Reinà: Branded Skin Care & Cosmetics

Reinà: Branded Skin Care & Cosmetics

Share

Reinà: 100% authentic beauty products supplier from US & UK.

Photos from Reinà: Branded Skin Care & Cosmetics's post 25/08/2026

ကဲ..
စန်းစန့်တင့် အသားအရေပိုင်ရှင်လေးတွေအတွက်..
ကယ်တင်ရှင်လေး လာပါပြီရှင်..

Ordinary ရဲ့ Body Lotion လေး..

💦 အသားအရေ ခြောက်သွေ့ပြီး..
ပက်ကြားအက်သလိုတောင် ဖြစ်နေတဲ့ Skin ပိုင်ရှင်တွေ..
ဝမ်းသာလိုက်တော့..

💦💦 သူက ရေဓါတ်ကို ချက်ခြင်းဖြည့်ပေးတယ်..

💦💦 တနေကုန် အသားလေးကို စိုပြေစေတဲ့အပြင်ကို..
ရေချိုးပြီးတာတောင် အသားတွေခြောက်မသွားဘူးကွယ်..

အသားခြောက်ပြီး ကြမ်းတဲ့သူတွေအတွက်တော့..
တကယ်ကို ကယ်တင်ရှင်ဘဲ..

✅ Skin Barrier ကို ကောင်းစေတယ်..

✅ လိမ်းထားရင် စေးကပ်ကပ်မဖြစ်ဘဲ.. စိမ့်ဝင်လွယ်တယ်..

သူက 240ml ပါတယ်..
သူ့ချည်းဝယ်ရင် စျေးကြီးတယ်..
Ulta က လက်ဆောင်ရ’ထားလို့သာ..
စျေးသက်သက်သာသာရောင်းပေးနိုင်တာ..

Expired က ၂၀၂၇-၈ လပိုင်းမှဆိုတော့..
တစ်နှစ်ကောင်းကောင်းသုံးလို့ရသေးတယ်..

Weight ဖိုးတင် (၃)သောင်းကျော်လောက်ကျတာ.. 😬😬

ကိုယ့်ဆီမှာ စေတနာဗရပွစျေး..
၅၀၀၀၀/- အတိနဲ့ ယူ..

From USA

Photos from Reinà: Branded Skin Care & Cosmetics's post 21/08/2026

ကဲ..
အမျိုးသမီးလေးတွေအတွက်..
တစ်ဗူးလောက်တော့ ယူကိုယူထားသင့်တဲ့ပစ္စည်းလေးလာပါပြီရှင်..

အခုတစ်ခေါက်ရောက်လာတဲ့ ပစ္စည်းလေးကကြတော့.. အသစ်ထွက်ထားတဲ့.. Dove ရဲ့ Deodorant လေး..

Aluminum Free ဖြစ်သွားတဲ့အတွက်..
Sensitive Skin တွေအစ သုံးလို့ရသွားပြီ..

သူက အရင်ဗူးတွေလို..
Cucumber တစ်ခုတည်းတင် မဟုတ်တော့ဘဲ..
Cucumber အပြင် Green Tea လေးလည်း ပါလာပြီ..

🍵 Green Tea လေးနဲ့ဆိုတော့ ဘာပြောကောင်းမလဲ..
အနံ့လေးက ဘယ်လောက်လန်းဆန်းနေမလဲဆိုတာ..
ခံစားမိကြတယ် မဟုတ်လား.. 🍵🍵

Cucumber သီးသန့်ပါတဲ့ အရင်လက်ဟောင်းနဲ့..
ဘာကွာလဲဆိုရင်..

အရင်လက်ဟောင်းက..
ချွေးနံ့ထိန်းတာအပြင်..
ချွေးထွက်တာကိုပါ သက်သာစေတာ..

အခု အသစ်ကကြတော့..
Aluminum Free ဖြစ်တဲ့အတွက်..
ချွေးထွက်တာကိုတော့ မထိန်းပေးဘူး..
ချွေးနံ့ကိုဘဲ ထိန်းပေးတာ..

အရောင်ကလည်း..
လက်ဟောင်းထက် အရောင်နည်းနည်းပိုကြည်ပြီး..
Gel Stick လိုဖြစ်သွားတယ်..

☑️ အင်္ကျီပေါ် အရောင်မစွန်းစေတာကတော့ တူတူဘဲ..

☑️ Aluminum Free ဖြစ်တဲ့အတွက်..
Chemical ပိုနည်းတာဘဲ သုံးချင်တာဆိုရင်..
Cucumber + Green Tea လေးကို သုံး..

☑️ အနံ့လေးက မတိမ်းမယိမ်းဆိုပေမယ့်..
ဒါလေးက ပိုကြည်.. ပိုလန်းသလို ခံစားရတယ်..

☑️ အနံ့ကတော့ တော်တော်လေးကို ထိန်းပေးတယ်..

Made in Canada ပါ..
၂၀၂၆ မှ ထုတ်ထားတာမို့..
Date ကတော့ အရမ်းလတ်တယ်ရှင့်..

Cargo ခတွေ တက်စျေးနဲ့ရှင်းရတဲ့အပြင်..
Sale မရှိသေးတဲ့အချိန် ဝယ်ထားတာမို့..
အလစ်တယ်လ်လေးတော့ စျေးများပါမယ်နော်..

74g တစ်ဗူးကို 45,000/- ပါ..
၄ဗူးပါ တစ်ကဒ်ကို 172,000/- ပါရှင့်..
အများစျေး သီးသန့်ရှိပါမယ်နော်..

Photos from Reinà: Branded Skin Care & Cosmetics's post 17/08/2026

ပုံကိုမြင်လိုက်တော့.. Blush မှန်းသိပေမယ့်..
Powder Blush လို့ ယူတို့ ထင်လိုက်တယ်မဟုတ်လား..

နိုးပါနော်.. နိုးပါ.. 🚫🚫
အဲ့ဒါ Cream Blush ကြီးပါရှင်..

အသားခြောက်တဲ့သူတွေနဲ့..
အရမ်းကိုမှ အံဝင်ခွင်ကျဖြစ်လှတဲ့ Cream Blush ကြီး..

လိမ်းလိုက်ရင်..
ပါးပေါ်မှာ တစ်နေရာထဲ စုမနေဘူး.. ကွက်မနေဘူး..

Puff လေးနဲ့ဘဲ သုံးသုံး..
Brush လေးနဲ့ဘဲ သုံးသုံး..
လက်နဲ့ဘဲ ပုတ်ပုတ်ပြီး သုံးသုံး..
ကြိုက်တဲ့ပုံစံနဲ့သုံး..
မျက်နှာလေးကိုကွယ်.. ဂလိုးဂလက်နဲ့..
ပြိုးပြိုးပြက်ပြက် လက်နေစေမယ့်.. ပါးနီလေးပေါ့..

Morphe ရဲ့.. Cream Blush Full Size ကြီးပေါ့..
အရောင်က Pleasured!

ကိုယ်တွေနိုင်ငံလို..
အဝါဖောက်အသားအရောင်ရှိတဲ့သူတွေနဲ့..
တအားကိုမှ ပနံသင့်တဲ့ အရောင်လေး..

လိမ်းထားရင်..
Healthy skin look ကို ရတာနဲ့တင်..
တကယ်သုံးပျော်တာ..

ကိုယ့်အသားအရေနဲ့ သူ့ပါးနီ..
တစ်ထပ်တည်းကျသွားတာကတော့..
အပိုဆုလေးပေါ့ရှင်..

Full size 8g တောင် ပါတာမို့..
တစ်ဗူးဝယ်ပြီး နေ့တိုင်းသုံးရင်တောင်..
နှစ်ချီပြီး ရိုးအီနေအောင် သုံးရမှာနော့်.. 🤭🤭

သူ့တစ်ဗူးကို $16 ရှိတာ..
50% Off နဲ့ရောင်းရင်တောင် (၅)သောင်းကျော်လောက်ရှိတာ..

ကိုယ့်ဆီ 40,000/- တည်းနဲ့ဘဲ ယူ..
(၁)ဗူးဘဲ ရှိပါမယ်ရှင့်..

From USA (Ulta)

Photos from Reinà: Branded Skin Care & Cosmetics's post 06/08/2026

Preorder ပါနော်..

ကိုယ့်ဆီ ပစ္စည်းပြတ်သွားတဲ့..
Unisex သုံးလို့ရတဲ့ Degree Deodorant လေး..

Costco မှာ Sale ရှိလို့..
လိုချင်တဲ့သူများ Preorder လာမှာထားလို့ရပါပြီရှင့်..

ချစျေးမတူလို့..
အရင်စျေးထက် နည်းနည်းတော့ပိုပါမယ်နော်..

တစ်ဗူးစျေး - ၃၃၀၀၀/-
(၅)ဗူးပါ တစ်ကဒ်စျေး - ၁၅၀၀၀၀/-

WS Price ကတော့. CB ပါရှင့်..

Photos from Reinà: Branded Skin Care & Cosmetics's post 23/07/2026

ကိုယ့်မျက်နှာကို Peeling လုပ်တော့မယ်ဆို.

Ordinary ရဲ့ Peeling ကိုဘဲ..
အရင်ပြေးမြင်မိကြတာဘဲ.. ဟုတ်?

ကိုယ့်အသားအရေကို..
Thway သစ်လောင်းလိုက်သလို..
ဖြူနု.. ကြည်လင်ဝင်းပသွားစေချင်ရင်.. သုံးကြည့်ကြည့်..

သူက.
မျက်နှာပေါ်မှာရှိတဲ့ အမဲစက်. အမာရွတ်. ဆားဝက်ခြံနဲ့.
အသားအရေ မကြည်ဘဲ ညစ်နေတဲ့သူတွေဆို.
သူ့ကို Try ကို Try ကြည့်သင့်တယ်.

ချွေးပေါက်ပိတ်တာတွေကိုလည်း လျော့နည်းစေတယ်.

သူ့ထဲမှာပါတဲ့.
AHA က မျက်နှာအပေါ်ယံအလွှာမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်.

BHA ကကြတော့.
ဝက်ခြံ/ဆားဝက်ခြံတွေ ဖြစ်ပေါ်စေမယ့်.
အဆီပိုတွေ.
ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်.

သူ့ကို သုံးမယ်ဆိုရင်.
ဆောင်ရန်/ရှောင်ရန်လေးတွေတော့ လိုက်နာပေးရပါမယ်နော်.

🌸 သူ့ကို မသုံးခင်မျက်နှာကို Cleansing လုပ်တဲ့အခါ.
Exfoliating acid မပါတဲ့ Gentle Cleanser မျိုးကို သုံးပေးရပါမယ်.

🌸 Cleansing လုပ်ပြီး မျက်နှာလုံးဝခြောက်ပြီဆိုမှ.
မျက်လုံးတဝိုက်နားကို ရှောင်ပြီး.
သူ့ကို ပါးပါးဘဲ လိမ်းပေးရပါမယ်.

🌸 သုံးနေကြဆိုရင် မျက်နှာပေါ်မှာ
(၁၀)မိနစ်ထက် မပိုပါစေနဲ့.
ခုမှ စသုံးရင် (၃)မိနစ်ထက် မပိုရင် ပိုကောင်းပါတယ်.

🌸 ရေပြန်ဆေးချပြီးရင် Moisturizer သုံးပေးရပါမယ်.
(Peeling သုံးထားရင်နောက်သုံးမယ့် skin care step မှာ Retinol, Vitamin C ပါတာကို ရှောင်ပေးပါ.)

🌸 AHA ပါတဲ့ ဘယ် Products မျိုးမဆို သုံးပြီးရင်.
နောက်ရက်တွေမှာ sunscreen သုံးကို သုံးပေးရပါမယ်.

🌸 တစ်ပါတ်တစ်ရက်လောက်ဘဲ သုံးဖို့.
Recommend လုပ်ပါတယ်နော်.

❌ Sensitive skin သမားသုံးဖို့ recommend မပေးပါဘူးနော်. ❌

🚨 Peeling ကို အခုမှ စပြီးသုံးမယ့်သူဆိုရင်.
မျက်နှာပေါ်မှာ မသုံးခင်.
လက်ပေါ်မှာ small amount လေးတင်ပြီး အရင်စမ်းကြည့်ရပါမယ်နော်. စမ်းထားတဲ့နေရာက (၂၄)နာရီအတွင်း ဘာမှမဖြစ်မှ.. မျက်နှာပေါ်မှာ သုံးပေးရပါမယ်ရှင့်. 🚨

🌸🌸🌸🌸🌸

✅ တစ်ပါတ်ကို တစ်ရက်လောက်ဘဲ သုံးရတဲ့ Peeling က.
ဘာလို့ အဲ့လောက်ရောင်းရလဲဆိုရင်.
မျက်နှာတစ်ခုတည်းတင် မဟုတ်ဘဲ.
ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ဟိုနားမဲ. ဒီနားမဲ နဲ့.
အမဲစက်/ အမဲကွက် ကင်းစင်ချင်တဲ့ နေရာတိုင်းကို သုံးလို့ရလို့ပါနော်.

မျက်နှာကနေ ခြေဖျားအထိ.
ပြစ်မျိုးမှဲ့မထင် အလှမျိုးပိုင်ဆိုင်ချင်တယ်ဆိုရင်.
The Ordinary ရဲ့ Peeling ကို သုံးကြည့်ပါလို့.

USA import ပါ.. 🇺🇸

Ordinary ဆိုရင်..
USA မှာတောင်.. Ulta beauty ကနေဘဲ ဝယ်ပါတယ်..
ပစ္စည်းမှန်သလို စျေးလည်းတန်စေရပါမယ်နော်..

30ml ပါတဲ့ Peeling ကို.. 63,000/- နဲ့ ရပါမယ်နော်..
အများစျေး သီးသန့်ရှိပါမယ်ရှင့်..

ဒီတသုတ်.. Ordinary တွေ ကုန်ရင်တော့..
နောက် (၆)လလောက်မှဘဲ ပစ္စည်းထပ်ဝင်ဖို့ ရှိပါတော့မယ်နော်..

Photos from Reinà: Branded Skin Care & Cosmetics's post 23/07/2026

Lancôme ရဲ့.
Clarifique Series တွေကလေ.

အသားအရောင် မညီတာတွေ.
ချွေးပေါက်ကျယ်တာတွေနဲ့.
အမဲစက်တွေ လျော့နည်းစေဖို့အတွက်.
အဓိကထားပြီး ထုတ်ထားတဲ့ Series ပါ.

ခုရောင်းပေးမယ့်.
Clarifique Series ထဲက.
Pro-Solution Brightening & Dark Spot Reduction Serum က.

အမဲစက်နဲ့.
အသားအရေ မညီတာတွေအတွက် အရမ်းကောင်းလို့.
လူကြိုက်များလာတဲ့ serum လေး.

Niacinamide,
Salicylic Acid,
Glycolic Acid နဲ့
Phytic Acid တို့ပါလို့.

💕 ချွေးပေါက်ကျဉ်း

💕 အမဲစက် သက်သာ

💕 အသားညီပြီး အသားကြည် စေတယ်.

30ml ရဲ့ မူရင်းစျေးက $89 မို့.
စျေးမချရင် ဒီအရောက်စျေးက.
500,000/- ကျော်လောက် ရှိပါတယ်.

အခုရောင်းပေးမှာက.
7ml ပါတဲ့ mini လေးပါ.

Expired က..
၂၀၂၇ - ၃ လပိုင်းမို့လို့..

သုံးတဲ့သူရော..
ပြန်ရောင်းမယ့်ညီမလေးတွေပါ အဆင်ပြေအောင်..
7ml ကို 20,000/- အတိနဲ့ ရပါမယ်နော်.

From USA

23/07/2026

Lancôme ရဲ့..
Génifique Serum ထဲက..
အသစ်ထပ်ထွက်ထားတဲ့ Ultimate Serum လေး..

(၇)ရက်တည်းနဲ့..
ကိုယ့်ရဲ့ အသားအရေပြောင်းလဲသွားမှုကို သိသာစေတဲ့..
Best Selling Serum လေး..

အရင်တုန်းကတောင်..
7ml လေးကို 25,000/- ရောင်းခဲ့တာ..

အခု အသစ်ထပ်ရောက်ထားတဲ့ ပစ္စည်းလေး..
စျေးချပေးလို့ ရလို့..
ရသလောက် ထပ်ချပေးထားပါတယ်နော်..
7ml ကို 23,000/- တည်းပါ..

Expired က ၂၀၂၈ မှနော် ညလေးတို့.. မမတို့ရေ..
From USA

Photos from Reinà: Branded Skin Care & Cosmetics's post 23/07/2026

Versace ရဲ့..
ယောက်ျားလေးသုံး ရေမွှေး Sample လေးတွေ..
အခုပြထားတဲ့ (၅)ကဒ်ပါတဲ့ Set လေးကို..
Macys စာအိတ်လေးနဲ့ပါ ရမယ်ရှင့်..

တစ်ဆက်ကိုမှ..
၂၃၀၀၀/- တည်းနဲ့နော်..

From USA

22/07/2026

❗️ 𝗦𝗼𝗹𝗱 𝗢𝘂𝘁❗️

ဒါလေးက..
အစ်မဆီ (၅)ဗူးဘဲ ရှိပါတော့မယ်နော် ညီမလေးတို့..

ဒါကုန်သွားရင် ထပ်ရောက်ဖို့ ကြာဦးမှာမို့..
ယူထားတာ မမှားဘူးနော် ညလေးတို့..

အတော်ကု အရမ်းပေါတဲ့..
Clinique ရဲ့ DD Gel 200ml လေးတွေ..
ပစ္စည်းရောက်ပါပြီရှင့်..

Macys 50% off တုန်းက ဝယ်ထားလို့..
စျေးတန်မယ်..
ပစ္စည်းမှန်မယ်နော် ညလေးတို့..

Date လည်း လတ်မယ်..
၂၀၂၈ မှ Expired ဖြစ်မယ့် ဗူးတွေချည်းပါဘဲနော်..

Cargo ဖိုးတွေကို..
၄၅၀၀/- စျေးနဲ့ ရှင်းပေးထားရပေမယ့်..
အတန်ဆုံးရောင်းပေးမယ့် ကျွန်မပါရှင်.. ❤️❤️

အရင်ရောင်းစျေးတုန်းကတောင်..
၁၈၀၀၀၀/- ကျော် ရောင်းခဲ့တာ..

ဒီနေ့ ရောက်တဲ့ပစ္စည်း အသစ်တွေကို..
176,000/- တည်းနဲ့ ရပါမယ်နော်..

WS စျေးက.. CB မှာ လာမေးပေးပါရှင့်..

Photos from Reinà: Branded Skin Care & Cosmetics's post 05/07/2026

အသစ်ထွက်ထားတဲ့ Packaging လေးနဲ့..

Lancôme ရဲ့..
Hydra Zen Gel Cream လေးကို..
စျေးချိုချိုနဲ့ ရောင်းပေးဦးမယ်ရှင်..

အခု ပါကင်အသစ်နဲ့ ထွက်လာတဲ့.
Lancôme ရဲ့ Hydra Zen ဗူးလေးက.. 30ml ပါတယ်..
သူ့ကို.. travel friendly အတွက် ထုတ်ထားတာ..

ခရီးသွား အိတ်ဆောင်..
ဘာညာ စမာကလာအတွက် အဆင်ပြေအောင် ထုတ်ထားတာ..

သူဘယ်လောက်ကောင်းတယ်ဆိုတာ..
သူ့ကို သုံးနေကြသူတွေဆိုရင် သိတယ်..
ရောက်ပြီဆိုတာနဲ့ တန်းယူကြတာ..

သူက Gel Cream မိုလို့..
Oliy Skin သမားတွေအတွက် ထုတ်ထားတာ..

မျက်နှာပေါ်တင်လိုက်တာနဲ့..
အေးကြည်မွှေးနေတဲ့ Feeling ကလေ..
သူ့စျေးတန်းဝန်းကျင်မှာ..
သူ့ကို မီနိုင်တဲ့ ပစ္စည်းမရှိသေးဘူး..

နေ့ည သုံးလို့ရတယ်..
ညဘက်သုံးမယ်ဆိုရင်..
တနေကုန် ပင်ပန်းထားသမျှ Stress တွေ..
သူ့ကို ပါးပေါ်တင်ပြီး လိမ်းလိုက်တာနဲ့ ပျောက်..

နေ့ဘက် သုံးမယ်ဆိုရင်လည်း..
တနေကုန် လန်းဆန်း..
အဲ့လောက်ထိ သူ့အနံ့နဲ့တင် ဆွဲဆောင်မှုရှိတာ..

သူက..
အသားကို ကြည်တောက်ရှင်းတဲ့နေရာမှာ လုံးဝဆရာကြီး..

ဆယ်ကျော်သက်လေးတွေလို..
အသားကို ကြည်ရှင်းနေချင်ရင် သူ့ကိုသာသုံး..

30ml ကို $35 မို့..
(၂)သိန်း ဝန်းကျင်ရှိတာကို..

Macys မှာ..
Sale + Gift နဲ့ ရ’ထားလို့..
ပါကင်အသစ်လေးနဲ့ 30mlကို ၉၅၀၀၀/- တည်းနဲ့ ရမယ်ရှင်..

၂၀၂၈ မှexpired ပါ..

Import from USA only

Telephone

Website

Address

Yangon