SK Men Fashion

SK Men Fashion

Share

cosmetics
clothing
foods

Photos from SK Men Fashion's post 08/05/2026

Daily Office အတွက် ဝတ်မလား ?
Dinner ပွဲတက်ဖို့အတွက် ဝတ်မလား?
ဘုရားတက်ဖို့ ပုဆိုး‌ လေး နဲ့ ဝတ်မလား?

မည်သည့်အခြေအနေမျိုးမှာမဆို ဝတ်လို့ကောင်းမယ့် ချည်သား ဘော့စ် Polo Shirt လေးတွေ အသစ်ရောက်ထားပါတယ်ခင်ဗျာ .....

ဘော့စ် cotton Polo Shirt
Colour - 4 Colour
Available Size - M/L/XL/2Xl
Price -48,000 Ks

📐 Size Chart 📐
Size ပုခုံး ရင် အရှည်

M. 17”.ခွဲ 39” 27”
L. 18”. . 41” 28”
XL. 19”. 43”. 29”
2XL. 20”. 45”. 29”ခွဲ

Phone : 09 79 59 388 26 / 09 79 266 9309
Viber : 09 79 59 388 26 / 09 79 266 9309

အသေးစိတ် သိရှိလိုပါက Page Messanger တွင်လာ ရောက် မေးမြန်း ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။
ရန်ကုန်မြို့တွင်း COD (ပစ္စည်းရောက် ငွေချေ) ဖြင့် ဝယ်ယူနိုင်ပါသည်။
နယ်မြို့လေးများအတွက် Royal Express ရောက်ရှိသော မြို့နယ်များအားလုံး အိမ်ရောက်ငွေချေ ဖြင့်ပို့ဆောင်ပေးပါတယ်ခင်ဗျာ။

Photos from SK Men Fashion's post 07/05/2026

နွေရာသီ အတွက် လွတ်လပ်ပေါ့ပါးပီး မရှိမဖြစ်
အလိုအပ်ဆုံး Men Cotton Short လေး တွေ ရောက်ရှိလို့လာပါပီခင်ဗျာ .....

Z-A-R-A Men's Short

Price - 47,500 kyats

Available Size - 30/31/32/34/36

Available Colour - Black,White,Brown,Navy Blue,Army Green .

𝐒𝐢𝐳𝐞 𝐜𝐡𝐚𝐫𝐭
Size 𝐖𝐚𝐢𝐬𝐭𝐬 𝐋𝐞𝐧𝐠𝐭𝐡
30 16“ 9“
31 16“ 9“ခွဲ
32 16“ 9"ခွဲ
34 17“ 10"
36 17“ ခွဲ 10" ကျော်

Phone : 09 79 59 388 26 / 09 79 266 9309
Viber : 09 79 59 388 26 / 09 79 266 9309

အသေးစိတ် သိရှိလိုပါက Page Messanger တွင်လာ ရောက် မေးမြန်း ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။
ရန်ကုန်မြို့တွင်း COD (ပစ္စည်းရောက် ငွေချေ) ဖြင့် ဝယ်ယူနိုင်ပါသည်။
နယ်မြို့လေးများအတွက် Royal Express ရောက်ရှိသော မြို့နယ်များအားလုံး အိမ်ရောက်ငွေချေ ဖြင့်ပို့ဆောင်ပေးပါတယ်ခင်ဗျာ။

30/04/2026

(၇)ရက် သားသမီး များအားလုံး
စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်မာခြင်းဖြင့်ပြည့်စုံနိုင်ကြပါစေ ...

12/06/2024

🙏🙏🙏🙏🙏

အရှင်ဓမ္မပီယ (ဓမ္မာစရိယ)
သက်တော် (၂၄)နှစ်
ဝါတော် (၄)ဝါ
ကလောင်အမည် – သကျသွေး
(၁၈.၉.၂၀၀၃ ခုနှစ်တွင် ပျံလွန်တော်မူသည်။)
-------------------------------
ကျောင်း၀န်းထောင့်ရှိ အုတ်ဂူဖြူဖြူလေးကို တွေ့လိုက်ရတော့ သူသည် ကြောက်လန့်စိတ် အလျဉ်းဖြစ်မသွားခဲ့ပါ။ တကယ်ဆို နေ၀င်ခါစ သည်အချိန် လေးသည် ကြောက်လန့်စိတ်ဖြစ်ဖို့ အကောင်းဆုံးဖြစ်သည်။ သို့သော် သူကြောက်လန့်စိတ် ဖြစ်မသွားခဲ့ပါ။

ဂူမျက်နှာပြင်တွင် တွေ့လိုက်ရသော စာကြောင်းလေးများက ကြောက်လန့်စိတ် နေရာကို အစားထိုး၀င်သွားလေလားမသိ။ ပြီးတော့ အုတ်ဂူဖြူဖြူပေါ်တွင် “ဘ၀ဆက်တိုင်း သံသယဖြင့် နှိပ်စက်ခံရသူအဖြစ်မှ ကင်းလွတ်ရပါလို၏” ဟူသော စာသားလေးကိုလည်း တွေ့့လိုက်ရပါသည်။

သူသည် ကြောက် လန့်စိတ်ထက် စိတ်၀င်စားသည့်စိတ်က ပိုများသွားသည်။ သူသည် သည်မြို့ကလေးသို့ ညတရားဟောဖို့ နေ့လည်(၃)နာရီခွဲလောက်ကမှ ရောက်လာခဲ့ခြင်းဖြစ်သည်။

ပြီးတော့ သည်မြို့ကလေးသည် သူ့အတွက် ပထမဦးဆုံး အကြိမ် ရောက်ဖူးခြင်းလည်း ဖြစ်သည်။။ တရားပွဲက ည(၇)နာရီမှ စမှာဆိုတော့ အချိန်ရသေးသည်နှင့် ကျောင်းအောက်သို့ဆင်းခဲ့သည်။ လမ်းလျှောက်ရင်းဖြင့် သည်နေရာကလေးသို့ သူရောက် လာခဲ့ခြင်းဖြစ်သည်။ အသက်၂၄နှစ်ဆိုတာ လောကမှာနေလို့ အကောင်းဆုံးအရွယ်လေး။ ဘာဖြစ်လို့ပါလိမ့်။ ပြီးတော့ စာရေးတဲ့ဦးဇင်းလေးတဲ့။ ပြီးတော့ စာရေးသည်ဆိုတော့ သူ့အတွက်ပို၍ စိတ်၀င်စားစရာဖြစ်သွားသည်။

ကို ‘သကျသွေး’ ဆိုသည့်ကလောင်နာမည်လေးကို မဂ္ဂဇင်းတချို့တွင် တစ်ပုဒ်စ၊ နှစ်ပုဒ်စတော့ တွေ့ဖူး သည်၊ များများတော့မတွေ့ဖူး။ သူမဖတ်ဖြစ်သည့် မဂ္ဂဇင်းများတွင် ရေးနေတာလည်းဖြစ်နိုင်သည်။ သူ့အသက်နှင့်တွက်လျှင် ဆယ်စုနှစ်တစ်စုငယ်သော ဦးဇင်းလေး။ စာပေလောကအတွက် ကလောင်တစ်ချောင်း ဆုံးရှုံးသွားသလို သာသနာအတွက်လည်း ရဟန်းတစ်ပါး ဆုံးရှုံးသွားခြင်းဖြစ်သည်။ ပျံလွန်တော်မူသည့် နေ့စွဲကိုကြည့်တော့ ဘာမျှမကြာသေး။ တစ်နှစ်ကျော်မျှသာ ရှိသေးသည်။ အုတ်ဂူလေးပင် သစ်သစ်လွင်လွင်ရှိနေဆဲ။

သူသည် ၂၄နှစ်အရွယ်တုန်းက စာတွေရေးနေခဲ့သည်။ ပြီးတော့ ဓမ္မာစရိယတန်းအတွက် စာတွေလည်းကျက်နေခဲ့သည်။ အုတ်ဂူထဲက ဦးဇင်းလေးလည်း သည်အ တိုင်းသာ ဖြစ်နေလိမ့်မည်။ သူသည် ညနေခင်းများစွာကို ပုံစံမျိုးစုံဖြင့် ဖြတ်သန်းခဲ့ဖူးပါသည်။ အပြုံးနှင့်လည်း ဖြတ်သန်းဖူးသည်။ အမုန်းနှင့်လည်း ဖြတ်သန်းဖူးသည်။ အလွမ်းနှင့်လည်း ဖြတ်သန်းဖူးသည်။ အမောနှင့်လည်း ဖြတ်သန်းဖူးသည်။၊ အပျော် နှင့်လည်း ဖြတ်သန်းဖူးသည်။ ကြောက်လန့်စိတ်နှင့်လည်း ဖြတ်သန်းဖူးသည်။ သည်ညနေ ခင်းလေးကတော့ ကြောက်စိတ်နှင့် ဖြတ်သန်းနေတာ မဟုတ်တာတော့ သေချာပါသည်။ သူသည် ပင့်သက်ကိုရှိုက်ရင်း အုတ်ဂူနားဆီသို့တိုးသွားမိသည်။

အုတ်ဂူလေးကို လက်နှင့်ထိလိုက်တော့ ကြမ်းရှရှ အင်္ဂတေသားသည် သူ၏နှလုံးသားကို လာ၍ ထိသယောင်၊ ထိလက်စလက်ကို ချက်ချင်းမရုပ်မိ။ ဘာဖြစ်လို့ ပျံလွန်တော်မူသွားပါလိမ့်…….. တစ်ခုခုများဖြစ်ခဲ့လို့လား…။

သူတွေးနေဆဲမှာပင် သူ့နောက်မှ ခြေသံသဲ့သဲ့ ကြားရသည်။ လှည့်ကြည့်လိုက်တော့ သည်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်၊ သက်တော် (၈၀)ခန့်ရှိပြီ ဖြစ်သော ဆရာတော်သည် တောင်ဝှေးကို အားပြုထားသည်။ မျက်မှန်ထူထူ၊ သင်္ကန်းအညိုရောင်ရင့်ရင့်နှင့် ဇရာ၏လက္ခဏာကို ပြနေသော်လည်း ဆရာတော်တစ်ပါးအဖြစ် ပို၍သပ္ပာယဖြစ်နေပါသည်။

ဆရာတော် သူ့အနားရောက်လာတော့ လက်အုပ်ချီပြီး အရိုအသေပေးလိုက်သည်။ ဦးဇင်းလေးက အုတ်ဂူလေးကို ကြည့်ပြီး စိတ်၀င်စားနေပုံရတယ်’ မှန်ပါဘုရား’

ဒီအကြောင်းတွေကို တပည့်တော် ဘယ်သူ့မှလည်း ပြောပြ မနေချင်တော့ပါဘူး။
ပြောမပြမိအောင်လည်း သတိထားပါတယ်။ ဦးဇင်းလေးကတော့ စား လည်းရေး တရားလည်းဟောတော့ အများနဲ့ဆက်ဆံနေရတာဆိုတော့ နည်းနည်းလောက်တော့ ပြောပြချင်တယ်။

ပြီးတော့သူက ဦးဇင်းလေးလိုပဲ စာရေး တယ်၊ စာရေးဆရာ သိပ်ဖြစ်ချင်တာ၊ မဂ္ဂဇင်းတွေမှာ ဆယ့်လေး ငါးပုဒ်တော့ ပါဖူးတယ်’ ပြောပါ ဘုရား၊ ပြီးတော့ ဂူလေးကိုကြည့်ပြီး တပည့်တော်ကိုယ်တိုင်လည်း စိတ်၀င်စား နေပါတယ်ဘုရား’

ဒီဦးဇင်းလေးက ဒီမြို့ကပဲ၊ မိဘတွေကလည်း အတော်အသင့်ချမ်းသာကြပါတယ်။ တပည့်တော်ပဲ အခြေခံစာတွေသင်ပေး၊တပည့်တော်ပဲ မန္တလေးက စာသင်တိုက်ကို ကိုယ်တိုင်ပို့ပေးခဲ့ရတာ၊ ဟိုတစ်နှစ်ကပဲ ဓမ္မာစရိယ တန်းမှာ သီလက္ခန်တစ် ကျမ်းအောင်လို့ဆိုပြီး သင်္ကန်းတစ်စုံ ဆုချလိုက်ရသေးတယ်။

လိုရင်းပြောရရင်တော့ ဦးဇင်းလေးရယ်၊ သူနေတဲ့စာသင်တိုက်မှာ ဦးဇင်းတစ်ပါးက သရီးရိုင်ဖယ်ဆိုတဲ့ သင်္ကန်းတစ်စုံပျောက်တယ်တဲ့၊ ပျောက်တဲ့ ဦးဇင်းက တပည့်တော်ရဲ့တပည့်ဦးဇင်းလေးကို စွပ်စွဲတယ်ပေါ့လေ။ နောက်ဆုံးဘယ်အထိဖြစ်လာသလဲဆိုတော့ ကျန်တဲ့ဦးဇင်းတွေကပါ ယုံလာပြီး စကားတွေ ဘာတွေ မပြောကြတော့ဘူးတဲ့၊ ပိုဆိုးတာကတော့ ဆွမ်းအတူမစားကြတော့တာပဲ၊ သူများပစ္စည်းခိုးရင် ပါရာဇိကကံကျတာဆိုတော့ ပါရာဇိကကျတဲ့ ဦးဇင်းနဲ့ ဆွမ်းအတူ မစားချင်ကြတဲ့ သဘောပေါ့လေ။

အားလုံးက ဝိုင်းကြဉ်ထားတော့ ဦးဇင်းလေးလည်း တော်တော်လေး အထီးကျန်လာပုံရတယ်။ နောက်တော့ သူကျောင်းထိုင်ဆရာတော်ကို သွားလျှောက်ပြ လိုက်တယ်။ ဆရာတော်က ချက်ချင်းသံဃာကုန်ခေါ်ပြီး သြဝါဒပေးတယ်။ တပ်အပ်မမြင်ဘဲနဲ့ မစွပ်စွဲဖို့ပေါ့လေ။ သံဃာကြားထဲမှာ ဦးဇင်းလေးက လူးလှိမ့်ငိုနေတယ်တဲ့။ သူမဟုတ်တဲ့အကြောင်းလည်း ကျိန်ပြီးပြောတယ်တဲ့။

နောက်ဆုံးတော့ သူ့ဇာတိဖြစ်တဲ့ ဘုန်းကြီးရဲ့ ဒီကျောင်းကိုပြန်ရောက် လာတော့တာပဲ။ သူရောက်တဲ့အချိန်က တပည့်တော် ဆွမ်းစားနေတဲ့အချိန် ၁၁ နာရီလောက် ရှိပြီ။ ဒါနဲ့ တပည့်တော်ကလည်း “ဦးဇင်း တစ်ခါတည်း ၀င်ဘုဉ်းပေးလိုက်” လို့ပြောလိုက်တယ်။

ဒါပေမယ့် သူကဘာပြန်ပြောသလဲဆိုတော့ “ဆရာတော်လည်းတပည့်တော်ကို ယုံမှာမဟုတ်ပါဘူး။ တပည့်တော်ကို တစ်ပါးတည်းပဲပြင်ပေးပါတဲ့”။ တပည့်တော်ကလည်း “ဟဲ့...ဦးဇင်း၊ ဘာတွေပြောနေတာလဲ၊ လာ...တစ်ခါတည်း ဒီမှာ ၀င်ဘုဉ်းပေး။” လို့ထပ်ပြောပေမယ့် သူက အကြောက်အကန် ငြင်းနေတာနဲ့ နောက်ဆုံးတော့ သူစိတ်ချမ်းသာပါစေဆိုပြီး ပြင်ကျွေးခိုင်းလိုက်တယ်။ နောက်ရက်တွေမှာလည်း အဲဒီအတိုင်းပဲ တစ်ပါးတည်းပဲ စားတယ်။ ဘယ်သူနဲ့မှလည်း စကားမပြောဘူး။ ပြီးတော့ ကျောင်းထောင့်က မန်ကျည်းပင်အောက်မှာ အမြဲသွားသွား တရားထိုင်တယ်။ ဒီကိုရောက်ပြီး ၁၅ရက်မြောက်တဲ့နေ့မှာပဲ ဦးဇင်းလေးရယ် ပြောရမှာတောင် စကားမထွက်ရက်ပါဘူး။ အဲဒီ သူတရားထိုင်တဲ့မန်ကျည်းပင်မှာပဲ ကြိုးဆွဲချ ပျံလွန်တော်မူသွားတယ်။’

‘အို’ သူ့နှုတ်မှ အသံထွက်သည်အထိ အံ့သြသွားပါသည်။ ဆရာတော်က စကားဆက်သည်။ ပျံလွန်တော်မူတော့ သင်္ကန်းကြားထဲမှာ စာရွက်ကလေးတစ်ရွက် တွေ့ရတယ်။ ဘာရေးထားသလဲဆိုတော့ “ဘ၀ဆက်တိုင်း သံသယဖြင့် နှိပ်စက်ခံရသူအဖြစ်မှ ကင်းလွတ်ရပါလို၏။” တဲ့။ တပည့်တော်တို့လည်း သူဘာတွေဖြစ်လာခဲ့တယ်ဆိုတာလည်း မသိရဘူး၊ တစ်မြို့လုံးကလည်း စိတ်မကောင်းကြဘူး။ သူ့အမေဆိုတာကတော့ ပြောမနေပါနဲ့တော့။ အခုဆိုပျံလွန်တော်မူသွားတာ တစ်နှစ်ကျော်ပြီဆိုပါတော့’

အဲဒီဦးဇင်းလေးက သင်္ကန်းကို တကယ်ကောယူမိလို့လားဘုရား’

‘အဲဒါပြောမလို့ပဲ….. ပျံလွန်တော်မူပြီး သုံးလလောက်ကြာတော့ သူနဲ့တော်တော်ခင်တဲ့ သူ့ရဲ့သူငယ်ချင်း ဦးဇင်းတစ်ပါးရောက်လာတယ်။ ရောက်လာတဲ့....သူ့သူငယ်ချင်း ဦးဇင်းဆီက စကားကြားရတော့မှ အားလုံးစိတ်မကောင်းဖြစ်ကြရတယ်။ သင်္ကန်းပျောက်တဲ့ဦးဇင်းလေးက သင်္ကန်း ပျောက်သွားတာတော့ တကယ်ပျောက်သွားတာပဲ။ ဖြစ်ပုံက အဲဒီဦးဇင်းလေးက ဆွမ်းခံကြွနေတုန်း သူ့ရဲ့ ဦးလေးဘုန်းကြီးက တောကရောက်လာတယ်တဲ့။ မန္တလေးကို ပစ္စည်းလာ၀ယ်တာတဲ့၊ သေတ္တာပေါ်မှာ သရီးရိုင်ဖယ်သင်္ကန်းကို တွေ့သွားပြီး သဘောကျတာနဲ့ တူလည်းဖြစ်၊ တပည့်လည်းဖြစ်နေတာနဲ့ မပြောပဲ ယူသွားလိုက်တယ်။ ဘူတာကို ချက်ချင်းဆင်းရတာဆိုတော့ ယူသွားတဲ့အကြောင်း ဘယ်သူ့မှလည်း ပြောချိန်မရတော့ဘူး ထင်တယ်။ အဖြစ်မှန်ကို ဘယ်သူမှမသိကြတော့ ပြဿနာဖြစ်ကြတော့တာပဲ။

နောက် တပည့်တော် တပည့်ဦးဇင်းလေး ပျံလွန်တော်မူပြီး နှစ်လလောက်နေမှ သင်္ကန်းပျောက်တဲ့ ဦးဇင်းလေးက သူ့ရွာပြန်မှ ဦးလေးဘုန်းကြီးက သူသင်္ကန်းယူသွားတဲ့ အကြောင်းပြောပြတာတဲ့၊ အဖြစ်မှန်ကို သိရတဲ့အချိန်မှာ အားလုံးကလွန်ကုန်ပြီ။

တစ်ထွာလောက်ရှိတဲ့ လျှာတစ်ချောင်းဟာ သိပ်ကြောက်ဖို့ကောင်းတယ်။ ဘာမဟုတ်တဲ့ စကားတစ်ခွန်းဟာ အသက်တစ်ချောင်းအထိ ဆုံးရှုံးသွားရတယ်။ တပည့်တော် အသက် ရှစ်ဆယ်နီးနေပါပြီ။ တော်ရုံတန်ရုံကိစ္စကို အသက်အရွယ်အရ တရားနဲ့ဖြေလို့ရပါတယ်။ ဒီဦးဇင်းလေးကိစ္စကျတော့ ငယ်ငယ်လေးကတည်းက ကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့ရတဲ့ တပည့်ရင်းလေး ဖြစ်နေတော့ သံယောဇဉ်လည်း တော်တော်ဖြစ်မိပါတယ်။ အဲဒါကြောင့် စိတ်ထဲမှာ ဣနြေ္ဒမရတော့ ဖြစ်မိတယ်။ နောက်ဆုံးတော့ သဗ္ဗေသတ္တာ ကမ္မဿကာ သူ့၀ဋ်ရှိလို့ ခံရတာပဲလေလို့ နှလုံးသွင်းလိုက်ရတယ် ဦးဇင်းလေးရယ်’

ဆရာတော်က ဆက်တိုက်ပြောလိုက်ရလို့ထင်သည်။ သည်မှာပင် စကားကို ရပ်ထားသည်။ စကားက သည်မှာတင် မဆုံးသင့်သေးပါ။ သည့်အတွက် သူကပဲ စကားစလိုက်ရသည်။

ဆရာတော်ဘုရား။ ဘုရားတပည့်တော် အထင်တော့ ဦးဇင်းလေးအနေနဲ့ ဒီနည်းနဲ့မဖြေရှင်းဘဲ တခြားနည်းတစ်ခုခုနဲ့ ဖြေရှင်းဖို့ကောင်းတယ်ဘုရား။ ဖြေရှင်းနည်း မှားသွားတယ် ထင်တယ်ဘုရား။”

”အင်း...ဒါပေမယ့် ဦးဇင်းလေးရယ်...၀ဇီရဗုဒ္ဓိဋီကာမှာ ဂါထာလေးတစ်ပုဒ်ရှိတယ်။
ယေဘုယျေန ဟိ သတ္တာနံ၊ ဝိနာသေ ပစ္စုပဋ္ဌိတေ။
အနယောနယ ရူပေန၊ ဗုဒ္ဓိမာဂမ္မတိဌတိ။ တဲ့
အဓိပ္ပါယ်ကတော့ “သတ္တဝါတွေဟာ ပျက်စီးဖို့အချိန်တန်လာရင် နည်းဆိုးနည်းမှားဟာ နည်းမှန်ဟန်ဆောင်ပြီး စိတ်မှာ ထင်လာတတ်တယ်” တဲ့။ တကယ်တော့ ...လူဟာ ပျက်စီးဖို့အချိန်တန်လာရင် ဘာနဲ့မှ ကာကွယ်လို့ မရတော့ပါဘူး။ ကဲ...ကဲ....ဦးဇင်းလေးလည်း တရားဟောရဦးမယ်။ ကြွတော့.. .ကြွတော့။” မှန်ပါဘုရား”

သူ ဆရာတော်ကိုလက်အုပ်ချီပြီး အရိုအသေပေးရင်း နားနေဆောင်သို့ပြန်ခဲ့သည်။ လှမ်းရသည့် ခြေလှမ်းတွေက သိပ်မသွက်ချင်၊ လေးတွဲ့ ဖင့်နှေးနေသည်။ ဆရာတော်ကတော့ သူ့တပည့် ဦးဇင်းလေး လဲလျောင်းရာ အုတ်ဂူလေးနားမှာပဲ ရပ်ကျန်ခဲ့သည်။

တစ်ထွာလောက်ရှိသော လျှာတစ်ချောင်းကို သူတော်တော်ကြောက်သွားပါသည်။ ပြီးတော့မုန်းချင်စိတ်လည်း ပေါက်သွားပါသည်။

မြတ်စွာဘုရားလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ အရှင်သာရိပုတ္တရာလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဆရာတော်အရှင် ဇနကာ ဘိဝံသလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ မင်းကွန်းဆရာတော်ဘုရားကြီးလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ နပိုလီယန်လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဟစ်တလာလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ မာသာထရီဇာ လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဘင်လာဒင်လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။

ထိုလျှာတစ်ချောင်းသည် မကြာခင်ပြာဖြစ်ရဦးမည်။ ပြာမဖြစ်ခင်တော့ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုအနေနှင့် အကောင်းအဆိုးတွေဖန်တီးနေဦးမည်။ ထိုလျှာ တစ်ချောင်းကြောင့်ပင် သူကျင်လည်ရာ၀န်းကျင်တွင်ရှိသော သတ္တဝါတို့သည် အမြင့်သို့လည်း ရောက်သွားနိုင်သည်။ အနိမ့်သို့လည်း ရောက်သွားနိုင်သည်။ အမှောင်ထဲသို့လည်း ရောက်သွားနိုင်သည်။ အလင်းထဲသို့လည်း ရောက်သွားနိုင်သည်။ လျှာတစ်ချောင်းသည် အဖြူအမည်းကို ကောင်းကောင်း ဖန်တီးနိုင်ပါသည်။ လျှာတစ်ချောင်သည် ပြာဖြစ်သွားလျှင်ကော ဇာတ်သိမ်းသွားပြီဟု ဆိုနိုင်ပါမည်လား။

ဗုဒ္ဓဘာသာ၏ အဘိဓမ္မာသဘောတရားအရ ကံ, ကံ၏အကျိုးဆိုတာ ရှိသည်ပဲလေ။ ကံ, ကံ၏အကျိုးအရ အသက်ထင်ရှားရှိစဉ် ပြုမူပြောဆိုခဲ့သော အမူအရာတို့သည် ကမ္မသတ္တိ တစ်ခုအနေနှင့် ဟိုဘက်ဘ၀အထိ ပါသွားပါလိမ့်မည်။ ပြာဖြစ်သွားလျှင်တော့ ဘာမှ အယူခံခွင့်မရှိတော့။ သတ္တိအားလျော်စွာ သုဂတိ၊ ဒုဂ္ဂတိ တစ်ခုခုက အသင့်ကြိုနေပါလိမ့်မည်။

ပြာမဖြစ်ခင် လျှာတစ်ချောင်းကို အမှီပြုပြီး တမလွန်၏ သုဂတိ ဒုဂ္ဂတိကို ကောင်းကောင်း ဖန်တီးနိုင်ခွင့် ရှိနေသေးသည်။ ပြာဖြစ်သွားလျှင်တော့ ဖန်တီးနိုင် ခွင့် ရွေးချယ်နိုင်ခွင့် မရှိတော့ပါ။

ဘာပဲပြောပြော ည(၇)နာရီ ထိုးလျှင်ပင် သူလျှာတစ်ချောင်းကို အသုံးပြုရပါဦးမည်။ သည်တော့လည်း သူ၏လျှာတစ်ချောင်းကို ကျေးဇူးတင်လိုက်ရပြန်ပါသည်။

ရဝေနွယ်-အင်းမ
မော်လမြိုင်ကျွန်းမြို့နယ်
ပရိယတ္တိသာသနာနုဂ္ဂဟအသင်း
ရွှေရတုအထိမ်းအမှတ်မဂ္ဂဇင်း (၁၃၁၆-၁၃၆၆)
(“အမြဲစီးဆင်းနေသော မြစ်တစ်ဆင်း အကြောင်း” စာအုပ်မှ ကူးယူတင်ဆက်ထားပါသည်။)
#မူရင်းရေးသူမျှဝေသူတို့အားလေးစားစွာဖြင့်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

07/05/2024

#စီးပွားတက်ချင်ကြိုတင်ပြင်
🌹🌹🌹🌹🌹🌹🌹🌹🌹🌹
ဖတ်ကြည့်နော်...

#မိုးလင်းလာရင်...
ဆူပူအော်ဟစ်နေတဲ့ အိမ်
မဖြစ်ရဘူး။

#ဟိုဟာမရှိဘူး
ဒီဟာမရှိဘူး
ကုန်ပြီဆိုတဲ့အသံတွေ မထွက်ရဘူး။

#ညနေကတည်းက
ဘာကုန်တတ်လဲ
အမြဲစစ်တတ်တဲ့အကျင့် လုပ်ပါ။
ကြိုဝယ်ထားပါ။

#တချို့အိမ်တွေက
လူကြီးတွေနဲ့ မိမိကိုယ်တိုင်က
ပွစိပွစိ လုပ်မိနေတတ်တယ်။
သတိထား ပြုပြင်ပါ။

မထိန်းတတ်သေးရင်
အိမ်အလုပ် "စ"လုပ်ရင်း
သံဗုဒ္ဓေ( 108 )ခေါက်
စိတ်ထဲကနေ ရွတ်ရင်း လုပ်ကြည့်ပါ။

#ကလေးတွေ
ငိုသံမကြားရအောင်
ဂရုပြုပါ။

ကလေးနိုးလာတာနဲ့
စားဖို့ ကြိုပြင်ထားပါ။

ဆော့စရာလေးတွေ
ဘေးနားထားပါ။

ကလေးရယ်သံလေးတွေ
လွင်နေပါစေ။

#ဘုရားသောက်တော်ရေ ကပ်ပါ။
ဘုရားဝေယျာဝစ္စ လုပ်ပါ။
မေတ္တသုတ် တရားသံတိုးတိုးလေး
ဖွင့်လိုက်ပါ။

#နေ့စဉ်
ဘုရားကို( 500 )ကျပ် ဝတ္ထုငွေလှူပါ။

လကုန်ရင်
ပြန်စွန့်ပြီး
ဘုရားအတွက် လိုတာဝယ်ပါ။

#နေ့စဉ် အိမ်ရှေ့ဘက်ကို
ဆန်လက်တစ်ဆုပ် ပက်လိုက်ပါ။
ငှက်ကလေးတွေကို ကုသိုလ်ပြုပါ။

#မနက်ခင်ဆို
ရှေ့ဘက်ကနေ နောက်ဘက်ကိုတံမြက်လှည်းပါ။

#ညနေကို
နောက်ဘက်ကနေ ရှေ့ဘက်ကို
တံမြက်လှည်းပါ။

#ဖိနပ်အစုတ်
ထီးအစုတ် ကျိုးပဲ့နေတာတွေ
အိမ်မှာ မထားရပါဘူး။

မီးဖိုချောင်မှာ
မလိုအပ်တာမထားပါနဲ့။

စားသလောက် ပန်းကန်
အရေအတွက်ပဲ ထားပါ။
အပိုတွေ သိမ်းပစ်လိုက်ပါ။

#လင်မယား
စောစောစီးစီး စကားမများမိပါစေနဲ့။

#မနက်မိုးလင်းမှာ
ကုသိုလ်တရားနဲ့ အစပြုပါ။

ညအချိန်မှာ
ကုသိုလ်တရားနဲ့ အိပ်ရာဝင်တတ်အောင်
နေပါ။

#တစ်နေ့တာပြီးတိုင်း
ဒီနေ့ ကောင်းမှု တစ်ခု
ဘာလုပ်ခဲ့သလဲ တွေးပါ။

မကောင်းတာ
ဘာလုပ်မိလဲ ဆင်ခြင်ပါ။

နောက်နေ့
ကုသိုလ်တစ်ခု ပြုဖို့ အားစိုက်ပါ။

#ခွေးလေးကို
ထမင်းကျွေးတာလည်း
ကုသိုလ်ပါပဲ။

#ငှက်လေးတွေကို
ဆန်စေ့ပက်ပေးတာလည်း
ကုသိုလ်ပါပဲ။

#ဂုဏ်တော်
ရွတ်မိတာလည်း ကုသိုလ်ပဲ။

#မိသားစုကို
မေတ္တာနဲ့ ချက်ကျွေးတာလည်း
မွန်မြတ်တဲ့ ကုသိုလ်ပါပဲ။

👇✔︎👇✔︎👇✔︎👇✔︎👇✍
လေးစားစွာCrdပေးပါသည်"

24/02/2024

"ယနေ့အတွက် အားပေးစကား"💖💪

မြန်မာလူမျိုးတိုင်းအတွက် | Myanmar Pyi

16/11/2023

" တာဝန်နှစ်ခု "
=========
မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်
မင်းတို့ရဲ့ဘဝကို
မင်းတို့မိဘတွေထက်
ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုးစားရမယ်
မင်းတို့ရဲ့သားသမီးတွေကို
မင်းတို့ဘဝတွေထက်ပိုပြီး
ကောင်းမွန်အောင်စွမ်းဆောင်ပေးရမယ်

"အချိန်ဆိုတာ ဘဝ"
==============
မင်းအသက် ၃၀ ငါ့အသက် ၈၆
ဒါအချိန်ပဲ
အချိန်ကဘဝပဲ
အချိန်မပါဘဲ ဘဝကိုဖွဲ့စည်းလို့မရဘူး
မင်းဘဝကိုတန်ဖိုးထားရင်
မင်းရဲ့အချိန်ကိုလည်း တန်ဖိုးထားရလိမ့်မယ်

" နှလုံးသားလှဖို့လိုတယ် "
===============
ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ်
ငါအချစ်ဆုံးပဲ
သူတို့ကနှလုံးသားရွိလို့
ဥစ္စာရူးရယ် အာဏာရူးရယ် ငါအမုန်းဆုံး
သူတို့နှလုံးသားမရွိလို့

" အကျင့် "
========
လူတွေက
မကောင်းတာလုပ်ဖြစ်ရင်
မကောင်းအကျင့်ပါသွားမှာကျသိကြတယ်
ငါပြောမယ်
မကောင်းတာအကျင့်လုပ်ရင်
မကောင်းကျင့်ပါသွားမှာပဲ
အဲ့ဒီလိုပဲ
ကောင်းတာကိုလည်း
အကျင့်လုပ်ရင်
ကောင်းတဲ့အကျင့်ဖြစ်သွားမှာပဲ

" သတိမမူရင် ဂူမမြင်ဘူး "
===============
လူတွေက
သူများထီပေါက်ရင်သာ
ငါလည်း ထီပေါက်နိုင်တယ်လို့ တွေးတတ်ကြတာ
သူများကားတိုက်ရင်
ငါလည်း ကားတိုက်ခံရနိုင်တယ်လို့
မတွေးကြဘူး
သူများအောင်မြင်ရင်သာ
ငါလည်းအောင်မြင်မယ်လို့သာ တွေးကြတာ
သူများကျရှုံးရင်
ငါလည်း ကျရှုံးနိုင်တယ်လို့မတွေးကြဘူး
သတိထား အစစအရာရာ
သတိဆိုတာ ပိုတယ်မရှိဘူး

" အခိုက်အတန့် "
===========
လူတွေက
ချမ်းသာခြင်းသာ
သင်္ခါရလို့ထင်တယ်
တစ်ကယ်တော့
ဆင်းရဲခြင်းလည်း သင်္ခါရပဲ
မင်းကြိုးစားနေသမျှကာလပတ်လုံး
အဆင်မပြေခြင်းက သင်္ခါရ
မင်း မကြိုးစားပဲ
ရေသာခို အချောင်နေနေသရွေ့
မင်းအတွက်ဆင်းရဲခြင်းက
ထာဝရပဲ

" တောင်းမှာအကွပ် "
=============
အသိပညာရှိသောသူ၊ ဆုံးမထိုက်သောသူ၊ ဆုံးမရန်
ဝတ္တရားရှိသောသူတွေကိုက
ပစ်ပယ်လိုက်ပြီဆိုရင်တော့
အဲ့ဒီကောင်ဘဝ သေပြီလို့မှတ်လိုက်တော့.

"ရိုးသားပါ "
========
ကိုယ်မရသင့်တာကို မယူချင်ပါနဲ့..
ကိုယ်မရသင့်တာကို ယူလိုက်မိရင်
ကိုယ်မလိုချင်တာတွေကိုပါ လက်ခံရတတ်တယ်

" လူမိုက်နှင့် လူလိမ္မာ "
===============
လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို
ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက် နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့

"ရင်ဆိုင်ပါယှဉ်ပြိူင်ပါ "
==============
တညည်းညည်း တညူညူနဲ့
"ငါတော့ ကံဆိုးတာပဲလို့
အောက်မေ့နေရင်
အဲဒီလူ တစ်ကယ်ကံဆိုးသွားပြီလို့သာ
အောက်မေ့ပေတော့..
လောကကြီးမှာ ရှုံးလို့ထွက်ပြေးရင်
တစ်သက်လုံးပြေးပေတော့..
အောင်မြင်မှု ဘယ်တော့မှ မရဘူး..
ထွက်ပြေးတဲ့ကောင် ဘယ်တော့မှနိုင်ရိုးမရှိဘူး..
ရင်ဆိုင်နိုင်တဲ့ကောင်မှ နိုင်တာ..။..........................&..............:.........


စင်္ကာပူ နိုင်ငံအတွင်း မြန်မာစာအုပ်ဆိုင် 📚🙏
MK Book Store & စင်္ကာပူ

01/11/2023

မင်္ဂလာ နံနက်ခင်းပါ ခင်ဗျာ

စိတ်၏ချမ်းသာခြင်း......

ကိုယ်၏ ကျန်းမာခြင်းဖြင့် ပြည့်စုံနိုင်ကြပါစေ

Photos from May Yadanar - Jade & Jewellery's post 08/10/2023

💪💪💪

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon