Smart Lady
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Smart Lady, Yangon.
08/01/2022
ဒီ page လေးကနေ တခုခုရောင်းပေးရင်ကောင်းမလားလို့ ဘာလေးရောင်းပေးရမလဲအချစ်တို့🤩❤️
ကိုယ်ပိုင်လုပ်ငန်းလေး စချင်လို့ပါ🤭🤑
28/11/2020
Hello အားလုံးပဲမဂ်လာပါရှင့် Smart Lady ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့် မင်မင်စျေးနှုန်းသက်သက်သာသာလေးနဲ့ Cosmetic ပစ္စည်းလေးတွေရောင်းပေးမယ်နော် အားလုံးပဲလိုချင်တာလေးတွေရှိရင်လဲမေးလို့ရပါတယ်ရှင့် အရင်ဆုံးဘာလေးရောင်းပေးရင်ကောင်းမလဲအချစ်တို့ရေ😍
30/07/2020
ဒီ Post ကိုရှယ်တာ၊ ပြန်ကူးတင်တာမျိုးနဲ့ ကူညီကြပါဦး🤗
ဧရာဝတီလင်းပိုင် (သို့မဟုတ်) ချစ်စရာအပြုံးပိုင်ရှင်များ💓
မျိုးတုန်းပျောက်ကွယ်လုနီးပါး သတ္တဝါအဖြစ် သတ်မှတ်ခံထားရပြီဖြစ်တဲ့ နိုင်ငံ့ရတနာ "ဧရာဝတီလင်းပိုင်" လေးတွေဟာ မျက်နှာမှာ အမြဲပြုံးရယ်နေတဲ့ဟန်ရှိပြီး အလွန်ယဉ်ပါးကာ ခုန်ပေါက် ရေမှုတ်ပြီး ပျော်ရွှင်မြူးတူးဆော့ကစားတတ်တဲ့ ချစ်စရာသတ္တဝါလေးတွေပဲဖြစ်ပါတယ်
ဒီလိုချစ်စရာကောင်းတဲ့ ဧရာဝတီလင်းပိုင်တွေဟာ အချို့သောမသမာသူတို့ရဲ့ ရှော့ခ်တိုက် သတ်ဖြတ်မှုကြောင့် အရေအတွက်အလွန်တရာနည်းပါလာပြီဖြစ်ပါတယ်
ဧရာဝတီလင်းပိုင်တွေဟာ နို့တိုက်သတ္တဝါတစ်မျိုးဖြစ်သလို ကိုယ်ဝန်ဆောင်ရင် ၁၄ လ ကြာမြင့်ပြီး တစ်ကြိမ်မှာ ၁ ကောင်သာမွေးဖွားကြပါတယ်။ ဧရာဝတီလင်းပိုင်တစ်ကောင်ဟာ ၇ နှစ်ကနေ ၉ နှစ်သားအရွယ်ကျမှသာ မျိုးပွားနိုင်တဲ့အရွယ်ရောက်ရှိပါတယ်။
ထို့ကြောင့် အခုလိုအဖိုးတန်ပြီး ရှားပါးမျိုးနွယ်ဖြစ်တဲ့ ဧရာဝတီလင်းပိုင်လေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့်တာဝန် က
နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။
အခုလို ရှော့ခ်တိုက် သတ်ဖြတ်ခြင်းကို မပြုလုပ်ကြပါရန်နဲ့ ကာကွယ်ထိန်းသိမ်းကြဖို့အတွက် အခု Post လေးကို လူအများသတိထားမိအောင် ကူညီပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်
Bixel Creative
(၆)လအတွင်း သေတာ (၆)ကောင်တောင်ရှိပြီ။ခုရက်ပိုင်းအတွင်း သေတာ (၂)ကောင်။ ရှော့တိုက်ငါးဖမ်းကြလို့ လင်းပိုင်တွေပါ သေကုန်တာတဲ့
ပုံမှန်အချိန်ဆို ဖမ်းကြတယ်၊ ကင်းလှည့်တယ်။ ခုကကျ ကင်းမလှည့်တဲ့ အချိန်ကိုစောင့်ကြည့်ပြီး ရှော့တိုက်ကြတာတဲ့။ သေကုန်တာပဲ ...
လင်းပိုင်းလေးတွေက မျိုးပွါးဖို့လဲ ခက်တယ်။ ကြာလဲကြာတယ်။ ကြီးလာဖို့လဲ စောင့်ရတယ်။ အခုကျ ကလေး (၂)ကောင်နဲ့ အကြီး (၄)ကောင်တောင် သေကုန်ပြီ။ ခပ်ကြမ်းကြမ်းပြောရရင်တော့ #အသတ်ခံရတာပေါ့။ ပိုဆိုးတာက သေကုန်တာက #အမလေးတွေ ချည်းပဲတဲ့။ မျိုးဆက်ပွါးဖို့ ပိုခက်သွားတာပေါ့
ဧရာဝတီလင်းပိုင်ဆိုတာ ရှားပါးရေချိုလင်းပိုင်အမျိုးအစားပါ။ မြန်မာနိုင်ငံမှာ (၇၆)ကောင်ပဲရှိတော့တယ်။ အခု (၆)ကောင်တောင်သေဆိုတော့ (၇၀)ပဲကျန်မယ်။ ဒါတောင် မိုးတွင်းရေကြီးလို့ ရေစီးနဲ့ မျှောပါသွားတာ၊ ပြန်ရှာမရတာတွေလည်း ရှိဦးမှာ။ ဒီကြားထဲ ရှော့တိုက်ငါးဖမ်းကြတော့ ပိုဆိုး။ အဖတ်ဆယ်မရ ဖြစ်မှာပဲ ကြောက်တယ်။
ရှော့တိုက်ငါးဖမ်းတဲ့ တံငါသည်မှမဟုတ်၊ ရှော့တိုက်ဖို့ လျှပ်စစ်ဝါယာကြိုးရောင်းတဲ့သူတွေကိုလည်း သေချာကိုင်တွယ်ရမယ် ထင်တာပါပဲ ....
ကိုဗစ်မဖြစ်ခင်ကတော့ ဧည့်သည်တွေလာ။ လင်းပိုင်ကြည့်ကြ။ လှေတွေသုံးကြနဲ့ဆိုတော့ အလုပ်ဖြစ်တယ်နဲ့တူပါရဲ့။ ခုကျ ငါးရှာဖို့ မြန်မာ့ရှားပါးလင်းပိုင်တွေ မျိုးတုန်းတော့ မလိုဖြစ်ကုန်ပြီ ....
ဧရာဝတီလင်းပိုင်ဆိုတာ
တံငါးသည်တွေနဲ့ ငါးအတူတူဖမ်းပေးတဲ့ ဖိုးပြုံးချိုလေးတွေ
မျိုးတုန်းလုနီး ကမ္ဘာ့ရှားပါးအမျိုးအနွယ်
တစ်မ္ဘာလုံးမှာရှိတဲ့ ကုလသမ္မဂက အစ၊ WWF, WCF, Green Peace နဲ့ NGO တွေအဆုံး ထိန်းသိမ်းဖို့ အားပေးကြတဲ့ ရှားပါးမျိုးစိတ်
အဲ့လို ကမ္ဘာမှာရော၊ မြန်မာမှာရော အင်မတန်ရှားပါးတဲ့ လင်းပိုင်လေးတွေ မျိုးမတုံးဖို့ ဝိုင်းကူညီပေးကြပါ။ ဒီထက်ထိရောက်တဲ့ စည်းကမ်းမျိုးနဲ့ စောင့်လျှောက်နိုင်အောင် #သက်ဆိုင်ရာတာဝန်ရှိသူများကို ဝိုင်းပြောပေးကြဖို့ အနော်က မေတ္တာရပ်ခံပါတယ်။
#မျိုးတုန်းတော့မှစုတ်တသတ်သတ်နဲ့ဝမ်းနည်းနေတာထက်၊
#မျိုးမတုန်းခင်ကာကွယ်ပေးကြဖို့တိုက်တွန်းလိုပါတယ်
ဆိုပြီး ဒီ Post ကိုရှယ်တာ၊ ပြန်ကူးတင်တာမျိုးနဲ့ ကူညီကြဖို့ မေတ္တာရပ်ခံပါတယ်🙏🙏🙏
ပေးကြပါ
30/07/2020
တိုက်တန်းနစ် သင်္ဘောကြီး မြုပ်တော့
အနီးအနားမှာ သင်္ဘော ၃စီး ရှိနေခဲ့ပါတယ်။
တစ်စီးကတော့ "ဆမ်ဆွန်" ဆိုတဲ့ သင်္ဘော ဖြစ်ပြီး တိုင်းတန်းနစ် နဲ့ ၇ မိုင်အကွာမှာပဲ ရှိနေခဲ့တာပါ။ အန္တရာယ်ကျရောက်နေကြာင်း အချက်ပြတဲ့ မီးကျည်တွေကို သူတို့ မြင်နေခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ ပင်လယ်ဖျံတွေကို တရားမဝင် ခိုးဖမ်းနေတဲ့ သင်္ဘော ဖြစ်နေတော့ အဖမ်းမခံချင်တာကြောင့် တိုက်တန်းနစ် နဲ့ ဆန့်ကျင်ဘက်ကို လှည့်ထွက်သွားခဲ့ပါတယ်။ ဒီသင်္ဘောဟာ တခြားသောသူတွေ အကူအညီ လိုအပ်နေချိန်မှာ အသိအမှတ် မပြုနိုင်ဘဲ နေစိမ့်တဲ့၊ ကိုယ့်အကုသိုလ်နဲ့ကိုယ် အလုပ်များနေတဲ့ လူတွေနဲ့ အလားတူပါပဲ။
နောက်တစ်စီးကတော့ "ကယ်လီဖော်နီးယန်း" ဆိုတဲ့သင်္ဘောပါ။ တိုက်တန်းနစ်ကနေ ၁၄ မိုင်အကွာမှာ ရှိနေတာပါ။ ကပ္ပတိန်က အပြင်ထွက်ကြည့်တဲ့အခါ အချက်ပြမီးကျည်တွေကို မြင်ပေမယ့်လည်း သင်္ဘောပတ်ပတ်လည်မှာ ရေခဲတောင်တွေနဲ့ ပိတ်နေတာမို့ အခြေအနေက အခွင့်မသာ၊ မှောင်ကလည်း မှောင်နေတာကြောင့် မနက်ကျမှ သွားတော့မယ်ဆုံးဖြတ်ပြီး အခန်း ပြန်အိပ်နေခဲ့ပါတယ်။ သင်္ဘောသားတွေလည်း 'ဘာမှ မဖြစ်နိုင်ပါဘူးလေ ဆိုပြီး ကြိုးစား စိတ်ဖြေနေရတာပေါ့။ အဲဒီသင်္ဘောကျတော့ 'အခုလောလောဆယ်တော့ ဘာမှ မလုပ်နိုင်ဘူး' လို့ ပြောတတ်တဲ့ လူတွေကို ကိုယ်စားပြုနေတာပေါ့။ အခြေအနေတွေက သိပ်ကောင်းသေးတာ မဟုတ်ဘူး။ အခြေအနေတွေ ပြည့်စုံကောင်းမွန်မှ ထွက်မယ်ဆိုပြီး စောင့်နေတဲ့ လူမျိုးတွေပေါ့။
နောက်ဆုံးသင်္ဘောကတော့ "ကာပါသီယာ" ပါ။ တကယ်တမ်းက ရေဒီယိုကနေ ဘေးအန္တရာယ်ကျရောက်လို့ ကယ်ဆယ်ဖို့ ပန်ကြားချက် ကြားရတဲ့ အချိန်မှာ အဲဒီသဘောင်္ာဟာ တိုင်တန်းနစ်ကနေ ၅၈ မိုင်အကွာအဝေးမှာ ရှိနေပြီး တောင်ဘက်ကို ဦးတည်ခုတ်မောင်းနေတာပါ။ သင်္ဘောကပ္ပတိန်ဟာ တိုင်းတန်းနစ်သင်္ဘောရှိရာဘက်ကို မျက်နှာမူ ဒူးထောက်ထိုင်ချလိုက်ပြီး ဘုရားသခင်ထံ ဆုတောင်းပါတယ်။ ပြီးတာနဲ့ သင်္ဘောကို တစ်ပတ်ပြန်လှည့်၊ ရေခဲတောထဲက ဖြတ်ပြီး စက်ကုန်ဖွင့် မောင်းခဲ့ပါတယ်။ အဲဒီသင်္ဘောကနေ တိုင်းတန်းနစ်သင်္ဘောက သေကံမရောက်သက်မပျောက် ကျန်ရစ်သူ ၇၀၅ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
နှိုင်းယှဉ်သုံးသပ်ချက်…တာဝန်မယူချင်လို့ အကြောင်းပြချက်ပေးတာတွေ၊အတားအဆီးတွေကတော့ အမြဲ ရှိနေတာပါပဲ။ဒါပေမယ့် အဲဒါတွေကို လက်ခံပြီး လုပ်စရာရှိတာ လုပ်သင့်တာ လုပ်တဲ့သူတွေကိုတော့ လူတွေရဲ့ ရင်ထဲမှာ အမြဲ အမှတ်ရနေကြမှာပါ။ဘဝမှာ ဆမ်ဆွန် နဲ့ ကယ်လီဖော်နီးယန်း တို့လို မဟုတ်ဘဲ ကာပါသီယာသင်္ဘောသားတွေလို ကျွန်တော်တို့အားလုံး ဖြစ်နိုင်ပါစေလို့ တကယ့်ကို ဆန္ဒပြုပါတယ်။အဲဒါဆို ဒီကမ္ဘာကြီးဟာ နေချင်စရာကောင်းပြီး ပိုမိုလှပတဲ့နေရာတစ်ခု ဖြစ်လာမှာပါ
: Dr.Shwe Tun
အရမ်းကိုလေးစားအားကျရတဲ့ မဖြိုးရဲ့ Video လေးနက်ပဲ Page ကိုစပြီးဖွင့်ပါရစေ ရှင်❤
Click here to claim your Sponsored Listing.