး မပြီးခင် ဝက်ကြီးဖြစ်နေရင်
ဝိတ်လာချ 😬

📩 m.me/YourDietCoach.KhineKhinePhyo/

21/08/2021

-ကိုဗစ်တတိယလှိုင်းမှာ နားထားတဲ့
သီးသန့် မန်ဘာလေးတွေ ပြန်စချင်ရင်
မင်မင့်ဆီ ပြန်လာပြောပေးနော်...
-နားထားတဲ့ Group တွေလဲ ပုံမှန်အတိုင်းပြန်စပေးပါမယ်ရှင့် 💪🏻❤



#စားရင်းသောက်ရင်းဝိတ်ချကြမယ်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon
11181