Beauty Angel Online Shop
Beauty Angles
25/02/2023
ထပ်ရောက်ပစ္စည်းများနဲ့အတူ လိုအပ်တာရှိရင် မှာယူလို့ရပါပြီရှင့်😊
16/01/2023
Serum အကြောင်း သိကောင်းစရာ
ကိုယ်တို့တွေ တနေ့တနေ့ Skincare တွေသုံးကြတယ်
မျက်နှာသစ်တယ်
Toner သုံးတယ်
နို့ရည်သုံးတယ်
Seum , Essence သုံးတယ်
နို့ရည် ထိကတော့ ဟုတ်ပြီ
Serum နဲ့ essence က ဘာလို့ သုံးတာလဲ
သူတို့က ဘာအတွက် ထုတ်ထားတာလဲ
တိုနာနဲ့ နို့ရည်နဲ့က အစိုဓာတ်ဖြည့်ပေးတာပဲ။ ဒါတွေသုံးဖို့ လိုသေးလို့လား…
အဲဒီတော့ Serum ဆိုတာ ဘာလဲ?
Serum ဆိုတာ အရေပြားဆီ specific active ingredients တွေကို တိုက်ရိုက်သယ်ဆောင်ပေးသွားပြီး အရေပြားလိုအပ်ချက်တွေကို တိုက်ရိုက်ဖြေရှင်းပေးနိုင်တဲ့ skincare တမျိုးပါပဲ။
အရေပြားရဲ့ လိုအပ်ချက်ဖြစ်တဲ့👇🏻👇🏻👇🏻
Anti Aging
Dark Spots
Acne
Dehydration
Uneven skin tone တွေနဲ့ skin brightening အတွက်ဆိုပြီး အမျိုးမျိုးရှိသေးတာပဲ။
Serum ရဲ့ လုပ်ဆောင်ချက်😊
Molecules တွေက သေးငယ်ပြီး အရေပြားအတွင်း ဖောက်ထွင်း စိမ့်ဝင်နိုင်အားပိုကောင်းသွားတယ်။
ဘယ်လိုသုံးမလဲ?
ပဲစေ့တစေ့စာ အနည်းငယ်လောက်ကို အရေပြားပေါ်လိမ်းပြီး နှိပ်နယ်ပေးရုံပါပဲ။
သုံးလိုက်တဲ့ serum အစွမ်းထက်နေဖို့က
1. ဘယ်ပစ္စည်းမဆို အသုံးမပြုခင် စမ်းသပ်ကြည့်ပါ။
2. အနည်းငယ်လေးသုံးရုံနဲ့ ထိရောက်တဲ့ product ဖြစ်တာကြောင့် ပမာဏများသွားမယ်ဆိုရင် အသားအရေ ယားယံတာမျိုး အဆီဖုလေးတွေ ထတာမျိုးဖြစ်နိုင်ပါတယ်။
3. Serum မသုံးခင် အရေပြားကို သန့်စင်အောင်
အရင်ဆုံး သန့်ရှင်းရေးလုပ်ပေးထားဖို့လိုပါတယ်။
4. အသားခြောက်သူတွေအနေနဲ့ အရေပြားအတွင်း စုပ်ယူအားကောင်းအောင် အစိုဓာတ်ရှိနေတဲ့အချိန် ဒါမှမဟုတ် moisturizer သုံးပြီးတာနဲ့ သုံးပေးဖို့လိုပါတယ်။
5. Sensitive Skin ပိုင်ရှင်တွေအနေနဲ့ကတော့ Serum မသုံးခင် အသားလေးကို ခြောက်သွေ့သွားအောင်
အရင်ထားပြီးမှ သုံးပေးပါ။ Serum စိမ့်ဝင်အား လျော့နည်းသွားတဲ့အတွက် အရေပြားယားယံတာမျိုး ဖြစ်နိုင်ခြေနည်းသွားပါလိမ့်မယ်။
6. အရောင် အနံ့ ပါတဲ့ serum မျိုးရှောင်ပါ။
7. ညပိုင်း အသုံးပြုသူတွေအနေနဲ့ night cream, moisturizer တို့လို အစိုဓာတ်ဖြည့် cream တွေ အထပ်ထပ်မသုံးဖြစ်အောင် ဂရုစိုက်ပါ။
8. Serum စသုံးဖို့ အကောင်းဆုံးအသက်အရွယ်ကတော့ အရေပြားအိုမင်ရင့်ရော်တဲ့ လက္ခဏာတွေ စတင်ပြလာတဲ့ အသက် ၂၀ - ၃၀ အရွယ်လောက်က စပြီးသုံးတာ အကောင်းဆုံးပါ။
9. Serum နဲ့ Face Oil ကွာခြားချက်ကတော့ serum က water based ဖြစ်ပြီး အရေပြားအတွင်း စိမ့်ဝင်နိုင်စွမ်းပိုကောင်းစေပါတယ်။ Face Oil ကတော့ အရေပြား အပေါ်ယံအလွှာမှာ အစိုဓာတ်ကို ထိန်းပေးနိုင်ပါတယ်။ အရေပြားအတွင်းစိမ့်ဝင်ဖို့ အချိန်တော့ ပေးရပါတယ် ။
16/01/2023
Skin Tone up တက်ချင်တဲ့ သူတွေအတွက် BP serum ကို တခြား body lotion တစ်မျိုး၂နဲ့လိမ်းချင်သူများမင်တို့မှာ BP serum လေး ထပ်ရောက်ပါတယ်နော်. Whitening lotion တွေပဲလိမ်းနေလို့မရသေးဘူးနော် ဂျီးလေးလည်းချွတ်ပေးရမယ်နော် 👍🏻.
15/01/2023
Double cleansing လုပ်တယ်ဆိုတာ ဘာလဲ မသိသေးတဲ့ မင် ရဲ့ customer များအတွက် နောက်ထပ် sharing လေးတစ်ခု 🥰😍🥰👇🏻
ကိုယ်က မျက်နှာအသားအရေ ကောင်းဖို့ ဂရုစိုက်တယ်ဆိုရင် မျက်နှာသန့်ရှင်းရေး လုပ်တာနဲ့ ပတ်သက်ပြီး သေချာ ဂရုစိုက်ဖို့ လိုပါတယ်။ မျက်နှာသန့်ရှင်းရေး ကောင်းကောင်းလုပ်မှလည်း တခြားအသားအရေအတွက် လိမ်းတဲ့ အဆင့်တွေလည်း ထိရောက်မှာလေ။ မျက်နှာသန့်ရှင်းရေး ကောင်းကောင်းလုပ်ထားမှ မျက်နှာမှာ အဆီနဲ့ ဆားဝက်ခြံ ထွက်တာမျိုး မဖြစ်မှာပါ။ ဒီတော့ မျက်နှာသန့်ရှင်းရေးနဲ့ ပတ်သက်ပြီး မျက်နှာသစ်တာနဲ့တင် မဟုတ်ဘဲ Double Cleansing လုပ်တာနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။
Double Cleansing ဆိုတာဘာလဲ🤔?
Double Cleansing ဆိုတာကတော့ မျက်နှာ သန့်ရှင်းရေးကို နှစ်ဆ လုပ်တယ်လို့ ပြောရမှာပါပဲ။ မျက်နှာသစ်ဆေးနဲ့ (၂) ကြိမ် သစ်တာမျိုး မဟုတ်ဘဲ မျက်နှာကို ပုံမှန်ထက် သန့်ရှင်းသွားအောင် လုပ်တဲ့ နည်းလမ်းပါ။
Double Cleansing ဘယ်လိုလုပ်ကြလဲ🫠?
Double Cleansing လုပ်တဲ့အခါမှာ သုံးတဲ့ ပစ္စည်းတွေကတော့ အမျိုးမျိုး ရှိပါတယ်။ Cleansing Water ၊Oil Gel၊ micellar waterနဲ့ Wet Cleansing Tissue ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာကိုတော့ သုံးလို့ရပါတယ်။ မျက်နှာသစ်ဆေးနဲ့ မသစ်ခင်မှာ ခုနက (၄) မျိုးထဲက တစ်မျိုးမျိုးနဲ့ မျက်နှာကို အရင်သစ်ရမှာပါ။ ဒါဆိုရင်တော့ မျက်နှာပေါ်မှာ ရှိတဲ့ အဆီတွေ၊ ဖုန်မှုန့်တွေ တော်တော် ပြောင်စင်သွားမှာပါ။
မျက်နှာသစ်တဲ့အခါမှာ လက်ချောင်းလေးတွေနဲ့ မျက်နှာကို နှိပ်နယ်ပေးဖို့ မမေ့ပါနဲ့နော်။ မျက်နှာသစ်ဆေးကိုလည်း လက်ထဲမှာ အရင်အမြှုပ်ထအောင် လုပ်ပြီးမှသာ မျက်နှာသစ်ပါ။
မျက်နှာသစ်ပြီးတဲ့အခါကျရင် Double Cleansing လုပ်ထားတာဖြစ်တဲ့အတွက် မျက်နှာအသားအရေ ခဏတာ ခြောက်သွားတတ်ပါတယ်။ ဒီအခြေအနေကို ကာကွယ်ဖို့အတွက် တိုနာ မဖြစ်မနေ သုံးပါ။ တိုနာနဲ့ သန့်ရှင်းရေး ထပ်လုပ်ချင်တယ်ဆိုရင်တော့ တိုနာကို လက်နဲ့မျက်နှာ တိုက်ရိုက်လိမ်းတာမျိုး မဟုတ်ဘဲ ဂွမ်းစထဲ ထည့်ပြီး မျက်နှာမှာ လိမ်းပါ။ ဒါဆို အညစ်အကြေးတွေ ရှိနေသေးရင် ဂွမ်းစထဲမှာ ပါလာမှာပါ။
# Double Cleaning
# Beauty Angel
Pics
06/01/2023
လှပတဲ့Glow glass skin ရဖို့ တစ်နေ့တာရဲ့ skin care step👇🏻👇🏻👇🏻
နေ့ဘက်
1)Facial foam or facial soap မျက်နှာသစ်
2)Toner
3)Sun cream
4)moisturizer
ညဘက်
1)Facial foam or facial soap မျက်နှာသစ်
2)Toner
3)moisturizer
06/01/2023
ဒီနေ့မင်က Collagen & Gluta ရဲ့ကောင်းကျိုးဆိုးပြစ်တွေကို share ပေးမှာဖြစ်ပါတယ် 👍🏻
🥰Collagen ရဲ့ကောင်းကျိုး
🥰အသားအရေတင်းရင်းလှပဖို့/အရေးအကြောင်းလျော့နည်းဖို့/ဖြူစင်ဝင်းပစေဖို့(ဖြူစွတ်စေမျိူးမဟုတ်ပဲပျက်စီးသွားတဲ့အရေပြားက cell လေးတွေကိုပြန်လည်ပြုပြင်ပေးဖို့ဖြစ်ပါတယ်
Collagen side effect (ဆိုးကျိုး)
ရင်ပြည့်ရင်ကယ် ဖြစ်တာမျိုး/ရင်ပူတာမျိုးတွေခံစားရနိုင်ပါတယ်။အစာအိမ် မကောင်းသူတွေမသောက်
သင့်ပါဘူး။ပမာဏ များများနှစ်ရှည်လများသောက်ရင် အရေပြားကြမ်းတမ်းတာမျိုးတွေဖြစ်တတ်ပါတယ်
😎1ရက်ကို 50000mg သောက်လို့ရပါတယ်.(သို့)အစာနဲ့ဝေးတဲ့အချိန်ညအိပ်ယာဝင် or မနက်စော၂သောက်လို့ရပါတယ်။
😍Gluta ရဲ့ကောင်းကျိုး
😍အသားရေဖြူစေဖို့/ဝက်ခြံဖြစ်တာသက်သာစေဖို့
အရေပြား အသားခြောက်တာ နေလောင်တာတွေသက်သာစေဖို့ နှင်းခူလိုမျိုးအရေပြားပြသာနာတွေသက်သာစေဖို့ အရေးအကြောင်းတွေကို လျော့နည်းစေဖို့အသက်အရွယ်ကြောင့်ဖြစ်တဲ့မှတ်ဉာဏ်လျော့နည်းတာတွေသက်သာစေဖို့ နှလုံးရောဂါဖြစ်ပွါးမှုလျော့နည်းစေဖို့သောက်လို့ရပါတယ်
Gluta side effect (ဆိုးကျိုး)
လေပွတာမျိုး/ရင်ပြည့်ရင် ကယ်ဖြစ်တာမျိုး/6 လထပ်ပိုပြီးရေရည်စွဲမသောက်သင့်ပါဘူး။Zinc ဓါတ်နည်းပါးပြီးအသက်ရူကြပ်လာတာမျိုးတွေဖြစ်တတ်ပါတယ်
အစာအိမ်ရောဂါ ကျောက်ကပ်ရောဂါရှိသူတွေမသောက်သင့်ပါဘူး။
😎500-1000mg ထိသောက်လို့ရပါတယ်
စိတ်ရှည်၂နဲ့ 3 to 4 လ လောက်သောက်မှ အာနိသင်သိသာပါတယ် ။အစာ စားပြီး၂ နာရီ ခြားပြီးသောက်လို့ရသလိုအစာ မစားမီနာရီဝက်ခြား ပြီးသောက်လို့ရပါတယ်။
ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေ မသောက်သင့်ပါဘူး ။ဘာလို့လဲဆိုတော့ခန္ဓာကိုယ် မှာနဂိုရှိပြီးသားမလို့သောက်လိုက်ရင်သွေးလေးကအဲ့ဓါတ်တွေမ
ထုတ်လုပ်တော့တာမျိုးဖြစ်တတ်ပါတယ် ။
ဒီနေ့ မင် တွေးမိတာလေးကို sharing လုပ်ပေးတာပေါ့နော် 😊
Skin care နှင့်ပျော်ရွင်မှု ဘယ်လိုဆက်နွယ်မလဲ 🤔
လူတွေဘာလို့ skin care ချင်တာလည်းပေါ့နော် 🤔
လူအများရဲ့အဖြေက လှ ချင်လို့ /တချို့ကအသားရေကျန်းမာချင်လို့ /တချို့ကျတော့ skin care ဖူးချင်လို့ (သုံးဖူးချင်လို့)/ စသည့်ဖြင့် ယေဘုယအားဖြင့် ဖြေကြပါတယ်
မင်တော့အဲ့လို ဖြေတဲ့အထဲမှာ skin care တာစိတ်ချမ်းသာချင်လို့ လို့ဖြေတဲ့သူ နည်းမယ်ထင်ပါတယ် 🤫.ဘာလို့လဲဆိုတော့ skin care တွေကစျေးအတိုင်းအတာတစ်ခုထိတန်ဖိုးရှိတယ်/တန်ဖိုးပေးဝယ်ရပါတယ် .အဲ့လိုဆိုတော့ ပိုက်၂ကုန်တယ် 😥.ဒီကြားထဲလိုချင်တဲ့skin care products ကစျေး So high ဖြစ်နေလို့မဝယ်နိုင်ရင် စိတ်ညစ်ရပြန်ရော 😮💨. အဲ့ဒါဆိုရင် ဘာလို့skin care ဝယ်ပြီးစိတ်ချမ်းသာရမလဲ? မိမိအရင်က ထပ်ပိုလှ ပိုနု ပိုချောနေရင် အရမ်းပျော်တယ်လေ .သူများက ဟယ် နင် အရမ်းလှ လာတယ်တော်လို့ ပြောလိုက် အောင်မလေး ထမင်းမစားပဲဗိုက်ဝတယ် ပီတိနဲ့တင်😂
That’s why skin care products are so powerful ပါ 😍.Skin care products တွေက ကိုယ့်ကို စိတ်ချမ်းသာမူပေးသလို စိတ်လည်းဆင်းရဲစေပါတယ် . မဲညစ်နေတဲ့ အသားကိုဖြူအောင် Skin care ကလုပ်ဆောင်နိုင်သလို /လှပြီးသား မျက်နှာလေးကိုလည်းပျက်စီးအောင်လုပ်နိုင်ပါသေးတယ် 😒 skin care products အရွေးမှားရင် ပေါ့. အဲ့လို emotion တွေဖြစ်အောင် လုပ်ဆောင်နိုင်လို့ လူအများစု ခုန်မင်တာလည်းမဆန်းကြယ်လှပါဘူးလေ.skin care ထုတ်လုပ်သူကလည်းဆက်လက်
ထုတ်လုပ်နေဦးမှာပါပဲ.အသုံးပြုသူတွေကလည်းskin care အဟောင်းကော အသစ်သစ်တွေပါ သုံးဖို့ready ဖြစ်နေတာပါပဲ. ဒါဆို Skincare products ကို ပိုက်ဆံပေးဝယ်ပြီးသူ့ရဲ့ ရလဒ်ကြောင့် ပိုလှ ပိုစိတ်ချမ်းသာချင်ရင် skin care products ရွေးချယ်တာမှန်ကန်ဖို့လိုပါတယ် .products အသစ်တွေတည့်မတည့်စမ်းချင်ရင် လက်နဲ့နားနောက်မှာအရင်စမ်းပါ.အဆင်ပြေမှဝယ်ပါ .sample size တွေကိုပဲစမ်းသုံးကြည့်ဖို့တိုက်တွန်း
ချင်ပါတယ် . အဲ့လိုရွေးချယ်မှန်ကန်ဖို့စာများ၂ဖတ်ပါလေ့လာပါ .အခုဆိုရင် beauty bloggersတွေအတော်များ၂လည်း products reviews လေးတွေရေးပေးလာကြပြီမလို့ ကြံကြိုက်ရင် ဖတ်ပြီးလေ့လာပါ . မင်တို့လည်း မကြာမကြာ health & beauty post လေးတွေမကြာမကြာတင်ပေးသွားပါ့မယ်ရှင့် 🥰. နောင်နှစ်မှာဒီနှစ်ထပ် knowledge လေးပိုတိုးကာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီးအလှများပိုတိုးလှ နိုင် ကြပါစေလို့ New Year အကြိုလေး ဆုတောင်းပေးရင်း နှစ်သစ်ကို အလှတရားသစ်တွေနဲ့ကြိုဆို လိုက်ရအောင်ပါနော်😍
29/12/2022
New Year အမှီလေးထပ်ရောက်တဲ့ ပစ္စည်းလေးတွေမှာယူအားပေးလို့ရပါပြီရှင့်🥰
ပုံတွေအောက်မှာ skin အလိုက် ရွေးချယ်သင့်တဲ့product နဲ့ စျေးလေးတွေပါ ဖော်ပြပေးထားပါတယ် 👇🏻👇🏻👇🏻
29/12/2022
ဆောင်းတွင်းအသားရေအတွက် budget save whitening lotion လေး 🥰
Price -7500ks
ရေချိုးထားသလို အေးအေးလေးနဲ့ အသားအရည်ကို သဘာဝကျကျ စိုကြည်စေတဲ့ Mistine Yogurt Lotion
ဒီတစ်ခေါက်တော့ ဈေးနှုန်းချိုသာလှတဲ့ Mistine Yogurt လေးအကြောင်းကို ထော်ထော် ညွှန်းပေးချင်ပါတယ်...
သူ့ကို ရေချိုးပြီးစ ညပိုင်း အချိန်တွေမှာ လိမ်းဖြစ်ပါတယ်... သူ့ကို စလိမ်းလိမ်းချင်း အေးအေးလေးနဲ့ ရေချိုးထားသလို ခံစားမှုကို ရရှိစေပါတယ်... စိမ့်ဝင်လွယ်တဲ့ Lotion လေးလည်း ဖြစ်ပါတယ်...
ထော်ထော် သူ့ကို ပထမဦးဆုံး စလိမ်းတဲ့နေ့မှာ ဝမ်းပျက်ပြီး နေမကောင်း ဖြစ်နေတဲ့ အချိန်ပါ... သူ့အနံ့က ဒိန်ချဥ်လို ချဥ်စူးနေတာမျိုး မဟုတ်တဲ့အတွက် နေမကောင်းဖြစ်နေတာတောင် သူ့အနံ့လေးကို ကြိုက်နှစ်သက်နေမိပါတယ်... သူ့ကို မသုံးခင်တုန်းကတော့ ဒိန်ချဥ်လို အနံ့ ချဥ်စူးစူး ဖြစ်နေမယ်လို့တောင် ထင်ထားနေမိတာပါ...
ရေချိုးပြီးတဲ့အချိန် တခြား Lotion တွေကို လိမ်းလိုက်ရင် အသားအရည်မှာ တင်ကျန်နေတဲ့ အစိုဓာတ်တွေ စုပ်ယူခံရသလို ခံစားရတတ်ပါတယ်... ဒီ Mistine Yogurt Lotion လေးကို လိမ်းကြည့်လိုက်တော့ နဂိုရှိပြီးသား အစိုဓာတ်ကိုတောင် ပိုမို စိုသွားအောင် ထပ်ဖြည့်ပေးနိုင်လို့ သူ့ကို သဘောကျရပါတယ်...
Mistine Yogurt Lotion လေးကို ရေချိုး ပျင်းတဲ့သူတွေလည်း သုံးကြည့်လို့ ရပါတယ်... သူ့ကို လိမ်းလိုက်ရင် အေးအေးလေးနဲ့ ရေချိုးထားသလို ခံစားစေနိုင်လို့ပါ...
အသားအရည် ကြည်တဲ့ အပိုင်းမှာလည်း သူ့ဈေးနှုန်းနဲ့သူ ကောင်းတဲ့ Lotion လေးပါ... အသားဖြူလာစေတာမျိုးတော့ မရှိပေမယ့် ကျန်းမာတဲ့ အသားအရည် စိုစိုကြည်ကြည်လေး ဖြစ်စေတာမို့ ထော်ထော့်အနေနဲ့ နောက်ထပ် တစ်ဘူး ထပ်သုံးချင်နေတဲ့အထိ အထူး ကြိုက်နှစ်သက်ရပါတယ်...
ဒါ့အပြင် ငွေချွေတာချင်သူတွေအနေနဲ့လည်း အထူး ဝယ်သုံးသင့်တဲ့ Lotion လေးပါ... 500 ml ဘူးအကြီးကြီး တစ်ဘူးကိုမှ 7000 / 8000 ကျပ် ဝန်းကျင်လောက်ပဲ ကျသင့်တာဆိုတော့ တော်တော်လေး တန်လွန်းမက တန်တဲ့ Lotion လေးပါလို့ ထပ်လောင်း ပြောကြားချင်ပါတယ်...
Mistine Yogurt Lotion လေးကို နီးစပ်ရာ စတိုးဆိုင်, Online Shop တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်... ဘယ်မှာ ဝယ်ရမှန်း မသိရင် Facebook Search Box မှာ Mistine Yogurt Lotion ဆိုပြီး ရိုက်ရှာကြည့်လို့ ရပါတယ်... Mistine Myanmar မှာလည်း ဝယ်ယူလို့ ရပါတယ်...
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon