Yours Truly Hnin

Yours Truly Hnin

Share

Loves learning and sharing, all about positivity! Your Coach to GLOW from Within.

25/04/2026

People: ပျော်ခဲ့လား
Me: 😁

19/04/2026

You know who will be with you all the way until you die? Not your parents, not your spouses, not your children, not your best friends, not your siblings, not your pets, not your crush, not your special person- it’s YOU! So take care of yourself, do not try to please everyone and people’s opinions matters only to a certain degree. Do the things that you enjoy, that makes your soul happy and nurture your growth into the person that you want to become ! Be the fabulous version of YOU!

21/03/2026

ဘာကြောင့် Positive Thinking လုပ်သင့်တာလဲ

အခုကာလ အကြောင်းပေါင်းစုံနဲ့ပေါ့နော် စိတ်ပူရတယ် စိတ်အိုက်ရတယ် Stressful, Anxious ဖြစ်ရတယ် ဒါပေမဲ့လေ အတတ်နိုင်ဆုံး Positive Thinking or Positive Energy လေးတွေ ဆောင်ထားကြည့်စေချင်ပါတယ် တရားသဘောနဲ့ပြောရင် ယောနိသောမနသီကာရပေါ့ ကြည့်တဲ့ အခံက အကောင်းနဲ့ ကြည့်တာမျိုးပေါ့

ဘာလို့လဲဆိုတော့
ဓာတ်တူရာစုတဲ့ သဘောတို့
တူတာကို Attract လုပ်တတ်တဲ့ သဘောတို့
Law of Attraction အရ အကောင်းတွေးရင် အကောင်းတွေ ပိုပြီး ဆွဲဆောင်တာတို့ လိုမျိုး သဘောတွေပေါ့လေ

စမ်းကြည့်ကြည့်ပါ စိတ်ကလေး ညစ်ညူးနေတယ်ဆို သတိထားပြီး Direction လေးပြောင်းကြည့်လိုက်ပါ
အနည်းဆုံးတော့ စိတ်ညစ်ညူးနေတဲ့ စိတ်အခံ နဲ့ ကြည့်မိတာမျိုးတွေ နည်းသွားပြီး ပိုကောင်းတဲ့ အရာလေးတွေ ကို Attract လုပ်နိုင်လာတာမျိုးလေးတွေ သတိထားမိလာပါလိမ့်မယ်နော် ✨

15/03/2026

အတွေးလေးတခု ☝️
ဆိုသော်လည်း သတိထားမိတာလေးတခုပေါ့

မြန်မာအမျိုးသမီး အသက်လတ်ပိုင်း အသက်ကြီးပိုင်းတွေမှာဆိုရင် အထူးသဖြင့် conservative ပေါ့နော်
အလှတွေပြင်ထားတယ်ဆိုရင် သူက အလှကြိုက်တယ် ဘဝအတွက် အလေးမထားဘူး သူ့အလုပ်ကို သေချာမလုပ်ဘူး she’s not serious about her work or ရှုံ့ချခံရတာမျိုးအထိတောင် ရှိပါတယ်

အမေတောင် ပြောသေးတယ် အလှပြင်တယ်ဆိုတာ မင်းသမီးအလုပ်တဲ့ ပြောချင်တာက မင်းသမီးတို့ model တို့လို Professional တွေပဲ အလှပြင်ကြတယ်ပေါ့

တကယ့် လုပ်ငန်းခွင်က တော်တဲ့ထက်တဲ့ အမျိုးသမီးတွေက အလှမပြင်ကြဘူး ပဲမများကြဘူးပေါ့ အဲ့တာအပြင်ကို အလှပြင်ချိန်မရကြဘူး ဆိုတာလည်း ဆိုကြပါသေးတယ်

အဲ့တော့ ကိုယ်သတိထားမိတာလေးကတော့ Management Level တာဝန်ယူထားကြရတဲ့ အမျိုးသမီးတွေ လုပ်ငန်းရှင်တွေ အလှမပြင်ကြဘူး - သူတို့အဆိုအရ
ပဲမများကြဘူး ပြီးရင်- ပဲများတယ်ဆိုလည်း မကြိုက်ကြဘူး ဒါမျိုး ပြင်ပြင်ဆင်ဆင်နေရင်ကို ပဲများတယ် သတ်မှတ်ခံရတာကိုး ဒါဘယ်က လာသလဲတော့ မသိပေမဲ့ အဲလိုဖြစ်နေတာတော့ သတိထားမိတယ်

တကယ်ဆို Pretty Privilege ဆိုတဲ့အကြောင်းကို သူတို့ သေချာ အလေးအနက် မသိကြသေးတဲ့ အတွက် ဒါက်ု အချိန်မပေးသေးတာလည်း ဖြစ်နိုင်သလို အလှပြင်တာ မင်းသမီးအတွက်ပဲ ဆိုတဲ့ culture ဖုံးလွှမ်းနေတဲ့အတွက်ကြောင့်လို့ရယ် ပဲများတယ် ဆိုပြီး အမြင်ခံရနိုင်တာရယ်ကြောင့် လည်း ဖြစ်နိုင်ပါတယ်

နောက်တခုက Limiting Beliefs တွေ ရှိနေကြပါတယ် အော် သူက ငယ်လို့ ငယ်ဂုဏ်ရှိလို့ လှတာပေါ့ ပြင်လို့ သင့်တော်တာပေါ့ ငါက ကြီးပြီလေ ဘယ်လိုလုပ်လှတော့မလဲ တချို့ကတော့လည်း အသားအရောင် ကိုယ်လုံး ဆိုဒ် အရပ် အနိမ့် အမြင့် စသည်ဖြင့်ပေါ့လေ ဒီမှာကလည်း culture မှာကို body shaming လုပ်မှန်းမသိ auto လုပ်တဲ့ culture ဆိုတော့ ကိုယ့်ကိုယ်ကို ပိုပြီး Limit လုပ်မိတာပေါ့နော် ငါတော့ သူ့လို မလှတော့ပါဘူး ဘယ်လိုပြင်ပြင်အဲ့လို မလှပါဘူး ဆိုပြီး Limting Belief က ဖြစ်သွားရော

မိတ်ကပ်တွေအထူကြီး on ထားရမယ်မဟုတ်ပါဘူး ကိုယ့်စတိုင်နဲ့ကိုယ်ပေါ့ Sweet spot လေး နဲ့ဆို ကိုယ့်အတွက် ကိုယ် ကျေနပ်တဲ့ အထာနဲ့ဆို က်ုယ်လည်း confidence level ပို မြင့်သွားပြီး ကိုယ့် ပတ်ဝန်းကျင်မှာပါ အဲ့ကနေလာတဲ့ ကောင်းမွန်တဲ့ attitude လေးတွေ ပြန်ရလာမှာမိပါ

Management Level ရှိတဲ့ အမျိုးသမီးများ လုပ်ငန်းရှင်တွေ ဆိုင်ပိုင်ရှင်တွေ ဖြစ်တဲ့အတွက် Management ကတော့ လုပ်တတ်ပြီးသားမို့ ပြင်ပြင်ဆင်ဆင်လေးဖြစ်အောင် ကိုယ်နဲ့လိုက်အောင်
အချိန်မရတဲ့ မေမေတွေ အတွက်ကော အချိန်တိုအတွင်းမှာ ရနိုင်မယ့် Hacks တွေ Tips လေးတွေ ပြောပြသွားပါမယ်ရှင် အပိုင်း (၁)

coach

14/03/2026

Sunscreen

လိမ်းဖြစ်ကြရဲ့လား

13/03/2026

Happy Vibe ✨
Happy Life 🤩

13/03/2026

အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးတာရှိတယ်

“ နင်က ကောင်းတာတွေပဲ တင်တာတဲ့” အဲ့တာ ကိုယ့်မှာ အင်းနော်လို့ အဖြေမယ်မယ်ရရမရှိခဲ့ဘူး ပြီးတော့

ဟိုတလောတုန်းကလည်း အပြောခံရသေးတယ် သိပ်မရင်းနှီတဲ့ သူတစ်ယောက်က “ဘဝကြီးက သာယာတယ်နော်တဲ့” ကိုယ့်မှာ နည်းနည်း စွံ့အ 😅

အခု ပြီးခဲ့တဲ့ 2025 က Identity ပြန်လည်ရှာဖွေရေး ခရီးစဉ်မှာ ကျမှ သိသွားတာ ၁၀ နှစ်ကျော်ကြာတော့မှ

တကယ်က ဘာလို့လဲဆိုတော့ ကိုယ်က Positivity သမား Good Vibes only share ချင်တဲ့ သူမျိုး စိတ်ညစ်တာဆို အရင်းနှီးဆုံး သူတွေလောက်ကိုပဲ ပြောပြမိတာမျိုး ကျန်တာကတော့ အပျော်တွေ ကောင်းတာတွေပဲ ကူးစက်စေချင်ခဲ့တာ

အခု ကိုယ့်ကိုယ်ကိုပြန်လည်ရှာဖွေရေးခရီးစဉ် ကျမှ သတိထားမိ ☺️

13/03/2026

Solo Trip တွေ မသွားဘူးရင် စမ်းကြည့်ပါ ခရီးသွားရလို့ ရတဲ့ အပျော်တွေ အတွေ့အကြုံတွေအပြင်

ကိုယ့်အတွက် Trigger တွေ မပါဘဲ ပတ်ဝန်းကျင်အသစ်မှာ ကိုယ့်အတွက် အရေးပါလာနိုင်တဲ့ personal skill set တွေ Hidden ဖြစ်နေတာ ဒါမှမဟုတ်ရင် Suppressed လုပ်ခံထားရနိုင်တဲ့ Talent တွေ Passion တွေကို ရှာဖွေတွေ့ရှိနိုင်လို့ပဲဖြစ်ပါတယ်

13/03/2026

Millennial တစ်ယောက်အနေနဲ့ Gen Z နဲ့ အလုပ်လုပ်ရတာ နည်းနည်း challenging ဖြစ်တယ်လို့ထင်တယ် What do you think? Any suggestions or ideas?

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon
11051