Shwe Yu Channel

Shwe Yu Channel

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Yu Channel, Health/Beauty, Yangon.

01/11/2022

အမျိုးသမီးတွေကို အလိုလျှောက် ဝလာစေတဲ့
ဟော်မုန်း (၁၀) မျိုး
********************************

အမျိုးသမီးတိုင်း စိုးရိမ်လေ့ရှိတဲ့ ပြဿနာတစ်ခုက
အလွန်အမင်း ဝလာမှာကို စိုရိမ်ကြတာပါ။ ဝလာခြင်းရဲ့ အဓိကအကြောင်းရင်းက ဟော်မုန်းမညီမျှမှုကြောင့်လို့ ဆိုကြပေမယ့် ဟော်မုန်းမညီမျှရခြင်းရဲ့ အဓိက
အကြောင်းတရားက စားသောက်မှုပုံစံ၊ မကျန်းမာတဲ့
အလေ့အထတွေနဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတာ
ကြောင့်ပဲ ဖြစ်ပါတယ်။ဟော်မုန်းရဲ့ အဓိကလုပ်ဆောင်
ချက်က သင့်ရဲ့အစာစားချင်စိတ်ကို ထိန်းညှိပေးခြင်း၊
ဇီဝဖြစ်ပျက်မှုကြိမ်နှုန်း၊ ရေဓါတ်ထိန်းသိမ်းခြင်း
ရုပ်ပိုင်းစိတ်ပိုင်းလှုပ်ရှားမှုနဲ့ အခြားအရာတွေကို
လုပ်ဆောင်ပေးပြီး ကိုယ်အလေးချိန်ပြောင်းလဲခြင်းရဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်
တွင်းမှာ ဓါတုပစ္စည်းတွေ မညီမျှမှုကြောင့်လည်း
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင့်ကိုမရည်ရွယ်ပဲနဲ့
အလိုလျှောက် ဝလာစေတဲ့ ဟော်မုန်း ၁၀ မျိုးရှိပါ
တယ်။

၁။ Estrogen

အက်စ်ထရိုဂျင် လို့ခေါ်တဲ့ အမျိုးသမီးလိင်ဟော်မုန်း
ဟာ ရာသီစက်ဝန်းကိုထိန်းချုပ်ဖို့အတွက်ပဲမဟုတ်ပါဘူး။
မိန်းကလေးတစ်ယောက်ရဲ့ အသွင်အပြင်၊ စိတ်ပိုင်း
ဆိုင်ရာစွမ်းရည် နဲ့ အိပ်စက်ခြင်းတွေကိုပါ ပြောင်း
လဲနိုင်စွမ်းရှိပါတယ်။ အဆိုပါဟော်မုန်းနည်းပါးလာ
တာနဲ့အမျှ စိတ်အပြောင်းအလဲမြန်ခြင်း၊ ပူအိုက်ခြင်းနဲ့ ခါးပတ်လည်အဆီစုခြင်းတွေကို ဖြစ်ပေါ်လာစေပါ
တယ်။

၂။ Thyroid hormone

Thyroid hormone ဟာThyroidဂလင်းတွေကတဆင့် thyroxine, triiodothyronine
ဆိုတဲ့ ဟော်မုန်းနှစ်မျိုးကို ထုတ်ပေးပြီး ကိုယ်အပူချိန်၊
ဇီဝဖြစ်ပျက်မှု ဦးနှောက်ကျန်းမာရေး အစားခြေစနစ
်တွေအတွက် လုပ်ဆောင်ပေးပါတယ်။ လှုပ်ရှားမှုနည်းပါးတဲ့အချိန်တွေမှာ အဆိုပါဟော်မုန်းဟာ နည်းပါး
လာပြီး ကိုယ်အလေးချိန်တိုးမှု၊ စိတ်ပိုင်းဆုတ်ယုတ်မှု၊ အအေးဒါဏ်မခံနိုင်မှုနဲ့ ဝမ်းချုပ်ခြင်းတို့ကို ဖြစ်လာစေ
ပါတယ်။

၃။ Cortisol

သင်စိတ်ဖိစီးမှုတွေများလာတဲ့အခါ သင့်ရဲ့adrenal
ဂလင်းတွေကနေတဆင့် ခန္ဓာကိုယ်ခုခံနိုင်မှုယန္တရားနဲ့ မကောင်းတဲ့စိတ်ခံစားချက်တွကနေ ကာကွယ
်ပေးနိုင်ဖို့ အဆိုပါဟော်မုန်းကိုထုတ်လွှတ်ပေးပါတယ်
ဒါပေမယ့် မကောင်းတဲ့စိတ်ခံစားချက်တွေ ကြာရှည်ခံစားရရင်တော့ အဆိုပါဟော်မုန်းဟာ တိုးပွားလာပြီး
ရလာဒ်ကတော့ အစားပိုစားလာမှုနဲ့ အဆီတက်လာမှု
ကို ဖြစ်စေပါတယ်။

၄။ Insulin

အစားအစာတွေကနေတဆင့် သကြားဓါတ်ကို
သင်စားသုံးတဲ့အခါ သင့်ရဲ့သွေးက လျှင်မြန်စွာစုပ်
ယူပါတယ်။ သွေးထဲမှာ ဂလူးကိုစ့် ပမာဏ တိုး
လာတာနဲ့အမျှ သင့်ရဲ့ pancreas မုန့်ချိုအိတ်က
အင်ဆူလင်ဆိုတဲ့ ဟော်မုန်းကိုထုတ်လွှတ်ပေးပါတယ် အဆိုပါဟော်မုန်းဟာ သွေးတွေထဲမှာရှိတဲ့ သကြား
ဓါတ်ကို ဆဲလ်တွေဆီကို ပိုဆောင်ပေးပါတယ်။ ဆဲလ်တွေကနေတဆင့် ဂလူးကိုစ့်တွေကို ကိုယ်ခန္ဓာလုပ်ငန်း
စဉ်တွေအတွက် စွမ်းအင်အဖြစ်အသုံးပြုပေးပါတယ်။ သင့်ရဲ့စားသောက်မှုပုံစံမှာ သကြားဓါတ်မြင့်မားလာ
တာနဲ့အမျှ ကိုယ်ခန္ဓာရဲ့ ဆဲလ်တွေဟာ ဂလူးကိုစ့်ကို ခံနိုင်ရည်ရှိလာကြပါတယ်။ ဒီအချိန်မှာ အဆိုပါ
ဟော်မုန်းဟာ အစားအစာတွေမှာပါတဲ့ ဂလူးကိုစ့်ကို
ဆဲလ်တွေဆီသို့ ပို့ဆောင်ပေးနိုင်စွမ်းမရှိတော့ပါဘူး။
မုန့်ချိုအိတ်ကလည်းး ဆဲလ်တွေအတွက် အာရုံခံစား
နိုင်စွမ်း မရှိတော့ပဲ အင်ဆူလင်တွေကို ပိုပိုပြီးထုတ်
လွှတ်ပေးလာပါတယ်။ အင်ဆူလင်ဟော်မုန်း ပမာဏ
မြင့်မားလာတာနဲ့အမျှ အဝလွန်ခြင်းကို ဖြစ်လာပါ
တော့တယ်။

၅။ Testosterone

အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်အတွက် အမျိုးသားတွေရဲ့ မျိုးပွားဟော်မုန်းပမာဏအနည်းငယ်ကိုဖန်တီးတာဟာ ပုံမှန်ပဲဖြစ်ပါတယ်။ ပြဿနာက တခါတစ်လေမှာတော့ အဆိုပါ Testosterone ဟော်မုန်းကို အလွန်
အကျွံထုတ်လုပ်မိတာပါ။ အမျိုးသမီးတွေရဲ့သားအိမ်
က အဆိုပါအမျိုးသားဟော်မုန်းကို အများအပြားထုတ်လွှတ်ပေးတဲ့အခါ အသံသြလာပြီး အင်ဆူလင်ခံနိုင်
ရည်ပိုရှိလာတောကြောင့် ဝလာစေပါတယ်။

၆။ Leptin

သင်စားပြီးလို့ ဗိုက်ပြည့်တဲ့အခါ အဆီဆဲလ်တွေက Leptin ဟော်မုန်းကို ဖြစ်ပေါ်စေပြီး အစားစားခြင်း
ကိုရပ်တန်းဖို့ ဦးနှောက်ကို အသိပေးပါတယ်။
တကယ်လိုဒီယန္တရားဟာ အလုပ်မလုပ်တဲ့အခါ
ကိုယ်ခန္ဓာမှာ ပေါင်ချိန်တွေတိုးလာစေပါတယ်။

၇။ Ghrelin

Ghrelin ဟော်မုန်းဟာလည်း အစားစားချင်စိတ်ကို ထိန်းညှိပေးတဲ့ အခြားဟော်မုန်းတစ်ခုဖြစ်ပါတယ်။
တကယ်လို့ သင့်ဗိုက်ထဲမှာဘာမှမရှိတဲ့အခါGhrelin ပမာဏ ပိုများလာပြီး ဆာလောင်မှုကို ဖြစ်စေပါတယ် အစားအစာတွေကို ပုံမှန်နှုန်းနဲ့ စားတဲ့အခါGhrelin ထုတ်လုပ်မှုကို လျော့ချပေးပါတယ်။ တချို့အဝလွန်
သူတွေမှာဆိုရင် အစားကိုများပြားစွာစားပြီးတာတောင်
မှ Ghrelin ထုတ်လုပ်မှုမြင့်မားနေဆဲ ဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့ဗိုက်ပြည့်ချိန်ဟာ ခဏပါပဲ။

၈။ Neuropeptide Y

စိတ်ဖိစီးမှုဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ ဓါတု
အချိုးမကျမှုကို သိသိသာသာဖြစ်လာစေပါတယ်။
အစားစားချင်စိတ် တိုးပွားနေတဲ့အချိန်နဲ့ အချိုတွေကို
ပိုစားတဲ့အချိန်တွေမှာဆိုရင် Neuropeptide Y
ထုတ်လုပ်မှုအလွန်အကျွံဖြစ်လာစေပါတယ်။

၉။ Melatonin

ကောင်းစွာအိပ်စက်ခြင်းဟာ ဝိတ်ချဖို့အတွက်
ကောင်းတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။
အိပ်ပျော်နေတဲ့ အချိန်တွေမှာ သင့်ရဲ့ခန္ဓာကိုယ်က Melatonin နဲ့ ကြီးထွားဖွံ့ဖြိုးစေတဲ့ ဟော်မုန်း
တွေကို ထုတ်လွှတ်ပေးပြီး အားပြည့်ဖို့နဲ့ ဇီဝဖြစ်ပျက်မှုပမာဏကို ကောင်းမွန်စေဖို့ ကူညီပေးပါတယ်။
နေ့စဉ် ၇နာရီထက်ပိုနည်းအောင်အိပ်တဲ့အခါ
အဆိုပါစည်းချက်ညီမှုဟာ ချို့ယွင်းသွားပြီး Melatonin မျိုးဆက်ကိုထိခိုက်စေတာကြောင့်
ရောင်ရမ်းမှုနဲ့ အဝလွန်မှုပြဿနာတွေကို ဖြစ်လာစေ
ပါတယ်။

၁၀။ Serotonin

Serotonin ကတော့ဟော်မုန်းမဟုတ်ပဲ
အာရုံကြောဆိုင်ရာ လုပ်ဆောင်ပေးတဲ့ ဓါတ်တမျိုး
ဆိုရင် ပိုမှန်ပါလိမ့်မယ်။၎င်းဟာ ဦးနှောက်ဆဲလ်
တွေဆီကို အချက်ပြမှုတွေ ပိုဆောင်ပေးပြီး
ခံစားချက်၊ အိပ်စက်ခြင်း၊နာကျင်မှုနဲ့ အစားစားချင်စိတ်ကို ထိန်းညှိပေးပါတယ်။ တကယ်လို့ သင်မှာစိတ်ဓါတ်ကျမှုတွေရှိနေပြီး ဗီတာမင်ချို့တဲ့တဲ့အခါမှာ Serotonin ပမာဏကျဆင်းသွားပြီး
အိပ်မပျော်ရောဂါ၊ အစားမတရားစားခြင်း၊
နာတာရှည်နာကျင်မှု စတာတွေဖြစ်လာပါတော့တယ်။

မူရင်းအားCreditပေးပါတယ်

Photos from Shwe Yu Channel's post 24/10/2022

၂၀၂၂ ခုနှစ်အောက်တိုဘာ ၂၄ ရက်ယနေ့တွင်ကျရောက်သော ဟိန္ဒူဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ "ဒေဝါလီနေ့ (ခ) ဒီပဝါလီနေ့" မီးထွန်းပွဲတော်အခါသမယတွင် ဟိန္ဒူဘာသာဝင်များနှင့် မြန်မာပြည်သူများအားလုံးအွန်လိုင်းပေါ်မှခင်မင်နေရတဲ့အေးမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရှိနိုင်ကြပါစေ
ဘေးကင်းကြပါစေမြန်မာပြည်ကြီးလည်း
အမြန်အေးချမ်းနိုင်ပါစေ....🙏🙏🙏

23/10/2022

တစ်ရာသီကနေ
တစ်ရာသီပြောင်းလည်းချိန်မို့ကျန်းမာရေးဂရုစိုက်ကြနော်

#ချစ်တဲ့ Shweyu

05/10/2022

အနယ်နယ်ရပ်ရပ်ရှိ သင်ဆရာ
မြင်ဆရာ ကြားဆရာများအား ဂါဝရပြုပါတယ်🙏🙏🙏

04/10/2022

📌ဝက်ခြံဖြစ်စေတဲ့အကြောင်းရင်းနံပတ် ၂ကတော့ စိတ်ဖိစီးမှု့ကြောင့်ဖြစ်ပါတယ်

📌စိတ်ဖိစီးမှု့ကလည်း မျက်နှာလှလှလေးတွေးပေါ်မှာ ဝက်ခြံဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပါပဲ စိတ်ဖိစီးတာများလေလေ ဝက်ခြံထွက်နှုန်းကလည်းပိုများလေပါပဲ

😘ဘယ်လိုဖြေရှင်းမလဲ
စိတ်ဖိစီးမှု့ကြောင့်ဖြစ်တဲ့ဝက်ခြံတွေကတော့ ဖြေရှင်းရလွယ်ကူပါတယ်

🎉စိတ်ကိုပျော်ရွှင်အောင်ထားပါ
ယောဂလေ့ကျင့်ပါ
တရားထိုင်ပါ /Zumba ကပါ
ပျော်ရွင်ခြင်းကနေစိတ်ဖိစီးမှု့ကိုလျော့ချလိုက်ပြီး ဝက်ခြံတွေကိုတိုက်ထုတ်လိုက်ပါ😘

ချစ်တဲ့

30/09/2022

📌ခရီးသွားမယ်အခါတွေ
ဲ📌ပွဲတက်တဲ့အခါတွေမှာလည်း

📌မျက်နှာအဆိမ့်ထုတ်/ပေါင်းတင်လုပ်မယ်စို အနည်းဆုံး ခရီးမသွားခင် ၅ရက်ကတည်းက👆
အပေါ်မှာပြောထားတဲ့အချက်လေးတွေကြိုလုပ်ပေးပါ

📌ဒါစိုအသားရေကနေဒဏ်လေဒဏ်ကိုခံနိုင်သွားပါပြီ

ချစ်သော

29/09/2022

လူတိုင်းမှာအခွင့်ရေးစိုတာရှိပါတယ်
ဲစေတနာမှန်ဖို့ပဲလိုတာပါ
တစ်ချို့ကအခွင့်ရေးတော့လိုချင်တယ် အနစ်နာတော့မခံချင်ကြဘူးလေ😘😘

📌ဝါသနာ
📌စေတနာ
📌အနစ်နာ
ခံနိုင်အောင်ကြိုးစားပါ အခွင့်လမ်းကောင်းတွေသင့်ဆီရောက်လာမှာပါ မိတ်ဆွေ😘🎉

ချစ်သော

28/09/2022

ဝက်ခြံအဖြစ်များတဲ့ ထဲကမှဟော်မုန်းနဲ့ပတ်သပ်တဲ့
ဝက်ခြံအကြောင်းလေးကို
မယုကသိသလောက်ဝေမျှပေးမယ်နော်
📌ဟော်မုန်းက အသားရေလှပမှု့အပေါ်မှာအများကြီးသက်ရောက်နေတဲ့အချက်တစ်ခုပါ
📌ဝက်ခြံကအမြဲပေါက်တာမဟုတ်ဖဲ တစ်ခါတစ်လေမှပေါက်တာစိုရင် သင့်မှာဟော်မုန်းပမာနတွေပြောင်းလဲတာကြောင့်ဖြစ်တာပါ

📌ဟော်မုန်းပြောင်းလဲခြင်းအကြောင်းရင်း

👉သန္ဓေတားဆေးသောက်သောသူ
👉ကိုဝန်ဆောင်သောသူ
👉ရာသီသွေးမမှန်သောသူ
👉အပျိုဖော်ဝင်စသူ/ လူပျိုဖော်ဝင်စသူ

သူတို့လေးတွေရဲ့ကိုယ်တွင်းမှာရုတ်တရက်ဟော်မုန်းပမာနပြောင်းလဲလာက ဟော်မုန်းကြောင့်ဝက်ခြံဖြစ်စေတဲ့အကြောင်းရင်းပါ

📌 ဘယ်လိုကုသလို့ရသလဲစို
Alcohol မပါတဲ့တိုနာ/ရေဓတ်အပြည့်ဝဖြည့်ပေးတဲ့ ဆန်စီရမ်နဲ့ ရေဓတ်ဖြည့် ခရင်မ်တွေကိုသုံးပါ
ရေများများသောက်ပါ

📌Alcohol မပါဝင်တဲ့ Mask မျိုးကိုကပ်ပေးပါ

📌ဟော်မုန်းတွေကိုညှိပေးတဲ့ Eposoft လိုဆေးမျိုးကိုသောက်ပေးပါ

မယုသိသလောက်ကိုဝေမျှပေးတာမို့ အမှားပါခဲ့ရင်နားလည်ပေးပါလို့

ချစ်တဲ့

24/09/2022

📌ဝက်ခြံ ဖြစ်စေတဲ့အဓိကအချက်တွေကို ပြောပြပေးမယ်နော်
👉ဟော်မုန်းကြောင့်
👉စိတ်ဖိစီးမှု့ကြောင့်
👉အစားအသောက်ကြောင့်
👉ပတ်ဝန်းကျင်ညစ်ညမ်းမှု့ကြောင့်
👉သောက်သုံးနေတဲ့ဆေးဝါးတွေကြောင့်
👉မျိုးရိုးကြောင့်
👉ကိုယ့်အသားရေနဲ့မကိုက်ညီတဲ့အလှကုန်သုံးမိတာကြောင့်

😩 ကဲဒီထဲကဘယ်အချက်လေးတွေက ကိုယ်ဖြစ်နေတာနဲ့တူနေလည်း စိုတာ ဖြေပေးခဲ့နော်😩

မယုက ဆောင်ရန်ရှောင်ရန်လေးတွေလာပြောပြပေးမယ်နော်😘

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon