Road To Reading
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Road To Reading, Thazin, Yangon.
စိတ် (၂)မျိုး
၁ # ကောင်းတာတွေဘဲ လိုချင်နေ
တာ မကောင်းတဲ့စိတ်။
၂ # မကောင်းဘူးဆိုတာကို လက်ခံတတ်တာ
ကောင်းတဲ့စိတ်။
ဆင်မကပေးသော
မှတ်သားဖွယ်ရာ သင်ခန်းစာ
(သင်ခန်းစာ ပုံပြင်လေးပါ)
တစ်ခါက ဆင်မတစ်ကောင်နဲ့
ခွေးမတစ်ကောင်တို့ဟာ တစ်ချိန်တည်း
ကိုယ်၀န်ဆောင်ကြပါတယ် ။
သုံးလကြာတဲ့အခါ ခွေးမဟာ
ခွေးလေး (၆)ကောင်မွေးပါတယ်။
နောက် (၆)လမြောက်မှာခွေးမက
ကိုယ်၀န် ထပ်ဆောင်ပြန်ပါတယ်။
ကိုးလရောက်တော့
ခွေး (၁)ဒါဇင် ထပ်မွေးပြန်ပါတယ်။
အဲဒီအတိုင်းပဲ လည်ပတ်ရင်း (၁၈)လ
ကြာတဲ့အခါခွေးမဟာ (၃)ကြိမ် ကိုယ်၀န်ဆောင်ပြီး
(၃)ခါ မွေးပြီးသွားပါပြီ။
ဆင်မကတော့ ကိုယ်၀န်ဆောင်နေတုန်းပါပဲ။
ဒီတော့ ခွေးမက ဆင်မ ကိုမေးပါတယ်။
`ဟဲ့ ဆင်မ နင့်ဟာက ကိုယ်၀န်ရော ဟုတ်ရဲ့လားဟယ်
ငါဆိုရင် ကလေး (၃)ခါမွေးပြီး တချို့တွေဆို
ခွေးကြီးတွေတောင်ဖြစ်နေကြပြီ ၊
နင်က ခုထိ ကိုယ်၀န်ဆောင်နေတုန်းပဲလား
ဒီတော့ ဆင်မက ပြန်ဖြေပါတယ်။
`ဒီမှာ မခွေးမ ......
နင်ပြောတာကို ငါနားလည်ပါတယ်။
ဒါပေမယ့် ငါလွယ်ထားတာ ဆင်ပါ
ခွေးမဟုတ်ပါဘူး ၊ ငါဟာ တစ်ခါမွေးဖို့
(၂)နှစ် ကိုယ်၀န်ဆောင်ရပါတယ်။
ငါ့ကလေး မွေးလာတဲ့အခါ မြေကြီးက
သိတယ် ၊ ဒီဆင်ကလေး လမ်းလျှောက်တဲ့အခါ
လူတွေတစ်အံတဩနဲ့ ရပ်ကြည့်ကြလိမ့်မယ် ။
ဒီလို ခွန်အားကြီးမားပြီး လူတွေစိတ်၀င်စားရတဲ့
သန္ဓေသား ကိုယ်၀န်ကို လွယ်ထားရတာကြောင့်
အချိန်ဒီလောက်ကြာနေတာပါ။
ပေးချင်တဲ့ သင်ခန်းစာကတော့ဗျာ
အခြားသူတွေ အောင်မြင်သွားချိန်မှာ သင်
မအောင်မြင်သေးလို့ သင့်ယုံကြည်မှုတွေ
မပျောက်ဆုံးပါစေနဲ့။
ကြီးမားတဲ့အောင်မြင်မှုကို ရဖို့ မဆုတ်မနစ်ဇွဲ ၊
ယုံကြည်မှုနဲ့ အချိန်တွေအများကြီး ရင်းရပါတယ်။
သင်လွယ်ထားရတဲ့ အောင်မြင်မှုဟာ
အခြားသူတွေထက် အများကြီးပိုနိုင်ပါတယ်။
အဲဒီတော့ အခြားသူတွေကို မြင်ပြီး
စိတ်ဓာတ်ကျ ဖြစ်နေမဲ့အစား ...
ကိုယ့်ရဲ့မနက်ဖြန်ကို ယုံကြည်မှုခွန်အား
အပြည့်နဲ့ လျှောက်လှမ်းလိုက်ပါ
မိတ်ဆွေတို့ရေ ...
အောင်မြင်မှုကို ရယူနိုင်ကြပါစေ ...
ဘာမှ မပြောတဲ့သူတွေကို သတိထားပါ
----------------------------------
ကျွန်တော်တို့ကျောင်းသား ဘဝတုန်းက
စာမေးပွဲဖြေတဲ့အခါ စာခိုးချတဲ့လူကို တွေ့ရင်
အခန်းစောင့်ဆရာမက
micro စာရွက်တွေကို လာသိမ်းတယ်
သတိပေးပြီး ဆက်ဖြေခွင့်ပြုတယ် …
နောက် ဆရာမ အမျိုးအစားက
လာလည်း မပြောဘူး ၊ ဖမ်းလည်း မဖမ်းဘူး ။
သတိလည်းမပေးဘူး ။ လွှတ်ပေးထားတယ် ။
ခိုးစမ်း … ကြိုက်သလောက်ခိုး ။
လုံးဝ မနှောင့်ယှက်ဘူး ။
မှတ်ချက်မှာတော့ မှင်နီ တို့ ပြီးသွားပြီ ။
အမှတ် 100 ဖိုးဖြေထားလည်း ကျပြီပဲ မှတ် ။
ကျွန်တော်တို့ ဘဝတွေမှာလည်း ဒီလိုပါပဲ ။
warning တွေ ပေးခံနေရတယ်ဆိုတာ
ပြင်ဆင်ခွင့်ရှိနေသေးတယ် ။
ဘာမှ မပြောတော့ဘူး ဆိုရင်
သိပ်ကြောက်ဖို့ကောင်းတယ်
ပြင်ဆင်ခွင့်မပေးတော့တဲ့ သဘော ။
သိပ်စိတ်နာသွားတဲ့လူတွေဟာ
စကားတွေ အများကြီး မပြောတော့ဘူး ။
တိတ်ဆိတ်ခြင်းဟာ ပြင်းထန်တဲ့
ပေါက်ကွဲအားပဲ ။
ဥပက္ခာဟာ ဥပဒေဘောင်အတွင်းက
အကောင်းဆုံး လူသတ် လက်နက် ဖြစ်တယ် ။
သူ ဘာမှ မှ မပြောတာ
မသိလောက်ပါဘူး ဆိုပြီး လိမ်မနေပါနဲ့
မှင်နီတို့ထားတာ မျိုးလည်း ဖြစ်နိုင်ပါတယ် ။
- လုလင်ငယ်သွေး
Crd # #
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon