Now & Ever Online Shop

Now & Ever Online Shop

Share

One-stop Fashion & Beauty House with good quality and fair price for pretty ladies & gentlemen

23/09/2021

တရားသောဘက်မှ ရပ်တည်နေသော မြန်မာပြည်သူပြည်သားတို့ရှင့်

တော်လှန်ရေးရဲ့ အရေးကြီးတဲ့အချိန်ကာလတစ်ခုကိုရောက်နေပြီမို့
စိတ်ဓာတ်ခိုင်မာမှုကလွဲလို့ လိုအပ်ချက်တွေအများကြီးရှိနေသေးတဲ့ ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့တွေအတွက် ဖြည့်ဆည်းပေးရမဲ့တာဝန်တွေ ရင်ဘတ်ထဲမှာအပြည့်ရှိနေကြတယ်မလား....

​ပြည်သူတွေရဲ့ အင်အား အထူးလိုအပ်နေတဲ့အချိန်ရောက်နေပါပြီ...
တို့ပြည်သူတွေအင်အားနဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေကို ကူညီကြရအောင်🤑🤑🤑
မပင်ပန်းပါဘူး ဖုန်းလေးပွတ် အချိန်တခုပေးပြီး ကြည့်ရုံပါပဲ...

တနေ့ မိနစ်၃၀လောက်လေးအချိန်ပေးပြီး ကူပေးကြပါ please 🙏
အချိန်ပိုပေးနိုင်တဲ့သူတွေက ရသလောက် ကြည့်ပေးကြပါ🤗

10 Million View challenge!!!! We can do it together 💪
💪💪

လုပ်ကြည့်ရင်း အဆင်မပြေတာရှိရင် လာမေးလို့ရပါတယ်ရှင် 🤗

👇👇👇👇👇👇👇👇👇👇👇

"Click နှိပ်ပြီး လှူ"

ဒီပို့စ်က Click2donate အ​ကြောင်း မသိ​သေး၊ မရှင်း​သေး​သူ​များကို ရည်ရွယ်ပါတယ်။ အနှစ်ချုပ် တင်​ပေးထားတာပါ။

​တော်လှန်​ရေး ​အောင်မြင်ဖို့မှာ ပိုက်ဆံက အ​ရေးကြီးပါတယ်။ လှူနိုင်ဖို့ ​ငွေရှာကြတဲ့အခါ ပြည်တွင်းကပဲ ရှာမယ်ဆို သူ့​ငွေ ကိုယ့်ဆီ​ရောက်၊ ကိုယ့်​ငွေ သူ့ဆီ​ရောက်နဲ့ ဒီထဲက ​ငွေ​တွေပဲ ဖြစ်​​နေမှာပါ။ ဒါ​ကြောင့် ပြည်ပက ဝင်လာမဲ့ ​ငွေ​တွေလည်း လိုပါတယ်။ ပြည်ပ​ရောက် မြန်မာ​တွေရဲ့ အလှူ​ငွေ​လိုမျိုး​ပေါ့။ ခု Click to donate ဆိုတာလည်း ဒီလို နိုင်ငံခြား​ငွေ ရနိုင်မဲ့ အစီအစဥ်ပါပဲ။ (ဘယ်​လောက် အ​ရေးကြီးလဲ သ​ဘော​ပေါက်​လောက်ပြီ ထင်ပါတယ်။)

အရင်ဆုံးအ​နေနဲ့ ဝက်ဘ်ဆိုက်​တွေ၊ YouTube ချန်နယ်​တွေ ဘယ်လို ပိုက်ဆံရသလဲ ဆိုတာ​လေး ရှင်းပြချင်ပါတယ်။ ကျ​နော်တို့ ဝက်ဘ်ဆိုက်ထဲဝင်၊ စာ​တွေ ဖတ်ကြတယ်။ YouTube က​နေ ဗီဒီယို ကြည့်ကြတယ်။ အဲ့အခါ ​ကြော်ငြာ​လေး​တွေ တက်လာတာ မြင်ဖူးကြမယ် ထင်ပါတယ်။ ဒီအတွက် ​ကြော်ငြာခ တစ်စိတ်တစ်ပိုင်းကို ဝက်ဘ်ဆိုက် တည်​ထောင်သူ၊ YouTube ချန်နယ် တည်​ထောင်သူက ရပါတယ်။

ဒါ​ကြောင့် ဝက်ဘ်ဆိုက်​ထဲ စာဝင်ဖတ်​အောင် ​ဆောင်းပါး​တွေ တင်​ပေးကြတယ်။ သတင်းဝင်ဖတ်​အောင် ​လူစိတ်ဝင်စားမဲ့ သတင်း​တွေ တင်ကြတယ်။ YouTube ချန်နယ်ကို ဝင်ကြည့်​​အောင် လူအများ နှစ်သက်မဲ့ ဗီဒီယို​တွေ တင်ထားကြတယ်။ အဲ့လို ဝင်ကြည့်တဲ့သူ များ​လေ၊ ပိုက်ဆံပိုရ​လေ ဖြစ်လို့ပါ။

အခု Click2donate (Click နှိပ်ပြီး လှူ) ကျ​တော့ ကျ​နော်တို့ ဒီစာ၊ ဒီဗီဒီယိုကို ကြိုက်သည်ဖြစ်​စေ မကြိုက်သည်ဖြစ်​စေ၊ ဖတ်ချင်သည်ဖြစ်​စေ မဖတ်ချင်သည်ဖြစ်​စေ ကြည့်​ပေးရမှာပဲ ဖြစ်ပါတယ်။ ဒါမှ ​တည်​ထောင်သူက ကြော်ငြာခ ရမယ်။ ရမှ အဲ့ဒီဝင်​ငွေကို လိုအပ်​နေတဲ့​ နေရာ​တွေဆီ ခွဲ​ဝေ​​ထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်။

ဟုတ်ပြီ။ ဒါဆို ငါတို့ ဘယ်ဟာကို ဝင်​ပေးရမလဲ။ Click ​ပေးရမလဲ။

နည်းလမ်း ၃ ခု ရှိပါတယ်။

◾၁။ ဝက်ဘ်ဆိုက်

ဒီ​အောက်က ဝက်ဘ်ဆိုက်လင့်ခ် ၂ ခုထဲကို ဝင်​ပေးရပါမယ်။

https://click2donatemm.com/

https://weclick4pdf.com/

သတိထားရမဲ့ အချက်​တွေက​တော့

👉 တစ်ချက်က​လေး ဝင်လိုက်ပြီး ပြန်ထွက်သွားလို့ မရပါဘူး။ အနည်းဆုံး ၅ မိနစ်​တော့ ဝက်ဘ်ဆိုက်​ပေါ်မှာ ​နေ​ပေးပါ။ ​ဆောင်းပါး​လေး​တွေလည်း ရှိလို့ ဟိုကြည့် ဒီကြည့် လုပ်​​နေလို့ ရပါတယ်။ (ဖတ်​ကောင်းတာ မ​ကောင်းတာ မစဥ်းစားနဲ့​နော်။ ​ဖတ်​ပေးဖို့က အဓိကပဲ။)

👉 စိတ်ကူး​ပေါ်တုန်း တစ်ရက်၊ နှစ်ရက်​လောက်ပဲ ဝင်ရင်လည်း သိပ်မထူးပါဘူး။ ​နေ့တိုင်း ဝင်​နေဖို့ လိုပါတယ်။

👉 တစ်​နေ့ကို အနည်းဆုံး ၃ ခါ ဝင်​ပေး​စေချင်ပါတယ်။

အဲ့​တော့ အချိန်​လေးတစ်ခု သတ်သတ်မှတ်မှတ် ထား။ အင်တာနက် စသုံးပြီ ဆိုတာနဲ့ ဒါကို စလုပ်မယ် ဆိုတာမျိုး​ပေါ့။ အ​ပေါ်က လင့်ခ် ၂ ခုကို ဖုန်းရဲ့ Notes ထဲမှာ ဖြစ်ဖြစ် ​ကော်ပီကူးထားလိုက်။ မနက်တစ်ခါ၊ ​နေ့လယ်တစ်ခါ၊ ညတစ်ခါ Click ရမဲ့ အချိန်​လေး​တွေ Alarm ​ပေးထား။ ကြားထဲ သတိရရင် ​ရသလိုလည်း ထ Click လို့ရတယ်။

◾၂။ Application

Application ကို အရင်ဆုံး ​အောက်က လင့်ခ်တခုခုက​နေ Download လုပ်ရမှာ ဖြစ်ပါတယ်။

Playstore link>>>>>>> https://play.google.com/store/apps/details?id=com.c2donate.app

Playstore မရှိသူများအတွက် apk pure link>>>>>

https://apkpure.com/p/com.c2donate.app

Mediafire or Mega direct link >>>>>

https://www.click2support.xyz/2021/09/app-download.html

ပြီးသွားရင် ဖွင့်လိုက်ပါ။ ညာဘက်အ​ပေါ်​ထောင့်က ?How To ဆိုတာ​လေးကို နှိပ်လိုက်ရင် ဘယ်လိုသုံးရမယ် ဆိုတာ ​ပြောပြ​ပေးထားပါတယ်။ အဲ့ထဲကအတိုင်း ဆက်လုပ်ပါ။ ဒီမှာ ​​ရေးပြ​နေရင် ရှုပ်သွားမှာ စိုးလို့ပါ။

Application ကို Download လုပ်ထားရုံနဲ့လည်း ​ငွေမဝင်ပါဘူး။ သူ့ထဲက လင့်ခ်​တွေကို ဝင်ကြည့်ပြီး အနည်းဆုံး ၅ မိနစ် ​နေ​​ပေးဖို့ လိုပါတယ်။

◾၃။ YouTube

ယုန်နဲ့လိပ် တုန်းကလိုပဲ ကြည့်​ပေးရမှာပါ။ ရှင်သန်ခြင်း၊ ကြယ်၊ နေ့သစ်၊ နေမဝင်အိမ်ပြန်ချိန် ဆိုတဲ့ သီချင်း ၄ ပုဒ်ကို ၁၀ ရက်အတွင်း TOTAL 10 M view (ကြည့်ရှုမှု အကြိမ်​ရေ ၁၀ သန်း) ရအောင် ကြည့်​ပေးကြရမှာ ဖြစ်ပါတယ်။

တင်ထားတဲ့ ချန်နယ်​​တွေက​တော့ Raung Ni နဲ့ WE CLICK ပါ။ ဒါကိုလည်း အထူးသတိထား​စေချင်ပါတယ်။ YouTube ပေါ်မှာ click2donate တို့၊ kyipaypar2.0 တို့လို ဆင်တူယိုးမှား နာမည်​တွေနဲ့ အ​ချောင်လိုချင်သူ​တွေ ရှိလို့ပါ။ Raung Ni နဲ့ WE CLICK ချန်နယ် ၂ ခုက ဗီဒီယို​တွေကိုပဲ ကြည့်​မှ ​ရမှာပါ။

👉 YouTube video ကြည့်နည်း

ကြည့်တယ်ဆိုတိုင်း မရပါဘူး။ သူ့စည်းကမ်းနဲ့သူ ကြည့်မှ ​ငွေဝင်မှာပါ။

၁) YouTube application ထဲကို ဝင်ပါ။ ညာဘက်အပေါ်ထောင့်မှာ gmail နဲ့ Sign in အရင်လုပ်ပေးပါ။

၂) We Clickလို့ ရိုက်ရှာပြီး ​သောင်းဂဏန်းအထက်ရှိတဲ့၊ အပြာရောင် Profile လေးနဲ့ Channel ကို Subscribe လုပ်ပေးပါ။

ပြီးရင် တင်ထားတဲ့ ဗီဒီယို​တွေကို အစအဆုံး ကြည့်ပေးရမှာ ဖြစ်ပါတယ်။

• Auto play ပိတ်ပါ။ (ဗီဒီယိုရဲ့ ညာဘက်အပေါ်ထောင့်မှာ ရှိပါတယ်။)
• Loop မလုပ်ပါနဲ့။ Quality 480 နဲ့ အထက် ထားပေးပါ။ (ဗီဒီယိုရဲ့ ညာဘက်အ​ပေါ်က အစက်က​လေး ၃ စက်ကို နှိပ်ရမှာပါ။) PLAY LIST လုပ်ထားပြီး တစ်နေကုန် loop နဲ့ repeat လုပ် ဖွင့်ထားတာမျိုး လုပ်လို့ မရပါဘူး။
• ဗီဒီယို ကြည့်နေတုန်း မကျော်ရ၊ မရပ်ရ၊ မရစ်ရပါ။
• Channel တစ်ခုတည်းက ဗီဒီယိုတွေ ဆက်တိုက် မကြည့်ပါနဲ့။ ဗီဒီယိုတစ်ခုတည်းကိုလည်း ဝင်လိုက်ထွက်လိုက်နဲ့ ပြန်ပြန်မကြည့်ပါနဲ့။ ဒါကို ကြည့်ပြီး ကြားထဲမှာ တစ်ခြား ဗီဒီယိုအတိုလေးတွေ ၃ ခုလောက် ကြည့်ပြီးမှ Main video ​တွေကို ပြန်ကြည့်ပေးပါ။
• Ads တွေ မကျော်ပါနဲ့။
• VPN ဖွင့်ပြီး ကြည့်ပေးပါ။ ဒါမှ ​ကြော်ငြာတွေ လာမှာပါ။ ​ကြော်ငြာတွေ မလာရင် clear data လုပ်ပါ။
• VPN ကို US က လွဲရင် ကျန်တာ ထားလို့ ရပါတယ်။ US တစ်မျိုးတည်း ရှိတဲ့သူကတော့ US သုံးနိုင်ပါတယ်။ အခွန်ဖြတ်လို့ပါ။
• Comment မှာ emoji ထည့်မမန့်ပါနဲ့။
• Volume 50+ ထားပေးပါ။

▪️▪️▪️▪️▪️▪️▪️

ဒါ​ကြောင့် ​​Click တဲ့ အလုပ်ကို နေ့စဥ်လုပ်ရမဲ့ To-do-list ထဲ ထည့်ထား​ပေး​စေချင်ပါတယ်။ အနှစ်ပြန်ချုပ်ရရင် -

▪️ဝက်ဘ်ဆိုက် ၂ ခုထဲ သွားပါ။ တစ်​နေ့ ၃ ခါ အနည်းဆုံးနဲ့ တစ်ခါဝင် ၅ မိနစ်အနည်းဆုံး ​နေပါ။
▪️Application ကို ဖွင့်ပါ။ လင့်ခ်​တွေကို နှိပ်ပါ။ တစ်​နေ့ ၃ ခါ အနည်းဆုံးနဲ့ တစ်ခါဝင် ၅ မိနစ်အနည်းဆုံး ​နေပါ။
▪️YouTube ချန်နယ် ၂ ခုက ဗီဒီယို​တွေကို ကြည့်ပါ။

တစ်​နေ့ကို အချိန် ၁ နာရီက​နေ ၂ နာရီ​လောက်ထိ​​တော့ ​ပေးရပါလိမ့်မယ်။ တခြားလူ​တွေက အသက်​ပေး၊ ဘဝ​တွေ​ပေးပြီး တိုက်ပွဲဝင်​နေချိန်မှာ တကယ်သာ ​တော်လှန်​ရေးကို ​အောင်မြင်​စေချင်တယ်ဆို ဒီ​လောက်​တော့ စိတ်ရှည်ရှည်ထား ကြိုးစား​ပေးသင့်တယ် ထင်ပါတယ်။

ငွေမကူနိုင်လို့ စိတ်ညစ်​နေတယ်ဆို ဒါ​လေး လုပ်​ပေးပါ။ ​ငွေကူနိုင်​ပေမဲ့ အိမ်မှာ ထိုင်​နေရင်း ထပ်ပါဝင်ချင်​သေးတယ်ဆို ဒါ​လေး လုပ်​ပေးပါ။ ကျဆုံးသွားတဲ့ သူရဲ​ကောင်း​တွေကို ဂုဏ်ပြုချင်တယ်ဆို ဒါ​လေး လုပ်​​ပေးပါ။ တော်လှန်​ရေးထဲ ​ဘေးမသီ ရန်မခ၊ ​ငွေတစ်ပြားမှ မကုန်ဘဲ ပါဝင်လိုက်တာနဲ့ အတူတူပါပဲ။ တစ်​နေ့တစ်​နေ့ အကျိုးရှိတာ လုပ်နိုင်လိုက်တယ် ဆိုတဲ့ ခံစားချက်လည်း ရလာပါလိမ့်မယ်။

​ဝက်ဘ်ဆိုက်​တွေ၊ Application ​တွေနဲ့မို့ ဖေ့စ်ဘွတ်သုံးရတာလို မရိုးရှင်းလို့ သိပ်နားမလည်သူ​တွေများ ရှိခဲ့ရင်လည်း အချင်းချင်း ကူရှင်းပြ​ပေးပါ။ ဒီပို့စ်​လေးကိုလည်း အကျိုးရှိတယ်ဆို မျှ​ဝေ​ပေးပါ။ ​ကျေးဇူးတင်ပါတယ်။

အ​ရေး​တော်ပုံ ​အောင်ရမည်။

Photos from Now & Ever Online Shop's post 17/01/2020

Collection ကထုတ်တဲ့ soft glow blusher လေး

ဈေးချထားလို့ဒီတိုင်းစမ်းကြည့်မယ်ဆိုပီးမှာလိုက်တာ
အခုရောက်တော့ဖောက်စမ်းကြည့်ရင်းအရောင်ထွက်တွေက ၂ ဘူးလုံးအရမ်းလှတော့ရောင်းပေးချင်လာလို့

အခုနေမှာရင် watson မှာ sale ရှိလို့

၂ ဘူးပါတစ်ကတ်မှ 6500 ပဲကျမယ်✔️✔️

ပုံမှန်ဈေး ၁ သောင်းကျော်ပါ

အခု ၂ ဘူးတွဲလုံးပါတာကို ၆၅၀၀ ကအသေတန်နေပီ‼️‼️

တခြားတံဆိပ်မသိတဲ့ဟာတွေထက်စာရင်ဒါက watson မှာရောင်းတာမို့ quality လဲစိတ်ချရတဲ့အပြင်အရမ်းဈေးချထားလို့သာဒီဈေးနဲ့ရတာပါနော်

Expire date 2021

နောက်နေ့ဈေးပြန်တတ်မှာမို့မှာမယ့်သူတွေမြန်မြန်လေးမှာပေးပါ
pre order
waiting time 2~3 weeks

15/01/2020

ချစ်စရာကောင်းတဲ့ unicorn ဘီးလေးတွေရောင်းပေးမယ်နော်
အရင်၁သောင်းကျော်တန်လေးတွေ ခု discount ချနေလို့ 5500ks ထဲနဲ့ရောင်းပေးပါမယ်နော်

ဒီ Unicorn ဘီးလေးအရမ်းဖီးကောင်းတာ ဆံပင်လုံးဝမကျွှတ်ဘူး weight လေးလဲပါတော့ဦးရေဖျားကျန်းမာရေးအတွက်ပါကောင်းတယ်
ကိုယ်ကဘီးဝါသနာသမားမို့ဘီးတွေဆိုအကုန်လိုက်စမ်းတာအခုတော့ဒါလေးတော်တော်ကြိုက်နေတယ်
⚠️မြန်မြန်ဝယ်ထားမှ discount.ရမယ်နော် ⚠️😇
pre order
Waiting time 2~3 weeks

Photos from Now & Ever Online Shop's post 10/01/2020

ဒီဇိုင်း ကာလာ အနေအထား လန်းမယ့် Tee လေးတွေ

Price ~ 12000KS
Size ~ S to 2XL

Code: NE 215

waiting time - 2 ~3 weeks ပါ ရှင်


ဂိတ်ကို ပို့ပေးခကတော့ customer ဘက်မှပေးပါမယ်ရှင့်
တန်ဆာခကိုတော့ customer ဘက်က ပစ္စည်းရွေးတဲ့အခါ ထပ်မံ ပေးဆောင်ရမှာပါရှင့် 🚍🚍

Pre order

Photos from Now & Ever Online Shop's post 10/01/2020

quality ကောင်းပြီး လူကြိုက်များနေတဲ့ ဖိနပ်လေးပါ

Price ~ 10000 KS
Size ~ 35 to 40

Code: NE 214

waiting time - 2 ~3 weeks ပါ ရှင်


ဂိတ်ကို ပို့ပေးခကတော့ customer ဘက်မှပေးပါမယ်ရှင့်
တန်ဆာခကိုတော့ customer ဘက်က ပစ္စည်းရွေးတဲ့အခါ ထပ်မံ ပေးဆောင်ရမှာပါရှင့် 🚍🚍

Pre order

Photos from Now & Ever Online Shop's post 09/01/2020

ဒေါက်ဖိနပ်လေး 👠

Price ~ 16000KS
Size ~ 35 to 40

Code: NE 213

waiting time - 2 ~3 weeks ပါ ရှင်


ဂိတ်ကို ပို့ပေးခကတော့ customer ဘက်မှပေးပါမယ်ရှင့်
တန်ဆာခကိုတော့ customer ဘက်က ပစ္စည်းရွေးတဲ့အခါ ထပ်မံ ပေးဆောင်ရမှာပါရှင့် 🚍🚍

Pre order

Photos from Now & Ever Online Shop's post 09/01/2020

ဘေးခွဲ skirt
Colour ~ blue,black
Price ~ 14000KS
Size ~ S to XL ( ခါ3း0ထိ )

Code: NE 212

waiting time - 2 ~3 weeks ပါ ရှင်


ဂိတ်ကို ပို့ပေးခကတော့ customer ဘက်မှပေးပါမယ်ရှင့်
တန်ဆာခကိုတော့ customer ဘက်က ပစ္စည်းရွေးတဲ့အခါ ထပ်မံ ပေးဆောင်ရမှာပါရှင့် 🚍🚍

Pre order

Photos from Now & Ever Online Shop's post 09/01/2020

ချစ်စရာဆွဲသား skirt အရှည်

Price ~ 12500KS
Size ~ Free

Code: NE 211

waiting time - 2 ~3 weeks ပါ ရှင်


ဂိတ်ကို ပို့ပေးခကတော့ customer ဘက်မှပေးပါမယ်ရှင့်
တန်ဆာခကိုတော့ customer ဘက်က ပစ္စည်းရွေးတဲ့အခါ ထပ်မံ ပေးဆောင်ရမှာပါရှင့် 🚍🚍

Pre order


ချစ်ဖို့လည်းကောင်း smart လည်းကျတဲ့ skirt အမဲ အတီုလေး

Price ~ 14500KS
Size ~ S to 2XL

Code: NE 210

waiting time - 2 ~3 weeks ပါ ရှင်


ဂိတ်ကို ပို့ပေးခကတော့ customer ဘက်မှပေးပါမယ်ရှင့်
တန်ဆာခကိုတော့ customer ဘက်က ပစ္စည်းရွေးတဲ့အခါ ထပ်မံ ပေးဆောင်ရမှာပါရှင့် 🚍🚍

Pre order


Jean skirt အရှည်လှလှလေး

Price ~ 15500KS
Size ~ S to 2XL

Code: NE 209

waiting time - 2 ~3 weeks ပါ ရှင်


ဂိတ်ကို ပို့ပေးခကတော့ customer ဘက်မှပေးပါမယ်ရှင့်
တန်ဆာခကိုတော့ customer ဘက်က ပစ္စည်းရွေးတဲ့အခါ ထပ်မံ ပေးဆောင်ရမှာပါရှင့် 🚍🚍

Pre order


🖤 ရှင်းရှင်းလေးနဲ့ အလှတိုးစေမဲ့ Skirt လေး 🖤

Price ~ 14,500 KS
Size ~ S to 2XL (ခါး32ထိရ)
Code: NE 0 208

pre order 2 ~3 weeks ပါရှင်

🚗🚗🚗ရန်ကုန်မြို့တွင်းဆို အိမ်အရောက် ပို့ပေးပြီး cash on delivery ပါ
ပို့ခကိုတော့ customers တွေဘက်က
ပေးဆောင်ပေးရပါတယ်ရှင့်

🚌🚌နယ်ဆိုရင်တော့ ငွေဝင်ပြီးနောက်ရက်ဆို ဂိတ်အထိ ပို့ပေးပါတယ်နော် /
ဂိတ်ကို ပို့ပေးခကတော့ ဂိတ်ပေါ်မူတည်ပြီး ပေးရပါမယ်ရှင့်
တန်ဆာခကိုလည်း customer ဘက်က ပစ္စည်းရွေးတဲ့အခါ ထပ်မံ ပေးဆောင်ရမှာပါရှင့် 🚍🚍

Photos from Now & Ever Online Shop's post 08/01/2020

Bling Bling skirt 🔥🔥

Price ~ 13,000 KS
Size ~ S to XL (ခါး၃၀ထိရ)
Code: NE 207

pre order 2 ~3 weeks ပါရှင်

🚗🚗🚗ရန်ကုန်မြို့တွင်းဆို အိမ်အရောက် ပို့ပေးပြီး cash on delivery ပါ
ပို့ခကိုတော့ customers တွေဘက်က
ပေးဆောင်ပေးရပါတယ်ရှင့်

🚌🚌နယ်ဆိုရင်တော့ ငွေဝင်ပြီးနောက်ရက်ဆို ဂိတ်အထိ ပို့ပေးပါတယ်နော် /
ဂိတ်ကို ပို့ပေးခကတော့ ဂိတ်ပေါ်မူတည်ပြီး ပေးရပါမယ်ရှင့်
တန်ဆာခကိုလည်း customer ဘက်က ပစ္စည်းရွေးတဲ့အခါ ထပ်မံ ပေးဆောင်ရမှာပါရှင့် 🚍🚍

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00