Sharing&caring by V-Phoenix
Sharing is caring
27/12/2020
LTNSပါအသဲလေးတို့ဖူးpageမှာမတင်ဖြစ်တာတော်တော်ကြာနေပါပြီ။
အခုအကုန်လုံးစိတ်ဝင်စားနေတဲ့ Burmese Dreamရဲ့Pink Clay maskလေးကိုreviewပေးချင်ပါတယ်😘
ဖူးကface maskတွေအရမ်းဂျီးများတဲ့ထဲပါပါတယ်။maskတွေကပ်ရင် အနီစက်တွေဖုတွေထွက်တာယားတာဖြစ်တတ်လို့တော်ရုံ maskကပ်လို့မရပါဘူး။ပြီးတော့ Clay maskတွေဆိုလည်း မျက်နှာအရမ်းခြောက်သွားသလိုခံစားရလို့သိပ်မသုံးဖြစ်ပါဘူး။
Burmese Dreamရဲ့Pink Clay maskဗူးလေးကိုကချစ်စရာလေးရယ်။ဗူးလေးအပေါ်မှာအညစ်အကြေးတွေသန့်စင်ဖို့ရယ် Skin toneကိုbrightenဖြစ်ဖို့ရယ်ချွေးပေါက်အတွက်ရယ်ဆိုပြီးရေးထားပါတယ်
Ingredientsထဲမှာလည်းSkincareထဲမှာအရမ်းမိုက်တဲ့ပါဝင်ပစ္စည်းတွေဖြစ်တဲ့ Japonica(Seaweed),Pomegranate extract,Kakadu Plum extractစတာတွေလည်းပါတာတွေ့ရပါတယ်။
Burmese Dreamရဲ့Pink Clay mask ဘူးလေးကို စဖွင့်တဲ့အချိန် သူ့အနံ့သင်းသင်းလေးက အရမ်းမိုက်ပါတယ်။
ပြီးတော့ Clay maskရဲ့textureက မျက်နှာကိုလိမ်းတဲ့အခါ creamလေးလိမ်းနေရသလိုပါပဲ။ပြီးတော့ထူပြစ်နေတာမျိုးမဟုတ်ပဲ မျက်နှာပေါ်မှာတင်းတင်းကြီးဖြစ်သွားတာမျိုးလည်းမရှိပါဘူး။လိမ်းထားမှန်းတောင်မသိသာဘူး။Clay maskတွေသုံးတဲ့အခါ မျက်နှာထူထူပြစ်ပြစ်ကြီးဖြစ်တာမျိုးခံစားဖူးမှာပါ။Burmese Dreamမှာ အဲ့လိုဖြစ်မနေပါဘူး။ခြောက်တာလည်းအရမ်းမြန်ပြီး ခြောက်သွားတာတောင်မျက်နှာမှာ powderလေးတွေလိမ်းထားသလိုပဲမှုန်မှုန်ညက်ညက်လေးပဲ ဖြစ်သွားတာအရမ်းမိုက်ပါတယ်။ ပြီးတော့ရေဆေးချလိုက်တဲ့အခါမှာလည်း မျက်နှာလေးကသိသိသာသာကို စိုစိုအိအိလေးကျန်ခဲ့တာကိုတော့ သဘောအကျဆုံးပဲ😁
Clay maskသုံးနေကြသူဆိုရင် Burmese Dreamရဲ့Pink Clay mask tryပြီးရင်အခြားmaskတိုးမယ်မထင်ဘူး😁
50gဗူးကို12900ကျပ်နဲ့5gအထုပ်လေးကို1750ကျပ်ပါတဲ့။အထုပ်လေးကလည်းတစ်ထုပ်ကိုနှစ်ခါလောက်သုံးလို့ရပါတယ်။တစ်လကိုနှစ်ထုပ်လောက်ပဲကုန်မှာရယ်။ဗူးဆိုအကြာကြီးသုံးရမှာမို့တော်တော်တန်တယ်ခံစားရပါတယ်။Tryကြည့်ပါအသဲလေးတို့😘
အဆုံးထိဖတ်ပေးလို့ကျေးဇူးပါရှင့်။
နှစ်သစ်ကိုလှလှလေးဖြတ်သန်းနိုင်ပါစေနော်😘
11/10/2020
Burmese Dreamရဲ့Game changing make-up remover review😘😘😘
ကိုယ်လည်း ကိုယ်တိုင်ကြိုက်လို့သုံးရင်းနဲ့မှagentဖြစ်လာတာမို့ productလေးကောင်းရင်ညွှန်းပေးချင်တယ်😁
မနေ့ကLiveမှာလွှင့်ပြီးဖျက်ပြတယ်ပြီးတော့Make-up remover wipeနဲ့ထပ်ဖျက်တော့လည်းဘာမှမပါလာတော့ဘူး ကိုယ့်ညီမကတောင်ပျက်မယ်မထင်ထားဘူးတဲ့
ညနေဘက်ကြ Make-up classထပ်joinတော့လည်းLookတစ်ခုပြီးတစ်ခုchangeတော့Micellor waterတော်တော်သုံးထားတယ်။အထူးသဖြင့်မျက်လုံးတစ်ဝိုက်ဆို တော်တော်စပ်ဖြင်းဖြင်းဖြစ်နေပြီ ခနခနဖျက်တော့(အရင်ကလိုတစ်ခါထဲဖျက်တောင်နီပြီးစပ်တတ်တဲ့သူဆိုတော့) 4pm to 7:44pmအထိသင်တော့လူလည်းတော်တော်ပင်ပန်းနေကော။မျက်နှာကမိတ်ကပ်တွေလည်းဖျက်ရမှာဆိုတော့ Micellorတွေမသုံးချင်တော့
Game changing removerလေးပဲပြန်သုံးဖြစ်တယ်။
ပင်ပန်းနေတဲ့အချိန်ဆိုမိတ်ကပ်ဖျက်ဖို့ပိုပျင်းတဲ့ထဲမှာဆို
ဖူးထိပ်ဆုံးကပါ။အဲ့တော့ ရေလေးစွပ်ပြီးအသာလေးဖျက်ရင်းမိတ်ကပ်တွေအလွယ်တကူပျက်တာကော မျက်နှာသစ်ရသလိုပဲမို့လူကfreshတော်တော်ဖြစ်သွားတယ် textureကြောင့်လည်းပါမယ်ထင်တယ်။eye areaဆိုလည်းအသာလေးပဲ။သုံးပြီးတော့ mild soapလေးနဲ့ပြန်ဆေးတော့လည်း အသစ်အတိုင်းပဲ😁
ပြောချင်တာကတော့အပြင်ကပြန်လာရင်မိတ်ကပ်ဖျက်ရမှာပျင်းတဲ့သူတွေအတွက်မျက်နှာတန်းသစ်ရသလိုလေးမို့တော်တော်အဆင်ပြေတယ်😁(အထူးသဖြင့်ကိုယ်လိုငပျင်းအတွက်🤣)
အထုပ်လေးမှာZip lineလေးပါလို့ ပြန်ထည့်ပြီးသိမ်းဖို့လည်းအဆင်ပြေတယ်😎(ဟိုနေရာထားဒီနေရာထားလို့မပျောက်တော့ဘူး🤣)
water proofတွေပါညင်ညင်သာသာလေးပျက်တော့
Micellorသုံးပြီးရင်စပ်ဖျင်းဖျင်းဖြစ်သလိုခံစားရတာကင်းဝေးသွားတယ်။
Eye areaပါအေးဆေးသုံးလို့ရတယ်။ကိုင်ရတာလည်းအားရတယ်(removerလေးကိုပြောပါတယ်😝)
အကြိမ် 300အထိပြန်သုံးနိုင်တယ်ဆိုတော့ တစ်နှစ်နီးပါးလောက်အသုံးပြုနိုင်တော့ Budgetတော်တော်သက်သာတယ်😁နောက်မို့ဆိုcotton padကုန်ရင်ကုန် မဟုတ်ရင် micellorကုန်လို့ ပိုက်ဆံနည်းတဲ့အချိန်ဆိုဗျာများနေရတာ🤣🤣🤣
ပြီးတော့Micro fibers techကြောင့် facial cleaning routeinမှာလည်းသုံးလို့ရတော့တော်တော်အဆင်ပြေတယ်။skincareလိမ်းရင် ပိုထိရောက်တာပေါ့😁
တစ်ထုပ်မှာလည်းနှစ်ခုတောင်ပါတယ်။ပြီးတော့ 7500ထဲဆိုတော့ တော်တော်သက်သာပြီးတွက်ချေကိုက်တယ်လို့ခံစားရတယ်😁
Giveawayပေါက်တဲ့နှစ်ယောက်Cbကိုလာပေးပါရှင့်😘
ကျန်တဲ့သူတွေလည်း နောက်တစ်ခါGAတွေကြကံကောင်းပါစေ😘
Myo Myint Aung accပိုင်ရှင်နဲ့ Aung Khant Zin accပိုင်ရှင် cbကိုလာပေးပါနော်
06/08/2020
🚨Giveaway Time🚨
ဖူးအမြဲလည်းဆိုးပြီးReviewတွေလည်းရေးဖူးတဲ့Burmese Dreamနူတ်ခမ်းနီလေးတွေကိုGiveawayလုပ်ချင်ပါတယ်။
Burmese Dreamထဲကမှနောက်ဆုံးထွက်ထားတဲ့colourငါးရောင်ထဲက လူကြိုက်များရေပန်းစားတဲ့ အချစ်နဲ့သနပ်ခါး နှစ်ရောင်ကို Giveawayလုပ်ပေးမှာပါ။
အဲ့နှစ်ရောင်ထဲကမှကြိုက်နှစ်သက်ရာအရောင်ကိုရွေးလို့ရပါတယ်။
22.8.20ရက်ကြရင်ကံထူးရှင် နှစ်ဦးကို pageကနေကြေငြာပေးမှာပါ။
Giveawayမှာပါချင်တယ်ဆိုရင်တော့
1.Pageကိုlike&followလုပ်ပေးပါ။
2.ယခုpostကိုFriendသုံးယောက်ကိုtagလုပ်ပြီးpublicနဲ့shareပေးပါ။
3.Shareတဲ့Postမှာလည်း &caringbyV-phoenixလို့ရေးပေးပြီးshareထားကြောင်းScreenshotကိုpostအောက်မှာမန့်ပေးရပါမယ်။
အကုန်လုံးကံကောင်းကြပါစေနော်။
အောက်မှာGiveawayဖောက်ပေးမယ့်အရောင်လေးတွေပြပေးထားပါတယ်နော်😘
04/08/2020
For my Ladies😘
14/07/2020
Burmese Dreamရဲ့Nude SeriesလေးတွေကိုReviewရေးမယ်နော်😁😁
အရောင်လေးတွေဘယ်လောက်လှလဲပုံလေးတွေသာကြည့်တော့😁😁
Burmese Dreamကထပ်ထွက်လာတဲ့အရောင်5ရောင်ကတော့
1.သနပ်ခါး
2.ပဲပြုတ်
3.စွယ်တော်
4.အချစ်
5.လက်ဖက်ပါ
Textureကောအရောင်ထွက်အားကောပြောစရာမလိုအောင်ကောင်းပါတယ်။သနပ်ခါးတို့ပဲပြုတ်တို့ဆိုချောကလက်အနံ့သင်းသင်းလေးပါသလိုပဲ😋😋။Australia brandစစ်စစ်မို့Qualityကအထူးပြောစရာမလိုပါဘူး။ဖူးပထမထွက်ပြီးသားအရောင်လေးတွေလည်းReviewရေးပေးဖူးပါတယ်😁အခုအသစ်အရောင်လေးတွေကမိန်းကလေးတိုင်း ဆောင်ထားသင့်တဲ့အရောင်လေးတွေပါ အရမ်းအရမ်းလှပါတယ်။စျေးနူန်းကလည်းအရမ်းfairဖြစ်ပါတယ်။ပေးရတဲ့စျေးနဲ့ရတဲ့Qualityကမထင်ထားလောက်အောင်ပါပဲ။ပုံတစ်ပုံချင်းဆီအောက်မှာစာလေးတွေနဲ့ရှင်းပြပေးထားပါတယ်နော်😘
Dailyဆိုရင်အချစ် လက်ဖက် သနပ်ခါးလေးဆိုးပြီး
hangout /night outဆိုရင်ပဲပြုတ် စွယ်တော်လေးဆိုးမယ်😘
မှာယူချင်တယ်ဆိုရင်လည်းဒီအောက်ကaccမှာလာမှာလို့ရသလို Burmese Dream pageမှာလည်းမှာလို့ရပါတယ်ရှင့်😘
https://www.facebook.com/vphoenix.vphoenix
13/07/2020
ဖူး reviewမရေးဖြစ်တာကြာပြီ😁
Burmese Dreamရဲ့Nude seriesလေးအကြောင်းမကြာခင်လာမယ်နော်💄💄💄
အခုကအမြည်းလာပြတာ😝😝😝
အချစ်လေးလား သနပ်ခါးလေးလား🤔
ကျန်တဲ့အရောင်လေးတွေလည်းလာမယ်နော်😁😁
01/07/2020
ဒီနေ့ကတော့Homemade Rice maskလေးအကြောင်းပြောပြပေးချင်ပါတယ်။
အရင်ဆုံးRice powderရဲ့အကျိုးအာနိသင်လေးပြောပြပေးချင်ပါတယ်။Rice powderမှာ sun protectionအာနိသင်တွေပါဝင်တာမို့နေလောင်တာ အသားညိုသွားတာမျိုးသက်သာစေပါတယ်။မျက်နှာပေါ်ကအမဲစက်တွေကိုသက်သာစေသလို မျက်ကွင်းညိုတာတွေလည်းသက်သာစေပါတယ်။ကြေးချွတ်အာနိသင်ရှိတာမို့ ဆဲလ်သေတွေကိုလည်းဖယ်ရှားပေးပါတယ်။အသားအရည်ကြည်လင်စေပြီး အဆီပြန်ခြင်းကိုသက်သာစေပါတယ်။
Homemade Rice maskပြုလုပ်နည်း
1.ဆန်မှုန့် ထမင်းစားဇွန်း3ဇွန်း
2.ပျားရည် လက်ဖက်စားဇွန်း1ဇွန်း
3.သံပုရာရည် လက်ဖက်စားဇွန်း1ဇွန်း
4.ရေ သို့မဟုတ် Rosewater သို့မဟုတ် လက်ဖက်ရေကြမ်းအနည်း(အပျစ်အကြဲပေါ်လိုသလောက်ထည့်ပါ)
ဖူးကတော့ပြစ်ပြစ်ထူထူလေးလူးရတာကြိုက်ပါတယ်။
ခြောက်တဲ့အထိထားပြီး ရေနွေးနွေးလေးနဲ့ဆေးချပါ။ပြီးရင် ရေအေးနဲ့ပြန်ဆေးပါ။Tonerလိမ်းပါ။မျက်နှာပေါ်ကဝက်ခြံတွေသိသိသာသာပါးသွားပြီးအသားကြည်လာပါလိမ့်မယ်။အသားလေးလည်းချောလာပါလိမ့်မယ်။
တစ်ပတ်ကို နှစ်ခါမှသုံးခါအထိလုပ်နိုင်ပါတယ်။
Sharing is caringမို့လို့ ကိုယ်လည်းလှပြီးသူများလည်းလှနိုင်အောင်shareဖို့မမေ့ပါနဲ့နော်😘😘
22/06/2020
အားလုံးပဲ မင်္ဂလာပါ။ဖူးကQuarantineကာလမှာFlawless skinရအောင်ဘယ်လိုtryရမလဲဆိုတာလေးshareလုပ်ပေးချင်ပါတယ်။
photoမှာeditလုပ်လို့ရပေမယ့် အပြင်မှာလှနေဖို့ video callတွေပြောတဲ့အခါfine lineတွေbreak outဖြစ်နေတာတွေမမြင်ဖို့ဆိုရင် အသားအရည်ကောင်းနေမှဖြစ်မှာပါ။
၁။သကြားလျော့စားပါ။
သကြားကိုပမာဏများစွာစားသုံးခြင်းက အသားအရည်ယောင်ယမ်းခြင်း၊ဝက်ခြံအများကြီးထွက်လာခြင်း၊ကော်လဂျင်လျော့ကျလာခြင်းစတာတွေကို ဖြစ်စေပါတယ်။
၂။scrubလုပ်ပေးပါ။
scrubလုပ်ခြင်းကဆဲလ်သေတွေကိုဖယ်ရှားပေးပြီးအသားအရည်ကြည်လင်စေပါတယ်။
၃။နေ့တိုင်းမိတ်ကပ်မလိမ်းပါနဲ့။
မိတ်ကပ်နဲ့ကွန်ဆယ်လာတွေကချွေးပေါက်လေးတွေကိုပိတ်စေပြီးဝက်ခြံတွေပြုံထွက်လာတတ်ပါတယ်။လိမ်းပြီးရင်လည်းDouble cleaningလုပ်ဖို့မမေ့ပါနဲ့။
၄။အစိုဓာတ်ထိန်းပါ။
အခုလိုအချိန်မှာ လက်ခနခနဆေးရလို့လက်အရေးပြားက သာမန်ထက်ပိုခြောက်တာကို သတိထားမိမှာပါ။လက်ဆေးပြီးတိုင်း လက်ကိုအစိုဓာတ်ဖြည့်ဖို့Hand creamတစ်ခုခုလိမ်းပေးသင့်ပါတယ်။BodyကောFaceကောကိုအစိုဓာတ်ထိန်းပေးဖို့မမေ့ပါနဲ့။
အသားအရည်အစိုဓာတ်ပြည့်နေခြင်းက အသားအရည်ယားယံတာတွေ ခြောက်ပြီးကွာတာတွေကိုသက်သာစေသလို ကြည့်ကောင်းတဲ့အသားအရည်ကိုရရှိမှာပါ။
၅။ရေသောက်နှုန်းတိုးကြည့်ပါ။
ခန္တာကိုယ်ရဲ့အဓိကအရင်းအမြစ်ကရေပါ။ရေကိုလုံလောက်စွာသောက်ခြင်းက အသားအရည်ထိန်းသိမ်းခြင်းတစ်မျိုးပါပဲ။
အိမ်တွင်းအောင်းကာလလေးမှာအသားအရည်ကိုပိုပြီးဂရုစိုက်နိုင်ကြပါစေ😘
Click here to claim your Sponsored Listing.