MDY Builder

MDY Builder

Share

We are a trusted authorized dealer of Sika products, delivering world-class construction solutions.

As a branch of YGN Builder, we combine international quality with local expertise to provide reliable materials and service for all your building needs.

31/08/2026

Promotion နောက်ဆုံးရက်လေးမို့ အမြန်လေးလာဝယ်လိုက်တော့နော်

27/08/2026

Promotion ကြီး ဒီနေ့စပါပြီ🎊🎊

🎉 🎈MDY BUILDER 1st Anniversary & Moonsoon Promotion! 🎉🎈

📌 100 Lakhs & above ➔ 7% OFF
ကျပ်သိန်း ၁၀၀ နှင့် အထက် ဝယ်ယူသူများအတွက် 7% cash back ချက်ချင်းရယူလိုက်ပါ။

အထူးအခွင့်အရေးကြီးကို လက်မလွတ်ရအောင် အမြန်ဆုံး လာရောက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

27/08/2026

Promotion ကြီး ဒီနေ့စပါပြီ🎊🎊

🎉 🎈MDY BUILDER 1st Anniversary & Moonsoon Promotion! 🎉🎈

📌 Below 100 Lakhs ➔ 5% OFF
ကျပ်သိန်း ၁၀၀ အောက် ဝယ်ယူသူများအတွက် 5% cash back ချက်ချင်းရယူလိုက်ပါ။

အထူးအခွင့်အရေးကြီးကို လက်မလွတ်ရအောင် အမြန်ဆုံး လာရောက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

24/08/2026

🎉 🎈MDY BUILDER 1st Anniversary & Moonsoon Promotion! 🎉🎈

မင်္ဂလာပါရှင်…….🤗🤗

📢MDY BUILDER Construction Materials၏ (၁) နှစ်ပြည့် မိုးရာသီအထူး Discount အစီအစဉ်လေးလာပါပြီ။📢

လူကြီးမင်းတို့၏ ယုံကြည်အားပေးမှုကြောင့် MDY Builder ဆိုင်လေးဟာ အခုဆိုရင် (၁) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
🛍️🎁ဒီ Anniversary Celebration လေးမှာ ဆိုင်ကို အစဉ်အမြဲ အားပေးလာကြသည့် မိတ်ဟောင်းမိတ်သစ်များကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ဆိုင်ရှိ မည်သည့်ပစ္စည်းမဆို ဝယ်ယူသူတိုင်းအတွက် အထူး Discount စီစဉ်ပေးထားပါတယ်ရှင်!🛍️🎁

🎉 Discount Rates 🎉
📌 100 Lakhs & Above ➔ 7% OFF 📌
(ကျပ်သိန်း ၁၀၀ နှင့် အထက် ဝယ်ယူသူများအတွက် — 7% Discount)
📌 Below 100 Lakhs ➔ 5% OFF 📌
(ကျပ်သိန်း ၁၀၀ အောက် ဝယ်ယူသူများအတွက် — 5% Discount)
🎈🎈No Minimum Spend! အနည်းဆုံး ဝယ်ယူရမည့် ပမာဏ ကန့်သတ်ချက် လုံးဝ မရှိပါဘူးနော်! ပစ္စည်းမည်မျှပင် ဝယ်ယူသည်ဖြစ်စေ 5% OFF ချက်ချင်း ရရှိမှာပဲဖြစ်ပါတယ်ရှင်။🎈🎈

✅✅Sika Construction Materials ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် လက်လီ/လက်ကား ဝယ်ယူရရှိနိုင်မည့်အပြင် အထူးလျှော့ဈေးများပါ ရရှိနိုင်မည့် အခွင့်အရေးဖြစ်လို့ အခုပဲ MDY Builder မှာ လာရောက်ဝယ်ယူလိုက်ပါ။

Promotion ရက်လေးက
🗓️ (27.8.2026) မှ (31.8.2026) ရက်နေ့အထိ ပဲဖြစ်ပါတယ်ရှင်။
အထူးအခွင့်အရေးကြီးကို မလက်လွတ်ရအောင် အမြန်ဆုံး လာရောက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

14/08/2026

📍၃သောင်းဝန်းကျင်နဲ့ အိမ်ရဲ့ရေစိမ့်တဲ့ပြဿနာကို ဖြေရှင်းလို့ရနေပြီနော်📍

🛒🛒SikaTop® Seal-109 TH (3.6 Kg) အထုပ်သေးလေးကို MDY Builder နှင့် YGN Builder ဆိုင် မှာ ရရှိနိုင်ပါပြီ။
🛠️ရေချိုးခန်း၊ လသာဆောင်နဲ့ အက်ကြောင်းတွေကို ကိုယ်တိုင် အလွယ်တကူ သုတ်လိမ်းနိုင်ပါတယ်နော်!

📬ဆက်သွယ်ရန်လိပ်စာ📬

📍 Mandalay ဆိုင်လိပ်စာ
109x72 လမ်းထောင့်၊ ချမ်းမြသာစည်၊ မန္တလေးမြို့
☎️09680442547

📍Yangon ဆိုင်လိပ်စာ
အမှတ် ၃၄ ၊ ဝေဇယန္တာလမ်းမပေါ်၊ ၉ ရပ်ကွက်၊ တောင်ဥက္ကလာ၊ သစ္စာလမ်းမီးပွိုင့်အနီး၊ ရန်ကုန်မြို့
☎️09957510353

#ရေလုံဆေး

14/07/2026

🌧️ ရေစိုခံ၊ ရေစိမ့်သက်သာစေဖို့ ကတ္တရာရေဆေးအမျုးအစားဖြစ်တဲ့ Sika Proof Membrane ကို သုံးလိုက်ပါ။

✅ အမိုးကွန်ကရစ်ပြားများ (Flat Roofs / Slabs): မိုးရေတိုက်ရိုက်ထိပြီး ရေဝပ်တတ်တဲ့ နေရာတွေမှာသုံးလို့ရပါတယ်။

✅ မြေအောက်ခန်းနှင့် ဖောင်ဒေးရှင်းနံရံများ (Retaining Walls / Basements): မြေကြီးထဲက ရေနဲ့ အစိုဓာတ်တွေ အိမ်ထဲစိမ့်မဝင်အောင် ကာကွယ်ဖို့သုံးနိုင်ပါတယ်။

⚠️ အရေးကြီးတဲ့ သတိပြုရန် ⚠️

Sika Proof Membrane က ခရမ်းလွန်ရောင်ခြည် (UV) ဒဏ်ကို ရေရှည်မခံနိုင်ပါဘူး။ ဒါကြောင့် အိမ်ခေါင်မိုးလိုမျိုး နေရောင်တိုက်ရိုက်ပြင်းပြင်းထန်ထန် ထိတွေ့မယ့်နေရာတွေမှာ သုံးမယ်ဆိုရင်တော့ သူ့အပေါ်ကနေ အင်္ဂတေ (Plaster) ပြန်ဖုံးပေးတာ ဒါမှမဟုတ် UV ခံတဲ့ အခြားအပေါ်ရံဆေးတစ်လွှာ ထပ်သုတ်ပေးဖို့ လိုအပ်ပါတယ်။

📌ဒါလေးလုပ်ထားမှ မိုးရာသီမှာ အိမ်ရှင်တွေ စိတ်အေးရမှာနော်👍🏻

📬ဆက်သွယ်ရန်လိပ်စာ📬

📍 Mandalay ဆိုင်လိပ်စာ
109x72 လမ်းထောင့်၊ ချမ်းမြသာစည်၊ မန္တလေးမြို့
☎️09680442547

📍Yangon ဆိုင်လိပ်စာ
အမှတ် ၃၄ ၊ ဝေဇယန္တာလမ်းမပေါ်၊ ၉ ရပ်ကွက်၊ တောင်ဥက္ကလာ၊ သစ္စာလမ်းမီးပွိုင့်အနီး၊ ရန်ကုန်မြို့
☎️09957510353

14/05/2026

Sika ရဲ့ Products တွေထဲတစ်ခု ဖြစ်တဲ့ Sika® Boom AP ရဲ့ အသုံးပြုပုံလေးကို သိဖို့ ဒီ Video လေးကိုကြည့်ပေးနော်

Sika® Boom AP က လျင်မြန်စွာ ခြောက်သွေ့လွယ်သော (fast curing) polyurethane အမြှုပ် (foam) အမျိုးအစားတစ်မျိုးပါ။

✅ တံခါးနှင့် ပြတင်းပေါက် ဘောင်များ အနီးရှိ ဆက်ကြောင်းများကို တပ်ဆင်ခြင်း (fixing) နှင့် ဖြည့်တင်းခြင်း (filling)နှင့် ပိုက်လိုင်း အဝင်အထွက်ပေါက်များ၊ လေအေးပေးစက် လေဝင်ပေါက်များနှင့် Roller blind housings တို့တွင် အသုံးပြုနိုင်ပါတယ်။

✅ မည်သည့်အနေအထားတွင်မဆို ၃၆၀ ဒီဂရီ အနေအထား အားလုံးတွင် လှည့်ပတ်အသုံးပြုနိုင်ပါတယ်။

✅ အမြှုပ်ထွက်နှုန်း မြင့်မားပြီး လျင်မြန်စွာ ခြောက်သွေ့စေပါတယ်။

✅ အပူဒဏ်နှင့် ဆူညံသံများကို အလွန်ကောင်းမွန်စွာ ကာကွယ်ပေးနိုင်ပါတယ်။

✅ nozzle ဖြင့် အလွယ်တကူ အသုံးပြုနိုင်ပြီး အမြှုပ်ခြောက်သွားပါက ဖြတ်တောက်ခြင်း၊ စက္ကူပတ်တိုက်ခြင်းနှင့် ဆေးသုတ်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

⛔️UV light (ခရမ်းလွန်ရောင်ခြည်) ကို ခံနိုင်ရည်မရှိသောကြောင့် နေရောင်ခြည်တိုက်ရိုက်ထိတွေ့မည့် နေရာများတွင် အကာအကွယ်မပါဘဲ အသုံးမပြုသင့်ပါ။

📬ဆက်သွယ်ရန်လိပ်စာ📬

📍 Mandalay ဆိုင်လိပ်စာ
109x72 လမ်းထောင့်၊ ချမ်းမြသာစည်၊ မန္တလေးမြို့
☎️09680442547

📍Yangon ဆိုင်လိပ်စာ
အမှတ် ၃၄ ၊ ဝေဇယန္တာလမ်းမပေါ်၊ ၉ ရပ်ကွက်၊ တောင်ဥက္ကလာ၊ သစ္စာလမ်းမီးပွိုင့်အနီး၊ ရန်ကုန်မြို့
☎️09957510353

08/05/2026

အရေးကြီးသတိပေးချက်🚨🚨🚨

မင်္ဂလာပါ Mdy Builder Construction Materials Shop မှ ချစ်ခင်လေးစားရပါသော ဝယ်ယူသူများရှင်

ယခုအခါ အွန်လိုင်းပေါ်တွင် လိမ်လည်မှုများ ပုံစံမျိုးစုံဖြင့် ပေါ်ပေါက်လျက်ရှိရာ ကျွန်ုပ်တို့၏ Customer များ အနေဖြင့် အလိမ်အညာခံရခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါအချက်များကို အထူးဂရုပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

✅Viber ဖုန်းနံပါတ်: 09680442547
(ဤနံပါတ်တစ်ခုတည်းသာ ရှိပါသည်)
✅Kpay ငွေလွှဲနံပါတ်: 09795276758
(ဤနံပါတ်တစ်ခုတည်းသာ ရှိပါသည်)

‼️ငွေလွှဲမပြုလုပ်မီ အထူးသတိပြုရန်‼️

⛔️ငွေလွှဲပြောင်းမှု မပြုလုပ်မီ ☎️09680442547 သို့ ဖုန်းခေါ်ဆို၍ သို့မဟုတ် Viber မှတစ်ဆင့် ဆက်သွယ်၍ အတည်ပြုချက် (Confirmation) ရယူပြီးမှသာ ငွေလွှဲခြင်းကို ပြုလုပ်ပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။
⛔️အခြား မည်သည့် ဖုန်းနံပါတ်၊ Kpay နံပါတ် သို့မဟုတ် အကောင့်များသို့မှ ငွေလွှဲခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⛔️ကျွန်ုပ်တို့၏ တရားဝင် Viber နှင့် Kpay နံပါတ်များမှလွဲ၍ အခြားနံပါတ်များမှ ဆက်သွယ်လာပါက လုံးဝမယုံကြည်ပါနှင့်။
⛔️အွန်လိုင်းမှ ဝယ်ယူမှုများ ပြုလုပ်ရာတွင် သံသယဖြစ်ဖွယ် လင့်ခ်များ၊ မက်ဆေ့ချ်များ သို့မဟုတ် ဖုန်းခေါ်ဆိုမှုများကို သတိထားပါ။

Mdy Builder Construction Materials Shop အနေဖြင့် ကျွန်ုပ်တို့၏ Customer များ၏ လုံခြုံရေးကို အလေးထားပြီး အကောင်းဆုံး ဝန်ဆောင်မှုများ ပေးအပ်ရန် အစဉ်အမြဲ ကြိုးပမ်းလျက်ရှိပါသည်။

အကယ်၍ သံသယဖြစ်ဖွယ် ကိစ္စရပ်များ ကြုံတွေ့ရပါက အထက်ဖော်ပြပါ တရားဝင် ဖုန်းနံပါတ်သို့ ချက်ချင်း ဆက်သွယ် အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လေးစားစွာဖြင့်,
Mdy Builder Construction Materials Shop

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon